Analysis International Match Report

ဘယ်လ်ဂျီယမ် 1-0 ပေါ်တူဂီပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

မိသားစုနာမည်ကို ကယ်တင်ခဲ့ရတဲ့ သော်ဂန်
အစ်ကိုဖြစ်သူ အီဒင်လောက် မထွန်းတောက်ခဲ့ချိန်မှာ သော်ဂန် ဟာဇတ်ဟာ ဂျာမနီမှာတော့ လေးစားလောက်တဲ့ ခြေစွမ်းနဲ့ ဒေါ့မွန်လို အသင်းမျိုးမှာ ခြေစွမ်းပြသူပါ။ ဒီနေ့မှာလည်း ဘယ်လ်ဂျီယမ်အတွက် တောက်ပခဲ့တဲ့ ဟာဇတ်က ရီးရဲလ်မက်ဒရစ်ရဲ့ ယူရိုသန်းရာချီတန်သူ မဟုတ်ဘဲ အလတ်ကောင်ပဲ ဖြစ်နေခဲ့ပြီး သူတို့အကြီးနှစ်ယောက်လောက် မတောက်ပခဲ့တဲ့ ညီငယ် ခိုင်လျန်နဲ့ လူငယ်ကစားသမားဘဝမှာပဲ ရှိသေးတဲ့ အီသန်အတွက်ပါ ပိုကြိုးစားပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

ယူရိုကိုမှ ပျော်မွေ့နေတဲ့ ရီနာတို
ရီနာတို ဆန်းချက်စ်ကတော့ ကလပ်အသင်းတွေမှာ ကစားပြနေတာထက်တောင် ယူရို ၂၀၂၀ မှာ ခြေစွမ်းထက်မြက်နေခဲ့ပြီး ဒီနေ့ပွဲမှာလည်း တူညီတဲ့ ပုံစံကောင်းကို ထပ်မံပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်က ယူရို ၂၀၁၆ မှာ ခြေစွမ်းပြခဲ့ပြီး ဘိုင်ယန်မြူးနစ်ဆီ စင်တော်ကောက်ခံခဲ့ရတဲ့ ၂၃ နှစ်သားရဲ့ အခွင့်အလမ်းက ၁၆ သင်းအဆင့်မှာ ရပ်တန့်ခဲ့ရပေမယ့် ပေါ်တူဂီသားတွေအတွက်တော့ ဂုဏ်ယူစရာဖြစ်ခဲ့တာပါ။

ရပ်တန့်ခဲ့ရတဲ့ ရော်နယ်လ်ဒို
အုပ်စုအဆင့်မှာ ၃ ပွဲကစားပြီး ၅ ဂိုးသွင်းခဲ့တဲ့ ရော်နယ်လ်ဒိုကတော့ အသက် ၃၆ နှစ်အရွယ်မှာ ယူရိုဂိုး ၁၄ ဂိုးနဲ့ ရပ်တန့်သွားခဲ့ပြီး အလီဒါယီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး တစ်ဦးတည်းသော ဂိုးသွင်းဆရာကြီးအဖြစ် ရပ်တည်နိုင်ဖို့တော့ ထပ်မံစောင့်ဆိုင်းရဦးမှာပါ။ မလိုသူတွေကတော့ ပင်နယ်တီမရလို့ ရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီတို့ လက်မြှောက်ခဲ့ရတာလားလို့ လှောင်ပြောင်နေကြပေမယ့် ဘယ်လွန်ဒေါ ၅ ဆုပိုင်ရှင်ကတော့ လက်ရွေးစင်ဘဝမှာ ဆက်ကစားဦးမယ်လို့ ဆိုထားပြီး ယူရို ၂၀၂၄ နဲ့ အသက် ၄၀ အရွယ်မှာ မြင်ရဦးမလားတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

တစ်ပေါက်တည်းရတဲ့ ပေါ်တူဂီလား
ပေါ်တူဂီဆိုတာ တန်ပြန်တိုက်စစ်တစ်ခုတည်း ကစားတတ်တဲ့ အသင်းလို့ မီဒီယာတွေက ဝိုင်းဝန်းနာမည်တပ်ခဲ့ကြပါတယ်။ ဂျိုတာနဲ့ ရော်နယ်လ်ဒိုတို့ကို ပြေးခိုင်းပြီး အမြန်နှုန်းနဲ့ ဂိုးသွင်းယူတတ်ပေမယ့် ဘယ်လ်ဂျီယမ်တွေအနေနဲ့ ပိတ်ကစားပြီး ဘောလုံးပေးကိုင်လိုက်ချိန်မှာ ဖောက်ထွက်ဖို့ လိုအပ်တဲ့ တွဲလုံး၊ တိကျတဲ့ ပေးပို့မှုနဲ့ လေ့ကျင့်သားပြည့်ဝမှုတွေ မရှိခဲ့တဲ့ ပေါ်တူဂီတွေအနေနဲ့ ၆ ကြိမ်ကန် တစ်ကြိမ်ဂိုးပေါက်တည့်ပြီး တစ်ဂိုးရခဲ့တဲ့ ပြိုင်ဘက်ဆီ ထိုက်ထိုက်တန်တန်ပဲ ကျရှုံးခဲ့ရတာဖြစ်ပါတယ်။

