Bundesliga La Liga Ligue1 Premier League Serie A

ဆိုးဆိုးရွားရွား အခေါ်မှားခဲ့တဲ့ ပြောင်းရွှေ့မှုတွေအတွက် ဘယ်သူတွေ ထိခိုက်နာကျင်ခဲ့ရသလဲ

ဟင်းနရစ်ခ် မစ်ခီတာရီယန်
မန်ချက်စတာ ယူနိုက်တက်နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုရဲ့ ပထမဆုံးအပြောင်းအရွှေ့ရာသီမှာ ပေါ့ဘာ၊ ဇလာတန် အီဘရာဟီမိုဗစ်ချ်တို့လို နာမည်ကြီးကစားသမားတွေနဲ့အတူ အိုးထရက်ဖို့ဒ်ကို ရောက်လာခဲ့သူဖြစ်ပြီး ဒေါ့မန်အသင်း​က သူ့ရဲ့စွမ်းဆောင်ရည်က မက်လောက်စရာဖြစ်ခဲ့တယ်။

မော်ရင်ညိုလက်ထဲမှာတော့ သူ့ရဲ့တိုးအားနဲ့ ဖန်တီးနိုင်စွမ်းတွေက ရပ်တန့်သွားခဲ့ပြီး အရန်ခုံမှာ ချောင်ထိုးခံခဲ့ရတဲ့နောက် အသင်းအတွက် ၆၃ ပွဲကစား၊ ၁၃ ဂိုးသွင်း၊ ၁၁ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့သလို ၂၀၁၈ မှာ အာဆင်နယ်ကစားသမား အလက်ဆစ် ဆန်းချက်ဇ်နဲ့ အလဲအထပ်ပြုလုပ်ခံခဲ့ရပြီး လက်ရှိမှာတော့ ကံဆိုးစွာပဲ ရိုးမားမှာ မော်ရင်ညိုနဲ့ ပြန်လက်တွဲရဦးမှာပါ။

ရှင်ဂျီ ကာဂါဝါ
ဒေါ့မန်နဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြား ကျဆုံးခဲ့တဲ့ နောက်ထပ်အပြောင်းအရွှေ့တခုအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို မရောက်မီ ခြေစွမ်းထက်ခဲ့တဲ့ ကာဂါဝါ ယူနိုက်တက်မှာ ခြေစွမ်းတုံးအသွားခဲ့သလို ၂ ရာသီအတွင်း ၅၇ ပွဲသာ ကစားနိုင်ခဲ့ကာ ၆ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးနိုင်ခဲ့ခြင်းက သူ့ဖန်တီးမှုနိုင်စွမ်းနဲ့ ယှဥ်ထိုးကြည့်ရင် အစွန်းထွက်လောက်သာ ရှိခဲ့ချိန်မှာ ဒေါ့မန်ကိုသာ ပြန်ပြောင်းခဲ့ရပါတယ်။

မာရီယို ဂေါ့ဇား
ဒေါ့မန်ကနေ ကစားသမားကောင်းတွေကို ဆွဲစားနေကျဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ကစားခဲ့ချိန်မှာ ဒေါ့မန်လက်ထွက် ကျိန်စာဆိုးသင့်တဲ့ နောက်ထပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နည်းပြ ပပ်ဂွာဒီယိုလာရဲ့လက်အောက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးပြီး ခြေစွမ်းထိုးသွားခဲ့တဲ့နောက် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဂျာမန်ကြီးနဲ့ ဗိုလ်ဝင်ခံနိုင်ခဲ့သေးပေမယ့် ဒေါ့မန်ကိုပဲ ပြန်သွားခဲ့ရပြီး လက်ရှိမှာတော့ PSV အိုင်ဟိုဗင့်အသင်းမှာ ကစားနေပါတယ်။

အန်ဟဲလ် ဒီမာရီယာ
၂၀၁၄ မှာ ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၆၇.၅ သန်းနဲ့ အံ့အားသင့်ဖွယ်ရာ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနားသားဟာ နည်းပြ လူဝီ ဗန်ဂါးလ်ရဲ့ လက်တည့်စမ်းမှုတွေကြောင့် ခြေစွမ်းဖျက်ဆီးခံခဲ့ရတယ်လို့ ခံယူပြီး တရာသီအကြာမှာပဲ PSG အသင်းထံ ပြောင်းရွှေ့သွားခဲ့ချိန်မှာ တောင်ပံတိုက်စစ်မှုးဟာ ခြေစွမ်းအမှန်နဲ့ ပြန်လည်မြူးကြွသွားခဲ့တာကို တွေ့ရမှာပါ။

