Premier League

ရြဳိင္းကီးန္နဲ႔ ဗီယာရာထိုးရင္ ရြဳိင္းကီးန္အသာရႏုိင္တယ္ဆုိတဲ့ ဆီလ္ဗက္စတာ

အာဆင္နယ္အသင္းမွာ မကစားခင္က မန္ခ်က္စတာယူႏုိက္တက္မွာ ကစားၿပီး သူတုိ႔ရဲ႕ ခါးသီးတဲ့ ၿပဳိင္ပြဲေတြရဲ႕ ျမင့္တက္ေနတဲ့ ၿပဳိင္ဆုိင္မွဳ ေတြကို မ်က္ျမင္သက္ေသျဖစ္ခဲ့ဖူးတဲ့ ေနာက္ခံလူ မီေခးလ္ ဆီဗက္စတာက အသင္းေခါင္းေဆာင္ႏွစ္ေယာက္ ထုိးခဲ့မယ္ဆုိရင္ ရြဳိင္းကီးန္က အသာစီး ရယူႏိုင္မယ္လို႔ ဆုိလိုက္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္နဲ႔ အာဆင္နယ္အသင္းတုိ႔ဟာ အဲဒီအခ်ိန္က ႏွစ္ေကာင္တည္းေျပးတဲ့ ျမင္းေတြလိုမ်ဳိး တျခားအသင္းေတြထက္ ေခါင္းတစ္လုံးနီးပါးသာတဲ့ အေနအထားမွာ ရွိခဲ့ၾကတာျဖစ္ၿပီး သူတုိ႔ႏွစ္သင္းၾကား ၿပဳိင္ဆိုင္မွဳေတြကေတာ့ အသင္းေခါင္းေဆာင္ႏွစ္ဦးဆီမွာ ပုိၿပီး ျမင္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

ဟိုက္ဘာရီမွာ ၂၀၀၅ ခုႏွစ္တုန္းက ႀကဳံခဲ့ရတဲ့ ပြဲတစ္ပြဲမတုိင္ခင္ ဥမင္လိုဏ္ေခါင္းထဲက ျဖစ္ရပ္တစ္ခုကို ဆီလ္ဗက္စတာက ျပန္ေျပာျပခဲ့ၿပီး အဲ့ဒီတုန္းက ဗီယာရာ၊ ဂယ္ရီ နဗီးလ္နဲ႔ ရြဳိင္းကီးန္တုိ႔ၾကားမွာ စိန္ေခၚမွဳေတြ ျဖစ္ပြားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အသင္းေခါင္းေဆာင္ႏွစ္ေယာက္ ေဘာက္ဆင္ထိုးမယ့္အျဖစ္ကို ေရာက္သြားခဲ့ေသးတယ္လုိ႔လည္း ဆုိပါတယ္။

“ဟိုက္ဘာရီက ကြင္းထဲအဝင္ လိုဏ္ေခါင္းေတြက က်ဥ္းတယ္ဗ်။ ပြဲမစခင္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ပခုံးခ်င္းတုိက္မတတ္ပဲ။ အဲ့ဒီမွာ ဗီယာရာက ဂယ္ရီ နဗီးလ္ကို မင္းအသင္းကို ေနာက္မွာ ထားၿပီး သြားပုပ္ေလလြင့္ေျပာေနမယ့္အစား တစ္ေယာက္ခ်င္း ထိုးမလားလို႔ ေမးေတာ့ ရြဳိင္းကီးန္က အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ဂယ္ရီကို ဝင္ကာကြယ္ၿပီး ျပန္စိန္ေခၚခဲ့တာျဖစ္ပါတယ္”လို႔ ျပင္သစ္ေနာက္ခံလူေဟာင္းက ဆုိပါတယ္။