ဂိုးသွင်းဘုရင်တွေ တိတ်ဆိတ်ခဲ့တဲ့ည
သော်ဂန် ဟာဇတ်ရဲ့ တစ်ဂိုးတည်းရှိခဲ့တဲ့ ညမှာ ငါးဂိုးသွင်းထားတဲ့ ရော်နယ်လ်ဒိုရော သုံးဂိုးသွင်းထားတဲ့ လူကာကူးပါ တိတ်ဆိတ်ခဲ့ကြတာပါ။ ပေါ်တူဂီတို့ ဘောလုံးကိုင်ထားပြီး မဖောက်တတ်သလို ဘယ်လ်ဂျီယမ်ကလည်း ဂိုးဧရိယာထဲမှာ အလုပ်မလုပ်တတ်တဲ့အတွက် သူတို့နှစ်ဦးကို ဒီနေ့ညမှာ လေးဂိုးအထိ စုဆောင်းမိသွားခဲ့တဲ့ ချက်တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်က ခြိမ်းခြောက်တာကိုပါ ခံခဲ့ကြရပါတယ်။

မတုန်မလှုပ် တည်ငြိမ်လွန်းနေတဲ့ သရဲနီခံစစ်
နိုင်ငံအသင်းတွေထဲမှာ သရဲနီလို့ အမည်ရတဲ့ ဘယ်လ်ဂျီယမ်ရဲ့ ခံစစ်ကတော့ ပိတ်သင့်သူကို ပိတ်၊ ဖျက်သင့်သူကို ဖျက်၊ လွတ်ထွက်လာသမျှကို ဂိုးသမားက အမှားအယွင်းမရှိ ကာကွယ်သွားခဲ့ပြီး ငယ်ခြေပြန်ပေါ်တဲ့ ၃၅ နှစ်သားကြီး ဗာမေလန်နဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကူတွာတို့က အကောင်းဆုံး ကစားသွားခဲ့ကြတာပါ။ ၂၃ ကြိမ်ကန်ခွင့်ရတဲ့ ပေါ်တူဂီတိုက်စစ်ကို ကြံ့ကြံ့ခံသွားခဲ့သလို ဂိုးပေါက်တည့်တဲ့ ၄ ကြိမ်ကလည်း ဂိုးမဖြစ်ခဲ့လို့ ရောဘတ်တို မာတီနက်ဇ်ရဲ့ အသင်းအနေနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရှေ့ကို ချီတက်ဆဲ ရွှေရောင်မျိုးဆက်
ဘယ်လ်ဂျီယမ်အသင်းရဲ့ ရွှေရောင်မျိုးဆက်ကတော့ နောက်ဆုံးပြိုင်ပွဲကြီးလေးခုဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုစီမှာ ကွာတားဖိုင်နယ်အဆင့်ကို အနည်းဆုံး တက်ရောက်နိုင်တဲ့ စံချိန်ကို တင်ရှိလိုက်ပါတယ်။ ဒီဘရိုင်းနား၊ ဟာဇတ်၊ လူကာကူးတို့ရဲ့ ဦးဆောင်မှုတွေနဲ့ ဘယ်လောက်အထိ ဆက်လက်ချီတက်ဦးမလဲ ဆိုတာကတော့ မြူးနစ်က အီတလီနဲ့ စီးချင်းထိုးပွဲမှာ စောင့်ကြည့်ရမှာဖြစ်ပြီး ထွက်ခွာရမယ့်အသင်းကတော့ ပရိသတ်တွေ နှမြောရဖို့ သေချာပေါက် ဖြစ်လာတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိသားစုနာမည္ကို ကယ္တင္ခဲ့ရတဲ့ ေသာ္ဂန္
အစ္ကိုျဖစ္သူ အီဒင္ေလာက္ မထြန္းေတာက္ခဲ့ခ်ိန္မွာ ေသာ္ဂန္ ဟာဇတ္ဟာ ဂ်ာမနီမွာေတာ့ ေလးစားေလာက္တဲ့ ေျခစြမ္းနဲ႔ ေဒါ့မြန္လို အသင္းမ်ိဳးမွာ ေျခစြမ္းျပသူပါ။ ဒီေန႔မွာလည္း ဘယ္လ္ဂ်ီယမ္အတြက္ ေတာက္ပခဲ့တဲ့ ဟာဇတ္က ရီးရဲလ္မက္ဒရစ္ရဲ႕ ယူ႐ိုသန္းရာခ်ီတန္သူ မဟုတ္ဘဲ အလတ္ေကာင္ပဲ ျဖစ္ေနခဲ့ၿပီး သူတို႔အႀကီးႏွစ္ေယာက္ေလာက္ မေတာက္ပခဲ့တဲ့ ညီငယ္ ခိုင္လ်န္နဲ႔ လူငယ္ကစားသမားဘဝမွာပဲ ရွိေသးတဲ့ အီသန္အတြက္ပါ ပိုႀကိဳးစားၿပီး တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာပဲျဖစ္ပါတယ္။