ဖလိပီ ကော်တင်ညို
သူ့ကို လီဗာပူးလ်အသင်းကနေ နည်းပြယာဂင် ကလော့ပ်က ရောင်းထုတ်ခဲ့တာ မှန်ကန်တယ်လို့ ဆိုရမလောက်အထိ ဘရာဇီးလ်သား ထွက်ခွာသွားမှ အန်ဖီးလ်မြေမှာ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားကိုပါ သိမ်းပိုက်ခဲ့ချိန်မှာ ပိုက်ဘောမိသွားတယ်လို့ ယူဆခံထားရတဲ့ ဘာစီလိုနာကတော့ ကြေးကြီးပေးပြီး ဂျင်းမိသလိုဖြစ်သွားခဲ့ရတာပါ။

၂၀၁၈ ဇန်နဝါရီမှာ ပေါင် ၁၂၁.၅ သန်းနဲ့ နူးကမ့်မြေကို အပြေးအလွှား ကဆုန်ပေါက်သွားခဲ့တဲ့ ကော်တင်ညိုအပြောင်းအရွှေ့ဖြစ်ရပ်မှာ နေမာနေရာကို အစားထိုးလိုတဲ့ ကတ်တလန်အသင်းက ဂျင်းကြီးကြီးမိသွားခဲ့တယ်လို့ လှောင်ပြောင်ခံနေတာဖြစ်ပြီး အသက် ၂၉ နှစ်သားကတော့ ၂၀၁၉ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်မှာ အငှားသွားကစားပြီး ချန်ပီယံလိဂ်ဆီမီး ၈-၂ ပွဲစဥ်မှာ မိခင်ကလပ် ဘာစီလိုနာကို ၂ ဂိုးပြတ်သွင်းပြီး အရှက်ခွဲခဲ့သလို ချန်ပီယံလိဂ်ဖလားကိုပါ ကိုင်မြှောက်ခဲ့ခြင်းက ဘောလုံးလောကမှာ ပြောစမှတ်တွင်ကျန်နေဆဲပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟင္းနရစ္ခ္ မစ္ခီတာရီယန္
မန္ခ်က္စတာ ယူႏိုက္တက္နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ပထမဆုံးအေျပာင္းအေ႐ႊ႕ရာသီမွာ ေပါ့ဘာ၊ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္တို႔လို နာမည္ႀကီးကစားသမားေတြနဲ႔အတူ အိုးထရက္ဖို႔ဒ္ကို ေရာက္လာခဲ့သူျဖစ္ၿပီး ေဒါ့မန္အသင္း​က သူ႔ရဲ႕စြမ္းေဆာင္ရည္က မက္ေလာက္စရာျဖစ္ခဲ့တယ္။

ေမာ္ရင္ညိဳလက္ထဲမွာေတာ့ သူ႔ရဲ႕တိုးအားနဲ႔ ဖန္တီးႏိုင္စြမ္းေတြက ရပ္တန္႔သြားခဲ့ၿပီး အရန္ခုံမွာ ေခ်ာင္ထိုးခံခဲ့ရတဲ့ေနာက္ အသင္းအတြက္ ၆၃ ပြဲကစား၊ ၁၃ ဂိုးသြင္း၊ ၁၁ ဂိုးသာ ဖန္တီးေပးႏိုင္ခဲ့သလို ၂၀၁၈ မွာ အာဆင္နယ္ကစားသမား အလက္ဆစ္ ဆန္းခ်က္ဇ္နဲ႔ အလဲအထပ္ျပဳလုပ္ခံခဲ့ရၿပီး လက္ရွိမွာေတာ့ ကံဆိုးစြာပဲ ႐ိုးမားမွာ ေမာ္ရင္ညိဳနဲ႔ ျပန္လက္တြဲရဦးမွာပါ။

ရွင္ဂ်ီ ကာဂါဝါ
ေဒါ့မန္နဲ႔ ယူႏိုက္တက္အသင္းတို႔ရဲ႕ၾကား က်ဆုံးခဲ့တဲ့ ေနာက္ထပ္အေျပာင္းအေ႐ႊ႕တခုအျဖစ္ သတ္မွတ္ရမွာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္ကို မေရာက္မီ ေျခစြမ္းထက္ခဲ့တဲ့ ကာဂါဝါ ယူႏိုက္တက္မွာ ေျခစြမ္းတုံးအသြားခဲ့သလို ၂ ရာသီအတြင္း ၅၇ ပြဲသာ ကစားႏိုင္ခဲ့ကာ ၆ ဂိုးသြင္း၊ ၁၀ ဂိုးဖန္တီးႏိုင္ခဲ့ျခင္းက သူ႔ဖန္တီးမႈႏိုင္စြမ္းနဲ႔ ယွဥ္ထိုးၾကည့္ရင္ အစြန္းထြက္ေလာက္သာ ရွိခဲ့ခ်ိန္မွာ ေဒါ့မန္ကိုသာ ျပန္ေျပာင္းခဲ့ရပါတယ္။

