Premier League Transfer News

28 Jun ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ပြီးခဲ့သည့်ရာသီတွင် နောက်တန်းဒဏ်ရာပြဿနာရှိနေချိန်မှာ အရေးပေါ်အနေနဲ့အသုံးဝင်ခဲ့တဲ့ နသန်နီယယ်လ် ဖိလစ်အနေနဲ့ လူသစ် အီဘရာဟီမာ ကိုနာတေ ရောက်ရှိလာမှုနဲ့အတူ ပွဲကစားခွင့်ရရှိဖို့အတွက် ဘန်လေအသင်းသို့ ပေါင်(၁၅)သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့ရန် နီးစပ်နေပြီလို့ သိရ။

– အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်း(၃)နှစ်ကျန်ရှိနေတဲ့ ကွင်းလယ်ကစားသမား မားကို့စ် ယော်ရန်တေအနေနဲ့ အသင်းမှာ ပျော်နေတယ်ဆိုပေမယ့် သူ့အနာဂတ်ဟာ ဘာမဆိုဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပြီး လတ်တလောတော့ ယူရို ၂၀၂၀ အတွက်သာ အာရုံစိုက်ထား‌ကြောင်းဆိုခဲ့ကာ လီဗာပူးလ်အတွက် သူ့ကို ခေါ်ယူနိုင်ဖို့ အခက်အခဲရှိနေ။

– လီဗာပူးလ်အသင်းဟာ စပို့တင်းလစ္စဘွန်းလူငယ် နောက်ခံလူ နူနို မန်ဒက်စ်ကို စောင့်ကြည့်ဆဲဖြစ်ပြီး ယခုအခါ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ကပါ ချိန်ရွယ်လာကြရာ ရောဘတ်ဆန်ရဲ့ နေရာကို ရေရှည်အစားထိုးဖို့ စီစဉ်ထားတဲ့ ကြိုးကြာနီတို့အနေနဲ့ ပေါင်(၄၃)သန်းဝန်းကျင် ပေးချေရနိုင်ကြောင်းသိရ။

– ၂၀၂၀ အောက်တိုဘာလက ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တဲ့ ဗန်ဒိုက်အနေနဲ့ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး ပိုမိုကြံ့ခိုင်တဲ့ပုံစံပြသဖို့ ကတိပေးခဲ့သလို လေ့ကျင့်ရေးအစီအစဉ်မှာလည်း ပင်နယ်တီဧရိယာထိပ်နားမှ ဒဏ်ရာရရှိခဲ့သည့် ညာခြေဖြင့် အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ကန်သွင်းပြခဲ့ပြီး ရာသီသစ်အမီ ကစားနိုင်ဖို့ ပစ်မှတ်ထားကြောင်းသိရ။

– ပီအက်စ်ဂျီရောက် ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာအတွက် ကွင်းလယ်ကစားသမားနေရာမှာ ဆောက်သမ်တန်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ်ကို ခေါ်ယူဖို့ တိုက်တွန်းနေကြပြီး အဆိုပါကွင်းလယ်လူအနေနဲ့ ပြောင်းရွှေ့လာမလားဆိုတာတော့ ကျန်ရှိနေတဲ့စာချုပ်(၄)နှစ်ကြောင့် ခေါ်ယူနိုင်ဖို့အခက်အခဲရှိနေ။

– တောင်ပံကစားသမား ကင်းစလီ ကိုမွန်အတွက် လီဗာပူးလ်အသင်းရဲ့ ပေါင်သန်း(၃၀)ဖြင့် ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ်အသင်းမှ ပယ်ချလိုက်ပြီး ပေါင်သန်း(၄၀)ဝန်းကျင် ကမ်းလှမ်းမှုများသာ လက်ခံစဉ်းစားမယ့် အနေအထားကြောင့် ဒဏ်ရာရလွယ်တဲ့ ကစားသမားအတွက် ကမ်းလှမ်းမှုပြုလုပ်ဖွယ် မရှိနိုင်။

