Premier League Transfer News

‌26 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ကာလကြာရှည်ပစ်မှတ် ဂျေဒန် ဆန်ချိုကို ဒေါ့မွန်ဘက်က တောင်းဆိုတဲ့ ပေါင် ၇၅ သန်း ကနဦးပေးချေမှုနဲ့အတူ အနာဂတ် ခံစားခွင့် ပေါင် ၅ သန်း ထည့်သွင်းပြီး သဘောတူညီနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေပြီး ပရိသတ်တွေ စိတ်ချမ်းသာဖို့ နီးစပ်နေ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ့် နောက်ခံလူ ရာဖေးလ် ဗာရွန်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားလိုနေပေမယ့် ဘာနေဗျူးဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးနဲ့ သူတောင်းဆိုမယ့် တစ်ပတ်လုပ်ခ ပေါင်လေးသိန်းက အတားအဆီးဖြစ်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒိန်းမတ်ကလပ် နော့စ်ဂျဲလန်းအသင်းရဲ့ လူငယ်တောင်ပံကစားသမား ကာမယ်လ်ဒင်း ဆူလေမာနာကို ခေါ်ယူဖို့ အလိုရှိနေပြီး လက်ရှိ အိုင်းယက်စ်နဲ့ ဆွေးနွေးနေတဲ့ ၁၉ နှစ်သားကို ကြားဖြတ်ခေါ်ယူဖို့ ပြင်ဆင်နေ။

– အီတလီကလပ် လာဇီယိုအသင်းဆီ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ အန်ဒရီးယက်စ် ပါရဲရားကို အပြီးသတ်ရောင်းချဖို့အတွက် ယူနိုက်တက်တို့ဘက်က ပေါင် ၂၃ သန်း တန်ကြေးသတ်မှတ်လိုက်ပြီး ၂၀၂၁-၂၂ ရာသီမှာ ဘရာဇီးလ်သားရဲ့ တစ်နှစ်တာအနာဂတ်က အများဆုံး အငှားနဲ့ပဲ ဆက်ရှိဖို့ဖြစ်လာနိုင်။

– ရေးဗားပလိတ်အသင်းမှာ ခြေစွမ်းပြနေပြီး လက်ရှိ အာဂျင်တီးနားအမှတ်ပေးပြိုင်ပွဲရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးဖြစ်တဲ့ နီကိုလတ်စ် ဒီလာခရုဇ်ကို ယူနိုက်တက်တို့ စိတ်ဝင်စားနေပြီး တိုက်စစ်သန် ဥရုဂွေးလက်ရွေးစင်ကွင်းလယ်လူကို ယူရိုသန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူရရှိနိုင်ပေမယ့် သူ့ရဲ့ ၅ ပေ ၆ လက်မ အရပ်အမောင်းအတွက် စဉ်းစားစရာဖြစ်နေ။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ သူဆုံတွေ့ဖူးသမျှ ကစားသမားတွေထဲမှာ ထိပ်တန်းအဆင့် ရှိသူတစ်ဦးဖြစ်ကြောင်း ချီးကျူးအားကျစကားကို ပြောကြားလိုက်တဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကြောင့် အိုးလ်ထရက်ဖို့ဒ်ဆီ အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ မျှော်လင့်နေကြ။

– ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ကမ်းလှမ်းမှုကောင်းတွေ ရရှိမယ်ဆိုရင် ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်နဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်တို့ကို ရောင်းချသွားဖို့ ယူနိုက်တက်တို့ ပြင်ဆင်နေပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ ကစားသမားစာရင်းကို မြေလှန်တည်ဆောက်ဖို့ အလိုရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသက်အရွယ်နဲ့ တောင်းဆိုထားတဲ့ ဈေးနှုန်းမလိုက်ဖက်တဲ့ အက်သလက်တီကို မက်ဒရစ်နောက်ခံလူ ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ဈေးကွက်ထဲက တခြားနောက်ခံလူတွေကိုပဲ ရှာဖွေဖို့ ဆုံးဖြတ်ထား။

