International Match Report

အဲရစ်ဆန်ရဲ့တွန်းအားလားလို့ မေးရအောင် ခြေစွမ်းပြပြီး ဝေးလ်စ်ကို ဖြတ်ကျော်ခဲ့တဲ့ ဒိန်းမတ်

ဒိန်းမတ်အသင်းဟာ ဒီနေ့မှာတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန် အဲရစ်ဆန်အတွက် တတ်နိုင်သမျှ ပေးဆပ်ဖို့ တွန်းအားနဲ့ ကြိုးစားနေခဲ့သလားလို့ ထင်ရလောက်အောင် ရုရှားနဲ့ပွဲအပြီး ဝေးလ်စ်နဲ့ တွေ့ဆုံမှုမှာလည်း နှစ်ပွဲဆက်တိုက် လေးဂိုးသွင်းပြီးမှ သူတို့ရဲ့ ပေါက်ကွဲအားနဲ့အတူ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အုပ်စုပွဲစဉ်တွေမှာ အရန်ခုံထိုင်နေခဲ့ရတဲ့ တိုက်စစ်မှူး ကက်စ်ပါ ဒေါလ်ဘတ်ကို ထည့်သွင်းပြီး ဒိန်းမတ်တို့ လူစာရင်းအပြောင်းအလဲလုပ်ခဲ့ချိန်မှာ ဝေးလ်စ်နည်းပြ ရောဘတ် ပေ့ချ်ကတော့ ပြိုင်ဘက်ကို လျှော့တွက်ခဲ့ပြီး ၄-၃-၃ ကစားပုံနဲ့ ရင်ဆိုင်လာရာမှာ ကွင်းလယ်အဖျက်ကစားသမားကောင်း မရှိခဲ့တဲ့ အသင်းက ပြိုလဲခဲ့ရတာလည်းဖြစ်ပါတယ်။

ဝေးလ်စ်ရဲ့ တိုက်စစ်မှာ ရမ်ဆေးနဲ့ ဘေးလ်တို့ရဲ့ အတွဲအဖက်တွေက ဒိန်းမတ်ခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် အဝေးကန်ချက်တွေအများစုနဲ့ ဖြုန်းတီးမှုပဲ များနေခဲ့သလို ဗဟိုနောက်ခံလူကောင်းတွေ ပေါများတဲ့ ကေယာ၊ ဗက်စတာဂါ့ဒ်၊ ခရစ္စတင်ဆန်တို့ရဲ့ နောက်တန်းအစုအဖွဲ့ကို ကျော်လွန်နိုင်ဖို့ ခက်ခဲနေခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရသွားတဲ့ တိုက်စစ်မှူး ဒေါလ်ဘတ်က ဝေးလ်စ်နောက်ခံလူ သုံးယောက်နဲ့ တွဲဖက်ကစားသမား ဘရိတ်သ်ဝိတ်တို့ကြားကနေ ဆွဲယူကန်သွင်းခဲ့ရာမှာ မြင်ကွင်းက တော်တော်လေးပိတ်နေတာကြောင့် ဂိုးသမား ဒန်နီယယ် ဝါ့ဒ် မကာကွယ်နိုင်ဘဲ ဒိန်းမတ်တို့ အဖွင့်ဂိုးစတင်ရရှိသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဒိန်းမတ်တို့ပဲ အခွင့်အရေးတွေ ဆက်တိုက်ရရှိနေပြီး ဒေါလ်ဘတ်နဲ့ မေလီတို့ရဲ့ ကန်ချက်တွေကို ဝေးလ်စ်ခံစစ်က ပိတ်ဆို့ ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းကို ကိုပင်ဟေဂင်ကနေ ပထမဆုံးထွက်ခွာပြီး အဝေးကွင်းကစားခဲ့တဲ့ ဒိန်းလူမျိုးတွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစပြီး ၃ မိနစ်အကြာမှာတော့ ဒိန်းမတ်ညာခြမ်းက ဘရိတ်သ်ဝိတ်ရဲ့ ဖြတ်တင်ဘောကို မသေမသပ် ဖျက်ထုတ်ပြီး ရောင်းခဲ့တဲ့ လီဗာပူးလ် နောက်ခံလူ နီကို ဝီလီယမ်စ်ကြောင့် ဂိုးဧရိယာထဲမှာ ဘောလုံးရသွားခဲ့တဲ့ အိုင်းယက်စ်တိုက်စစ်မှူးဟောင်း ဒေါလ်ဘတ်ကပဲ အနီးကပ် ကန်သွင်းပြီး သူ့ရဲ့ အိမ်ကွင်းဟောင်း အမ်စတာဒမ်အရီနာမှာ ဒုတိယအကြိမ် ဂိုးပေါက်ရှာတွေ့နိုင်ခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ နီကို ဝီလီယမ်စ်ရဲ့ ကြိုးစားပြေးထွက်ပြီး ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး ကီဖာ မိုးရ်က ခေါင်းတိုက်သွင်းဖို့ အကောင်းဆုံးနေရာက အဆင်သင့်ဖြစ်နေခဲ့ပေမယ့် အသင်းခေါင်းဆောင် ဘေးလ်ရဲ့ အတင်းပြေးဝင်ပြီး လုတိုက်ခဲ့တာက ဝေးလ်စ်တို့ကို ချေပဂိုးနဲ့ လွဲစေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝေးလ်စ်ရဲ့ ဒန်နီယယ်လ် ဂျိမ်းစ်၊ အယ်လန်၊ မိုးရ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဒိန်းမတ်နောက်ခံလူ ယန်ဆန်ရဲ့ အဝေးကန်ချက်ကလည်း တိုင်ဘေးက ကပ်ထွက်သွားခဲ့တာကြောင့် နှစ်သင်းစလုံး ပွဲပြီးခါနီးအထိ ဂိုးထပ်မရဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ပထမပိုင်းမှာ ဘယ်နောက်ခံလူအဖြစ်ကစားပြီး ဒုတိယပိုင်းမှာ ညာနောက်ခံလူအဖြစ် ပြောင်းကစားနေခဲ့တဲ့ မေလီက သူ့ရဲ့ ခြေနှစ်ဖက်စလုံးသန်စွမ်းမှုကို အခွင့်ကောင်းယူပြီး ဖြတ်တင်ဘောကနေ ရရှိတဲ့ ဘောလုံးကို ညာခြေနဲ့ ခေါက်ပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဝေးလ်စ်နောက်တန်းတွေ မတားဆီးနိုင်ခဲ့ဘဲ သူ့ရဲ့ နှစ်ပွဲဆက်တိုက်သွင်းဂိုးနဲ့အတူ ဒိန်းမတ်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ဘောလုံးမထိဘဲ နောက်ကနေ ခြေချိတ်ပြီး ဖျက်ထုတ်တဲ့ လီဗာပူးလ်တောင်ပံသမား ဝီလ်ဆန် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လူစားဝင်တိုက်စစ်မှူး ကော်နဲလီးယပ်စ် ချပေးတဲ့ ဘောလုံးကို ဘရိတ်သ်ဝိတ်က အနီးကပ် ကန်သွင်းပြီး လူကျွံဘော သတ်မှတ်ခံခဲ့ရပေမယ့် VAR က ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာကြောင့် စတုတ္ထဂိုးရရှိခဲ့တာပါ။

