Analysis International

ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယမ်တို့ ရင်ဆိုင်ကြမယ့်ပွဲမှာ အလှည့်အပြောင်းဖြစ်လာနိုင်တဲ့ ၅ ချက်

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွေက စတင်နေပြီဖြစ်ပြီး စကားစစ်ထိုးပွဲတွေနဲ့ ဝေဖန်သံတွေကလည်း ပွဲမစခင် ရက်ပိုင်းအလိုတွေမှာကတည်းက ဆူညံနေခဲ့တာပါ။ ရှုံးထွက်အဆင့်မှာ ဘောလုံးပရိသတ်တွေ စိတ်အဝင်စားဆုံးပွဲကြီးတွေထဲက တစ်ပွဲဖြစ်တဲ့ ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယမ်တို့ ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ သတိထားစောင့်ကြည့်သင့်တဲ့ အချက် ၅ ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းကတော့ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ရဲ့ ချန်ပီယံအသင်းဖြစ်ခဲ့ပြီး လက်ရှိအနေနဲ့လည်း ချန်ပီယံဆုကို ကာကွယ်နိုင်လောက်တဲ့ အင်အားစုလည်း ရှိနေသလို ဘယ်လ်ဂျီယမ်အသင်းကလည်း လက်ရှိကမ္ဘာ့နံပါတ်(၁)နေရာကို အချိန်တစ်ခုကြာ ရယူထားနိုင်တဲ့အသင်းဖြစ်တဲ့အတွက် ဘယ်အသင်းက လက်ရှိကမ္ဘာမှာ ပိုကောင်းတဲ့အသင်းဆိုတာ ပြသသွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေခဲ့ပါတယ်။

(၅)နယ်လ်ဆန် ဆီမီဒို Vs အီဒင် ဟာဇက်
အင်အားကြီးနှစ်သင်း ယှဉ်ပြိုင်လာမယ့် ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယမ်တိုက်စစ်ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီး ကန်သွင်းမှုနဲ့ အပေးအယူတွေလုပ်ရတာ ကြိုက်နှစ်သက်တတ်တဲ့ အီဒင် ဟာဇက်နဲ့ ရင်ဆိုင်ရမှာတော့ ပေါ်တူဂီဘက်က ညာနောက်ခံလူ နယ်လ်ဆန် ဆီမီဒိုဖြစ်ပါတယ်။

ဟာဇက်အနေနဲ့ ယူရို ၂၀၂၀ အတွင်း ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ချိန်မှာ ပိုမိုအစွမ်းပြနိုင်ဖို့ လိုအပ်နေပြီး ဆီမီဒိုကတော့ တိုက်စစ်အတွက် အကျိုးပြုနေချိန်မှာ ခံစစ်မလုံဘဲ ရောင်းစားတတ်တဲ့ ပြဿနာရှိလို့ သူတို့နှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပွဲအဖြေကို အပြောင်းအလဲပေးနိုင်တဲ့ အချက်ဖြစ်ပါတယ်။

(၄)ယန် ဗာတွန်ဂန် Vs ဒီယိုဂို ဂျိုတာ
ဝါရင့်ကစားသမားတစ်ယောက်နဲ့ လူငယ်ခြေတက်တစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ဘယ်လ်ဂျီယံခံစစ်ရဲ့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အဓိကနောက်ခံလူ ဗာတွန်ဂန်နဲ့ ပေါ်တူဂီအသင်းရဲ့ အရည်အသွေးမြင့်လူငယ်တိုက်စစ်သမား ဂျိုတာတို့ကလည်း ဒီပွဲရဲ့ အလှည့်အပြောင်းတွေကို ပေးစွမ်းသွားနိုင်သူတွေပါ။

ဂျာမနီနဲ့ပွဲတုန်းက သေသပ်တဲ့ တန်ပြန်တိုက်စစ်ကို ရော်နယ်လ်ဒိုအဆုံးသတ်ဖို့ ဖန်တီးပေးသလို ထပ်လုပ်ပြဖို့ လိုနေပြီး ဟန်ဂေရီနဲ့ပွဲတုန်းကလို ရော်နယ်လ်ဒိုကို ဖန်တီးမပေးဘဲ ကိုယ်တိုင်ကန်သွင်းခဲ့တာမျိုး ထပ်မလုပ်ရင် ဂျိုတာဟာ နောက်ခံအစွန်လူတွေကို ပွဲတိုင်း ထည့်သွင်းလေ့မရှိတဲ့ ဘယ်လ်ဂျီယမ်ခံစစ်မှာ ဗာတွန်ဂန်ကို ဒုက္ခပေးဖို့ များနေတာဖြစ်သလို ရောဘတ်တို မာတီနက်ဇ်ရဲ့ ပြင်ဆင်မှုကိုပါ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