– ဂရိကလပ် PAOK အသင်းနဲ့အတူ ပြီးခဲ့တဲ့ ရာသီက တောက်ပလာခဲ့တဲ့ ၁၆ ဂိုးရှင် လူငယ်တောင်ပံကစားသမား ခရစ္စတို့စ် ဇိုလစ္စကို ယူနိုက်တက်တို့ စောင့်ကြည့်နေပြီး ယူရို ၁၅ သန်းတန် ၁၉ နှစ်သားအတွက် ဒေါ့မွန်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် ယှဉ်ပြိုင်ကြိုးစားရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကာလၾကာရွည္ပစ္မွတ္ ေဂ်ဒန္ ဆန္ခ်ိဳကို ေဒါ့မြန္ဘက္က ေတာင္းဆိုတဲ့ ေပါင္ ၇၅ သန္း ကနဦးေပးေခ်မႈနဲ႔အတူ အနာဂတ္ ခံစားခြင့္ ေပါင္ ၅ သန္း ထည့္သြင္းၿပီး သေဘာတူညီႏိုင္ခဲ့ၿပီလို႔ သတင္းေတြက ေဖာ္ျပေနၿပီး ပရိသတ္ေတြ စိတ္ခ်မ္းသာဖို႔ နီးစပ္ေန။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာေတာ့မယ့္ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ကစားလိုေနေပမယ့္ ဘာေနဗ်ဴးဘက္က ေတာင္းဆိုမယ့္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ သူေတာင္းဆိုမယ့္ တစ္ပတ္လုပ္ခ ေပါင္ေလးသိန္းက အတားအဆီးျဖစ္ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒိန္းမတ္ကလပ္ ေနာ့စ္ဂ်ဲလန္းအသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ကာမယ္လ္ဒင္း ဆူေလမာနာကို ေခၚယူဖို႔ အလိုရွိေနၿပီး လက္ရွိ အိုင္းယက္စ္နဲ႔ ေဆြးေႏြးေနတဲ့ ၁၉ ႏွစ္သားကို ၾကားျဖတ္ေခၚယူဖို႔ ျပင္ဆင္ေန။

– အီတလီကလပ္ လာဇီယိုအသင္းဆီ အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ အန္ဒရီးယက္စ္ ပါရဲရားကို အၿပီးသတ္ေရာင္းခ်ဖို႔အတြက္ ယူႏိုက္တက္တို႔ဘက္က ေပါင္ ၂၃ သန္း တန္ေၾကးသတ္မွတ္လိုက္ၿပီး ၂၀၂၁-၂၂ ရာသီမွာ ဘရာဇီးလ္သားရဲ႕ တစ္ႏွစ္တာအနာဂတ္က အမ်ားဆုံး အငွားနဲ႔ပဲ ဆက္ရွိဖို႔ျဖစ္လာႏိုင္။

– ေရးဗားပလိတ္အသင္းမွာ ေျခစြမ္းျပေနၿပီး လက္ရွိ အာဂ်င္တီးနားအမွတ္ေပးၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကြင္းလယ္လူတစ္ဦးျဖစ္တဲ့ နီကိုလတ္စ္ ဒီလာခ႐ုဇ္ကို ယူႏိုက္တက္တို႔ စိတ္ဝင္စားေနၿပီး တိုက္စစ္သန္ ဥ႐ုေဂြးလက္ေ႐ြးစင္ကြင္းလယ္လူကို ယူ႐ိုသန္း ၂၀ ဝန္းက်င္နဲ႔ ေခၚယူရရွိႏိုင္ေပမယ့္ သူ႔ရဲ႕ ၅ ေပ ၆ လက္မ အရပ္အေမာင္းအတြက္ စဥ္းစားစရာျဖစ္ေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ သူဆုံေတြ႕ဖူးသမွ် ကစားသမားေတြထဲမွာ ထိပ္တန္းအဆင့္ ရွိသူတစ္ဦးျဖစ္ေၾကာင္း ခ်ီးက်ဴးအားက်စကားကို ေျပာၾကားလိုက္တဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္ဆီ အေျပာင္းအေ႐ႊ႕ျဖစ္ေပၚဖို႔ ေမွ်ာ္လင့္ေနၾက။

– ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ကမ္းလွမ္းမႈေကာင္းေတြ ရရွိမယ္ဆိုရင္ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္နဲ႔ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္တို႔ကို ေရာင္းခ်သြားဖို႔ ယူႏိုက္တက္တို႔ ျပင္ဆင္ေနၿပီး နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ သူ႔ရဲ႕ ကစားသမားစာရင္းကို ေျမလွန္တည္ေဆာက္ဖို႔ အလိုရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အသက္အ႐ြယ္နဲ႔ ေတာင္းဆိုထားတဲ့ ေဈးႏႈန္းမလိုက္ဖက္တဲ့ အက္သလက္တီကို မက္ဒရစ္ေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေခၚယူဖို႔ စိတ္ဝင္စားမႈေတြကို အဆုံးသတ္လိုက္ၿပီျဖစ္ၿပီး ေဈးကြက္ထဲက တျခားေနာက္ခံလူေတြကိုပဲ ရွာေဖြဖို႔ ဆုံးျဖတ္ထား။

– ဂရိကလပ္ PAOK အသင္းနဲ႔အတူ ၿပီးခဲ့တဲ့ ရာသီက ေတာက္ပလာခဲ့တဲ့ ၁၆ ဂိုးရွင္ လူငယ္ေတာင္ပံကစားသမား ခရစၥတို႔စ္ ဇိုလစၥကို ယူႏိုက္တက္တို႔ ေစာင့္ၾကည့္ေနၿပီး ယူ႐ို ၁၅ သန္းတန္ ၁၉ ႏွစ္သားအတြက္ ေဒါ့မြန္အသင္းကလည္း စိတ္ဝင္စားေနတာေၾကာင့္ ယွဥ္ၿပိဳင္ႀကိဳးစားရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.