ပွဲအပြီးမှာတော့ ဒိန်းမတ်တို့ လေးဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာတော့ နယ်သာလန်နဲ့ ချက်တို့အတွဲကနေ ကွာတား ဖိုင်နယ်ကို တက်ရောက်လာမယ့်အသင်းနဲ့ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့မှာ ကစားဖို့ ကြိုတင်ဘွတ်ကင်လုပ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒိန္းမတ္အသင္းဟာ ဒီေန႔မွာေတာ့ သူတို႔ရဲ႕ ကြင္းလယ္ကစားသမား ခရစၥတီယန္ အဲရစ္ဆန္အတြက္ တတ္ႏိုင္သမွ် ေပးဆပ္ဖို႔ တြန္းအားနဲ႔ ႀကိဳးစားေနခဲ့သလားလို႔ ထင္ရေလာက္ေအာင္ ႐ုရွားနဲ႔ပြဲအၿပီး ေဝးလ္စ္နဲ႔ ေတြ႕ဆုံမႈမွာလည္း ႏွစ္ပြဲဆက္တိုက္ ေလးဂိုးသြင္းၿပီးမွ သူတို႔ရဲ႕ ေပါက္ကြဲအားနဲ႔အတူ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အုပ္စုပြဲစဥ္ေတြမွာ အရန္ခုံထိုင္ေနခဲ့ရတဲ့ တိုက္စစ္မႉး ကက္စ္ပါ ေဒါလ္ဘတ္ကို ထည့္သြင္းၿပီး ဒိန္းမတ္တို႔ လူစာရင္းအေျပာင္းအလဲလုပ္ခဲ့ခ်ိန္မွာ ေဝးလ္စ္နည္းျပ ေရာဘတ္ ေပ့ခ်္ကေတာ့ ၿပိဳင္ဘက္ကို ေလွ်ာ့တြက္ခဲ့ၿပီး ၄-၃-၃ ကစားပုံနဲ႔ ရင္ဆိုင္လာရာမွာ ကြင္းလယ္အဖ်က္ကစားသမားေကာင္း မရွိခဲ့တဲ့ အသင္းက ၿပိဳလဲခဲ့ရတာလည္းျဖစ္ပါတယ္။

ေဝးလ္စ္ရဲ႕ တိုက္စစ္မွာ ရမ္ေဆးနဲ႔ ေဘးလ္တို႔ရဲ႕ အတြဲအဖက္ေတြက ဒိန္းမတ္ခံစစ္ကို ၿခိမ္းေျခာက္ႏိုင္ခဲ့ေပမယ့္ အေဝးကန္ခ်က္ေတြအမ်ားစုနဲ႔ ျဖဳန္းတီးမႈပဲ မ်ားေနခဲ့သလို ဗဟိုေနာက္ခံလူေကာင္းေတြ ေပါမ်ားတဲ့ ေကယာ၊ ဗက္စတာဂါ့ဒ္၊ ခရစၥတင္ဆန္တို႔ရဲ႕ ေနာက္တန္းအစုအဖြဲ႕ကို ေက်ာ္လြန္ႏိုင္ဖို႔ ခက္ခဲေနခဲ့တာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဘာလုံးရသြားတဲ့ တိုက္စစ္မႉး ေဒါလ္ဘတ္က ေဝးလ္စ္ေနာက္ခံလူ သုံးေယာက္နဲ႔ တြဲဖက္ကစားသမား ဘရိတ္သ္ဝိတ္တို႔ၾကားကေန ဆြဲယူကန္သြင္းခဲ့ရာမွာ ျမင္ကြင္းက ေတာ္ေတာ္ေလးပိတ္ေနတာေၾကာင့္ ဂိုးသမား ဒန္နီယယ္ ဝါ့ဒ္ မကာကြယ္ႏိုင္ဘဲ ဒိန္းမတ္တို႔ အဖြင့္ဂိုးစတင္ရရွိသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ဒိန္းမတ္တို႔ပဲ အခြင့္အေရးေတြ ဆက္တိုက္ရရွိေနၿပီး ေဒါလ္ဘတ္နဲ႔ ေမလီတို႔ရဲ႕ ကန္ခ်က္ေတြကို ေဝးလ္စ္ခံစစ္က ပိတ္ဆို႔ ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းကို ကိုပင္ေဟဂင္ကေန ပထမဆုံးထြက္ခြာၿပီး အေဝးကြင္းကစားခဲ့တဲ့ ဒိန္းလူမ်ိဳးေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစၿပီး ၃ မိနစ္အၾကာမွာေတာ့ ဒိန္းမတ္ညာျခမ္းက ဘရိတ္သ္ဝိတ္ရဲ႕ ျဖတ္တင္ေဘာကို မေသမသပ္ ဖ်က္ထုတ္ၿပီး ေရာင္းခဲ့တဲ့ လီဗာပူးလ္ ေနာက္ခံလူ နီကို ဝီလီယမ္စ္ေၾကာင့္ ဂိုးဧရိယာထဲမွာ ေဘာလုံးရသြားခဲ့တဲ့ အိုင္းယက္စ္တိုက္စစ္မႉးေဟာင္း