Premier League Transfer News

26 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အာဆင်နယ်ပရိသတ်တွေ စိတ်ဒုန်းဒုန်းချနိုင်ခဲ့ပြီလို့ ထင်ခဲ့ကြတဲ့ နောက်ခံလူ ဘန်ဝှိုက်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီချက်က အတည်မဖြစ်သေးဘူးလို့ သိရပြီး ဘရိုက်တန်အသင်းဘက်က ပေါင်သန်း ၅၀ နဲ့ အနာဂတ် ခံစားခွင့်အချက်အလက်တွေပါ ထပ်မံတောင်းဆိုထား။

– အာဆင်နယ်အသင်းရဲ့ ပရိသတ်အချစ်တော် ဘယ်နောက်ခံလူ ကီရန် တီယာနီကို အမ်းမရိတ်ကွင်းမှာ နောက်ထပ် ငါးနှစ်ရှိနေစေမယ့် နှစ်ရှည်စာချုပ်ကို သက်တမ်းတိုးချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီး စကော့တလန်သားအနေနဲ့ အသင်းခေါင်းဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်လာမယ်လို့ပါ တစ်ပေးနေကြ။

– ပြီးခဲ့တဲ့ ပြင်သစ်နဲ့ပွဲမှာ ပေါ့ဘာနဲ့ ကွန်တေတို့ကြားက အတွဲအဖက်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ စိတ်ဝင်စားနေပြီး မိတ်ဖက်သဘောလိုမျိုးဖြစ်နေခဲ့တဲ့ လိုင်လီအသင်းအနေနဲ့ ပေါင် ၂၁.၅ သန်း ရရှိရင် ရောင်းချမယ်လို့ သတင်းထွက်နေ။

– ဆမ်ဘီ လိုကွန်ဂါအနေနဲ့ သူ့တစ်ဦးတည်း သဘောအရ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ညှိနှိုင်း အောင်မြင်ဖို့ ၁၀၀ ရာခိုင်နှုန်း ရှိနေခဲ့ပြီဖြစ်ပြီး အန်ဒါလက်ချ်ဘက်က သတ်မှတ်တန်ဖိုးကို သဘောတူညီတာနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ရှိနေကြောင်း ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွား။

– လာဇီယိုအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား ယာကွင် ကော်ရီးယားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ ပိုမိုခက်ခဲလာဖွယ်ရှိနေပြီး မြို့ခံပြိုင်ဘက် စပါးစ်အသင်းနဲ့ အပြိုင်ဖြစ်နေချိန်မှာ ပြင်သစ်အင်အားကြီး ပီအက်စ်ဂျီအသင်းကပါ ပါဝင်လာခဲ့။

– ကွင်းလယ်လူ ဂရာနစ် ချာကာအနေနဲ့ အာဆင်နယ်အသင်းကနေ မထွက်နိုင်သေးတာဟာ အခြေခံပြောင်းရွှေ့ကြေးအပေါ်မှာ ထပ်ဆောင်းပေးချေရမယ့် ပွဲ ၃၀ ကစားအပြီး ယူရိုတစ်သန်း ထပ်မံပေးချေဖို့ အပါအဝင် ယူရိုသုံးသန်းအထိ တိုးတက်သွားနိုင်တဲ့ အနာဂတ်ခံစားခွင့်တွေကို ရိုးမားဘက်က အင်တင်တင်လုပ်နေလို့ဖြစ်ကြောင်းသိရ။

– ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူသွားဖို့ အာဆင်နယ်ဂန္ထဝင် ကွင်းလယ်လူ ရေးပါလာက တိုက်တွန်းလိုက်ပြီး ခွန်အားအပြည့်နဲ့ ကွင်းလယ်မှာ မမောမပန်းကစားတတ်တဲ့ မာလီလက်ရွေးစင်ဟာ ဂန်းနားတွေအတွက် ကာလကြာရှည် အကောင်းဆုံး အသုံးတော်ခံသွားနိုင်မယ်လို့ ဆိုနေ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားရဲ့ စီးရီးအေဆီ ပြန်လည်အခြေချလိုမှုကို ခွင့်ပြုထားပြီး မိမိအနေနဲ့ အသင်းသစ်ရှာဖွေနေကြောင်း ဥရုဂွေးသားရဲ့ အေးဂျင့် ပါဘလို ဘင်တန်ကာက ပြောကြားလိုက်ပြီး လာဇီယိုနဲ့ သဘောတူညီနိုင်ဖို့ နီးစပ်နေ။

– အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းကြီး ဒေးဗစ် ဆီးမန်းက အသင်းရဲ့ ဂိုးသမားဌာနအတွက် လူသစ် အင်အားဖြည့်တင်းဖို့ လိုအပ်နေတာ မှန်ပေမယ့် ဂျာမနီလက်ရွေးစင် ဘန်းဒ် လီနိုကိုတော့ ရောင်းချဖို့ မသင့်ဘဲ သတင်းကြီးနေတဲ့ အာရွန် ရမ်းစ်ဒေးလ်နဲ့အတူ အမ်းမရိတ်မှာ အပြိုင်အဆိုင်ဖြစ်စေဖို့ အလိုရှိနေ။

– ဘာစီလိုနာကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို စောင့်ကြည့်နေတဲ့ အာဆင်နယ်ပရိသတ်တချို့အနေနဲ့ ဘရာဇီးလ်သားဟာ အရင်ကလို လီဗာပူးလ်မှာ ခြေစွမ်းပြခဲ့တုန်းကလိုမျိုး အရည်အသွေးတွေ ပျောက်ဆုံးကုန်ပြီဖြစ်ပြီး ဘယ်နည်းနဲ့ရတာပဲဖြစ်ဖြစ် မခေါ်ယူသင့်တော့ဘူးလို့ ထောက်ပြသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း အာဆင္နယ္ပရိသတ္ေတြ စိတ္ဒုန္းဒုန္းခ်ႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ၾကတဲ့ ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီခ်က္က အတည္မျဖစ္ေသးဘူးလို႔ သိရၿပီး ဘ႐ိုက္တန္အသင္းဘက္က ေပါင္သန္း ၅၀ နဲ႔ အနာဂတ္ ခံစားခြင့္အခ်က္အလက္ေတြပါ ထပ္မံေတာင္းဆိုထား။

– အာဆင္နယ္အသင္းရဲ႕ ပရိသတ္အခ်စ္ေတာ္ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီကို အမ္းမရိတ္ကြင္းမွာ ေနာက္ထပ္ ငါးႏွစ္ရွိေနေစမယ့္ ႏွစ္ရွည္စာခ်ဳပ္ကို သက္တမ္းတိုးခ်ဳပ္ဆိုႏိုင္ခဲ့ၿပီျဖစ္ၿပီး စေကာ့တလန္သားအေနနဲ႔ အသင္းေခါင္းေဆာင္အဖြဲ႕ဝင္တစ္ဦးျဖစ္လာမယ္လို႔ပါ တစ္ေပးေနၾက။

– ၿပီးခဲ့တဲ့ ျပင္သစ္နဲ႔ပြဲမွာ ေပါ့ဘာနဲ႔ ကြန္ေတတို႔ၾကားက အတြဲအဖက္ကို ေကာင္းေကာင္းဒုကၡေပးႏိုင္ခဲ့တဲ့ ေပၚတူဂီကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ စိတ္ဝင္စားေနၿပီး မိတ္ဖက္သေဘာလိုမ်ိဳးျဖစ္ေနခဲ့တဲ့ လိုင္လီအသင္းအေနနဲ႔ ေပါင္ ၂၁.၅ သန္း ရရွိရင္ ေရာင္းခ်မယ္လို႔ သတင္းထြက္ေန။

– ဆမ္ဘီ လိုကြန္ဂါအေနနဲ႔ သူ႔တစ္ဦးတည္း သေဘာအရ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔နဲ႔ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြ ညႇိႏႈိင္း ေအာင္ျမင္ဖို႔ ၁၀၀ ရာခိုင္ႏႈန္း ရွိေနခဲ့ၿပီျဖစ္ၿပီး အန္ဒါလက္ခ်္ဘက္က သတ္မွတ္တန္ဖိုးကို သေဘာတူညီတာနဲ႔ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ဖို႔ ရွိေနေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