– ၂၀၁၅ ခုနှစ်ကတည်းက အသင်းခေါင်းဆောင် စတီဗင် ဂျရတ်နေရာအတွက် စောင့်ကြည့်ခံခဲ့ရတဲ့ ဝုလ်ဗ် ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို လီဗာပူးလ်အသင်းက စိတ်ဝင်စားလာခဲ့ပြီး ကြိုးကြာနီဟောင်း ပေါလ် စတီးဝပ် ပေါင်(၃၅)သန်းဟာ အဆိုပါ ပေါ်တူဂီသားအတွက် သင့်တင့်တဲ့ ဈေးနှုန်းဖြစ်ပြီး ခေါ်ယူသင့်ကြောင်း ထောက်ခံပြောဆိုသွားခဲ့။

– ပီအက်စ်ဗီအသင်းရဲ့ နည်းပြ ရော်ဂျာ ရှမစ်ဒ်အနေနဲ့ သူတို့လိုအသင်းမျိုးတွေမှာ ကစားသမားကောင်းတစ်ယောက်ကို ဆုံးရှံးရတယ်ဆိုတာဟာ မဆန်းကြောင်းဆိုလိုက်ပြီး လီဗာပူးလ်အသင်းက အလိုရှိနေတဲ့ တိုက်စစ်မှူး ဒွန်ယဲလ် မာလန်ကို ရောင်းထုတ်နိုင်ကြောင်း အရိပ်အမြွက်ဆိုသွားခဲ့။

– ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်အနေနဲ့ လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တဲ့ နော်ဝေကွင်းလယ်လူ ဆန်ဒါ ဘာဂါအတွက် ပေါင်(၁၀.၃)သန်းသာ အလိုရှိတာဖြစ်တယ်လို့ သတင်းထွက်နေပြီး ကြိုးကြာနီတို့အနေနဲ့ အန်းဖီးလ်ဆီ ခေါ်ယူနိုင်ဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ကော်တင်ညိုအနေနဲ့ ကြိုးကြာနီတို့ထံ ပြန်လာလိုကြောင်း ပြောခဲ့ပေမယ့် နည်းပြ ကလော့ပ်ကတော့ ပြန်ခေါ်ဖို့မရှိကြောင်း အခိုင်အမာဆိုခဲ့ပြီး အဆိုပါကွင်းလယ်လူကို လက်စတာအသင်းက အငှါးခေါ်ယူလိုနေရာမှာ တစ်ပတ် ပေါင်(၂၄၀,၀၀၀)အထိ ပေးချေရနိုင်ကြောင်းသိရ။

– ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ခ်ျကို ခေါ်ယူလိုတဲ့အသင်းထဲ လီဗာပူးလ်ပါဝင်လာခဲ့ပြီး အီတလီကလပ်ဘက်တော့ သူတို့ရဲ့ ခြေစွမ်းပြသနေတဲ့ ၂၁ ဂိုးရှင် ဆားဘီးယားတိုက်စစ်မှူးအတွက်် ပေါင်သန်း ၆၀ အထိ အလိုရှိနေတာကြောင့် ခက်ခဲဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ၿပီးခဲ့သည့္ရာသီတြင္ ေနာက္တန္းဒဏ္ရာျပႆနာရွိေနခ်ိန္မွာ အေရးေပၚအေနနဲ႔အသုံးဝင္ခဲ့တဲ့ နသန္နီယယ္လ္ ဖိလစ္အေနနဲ႔ လူသစ္ အီဘရာဟီမာ ကိုနာေတ ေရာက္ရွိလာမႈနဲ႔အတူ ပြဲကစားခြင့္ရရွိဖို႔အတြက္ ဘန္ေလအသင္းသို႔ ေပါင္(၁၅)သန္းဝန္းက်င္ျဖင့္ ေျပာင္းေ႐ႊ႕ရန္ နီးစပ္ေနၿပီလို႔ သိရ။