ေဒါလ္ဘတ္ကပဲ အနီးကပ္ ကန္သြင္းၿပီး သူ႔ရဲ႕ အိမ္ကြင္းေဟာင္း အမ္စတာဒမ္အရီနာမွာ ဒုတိယအႀကိမ္ ဂိုးေပါက္ရွာေတြ႕ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ နီကို ဝီလီယမ္စ္ရဲ႕ ႀကိဳးစားေျပးထြက္ၿပီး ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး ကီဖာ မိုးရ္က ေခါင္းတိုက္သြင္းဖို႔ အေကာင္းဆုံးေနရာက အဆင္သင့္ျဖစ္ေနခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ ေဘးလ္ရဲ႕ အတင္းေျပးဝင္ၿပီး လုတိုက္ခဲ့တာက ေဝးလ္စ္တို႔ကို ေခ်ပဂိုးနဲ႔ လြဲေစခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေဝးလ္စ္ရဲ႕ ဒန္နီယယ္လ္ ဂ်ိမ္းစ္၊ အယ္လန္၊ မိုးရ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ဒိန္းမတ္ေနာက္ခံလူ ယန္ဆန္ရဲ႕ အေဝးကန္ခ်က္ကလည္း တိုင္ေဘးက ကပ္ထြက္သြားခဲ့တာေၾကာင့္ ႏွစ္သင္းစလုံး ပြဲၿပီးခါနီးအထိ ဂိုးထပ္မရဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ပထမပိုင္းမွာ ဘယ္ေနာက္ခံလူအျဖစ္ကစားၿပီး ဒုတိယပိုင္းမွာ ညာေနာက္ခံလူအျဖစ္ ေျပာင္းကစားေနခဲ့တဲ့ ေမလီက သူ႔ရဲ႕ ေျခႏွစ္ဖက္စလုံးသန္စြမ္းမႈကို အခြင့္ေကာင္းယူၿပီး ျဖတ္တင္ေဘာကေန ရရွိတဲ့ ေဘာလုံးကို ညာေျခနဲ႔ ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ေဝးလ္စ္ေနာက္တန္းေတြ မတားဆီးႏိုင္ခဲ့ဘဲ သူ႔ရဲ႕ ႏွစ္ပြဲဆက္တိုက္သြင္းဂိုးနဲ႔အတူ ဒိန္းမတ္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ေဘာလုံးမထိဘဲ ေနာက္ကေန ေျခခ်ိတ္ၿပီး ဖ်က္ထုတ္တဲ့ လီဗာပူးလ္ေတာင္ပံသမား ဝီလ္ဆန္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရသလို နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ လူစားဝင္တိုက္စစ္မႉး ေကာ္နဲလီးယပ္စ္ ခ်ေပးတဲ့ ေဘာလုံးကို ဘရိတ္သ္ဝိတ္က အနီးကပ္ ကန္သြင္းၿပီး လူကြၽံေဘာ သတ္မွတ္ခံခဲ့ရေပမယ့္ VAR က ဂိုးအျဖစ္ ေျပာင္းလဲေပးခဲ့တာေၾကာင့္ စတုတၳဂိုးရရွိခဲ့တာပါ။

ပြဲအၿပီးမွာေတာ့ ဒိန္းမတ္တို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္မွာေတာ့ နယ္သာလန္နဲ႔ ခ်က္တို႔အတြဲကေန ကြာတား ဖိုင္နယ္ကို တက္ေရာက္လာမယ့္အသင္းနဲ႔ အဇာဘိုင္ဂ်န္ႏိုင္ငံ ဘာကူးၿမိဳ႕မွာ ကစားဖို႔ ႀကိဳတင္ဘြတ္ကင္လုပ္ႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.