Article Bundesliga International Ligue1 Premier League Serie A Transfer News

နွေရာသီမှာ အသင်းဟောင်းတွေနဲ့ ပြန်လည်ပူးပေါင်းနိုင်သူ ကစားသမား ၅ ဦး

၅။ ရီနာတို ဆန်းချက်စ် (ဘိုင်ယန်သို့)
ရီနာတို ဆန်းချက်စ်ကတော့ ဘိုင်ယန်မြူးနစ်ကို ဘင်ဖီကာကနေ ၂၀၁၆ ခုနှစ်မှာ ရင့်ကျက်တည်ငြိမ်မှု မရှိသေးချိန်က ရောက်ရှိသွားခဲ့သူဖြစ်ပြီး စီနီယာကစားသမားကောင်းတွေကြားမှာ နေရာမရခဲ့သလို ဆွမ်းဆီးအသင်းကို အငှားနဲ့ ထွက်ကစားခဲ့ရပြီး နောက်ဆုံးမှာ လိုင်လီအသင်းကို ပြောင်းရွှေ့ ခဲ့ရပါတယ်။ ပြင်သစ်မြေမှာ ပြန်လည်တောက်ပလာခဲ့တဲ့ ပေါ်တူဂီသားကို တစ်ခါက ကစားခွင့်ပျောက်အောင်လုပ်ခဲ့တဲ့ လူအိုတွေ ခြေကျလာချိန်မှာ Allianz Arena က နွေးထွေးစွာ ကြိုဆိုမလား စိတ်ဝင်စားစရာပါပဲ။

၄။ ကင်းစလီ ကိုမွန် (ပီအက်စ်ဂျီသို့)
ပီအက်စ်ဂျီလူငယ်အကယ်ဒမီကနေ ပေါက်ဖွားလာခဲ့ပြီး အသင်းကြီးမှာ ၁၆ နှစ်အရွယ်က စာရင်းသွင်းခံခဲ့ရတဲ့ ကိုမွန်ဟာ ကစားခွင့်ကိုတော့ နှစ်ရာသီအတွင်း ၄ ပွဲသာ ရယူနိုင်ခဲ့လို့ ဂျူဗင်တပ်စ်အသင်းဆီ စွန့်စားထွက်ခွာလာခဲ့သူပါ။ စီးရီးအေမှာ ခြေစွမ်းခြေစရှိခဲ့တဲ့ သူ့ကို နည်းပြ ဂွါဒီယိုလာက နှစ်ရာသီအငှားနဲ့ စတင်ခေါ်ယူခဲ့ပြီး ဈေးသက်သက်သာသာ ယူရို ၂၁ သန်းနဲ့ ရရှိထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဥရောပရဲ့ ထိပ်တန်း Winger တစ်ယောက်ဖြစ်လာတဲ့ ကိုမွန်ကို အသင်းဟောင်း ပီအက်စ်ဂျီက ခြေတစ်လှမ်းဦးဖို့ ပြင်ဆင်နေခဲ့တာပါ။

၃။ အာရွန် ရမ်ဆေး (အာဆင်နယ်သို့)
ဂိုးသွင်းတိုင်း တစ်ခုခုဖြစ်တတ်တယ်ဆိုတဲ့ ရမ်ဆေးကတော့ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းကို စွန့်ခွာခဲ့သူဖြစ်ပြီး ပရိသတ်တွေကြားမှာ ဘုတ်အဖွဲ့ဝင်တွေကို မုန်းတီးအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ အာဆင်နယ်ပရိသတ်တွေရဲ့ သည်းခံစိတ်ကို ကုန်ဆုံးသွားအောင် ဂျူဗင်တပ်စ်ဆီ အလွတ်ပြောင်းရွှေ့ကြေး လုပ်ဆောင်ပေးသွားခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ခရိုယန်ကီနဲ့ လက်ကိုင်တုတ်တွေ ပိုပြီး ဘေးကျပ်နံကျပ်ဖြစ်လာခဲ့ပါတယ်။ စီးရီးအေမှာ သိပ်ပြီး အထိုင်မကျသလို လစာငွေမြင့်မားမှုကြောင့် ဂျူဗီတို့ကို အသက်ရှူကျပ်နေစေတဲ့ ဝေလသားဟာ အာဆင်နယ်ကို လစာလျှော့ယူပြီး ပြောင်းရွှေ့ဖို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