– အက္သလက္တီကိုအသင္းနဲ႔ စာခ်ဳပ္သက္တမ္း(၃)ႏွစ္က်န္ရွိေနတဲ့ ကြင္းလယ္ကစားသမား မားကို႔စ္ ေယာ္ရန္ေတအေနနဲ႔ အသင္းမွာ ေပ်ာ္ေနတယ္ဆိုေပမယ့္ သူ႔အနာဂတ္ဟာ ဘာမဆိုျဖစ္လာႏိုင္တယ္လို႔ ေျပာခဲ့ၿပီး လတ္တေလာေတာ့ ယူ႐ို ၂၀၂၀ အတြက္သာ အာ႐ုံစိုက္ထား‌ေၾကာင္းဆိုခဲ့ကာ လီဗာပူးလ္အတြက္ သူ႔ကို ေခၚယူႏိုင္ဖို႔ အခက္အခဲရွိေန။

– လီဗာပူးလ္အသင္းဟာ စပို႔တင္းလစၥဘြန္းလူငယ္ ေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို ေစာင့္ၾကည့္ဆဲျဖစ္ၿပီး ယခုအခါ ရီးယဲလ္မက္ဒရစ္ႏွင့္ ဘာစီလိုနာအသင္းတို႔ကပါ ခ်ိန္႐ြယ္လာၾကရာ ေရာဘတ္ဆန္ရဲ႕ ေနရာကို ေရရွည္အစားထိုးဖို႔ စီစဥ္ထားတဲ့ ႀကိဳးၾကာနီတို႔အေနနဲ႔ ေပါင္(၄၃)သန္းဝန္းက်င္ ေပးေခ်ရႏိုင္ေၾကာင္းသိရ။

– ၂၀၂၀ ေအာက္တိုဘာလက ျပင္းထန္တဲ့ ဒူးဒဏ္ရာရရွိခဲ့တဲ့ ဗန္ဒိုက္အေနနဲ႔ ဒဏ္ရာမွ ျပန္လည္သက္သာလာၿပီး ပိုမိုႀကံ့ခိုင္တဲ့ပုံစံျပသဖို႔ ကတိေပးခဲ့သလို ေလ့က်င့္ေရးအစီအစဥ္မွာလည္း ပင္နယ္တီဧရိယာထိပ္နားမွ ဒဏ္ရာရရွိခဲ့သည့္ ညာေျချဖင့္ အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ကန္သြင္းျပခဲ့ၿပီး ရာသီသစ္အမီ ကစားႏိုင္ဖို႔ ပစ္မွတ္ထားေၾကာင္းသိရ။

– ပီအက္စ္ဂ်ီေရာက္ ဗိုင္နယ္လ္ဒြမ္ရဲ႕ ေနရာအတြက္ ကြင္းလယ္ကစားသမားေနရာမွာ ေဆာက္သမ္တန္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္ကို ေခၚယူဖို႔ တိုက္တြန္းေနၾကၿပီး အဆိုပါကြင္းလယ္လူအေနနဲ႔ ေျပာင္းေ႐ႊ႕လာမလားဆိုတာေတာ့ က်န္ရွိေနတဲ့စာခ်ဳပ္(၄)ႏွစ္ေၾကာင့္ ေခၚယူႏိုင္ဖို႔အခက္အခဲရွိေန။

– ေတာင္ပံကစားသမား ကင္းစလီ ကိုမြန္အတြက္ လီဗာပူးလ္အသင္းရဲ႕ ေပါင္သန္း(၃၀)ျဖင့္ ကမ္းလွမ္းမႈကို ဘိုင္ယန္ျမဴးနစ္အသင္းမွ ပယ္ခ်လိုက္ၿပီး ေပါင္သန္း(၄၀)ဝန္းက်င္ ကမ္းလွမ္းမႈမ်ားသာ လက္ခံစဥ္းစားမယ့္ အေနအထားေၾကာင့္ ဒဏ္ရာရလြယ္တဲ့ ကစားသမားအတြက္ ကမ္းလွမ္းမႈျပဳလုပ္ဖြယ္ မရွိႏိုင္။