(၃)ရီနာတို ဆန်းချက်စ် Vs ယူရီ တီးလီးမန်းစ်
ရီနာတို ဆန်းချက်စ်ဟာ ပေါ်တူဂီကွင်းလယ်မှာ ယူရို ၂၀၂၀ အတွင်းမှာ ဘရူနိုဖာနန်ဒက်စ်ကို အရန်ခုံပို့ခဲ့ရတဲ့အထိ ခြေစွမ်းပြနေတာပါ။ လိုင်လီကြယ်ပွင့်ကစားသမားဟာ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ကွင်းလယ် (၃) ယောက်တန်းမှာ ပွဲထွက်ခဲ့တဲ့ကစားသမားဖြစ်ပြီး တိုက်စစ်ကို ပိုမိုလိုက်ပါခွင့်နဲ့အတူ ပရီးမီးယားလိဂ်အသင်းကတွေ ခေါ်ယူဖို့တောင် စိတ်ဝင်စားနေကြပါတယ်။

ဘယ်လ်ဂျီယမ်အသင်းမှာတော့ ပင်ကိုအစွမ်းအစရှိတဲ့ ကစားသမားတွေ အများစုပါပေမယ့် လုပ်အားနှုန်းကောင်းတဲ့ တီးလီးမန်းစ်က အနည်းငယ်ကွဲပြားတဲ့ပုံစံနဲ့ ကွင်းလယ်ကို ထိန်းကျောင်းပေးတတ်သူပါ။ ဒီပွဲမှာတော့ သူ့တာဝန်က ကွင်းလယ်ဗဟိုကနေ ဖျက်ထုတ်မှုတွေနဲ့ ဘောလုံးလမ်းကြောင်းတားဆီးမှုဖြစ်လာနိုင်ပြီး အဓိကတာဝန်ကတော့ ရီနာတိုဆန်းချက်စ်နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။

(၂)ကီဗင် ဒီဘရိုင်းနား Vs ရူဘင် ဒီယက်စ်
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဖလားမရဘဲ ဒဏ်ရာပဲရခဲ့တဲ့ ဒီဘရိုင်းနားကတော့ ပြန်လည်ကြံ့ခိုင်လာခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ပြီး သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ရရှိခဲ့ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်ကြောင်း ပြသခဲ့သူဖြစ်ပါတယ်။ ဒီပွဲမှာ Genius ကွင်းလယ်လူကို ထိန်းချုပ်ဖို့က သူ့ရဲ့ မန်စီးတီးအသင်းဖော် ပေါ်တူဂီနောက်ခံလူ ရူဘင် ဒီယက်စ်ဖြစ်လာဖို့ရှိနေပါတယ်။

မန်စီးတီးနောက်ခံလူအနေနဲ့ ပြီးခဲ့တဲ့ရာသီမှ ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတစ်ဦးဖြစ်လာခဲ့ချိန်မှာ ဒီဘရိုင်းနားကို စီးချင်းထိုးမယ့် အရွေးချယ်ခံ သူရဲကောင်းဖြစ်လာနိုင်ပြီး ပေါ်တူဂီခံစစ်ကို ဦးဆောင်ရမှာပါ။ ဒါပေမယ့် နည်းပြ ဖာနန်ဒို ဆန်တို့စ်ရဲ့ လူအိုခြေကျ ပီပီကို သံယောဇဉ်မပြတ်မှုက ဒီယက်စ်ကို ကျောမလုံသလိုဖြစ်စေနိုင်ပြီး ဒီဘရိုင်းနားတို့ဘက်က အသာရသွားဖို့တော့ များနေပါတယ်။