၄။ ပေါလ် ပေါ့ဘာ (ဂျူဗင်တပ်စ်သို့)
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နွေရာသီမှာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးစာရင်းမှာ ထည့်သွင်းဖို့ အငြင်းပွားစရာမလိုသူလည်းဖြစ်ပြီး သူ့ကို ဒီအဆင့်အထိ ရောက်ရှိလာစေအောင် ယုံကြည်ပေးခဲ့တဲ့ တူရင် ကလပ်ကို ပြန်လည်ပြောင်းရွှေ့ဖို့က အမြဲတမ်း အသံထွက်နေခဲ့တာပါ။

သူ့ရဲ့ အေးဂျင့် ရိုင်ယိုလာက ဂျူဗင်တပ်စ်ဟာ ပေါ့ဘာရဲ့ အိမ်ပဲလို့ အစဉ်တစိုက် ပြောကြားခဲ့ဖူးပြီး အပြောင်းရွှေ့ကာလတိုင်း ဆောင်းရာသီနဲ့ နွေရာသီမရွေးဘဲ အသံထွက်တတ်တဲ့ ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်ထက် သူ့လိုပဲ နောက်ထပ်အိမ်ပြန်နိုင်သူတစ်ဦးရှိနေတဲ့ တူရင်ကလပ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကြား သဘောတူညီမှုကို ရယူသွားနိုင်ရင်လည်း မဆန်းဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

၅။ ခရစ္စတီယာနို ရော်နယ်လ်ဒို (မန်ချက်စတာယူနိုက်တက်သို့)
စပို့တင်းလစ္စဘွန်းအသင်းကနေ အိုးလ်ထရက်ဖို့ဒ်ရဲ့ အသည်းနှလုံးဖြစ်လာခဲ့တဲ့ ကစားသမားကို လက်လွှတ်ခဲ့ရတာဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေရဲ့ အသည်းနှလုံးတွေပေါ်မှာ အမာရွတ်အဖြစ် ကျန်ရှိနေဆဲဆိုရင် မမှားနိုင်ပါဘူး။ သူ့ရဲ့ ခြေစွမ်းအကောင်းဆုံးအချိန်မှာ စပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ထွက်ခွာသွားခဲ့တဲ့ သားတစ်ယောက်လို ကစားသမားကို မိဘလို အသင်းနဲ့ ပရိသတ်တွေက မုန်းလို့လည်း ရမှာ မဟုတ်ပါဘူး။