– ၂၀၁၅ ခုႏွစ္ကတည္းက အသင္းေခါင္းေဆာင္ စတီဗင္ ဂ်ရတ္ေနရာအတြက္ ေစာင့္ၾကည့္ခံခဲ့ရတဲ့ ဝုလ္ဗ္ ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို လီဗာပူးလ္အသင္းက စိတ္ဝင္စားလာခဲ့ၿပီး ႀကိဳးၾကာနီေဟာင္း ေပါလ္ စတီးဝပ္ ေပါင္(၃၅)သန္းဟာ အဆိုပါ ေပၚတူဂီသားအတြက္ သင့္တင့္တဲ့ ေဈးႏႈန္းျဖစ္ၿပီး ေခၚယူသင့္ေၾကာင္း ေထာက္ခံေျပာဆိုသြားခဲ့။

– ပီအက္စ္ဗီအသင္းရဲ႕ နည္းျပ ေရာ္ဂ်ာ ရွမစ္ဒ္အေနနဲ႔ သူတို႔လိုအသင္းမ်ိဳးေတြမွာ ကစားသမားေကာင္းတစ္ေယာက္ကို ဆုံးရွံးရတယ္ဆိုတာဟာ မဆန္းေၾကာင္းဆိုလိုက္ၿပီး လီဗာပူးလ္အသင္းက အလိုရွိေနတဲ့ တိုက္စစ္မႉး ဒြန္ယဲလ္ မာလန္ကို ေရာင္းထုတ္ႏိုင္ေၾကာင္း အရိပ္အႁမြက္ဆိုသြားခဲ့။

– ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္အေနနဲ႔ လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ စိတ္ႀကိဳက္ကစားသမားျဖစ္တဲ့ ေနာ္ေဝကြင္းလယ္လူ ဆန္ဒါ ဘာဂါအတြက္ ေပါင္(၁၀.၃)သန္းသာ အလိုရွိတာျဖစ္တယ္လို႔ သတင္းထြက္ေနၿပီး ႀကိဳးၾကာနီတို႔အေနနဲ႔ အန္းဖီးလ္ဆီ ေခၚယူႏိုင္ဖြယ္ရွိေန။

– လီဗာပူးလ္အသင္းရဲ႕ ကစားသမားေဟာင္း ေကာ္တင္ညိဳအေနနဲ႔ ႀကိဳးၾကာနီတို႔ထံ ျပန္လာလိုေၾကာင္း ေျပာခဲ့ေပမယ့္ နည္းျပ ကေလာ့ပ္ကေတာ့ ျပန္ေခၚဖို႔မရွိေၾကာင္း အခိုင္အမာဆိုခဲ့ၿပီး အဆိုပါကြင္းလယ္လူကို လက္စတာအသင္းက အငွါးေခၚယူလိုေနရာမွာ တစ္ပတ္ ေပါင္(၂၄၀,၀၀၀)အထိ ေပးေခ်ရႏိုင္ေၾကာင္းသိရ။

– ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ္်ကို ေခၚယူလိုတဲ့အသင္းထဲ လီဗာပူးလ္ပါဝင္လာခဲ့ၿပီး အီတလီကလပ္ဘက္ေတာ့ သူတို႔ရဲ႕ ေျခစြမ္းျပသေနတဲ့ ၂၁ ဂိုးရွင္ ဆားဘီးယားတိုက္စစ္မႉးအတြက္္ ေပါင္သန္း ၆၀ အထိ အလိုရွိေနတာေၾကာင့္ ခက္ခဲဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.