(၁)ခရစ္စတီယာနို ရော်နယ်လ်ဒို Vs တိုဘီ အယ်လ်ဒါဗိုင်ရယ်လ်
သဘာဝတရားကြောင့် ‌အသက်ကြီးလာပေမယ့် ရော်နယ်လ်ဒိုကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဝေးကွာခြင်းမရှိသေးဘဲ လက်ရှိ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ၅ ဂိုး သွင်းယူထားပြီး စံချိန်တွေကို ချိုးဖျက်နေချိန်မှာ သူ့အတွက် တာဝန်ပေးခံရနိုင်သူကတော့ အယ်လ်ဒါဗိုင်ရယ်လ်ပဲ ဖြစ်လာနိုင်ပါတယ်။

စပါးစ်နောက်ခံလူဟာ ထိပ်တန်းအဆင့်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ဖူးပြီး ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဘယ်ခြမ်းနဲ့အလယ်ကနေ ဂိုးတွေ ရှာဖွေတတ်တဲ့ ရော်နယ်လ်ဒိုနဲ့ ညာခြမ်းနဲ့ အလယ်ကို စိုးမိုးတတ်တဲ့ အယ်လ်ဒါဗိုင်ရယ်လ်တို့ ထိပ်တိုက်ရင်ဆိုင်လာနိုင်သလို သူ့ကို တခြားနောက်ခံလူတွေဖြစ်တဲ့ ဘိုယာတာ၊ ဒီနေယာတို့ကလည်း ကူညီလာနိုင်ပြီး CR7 ကို ရပ်တန့်နိုင်မလားကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ၁၆ သင္း ရႈံးထြက္အဆင့္ပြဲစဥ္ေတြက စတင္ေနၿပီျဖစ္ၿပီး စကားစစ္ထိုးပြဲေတြနဲ႔ ေဝဖန္သံေတြကလည္း ပြဲမစခင္ ရက္ပိုင္းအလိုေတြမွာကတည္းက ဆူညံေနခဲ့တာပါ။ ရႈံးထြက္အဆင့္မွာ ေဘာလုံးပရိသတ္ေတြ စိတ္အဝင္စားဆုံးပြဲႀကီးေတြထဲက တစ္ပြဲျဖစ္တဲ့ ေပၚတူဂီနဲ႔ ဘယ္လ္ဂ်ီယမ္တို႔ ယွဥ္ၿပိဳင္မယ့္ပြဲစဥ္မွာ သတိထားေစာင့္ၾကည့္သင့္တဲ့ အခ်က္ ၅ ခ်က္ကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ေပၚတူဂီအသင္းကေတာ့ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၁၆ ရဲ႕ ခ်န္ပီယံအသင္းျဖစ္ခဲ့ၿပီး လက္ရွိအေနနဲ႔လည္း ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ေလာက္တဲ့ အင္အားစုလည္း ရွိေနသလို ဘယ္လ္ဂ်ီယမ္အသင္းကလည္း လက္ရွိကမာၻ႔နံပါတ္(၁)ေနရာကို အခ်ိန္တစ္ခုၾကာ ရယူထားႏိုင္တဲ့အသင္းျဖစ္တဲ့အတြက္ ဘယ္အသင္းက လက္ရွိကမာၻမွာ ပိုေကာင္းတဲ့အသင္းဆိုတာ ျပသသြားမလဲဆိုတာ ရင္ခုန္စရာေကာင္းေနခဲ့ပါတယ္။

(၅)နယ္လ္ဆန္ ဆီမီဒို Vs အီဒင္ ဟာဇက္
အင္အားႀကီးႏွစ္သင္း ယွဥ္ၿပိဳင္လာမယ့္ ဒီပြဲစဥ္မွာ ဘယ္လ္ဂ်ီယမ္တိုက္စစ္ဘယ္ျခမ္းကေန အတြင္းကို ဆြဲဝင္ၿပီး ကန္သြင္းမႈနဲ႔ အေပးအယူေတြလုပ္ရတာ ႀကိဳက္ႏွစ္သက္တတ္တဲ့ အီဒင္ ဟာဇက္နဲ႔ ရင္ဆိုင္ရမွာေတာ့ ေပၚတူဂီဘက္က ညာေနာက္ခံလူ နယ္လ္ဆန္ ဆီမီဒိုျဖစ္ပါတယ္။