– လာဇီယိုအသင္းရဲ႕ အာဂ်င္တီးနားေတာင္ပံကစားသမား ယာကြင္ ေကာ္ရီးယားကို ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ ပိုမိုခက္ခဲလာဖြယ္ရွိေနၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္အသင္းနဲ႔ အၿပိဳင္ျဖစ္ေနခ်ိန္မွာ ျပင္သစ္အင္အားႀကီး ပီအက္စ္ဂ်ီအသင္းကပါ ပါဝင္လာခဲ့။

– ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအေနနဲ႔ အာဆင္နယ္အသင္းကေန မထြက္ႏိုင္ေသးတာဟာ အေျခခံေျပာင္းေ႐ႊ႕ေၾကးအေပၚမွာ ထပ္ေဆာင္းေပးေခ်ရမယ့္ ပြဲ ၃၀ ကစားအၿပီး ယူ႐ိုတစ္သန္း ထပ္မံေပးေခ်ဖို႔ အပါအဝင္ ယူ႐ိုသုံးသန္းအထိ တိုးတက္သြားႏိုင္တဲ့ အနာဂတ္ခံစားခြင့္ေတြကို ႐ိုးမားဘက္က အင္တင္တင္လုပ္ေနလို႔ျဖစ္ေၾကာင္းသိရ။

– ဘ႐ိုက္တန္အသင္းရဲ႕ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူသြားဖို႔ အာဆင္နယ္ဂႏၴဝင္ ကြင္းလယ္လူ ေရးပါလာက တိုက္တြန္းလိုက္ၿပီး ခြန္အားအျပည့္နဲ႔ ကြင္းလယ္မွာ မေမာမပန္းကစားတတ္တဲ့ မာလီလက္ေ႐ြးစင္ဟာ ဂန္းနားေတြအတြက္ ကာလၾကာရွည္ အေကာင္းဆုံး အသုံးေတာ္ခံသြားႏိုင္မယ္လို႔ ဆိုေန။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားရဲ႕ စီးရီးေအဆီ ျပန္လည္အေျခခ်လိုမႈကို ခြင့္ျပဳထားၿပီး မိမိအေနနဲ႔ အသင္းသစ္ရွာေဖြေနေၾကာင္း ဥ႐ုေဂြးသားရဲ႕ ေအးဂ်င့္ ပါဘလို ဘင္တန္ကာက ေျပာၾကားလိုက္ၿပီး လာဇီယိုနဲ႔ သေဘာတူညီႏိုင္ဖို႔ နီးစပ္ေန။

– အာဆင္နယ္အသင္းရဲ႕ ဂိုးသမားေဟာင္းႀကီး ေဒးဗစ္ ဆီးမန္းက အသင္းရဲ႕ ဂိုးသမားဌာနအတြက္ လူသစ္ အင္အားျဖည့္တင္းဖို႔ လိုအပ္ေနတာ မွန္ေပမယ့္ ဂ်ာမနီလက္ေ႐ြးစင္ ဘန္းဒ္ လီႏိုကိုေတာ့ ေရာင္းခ်ဖို႔ မသင့္ဘဲ သတင္းႀကီးေနတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔အတူ အမ္းမရိတ္မွာ အၿပိဳင္အဆိုင္ျဖစ္ေစဖို႔ အလိုရွိေန။

– ဘာစီလိုနာကြင္းလယ္လူ ဖလိပီ ေကာ္တင္ညိဳကို ေစာင့္ၾကည့္ေနတဲ့ အာဆင္နယ္ပရိသတ္တခ်ိဳ႕အေနနဲ႔ ဘရာဇီးလ္သားဟာ အရင္ကလို လီဗာပူးလ္မွာ ေျခစြမ္းျပခဲ့တုန္းကလိုမ်ိဳး အရည္အေသြးေတြ ေပ်ာက္ဆုံးကုန္ၿပီျဖစ္ၿပီး ဘယ္နည္းနဲ႔ရတာပဲျဖစ္ျဖစ္ မေခၚယူသင့္ေတာ့ဘူးလို႔ ေထာက္ျပသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.