Premier League

အင္တာမီလန္ကို စိတ္မဝင္စားခဲ့ေၾကာင္းေျပာခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ခ်ီးက်ဴးခဲ့တဲ့ ေပါလ္ စခိုးလ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂႏၴဝင္ကြင္းလယ္လူတစ္ဦးျဖစ္ၿပီး တုိက္စစ္ခံစစ္ေကာင္းေကာင္းနဲ႔ စိတ္ဓာတ္ျပင္းျပမွဳေတြကို ျပသႏုိင္သူေတြ ရွိလာရင္ အျမဲတမ္း သူနဲ႔ ႏွဳိင္းယွဥ္သုံးသပ္ရေလ့ရွိတဲ့ ေပါလ္ စခိုးလ္က ယူ႐ို ၂၀၀၀ ၿပဳိင္ပြဲမွာတုန္းက အင္တာမီလန္အသင္းက ကမ္းလွမ္းခဲ့ၿပီး ျငင္းဆန္ပယ္ခ်ခဲ့ရေၾကာင္း ျပန္လည္ေျပာျပခဲ့ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ရဲ႕ အေအာင္ျမင္ဆုံး အစုအဖြဲ႕ျဖစ္ခဲ့တဲ့ Class 92 ရဲ႕ ပင္တုိင္ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ေပါလ္ စခိုးလ္ဟာ ဒီေန႔ေခတ္မွာေတာ့ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြရဲ႕ ထာဝရအေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ေနခဲ့ၿပီး သူက အဲ့ဒီတုန္းက ကမ္းလွမ္းမွဳေတြ ရရွိခဲ့ေပမယ့္ ကမာၻ႕အေကာင္းဆုံးအသင္းမွာ ရွိေနခဲ့တာလို႔ ခံစားမိလို႔ မေျပာင္းခဲ့တာျဖစ္ေၾကာင္းလည္း ဆုိပါတယ္။

“ကၽြန္ေတာ္က ယူႏုိက္တက္ကလြဲလုိ႔ တျခားအသင္းေတြကို ရွိတယ္ေတာင္ မထင္ပါဘူးဗ်ာ။ တစ္ေန႔ေတာ့ ကၽြန္ေတာ့္ေအးဂ်င့္က ဖုန္းေခၚလာၿပီး အင္တာမီလန္က စိတ္ဝင္စားေနတယ္လုိ႔ လာေျပာတယ္။ အဲ့ဒီေနာက္ပုိင္းေတာ့ နည္းျပ(ဖာဂူဆန္)က ဘာမွမေျပာသလို အဲ့ဒီအေၾကာင္း ထပ္လည္း မၾကားရေတာ့ပါဘူး။ တကယ္လို႔ ေျပာလာခဲ့ရင္လည္း ကၽြန္ေတာ္က စိတ္မဝင္စားဘူးလုိ႔ပဲ ေျပာမွာပါ။ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ေအစီမီလန္ ဘယ္အသင္းကိုမွ ကၽြန္ေတာ္ေျပာင္းဖို႔ မေတြးပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္က ကမာၻ႕အေကာင္းဆုံးအသင္းမွာ ကစားေနတာျဖစ္လို႔ပါ”လို႔ ေပါလ္ စခိုးလ္က ေျပာျပပါတယ္။

လူငယ္ဘဝအသင္းေဟာင္း အဂၤလန္လိဂ္တူးကလပ္ အုိးလ္ဟမ္းအသင္းရဲ႕ နည္းျပအျဖစ္ ၂၀၁၉ ခုႏွစ္က နည္းျပေလာကထဲ စတင္ဝင္ေရာက္ခဲ့တဲ့ အသက္ ၄၅ ႏွစ္အရြယ္ ကြင္းလယ္လူေဟာင္းက သူ႕အေနနဲ႔ ကစားသမားဘဝမွာ ေနာင္တရခဲ့တဲ့ ကိစၥတစ္ခုပဲ ရွိခဲ့ၿပီး ဒါက အဂၤလန္လက္ေရြးစင္အသင္းကေန ေစာေစာစီးစီး အနားယူမိတာပဲျဖစ္တယ္လုိ႔လည္း ဆုိခဲ့ပါတယ္။

ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ အသင္းကို ေရာက္ရွိလာၿပီး သူ႕ရဲ႕ ေက်ာနံပါတ္ ၁၈ ကို ဆက္ခံခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကိုေတာ့ တကယ့္ ေခါင္းေဆာင္စိတ္ရွိသူတစ္ဦးျဖစ္ၿပီး သူ႕ရဲ႕ အရည္အေသြးနဲ႔ ပုံစံဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေပ်ာက္ဆုံးေနတာၾကာၿပီျဖစ္တဲ့ လိုအပ္ခ်က္တစ္ခုလည္းျဖစ္ၿပီး ကစားပုံကိုေတာ့ သူနဲ႔တူတယ္လုိ႔ ေျပာေနၾကတဲ့ ကြင္းလယ္လူတစ္ဦးပုံစံထက္ နံပါတ္ ၁၀ တစ္ဦးသာျဖစ္တယ္လုိ႔လည္း သုံးသပ္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကွင်းလယ်လူတစ်ဦးဖြစ်ပြီး တိုက်စစ်ခံစစ်ကောင်းကောင်းနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ပြသနိုင်သူတွေ ရှိလာရင် အမြဲတမ်း သူနဲ့ နှိုင်းယှဉ်သုံးသပ်ရလေ့ရှိတဲ့ ပေါလ် စခိုးလ်က ယူရို ၂၀၀၀ ပြိုင်ပွဲမှာတုန်းက အင်တာမီလန်အသင်းက ကမ်းလှမ်းခဲ့ပြီး ငြင်းဆန်ပယ်ချခဲ့ရကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ရဲ့ အအောင်မြင်ဆုံး အစုအဖွဲ့ဖြစ်ခဲ့တဲ့ Class 92 ရဲ့ ပင်တိုင်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါလ် စခိုးလ်ဟာ ဒီနေ့ခေတ်မှာတော့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ ထာဝရအကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေခဲ့ပြီး သူက အဲ့ဒီတုန်းက ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ရှိနေခဲ့တာလို့ ခံစားမိလို့ မပြောင်းခဲ့တာဖြစ်ကြောင်းလည်း ဆိုပါတယ်။

“ကျွန်တော်က ယူနိုက်တက်ကလွဲလို့ တခြားအသင်းတွေကို ရှိတယ်တောင် မထင်ပါဘူးဗျာ။ တစ်နေ့တော့ ကျွန်တော့်အေးဂျင့်က ဖုန်းခေါ်လာပြီး အင်တာမီလန်က စိတ်ဝင်စားနေတယ်လို့ လာပြောတယ်။ အဲ့ဒီနောက်ပိုင်းတော့ နည်းပြ(ဖာဂူဆန်)က ဘာမှမပြောသလို အဲ့ဒီအကြောင်း ထပ်လည်း မကြားရတော့ပါဘူး။ တကယ်လို့ ပြောလာခဲ့ရင်လည်း ကျွန်တော်က စိတ်မဝင်စားဘူးလို့ပဲ ပြောမှာပါ။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အေစီမီလန် ဘယ်အသင်းကိုမှ ကျွန်တော်ပြောင်းဖို့ မတွေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားနေတာဖြစ်လို့ပါ”လို့ ပေါလ် စခိုးလ်က ပြောပြပါတယ်။

လူငယ်ဘဝအသင်းဟောင်း အင်္ဂလန်လိဂ်တူးကလပ် အိုးလ်ဟမ်းအသင်းရဲ့ နည်းပြအဖြစ် ၂၀၁၉ ခုနှစ်က နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် ကွင်းလယ်လူဟောင်းက သူ့အနေနဲ့ ကစားသမားဘဝမှာ နောင်တရခဲ့တဲ့ ကိစ္စတစ်ခုပဲ ရှိခဲ့ပြီး ဒါက အင်္ဂလန်လက်ရွေးစင်အသင်းကနေ စောစောစီးစီး အနားယူမိတာပဲဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းကို ရောက်ရှိလာပြီး သူ့ရဲ့ ကျောနံပါတ် ၁၈ ကို ဆက်ခံခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကိုတော့ တကယ့် ခေါင်းဆောင်စိတ်ရှိသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ အရည်အသွေးနဲ့ ပုံစံဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ လိုအပ်ချက်တစ်ခုလည်းဖြစ်ပြီး ကစားပုံကိုတော့ သူနဲ့တူတယ်လို့ ပြောနေကြတဲ့ ကွင်းလယ်လူတစ်ဦးပုံစံထက် နံပါတ် ၁၀ တစ်ဦးသာဖြစ်တယ်လို့လည်း သုံးသပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.