မာရီယို ေဂါ့ဇား
ေဒါ့မန္ကေန ကစားသမားေကာင္းေတြကို ဆြဲစားေနက်ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့ခ်ိန္မွာ ေဒါ့မန္လက္ထြက္ က်ိန္စာဆိုးသင့္တဲ့ ေနာက္ထပ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး နည္းျပ ပပ္ဂြာဒီယိုလာရဲ႕လက္ေအာက္မွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးၿပီး ေျခစြမ္းထိုးသြားခဲ့တဲ့ေနာက္ ၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံဂ်ာမန္ႀကီးနဲ႔ ဗိုလ္ဝင္ခံႏိုင္ခဲ့ေသးေပမယ့္ ေဒါ့မန္ကိုပဲ ျပန္သြားခဲ့ရၿပီး လက္ရွိမွာေတာ့ PSV အိုင္ဟိုဗင့္အသင္းမွာ ကစားေနပါတယ္။

အန္ဟဲလ္ ဒီမာရီယာ
၂၀၁၄ မွာ ရီးရဲလ္မက္ဒရစ္ကေန မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေပါင္ ၆၇.၅ သန္းနဲ႔ အံ့အားသင့္ဖြယ္ရာ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အာဂ်င္တီးနားသားဟာ နည္းျပ လူဝီ ဗန္ဂါးလ္ရဲ႕ လက္တည့္စမ္းမႈေတြေၾကာင့္ ေျခစြမ္းဖ်က္ဆီးခံခဲ့ရတယ္လို႔ ခံယူၿပီး တရာသီအၾကာမွာပဲ PSG အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့ခ်ိန္မွာ ေတာင္ပံတိုက္စစ္မႈးဟာ ေျခစြမ္းအမွန္နဲ႔ ျပန္လည္ျမဴးႂကြသြားခဲ့တာကို ေတြ႕ရမွာပါ။

ဖလိပီ ေကာ္တင္ညိဳ
သူ႔ကို လီဗာပူးလ္အသင္းကေန နည္းျပယာဂင္ ကေလာ့ပ္က ေရာင္းထုတ္ခဲ့တာ မွန္ကန္တယ္လို႔ ဆိုရမေလာက္အထိ ဘရာဇီးလ္သား ထြက္ခြာသြားမွ အန္ဖီးလ္ေျမမွာ ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားကိုပါ သိမ္းပိုက္ခဲ့ခ်ိန္မွာ ပိုက္ေဘာမိသြားတယ္လို႔ ယူဆခံထားရတဲ့ ဘာစီလိုနာကေတာ့ ေၾကးႀကီးေပးၿပီး ဂ်င္းမိသလိုျဖစ္သြားခဲ့ရတာပါ။

၂၀၁၈ ဇန္နဝါရီမွာ ေပါင္ ၁၂၁.၅ သန္းနဲ႔ ႏူးကမ့္ေျမကို အေျပးအလႊား ကဆုန္ေပါက္သြားခဲ့တဲ့ ေကာ္တင္ညိဳအေျပာင္းအေ႐ႊ႕ျဖစ္ရပ္မွာ ေနမာေနရာကို အစားထိုးလိုတဲ့ ကတ္တလန္အသင္းက ဂ်င္းႀကီးႀကီးမိသြားခဲ့တယ္လို႔ ေလွာင္ေျပာင္ခံေနတာျဖစ္ၿပီး အသက္ ၂၉ ႏွစ္သားကေတာ့ ၂၀၁၉ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္မွာ အငွားသြားကစားၿပီး ခ်န္ပီယံလိဂ္ဆီမီး ၈-၂ ပြဲစဥ္မွာ မိခင္ကလပ္ ဘာစီလိုနာကို ၂ ဂိုးျပတ္သြင္းၿပီး အရွက္ခြဲခဲ့သလို ခ်န္ပီယံလိဂ္ဖလားကိုပါ ကိုင္ေျမႇာက္ခဲ့ျခင္းက ေဘာလုံးေလာကမွာ ေျပာစမွတ္တြင္က်န္ေနဆဲပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.