ဟာဇက္အေနနဲ႔ ယူ႐ို ၂၀၂၀ အတြင္း ဂိုးဖန္တီးမႈ တစ္ႀကိမ္သာ ျပဳလုပ္ထားႏိုင္ခဲ့ခ်ိန္မွာ ပိုမိုအစြမ္းျပႏိုင္ဖို႔ လိုအပ္ေနၿပီး ဆီမီဒိုကေတာ့ တိုက္စစ္အတြက္ အက်ိဳးျပဳေနခ်ိန္မွာ ခံစစ္မလုံဘဲ ေရာင္းစားတတ္တဲ့ ျပႆနာရွိလို႔ သူတို႔ႏွစ္ဦးရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ပြဲအေျဖကို အေျပာင္းအလဲေပးႏိုင္တဲ့ အခ်က္ျဖစ္ပါတယ္။

(၄)ယန္ ဗာတြန္ဂန္ Vs ဒီယိုဂို ဂ်ိဳတာ
ဝါရင့္ကစားသမားတစ္ေယာက္နဲ႔ လူငယ္ေျခတက္တစ္ေယာက္ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္ၿပီး ဘယ္လ္ဂ်ီယံခံစစ္ရဲ႕ ပုံမွန္ပြဲထြက္ခြင့္ရတဲ့ အဓိကေနာက္ခံလူ ဗာတြန္ဂန္နဲ႔ ေပၚတူဂီအသင္းရဲ႕ အရည္အေသြးျမင့္လူငယ္တိုက္စစ္သမား ဂ်ိဳတာတို႔ကလည္း ဒီပြဲရဲ႕ အလွည့္အေျပာင္းေတြကို ေပးစြမ္းသြားႏိုင္သူေတြပါ။

ဂ်ာမနီနဲ႔ပြဲတုန္းက ေသသပ္တဲ့ တန္ျပန္တိုက္စစ္ကို ေရာ္နယ္လ္ဒိုအဆုံးသတ္ဖို႔ ဖန္တီးေပးသလို ထပ္လုပ္ျပဖို႔ လိုေနၿပီး ဟန္ေဂရီနဲ႔ပြဲတုန္းကလို ေရာ္နယ္လ္ဒိုကို ဖန္တီးမေပးဘဲ ကိုယ္တိုင္ကန္သြင္းခဲ့တာမ်ိဳး ထပ္မလုပ္ရင္ ဂ်ိဳတာဟာ ေနာက္ခံအစြန္လူေတြကို ပြဲတိုင္း ထည့္သြင္းေလ့မရွိတဲ့ ဘယ္လ္ဂ်ီယမ္ခံစစ္မွာ ဗာတြန္ဂန္ကို ဒုကၡေပးဖို႔ မ်ားေနတာျဖစ္သလို ေရာဘတ္တို မာတီနက္ဇ္ရဲ႕ ျပင္ဆင္မႈကိုပါ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

(၃)ရီနာတို ဆန္းခ်က္စ္ Vs ယူရီ တီးလီးမန္းစ္
ရီနာတို ဆန္းခ်က္စ္ဟာ ေပၚတူဂီကြင္းလယ္မွာ ယူ႐ို ၂၀၂၀ အတြင္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္ကို အရန္ခုံပို႔ခဲ့ရတဲ့အထိ ေျခစြမ္းျပေနတာပါ။ လိုင္လီၾကယ္ပြင့္ကစားသမားဟာ ကမာၻ႔ဖလားလက္ရွိခ်န္ပီယံ ျပင္သစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ ကြင္းလယ္ (၃) ေယာက္တန္းမွာ ပြဲထြက္ခဲ့တဲ့ကစားသမားျဖစ္ၿပီး တိုက္စစ္ကို ပိုမိုလိုက္ပါခြင့္နဲ႔အတူ ပရီးမီးယားလိဂ္အသင္းကေတြ ေခၚယူဖို႔ေတာင္ စိတ္ဝင္စားေနၾကပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းမွာေတာ့ ပင္ကိုအစြမ္းအစရွိတဲ့ ကစားသမားေတြ အမ်ားစုပါေပမယ့္ လုပ္အားႏႈန္းေကာင္းတဲ့ တီးလီးမန္းစ္က အနည္းငယ္ကြဲျပားတဲ့ပုံစံနဲ႔ ကြင္းလယ္ကို ထိန္းေက်ာင္းေပးတတ္သူပါ။ ဒီပြဲမွာေတာ့ သူ႔တာဝန္က ကြင္းလယ္ဗဟိုကေန ဖ်က္ထုတ္မႈေတြနဲ႔ ေဘာလုံးလမ္းေၾကာင္းတားဆီးမႈျဖစ္လာႏိုင္ၿပီး အဓိကတာဝန္ကေတာ့ ရီနာတိုဆန္းခ်က္စ္နဲ႔ ရင္ဆိုင္ဖို႔ ျဖစ္လာႏိုင္ပါတယ္။