ယူ႐ိုကိုမွ ေပ်ာ္ေမြ႕ေနတဲ့ ရီနာတို
ရီနာတို ဆန္းခ်က္စ္ကေတာ့ ကလပ္အသင္းေတြမွာ ကစားျပေနတာထက္ေတာင္ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းထက္ျမက္ေနခဲ့ၿပီး ဒီေန႔ပြဲမွာလည္း တူညီတဲ့ ပုံစံေကာင္းကို ထပ္မံျပသခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၅ ႏွစ္က ယူ႐ို ၂၀၁၆ မွာ ေျခစြမ္းျပခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ဆီ စင္ေတာ္ေကာက္ခံခဲ့ရတဲ့ ၂၃ ႏွစ္သားရဲ႕ အခြင့္အလမ္းက ၁၆ သင္းအဆင့္မွာ ရပ္တန႔္ခဲ့ရေပမယ့္ ေပၚတူဂီသားေတြအတြက္ေတာ့ ဂုဏ္ယူစရာျဖစ္ခဲ့တာပါ။

ရပ္တန႔္ခဲ့ရတဲ့ ေရာ္နယ္လ္ဒို
အုပ္စုအဆင့္မွာ ၃ ပြဲကစားၿပီး ၅ ဂိုးသြင္းခဲ့တဲ့ ေရာ္နယ္လ္ဒိုကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ ယူ႐ိုဂိုး ၁၄ ဂိုးနဲ႔ ရပ္တန႔္သြားခဲ့ၿပီး အလီဒါယီရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ၿပီး တစ္ဦးတည္းေသာ ဂိုးသြင္းဆရာႀကီးအျဖစ္ ရပ္တည္ႏိုင္ဖို႔ေတာ့ ထပ္မံေစာင့္ဆိုင္းရဦးမွာပါ။ မလိုသူေတြကေတာ့ ပင္နယ္တီမရလို႔ ေရာ္နယ္လ္ဒိုနဲ႔ ေပၚတူဂီတို႔ လက္ေျမႇာက္ခဲ့ရတာလားလို႔ ေလွာင္ေျပာင္ေနၾကေပမယ့္ ဘယ္လြန္ေဒါ ၅ ဆုပိုင္ရွင္ကေတာ့ လက္ေ႐ြးစင္ဘဝမွာ ဆက္ကစားဦးမယ္လို႔ ဆိုထားၿပီး ယူ႐ို ၂၀၂၄ နဲ႔ အသက္ ၄၀ အ႐ြယ္မွာ ျမင္ရဦးမလားေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

တစ္ေပါက္တည္းရတဲ့ ေပၚတူဂီလား
ေပၚတူဂီဆိုတာ တန္ျပန္တိုက္စစ္တစ္ခုတည္း ကစားတတ္တဲ့ အသင္းလို႔ မီဒီယာေတြက ဝိုင္းဝန္းနာမည္တပ္ခဲ့ၾကပါတယ္။ ဂ်ိဳတာနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ေျပးခိုင္းၿပီး အျမန္ႏႈန္းနဲ႔ ဂိုးသြင္းယူတတ္ေပမယ့္ ဘယ္လ္ဂ်ီယမ္ေတြအေနနဲ႔ ပိတ္ကစားၿပီး ေဘာလုံးေပးကိုင္လိုက္ခ်ိန္မွာ ေဖာက္ထြက္ဖို႔ လိုအပ္တဲ့ တြဲလုံး၊ တိက်တဲ့ ေပးပို႔မႈနဲ႔ ေလ့က်င့္သားျပည့္ဝမႈေတြ မရွိခဲ့တဲ့ ေပၚတူဂီေတြအေနနဲ႔ ၆ ႀကိမ္ကန္ တစ္ႀကိမ္ဂိုးေပါက္တည့္ၿပီး တစ္ဂိုးရခဲ့တဲ့ ၿပိဳင္ဘက္ဆီ ထိုက္ထိုက္တန္တန္ပဲ က်ရႈံးခဲ့ရတာျဖစ္ပါတယ္။