တောင်ပံကစားသမားတစ်ယောက်အဖြစ် အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့ အောင်မြင်မှုတွေနဲ့ ဆုဖလားတွေ အလီလီ ရယူအပြီးမှာ ဝါရင့်တိုက်စစ်မှူးတစ်ဦးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြန်လာဖို့ အများက တစ်ပေးနေကြတာဖြစ်သလို သူ့ရဲ့ ကျဆင်းမှု မရှိသေးတဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကလည်း ပြန်လည်ပူးပေါင်းဖို့ကို ဇာတ်ရှိန်မြင့်စေတာကြောင့် အိပ်မက်ကဇာတ်ရုံကို ရင်ခုန်စေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၅။ ရီနာတို ဆန္းခ်က္စ္ (ဘိုင္ယန္သို႔)
ရီနာတို ဆန္းခ်က္စ္ကေတာ့ ဘိုင္ယန္ျမဴးနစ္ကို ဘင္ဖီကာကေန ၂၀၁၆ ခုႏွစ္မွာ ရင့္က်က္တည္ၿငိမ္မႈ မရွိေသးခ်ိန္က ေရာက္ရွိသြားခဲ့သူျဖစ္ၿပီး စီနီယာကစားသမားေကာင္းေတြၾကားမွာ ေနရာမရခဲ့သလို ဆြမ္းဆီးအသင္းကို အငွားနဲ႔ ထြက္ကစားခဲ့ရၿပီး ေနာက္ဆုံးမွာ လိုင္လီအသင္းကို ေျပာင္းေ႐ႊ႕ ခဲ့ရပါတယ္။ ျပင္သစ္ေျမမွာ ျပန္လည္ေတာက္ပလာခဲ့တဲ့ ေပၚတူဂီသားကို တစ္ခါက ကစားခြင့္ေပ်ာက္ေအာင္လုပ္ခဲ့တဲ့ လူအိုေတြ ေျခက်လာခ်ိန္မွာ Allianz Arena က ေႏြးေထြးစြာ ႀကိဳဆိုမလား စိတ္ဝင္စားစရာပါပဲ။

၄။ ကင္းစလီ ကိုမြန္ (ပီအက္စ္ဂ်ီသို႔)
ပီအက္စ္ဂ်ီလူငယ္အကယ္ဒမီကေန ေပါက္ဖြားလာခဲ့ၿပီး အသင္းႀကီးမွာ ၁၆ ႏွစ္အ႐ြယ္က စာရင္းသြင္းခံခဲ့ရတဲ့ ကိုမြန္ဟာ ကစားခြင့္ကိုေတာ့ ႏွစ္ရာသီအတြင္း ၄ ပြဲသာ ရယူႏိုင္ခဲ့လို႔ ဂ်ဴဗင္တပ္စ္အသင္းဆီ စြန႔္စားထြက္ခြာလာခဲ့သူပါ။ စီးရီးေအမွာ ေျခစြမ္းေျခစရွိခဲ့တဲ့ သူ႔ကို နည္းျပ ဂြါဒီယိုလာက ႏွစ္ရာသီအငွားနဲ႔ စတင္ေခၚယူခဲ့ၿပီး ေဈးသက္သက္သာသာ ယူ႐ို ၂၁ သန္းနဲ႔ ရရွိထားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဥေရာပရဲ႕ ထိပ္တန္း Winger တစ္ေယာက္ျဖစ္လာတဲ့ ကိုမြန္ကို အသင္းေဟာင္း ပီအက္စ္ဂ်ီက ေျခတစ္လွမ္းဦးဖို႔ ျပင္ဆင္ေနခဲ့တာပါ။

၃။ အာ႐ြန္ ရမ္ေဆး (အာဆင္နယ္သို႔)
ဂိုးသြင္းတိုင္း တစ္ခုခုျဖစ္တတ္တယ္ဆိုတဲ့ ရမ္ေဆးကေတာ့ ၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္အသင္းကို စြန႔္ခြာခဲ့သူျဖစ္ၿပီး ပရိသတ္ေတြၾကားမွာ ဘုတ္အဖြဲ႕ဝင္ေတြကို မုန္းတီးေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သူပါ။ အာဆင္နယ္ပရိသတ္ေတြရဲ႕ သည္းခံစိတ္ကို ကုန္ဆုံးသြားေအာင္ ဂ်ဴဗင္တပ္စ္ဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကး လုပ္ေဆာင္ေပးသြားခဲ့ၿပီး အဲ့ဒီေနာက္ပိုင္းမွာေတာ့ ခ႐ိုယန္ကီနဲ႔ လက္ကိုင္တုတ္ေတြ ပိုၿပီး ေဘးက်ပ္နံက်ပ္ျဖစ္လာခဲ့ပါတယ္။ စီးရီးေအမွာ သိပ္ၿပီး အထိုင္မက်သလို လစာေငြျမင့္မားမႈေၾကာင့္ ဂ်ဴဗီတို႔ကို အသက္ရႉက်ပ္ေနေစတဲ့ ေဝလသားဟာ အာဆင္နယ္ကို လစာေလွ်ာ့ယူၿပီး ေျပာင္းေ႐ႊ႕ဖို႔ ေရပန္းစားေနတာလည္းျဖစ္ပါတယ္။