သူက ဒီႏွစ္ေယာက္ ထိုးျဖစ္ခဲ့ၾကရင္ေတာ့ ရြဳိင္းကီးန္က အသာရဖို႔ ရွိတယ္လုိ႔ ေျပာၾကားလုိက္ၿပီး ဘာျဖစ္လို႔လဲဆုိေတာ့ သူတုိ႔ရဲ႕ အဲ့ဒီတုန္းက ႀကံ့ခိုင္ေရးနည္းျပျဖစ္တဲ့ မန္ယူရဲ႕ မုိက္ကယ္ ကလက္က အေလးမနဲ႔ ေဘာက္ဆင္ေလ့က်င့္ခန္းေတြ လုပ္ခိုင္းလို႔ျဖစ္တယ္လုိ႔လည္း ဘယ္သူသာမလဲဆုိတဲ့ ေမးခြန္းကို ေျဖၾကားသြားခဲ့ၿပီး ႏွစ္သင္းစလုံးမွာ ကစားဖူးေပမယ့္ မန္ယူကေန ေျပာင္းေရႊ႕လာခဲ့လို႔ ပရိသတ္ေတြရဲ႕ လက္ခံမွဳကို မရခဲ့တဲ့ ဆီလ္ဗက္စတာရဲ႕ စကားကေတာ့ အာဆင္နယ္ဘက္ေတာ္သားေတြကို ေဒါသထြက္ေစဦးမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းမှာ မကစားခင်က မန်ချက်စတာယူနိုက်တက်မှာ ကစားပြီး သူတို့ရဲ့ ခါးသီးတဲ့ ပြိုင်ပွဲတွေရဲ့ မြင့်တက်နေတဲ့ ပြိုင်ဆိုင်မှု တွေကို မျက်မြင်သက်သေဖြစ်ခဲ့ဖူးတဲ့ နောက်ခံလူ မီခေးလ် ဆီဗက်စတာက အသင်းခေါင်းဆောင်နှစ်ယောက် ထိုးခဲ့မယ်ဆိုရင် ရွိုင်းကီးန်က အသာစီး ရယူနိုင်မယ်လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ အဲဒီအချိန်က နှစ်ကောင်တည်းပြေးတဲ့ မြင်းတွေလိုမျိုး တခြားအသင်းတွေထက် ခေါင်းတစ်လုံးနီးပါးသာတဲ့ အနေအထားမှာ ရှိခဲ့ကြတာဖြစ်ပြီး သူတို့နှစ်သင်းကြား ပြိုင်ဆိုင်မှုတွေကတော့ အသင်းခေါင်းဆောင်နှစ်ဦးဆီမှာ ပိုပြီး မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဟိုက်ဘာရီမှာ ၂၀၀၅ ခုနှစ်တုန်းက ကြုံခဲ့ရတဲ့ ပွဲတစ်ပွဲမတိုင်ခင် ဥမင်လိုဏ်ခေါင်းထဲက ဖြစ်ရပ်တစ်ခုကို ဆီလ်ဗက်စတာက ပြန်ပြောပြခဲ့ပြီး အဲ့ဒီတုန်းက ဗီယာရာ၊ ဂယ်ရီ နဗီးလ်နဲ့ ရွိုင်းကီးန်တို့ကြားမှာ စိန်ခေါ်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာတော့ အသင်းခေါင်းဆောင်နှစ်ယောက် ဘောက်ဆင်ထိုးမယ့်အဖြစ်ကို ရောက်သွားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

“ဟိုက်ဘာရီက ကွင်းထဲအဝင် လိုဏ်ခေါင်းတွေက ကျဉ်းတယ်ဗျ။ ပွဲမစခင်မှာ တစ်ယောက်နဲ့တစ်ယောက် ပခုံးချင်းတိုက်မတတ်ပဲ။ အဲ့ဒီမှာ ဗီယာရာက ဂယ်ရီ နဗီးလ်ကို မင်းအသင်းကို နောက်မှာ ထားပြီး သွားပုပ်လေလွင့်ပြောနေမယ့်အစား တစ်ယောက်ချင်း ထိုးမလားလို့ မေးတော့ ရွိုင်းကီးန်က အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဂယ်ရီကို ဝင်ကာကွယ်ပြီး ပြန်စိန်ခေါ်ခဲ့တာဖြစ်ပါတယ်”လို့ ပြင်သစ်နောက်ခံလူဟောင်းက ဆိုပါတယ်။

သူက ဒီနှစ်ယောက် ထိုးဖြစ်ခဲ့ကြရင်တော့ ရွိုင်းကီးန်က အသာရဖို့ ရှိတယ်လို့ ပြောကြားလိုက်ပြီး ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အဲ့ဒီတုန်းက ကြံ့ခိုင်ရေးနည်းပြဖြစ်တဲ့ မန်ယူရဲ့ မိုက်ကယ် ကလက်က အလေးမနဲ့ ဘောက်ဆင်လေ့ကျင့်ခန်းတွေ လုပ်ခိုင်းလို့ဖြစ်တယ်လို့လည်း ဘယ်သူသာမလဲဆိုတဲ့ မေးခွန်းကို ဖြေကြားသွားခဲ့ပြီး နှစ်သင်းစလုံးမှာ ကစားဖူးပေမယ့် မန်ယူကနေ ပြောင်းရွှေ့လာခဲ့လို့ ပရိသတ်တွေရဲ့ လက်ခံမှုကို မရခဲ့တဲ့ ဆီလ်ဗက်စတာရဲ့ စကားကတော့ အာဆင်နယ်ဘက်တော်သားတွေကို ဒေါသထွက်စေဦးမှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.