ဂိုးသြင္းဘုရင္ေတြ တိတ္ဆိတ္ခဲ့တဲ့ည
ေသာ္ဂန္ ဟာဇတ္ရဲ႕ တစ္ဂိုးတည္းရွိခဲ့တဲ့ ညမွာ ငါးဂိုးသြင္းထားတဲ့ ေရာ္နယ္လ္ဒိုေရာ သုံးဂိုးသြင္းထားတဲ့ လူကာကူးပါ တိတ္ဆိတ္ခဲ့ၾကတာပါ။ ေပၚတူဂီတို႔ ေဘာလုံးကိုင္ထားၿပီး မေဖာက္တတ္သလို ဘယ္လ္ဂ်ီယမ္ကလည္း ဂိုးဧရိယာထဲမွာ အလုပ္မလုပ္တတ္တဲ့အတြက္ သူတို႔ႏွစ္ဦးကို ဒီေန႔ညမွာ ေလးဂိုးအထိ စုေဆာင္းမိသြားခဲ့တဲ့ ခ်က္တိုက္စစ္မႉး ပက္ထရစ္ ရွစ္ခ္က ၿခိမ္းေျခာက္တာကိုပါ ခံခဲ့ၾကရပါတယ္။

မတုန္မလႈပ္ တည္ၿငိမ္လြန္းေနတဲ့ သရဲနီခံစစ္
ႏိုင္ငံအသင္းေတြထဲမွာ သရဲနီလို႔ အမည္ရတဲ့ ဘယ္လ္ဂ်ီယမ္ရဲ႕ ခံစစ္ကေတာ့ ပိတ္သင့္သူကို ပိတ္၊ ဖ်က္သင့္သူကို ဖ်က္၊ လြတ္ထြက္လာသမွ်ကို ဂိုးသမားက အမွားအယြင္းမရွိ ကာကြယ္သြားခဲ့ၿပီး ငယ္ေျချပန္ေပၚတဲ့ ၃၅ ႏွစ္သားႀကီး ဗာေမလန္နဲ႔ ရီးရဲလ္မက္ဒရစ္ဂိုးသမား ကူတြာတို႔က အေကာင္းဆုံး ကစားသြားခဲ့ၾကတာပါ။ ၂၃ ႀကိမ္ကန္ခြင့္ရတဲ့ ေပၚတူဂီတိုက္စစ္ကို ႀကံ့ႀကံ့ခံသြားခဲ့သလို ဂိုးေပါက္တည့္တဲ့ ၄ ႀကိမ္ကလည္း ဂိုးမျဖစ္ခဲ့လို႔ ေရာဘတ္တို မာတီနက္ဇ္ရဲ႕ အသင္းအေနနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ေရွ႕ကို ခ်ီတက္ဆဲ ေ႐ႊေရာင္မ်ိဳးဆက္
ဘယ္လ္ဂ်ီယမ္အသင္းရဲ႕ ေ႐ႊေရာင္မ်ိဳးဆက္ကေတာ့ ေနာက္ဆုံးၿပိဳင္ပြဲႀကီးေလးခုျဖစ္တဲ့ ကမာၻ႔ဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲႏွစ္ခုစီမွာ ကြာတားဖိုင္နယ္အဆင့္ကို အနည္းဆုံး တက္ေရာက္ႏိုင္တဲ့ စံခ်ိန္ကို တင္ရွိလိုက္ပါတယ္။ ဒီဘ႐ိုင္းနား၊ ဟာဇတ္၊ လူကာကူးတို႔ရဲ႕ ဦးေဆာင္မႈေတြနဲ႔ ဘယ္ေလာက္အထိ ဆက္လက္ခ်ီတက္ဦးမလဲ ဆိုတာကေတာ့ ျမဴးနစ္က အီတလီနဲ႔ စီးခ်င္းထိုးပြဲမွာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ထြက္ခြာရမယ့္အသင္းကေတာ့ ပရိသတ္ေတြ ႏွေျမာရဖို႔ ေသခ်ာေပါက္ ျဖစ္လာေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.