၄။ ေပါလ္ ေပါ့ဘာ (ဂ်ဴဗင္တပ္စ္သို႔)
မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ျပင္သစ္ကြင္းလယ္လူ ေပါ့ဘာဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံးစာရင္းမွာ ထည့္သြင္းဖို႔ အျငင္းပြားစရာမလိုသူလည္းျဖစ္ၿပီး သူ႔ကို ဒီအဆင့္အထိ ေရာက္ရွိလာေစေအာင္ ယုံၾကည္ေပးခဲ့တဲ့ တူရင္ ကလပ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔က အၿမဲတမ္း အသံထြက္ေနခဲ့တာပါ။

သူ႔ရဲ႕ ေအးဂ်င့္ ႐ိုင္ယိုလာက ဂ်ဴဗင္တပ္စ္ဟာ ေပါ့ဘာရဲ႕ အိမ္ပဲလို႔ အစဥ္တစိုက္ ေျပာၾကားခဲ့ဖူးၿပီး အေျပာင္းေ႐ႊ႕ကာလတိုင္း ေဆာင္းရာသီနဲ႔ ေႏြရာသီမေ႐ြးဘဲ အသံထြက္တတ္တဲ့ ေပါ့ဘာဟာ ရီးရဲလ္မက္ဒရစ္ထက္ သူ႔လိုပဲ ေနာက္ထပ္အိမ္ျပန္ႏိုင္သူတစ္ဦးရွိေနတဲ့ တူရင္ကလပ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ၾကား သေဘာတူညီမႈကို ရယူသြားႏိုင္ရင္လည္း မဆန္းဘူးလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

၅။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို (မန္ခ်က္စတာယူႏိုက္တက္သို႔)
စပို႔တင္းလစၥဘြန္းအသင္းကေန အိုးလ္ထရက္ဖို႔ဒ္ရဲ႕ အသည္းႏွလုံးျဖစ္လာခဲ့တဲ့ ကစားသမားကို လက္လႊတ္ခဲ့ရတာဟာ မန္ခ်က္စတာ ယူႏိုက္တက္ ပရိသတ္ေတြရဲ႕ အသည္းႏွလုံးေတြေပၚမွာ အမာ႐ြတ္အျဖစ္ က်န္ရွိေနဆဲဆိုရင္ မမွားႏိုင္ပါဘူး။ သူ႔ရဲ႕ ေျခစြမ္းအေကာင္းဆုံးအခ်ိန္မွာ စၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို ထြက္ခြာသြားခဲ့တဲ့ သားတစ္ေယာက္လို ကစားသမားကို မိဘလို အသင္းနဲ႔ ပရိသတ္ေတြက မုန္းလို႔လည္း ရမွာ မဟုတ္ပါဘူး။

ေတာင္ပံကစားသမားတစ္ေယာက္အျဖစ္ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ ေအာင္ျမင္မႈေတြနဲ႔ ဆုဖလားေတြ အလီလီ ရယူအၿပီးမွာ ဝါရင့္တိုက္စစ္မႉးတစ္ဦးအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ျပန္လာဖို႔ အမ်ားက တစ္ေပးေနၾကတာျဖစ္သလို သူ႔ရဲ႕ က်ဆင္းမႈ မရွိေသးတဲ့ ႀကံ့ခိုင္မႈနဲ႔ ေျခစြမ္းကလည္း ျပန္လည္ပူးေပါင္းဖို႔ကို ဇာတ္ရွိန္ျမင့္ေစတာေၾကာင့္ အိပ္မက္ကဇာတ္႐ုံကို ရင္ခုန္ေစႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.