(၂)ကီဗင္ ဒီဘ႐ိုင္းနား Vs ႐ူဘင္ ဒီယက္စ္
ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဖလားမရဘဲ ဒဏ္ရာပဲရခဲ့တဲ့ ဒီဘ႐ိုင္းနားကေတာ့ ျပန္လည္ႀကံ့ခိုင္လာခဲ့တဲ့ ဒိန္းမတ္အသင္းနဲ႔ပြဲစဥ္မွာ လူစားဝင္ၿပီး သြင္းဂိုးတစ္ဂိုးႏွင့္ ဂိုးဖန္တီးမႈတစ္ႀကိမ္ ရရွိခဲ့ၿပီး လက္ရွိကမာၻ႔အေကာင္းဆုံး ကြင္းလယ္ကစားသမားျဖစ္ေၾကာင္း ျပသခဲ့သူျဖစ္ပါတယ္။ ဒီပြဲမွာ Genius ကြင္းလယ္လူကို ထိန္းခ်ဳပ္ဖို႔က သူ႔ရဲ႕ မန္စီးတီးအသင္းေဖာ္ ေပၚတူဂီေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ျဖစ္လာဖို႔ရွိေနပါတယ္။

မန္စီးတီးေနာက္ခံလူအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွ ေျခစြမ္းျပခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးတစ္ဦးျဖစ္လာခဲ့ခ်ိန္မွာ ဒီဘ႐ိုင္းနားကို စီးခ်င္းထိုးမယ့္ အေ႐ြးခ်ယ္ခံ သူရဲေကာင္းျဖစ္လာႏိုင္ၿပီး ေပၚတူဂီခံစစ္ကို ဦးေဆာင္ရမွာပါ။ ဒါေပမယ့္ နည္းျပ ဖာနန္ဒို ဆန္တို႔စ္ရဲ႕ လူအိုေျခက် ပီပီကို သံေယာဇဥ္မျပတ္မႈက ဒီယက္စ္ကို ေက်ာမလုံသလိုျဖစ္ေစႏိုင္ၿပီး ဒီဘ႐ိုင္းနားတို႔ဘက္က အသာရသြားဖို႔ေတာ့ မ်ားေနပါတယ္။

(၁)ခရစၥတီယာႏို ေရာ္နယ္လ္ဒို Vs တိုဘီ အယ္လ္ဒါဗိုင္ရယ္လ္
သဘာဝတရားေၾကာင့္ ‌အသက္ႀကီးလာေပမယ့္ ေရာ္နယ္လ္ဒိုကေတာ့ ကမာၻ႔အေကာင္းဆုံး ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ေဝးကြာျခင္းမရွိေသးဘဲ လက္ရွိ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း ၅ ဂိုး သြင္းယူထားၿပီး စံခ်ိန္ေတြကို ခ်ိဳးဖ်က္ေနခ်ိန္မွာ သူ႔အတြက္ တာဝန္ေပးခံရႏိုင္သူကေတာ့ အယ္လ္ဒါဗိုင္ရယ္လ္ပဲ ျဖစ္လာႏိုင္ပါတယ္။

စပါးစ္ေနာက္ခံလူဟာ ထိပ္တန္းအဆင့္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ ေရာက္ရွိခဲ့ဖူးၿပီး ေျခစြမ္းတည္ၿငိမ္တဲ့ ကစားသမားလည္းျဖစ္ပါတယ္။ ဘယ္ျခမ္းနဲ႔အလယ္ကေန ဂိုးေတြ ရွာေဖြတတ္တဲ့ ေရာ္နယ္လ္ဒိုနဲ႔ ညာျခမ္းနဲ႔ အလယ္ကို စိုးမိုးတတ္တဲ့ အယ္လ္ဒါဗိုင္ရယ္လ္တို႔ ထိပ္တိုက္ရင္ဆိုင္လာႏိုင္သလို သူ႔ကို တျခားေနာက္ခံလူေတြျဖစ္တဲ့ ဘိုယာတာ၊ ဒီေနယာတို႔ကလည္း ကူညီလာႏိုင္ၿပီး CR7 ကို ရပ္တန႔္ႏိုင္မလားကေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.