Analysis International

ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကနေ စပြီး ဘယ်အသင်းတွေ ဘယ်လိုဆုံတွေ့နိုင်ကြသလဲ

ယူရို ၂၀၂၀ ပွဲစဉ်တွေကို ဇွန်လ ၁၁ ရက်နေ့ကလည်းက ဆက်တိုက်ကျင်းပလာခဲ့တာ ၂၄ ရက်ကနေ ၂၅ ရက်နေ့အထိ နှစ်ရက် နားအပြီး ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို မတူညီတဲ့ ဥရောပမြို့ကြီးတွေမှာ ၂၆ ရက်နေ့ကနေ ပြန်လည်စတင်ကစားမှာဖြစ်ပါတယ်။

ပွဲစဉ်တွေကို အကြမ်းအားဖြင့် Path A နဲ့ Path B နှစ်ပိုင်းပိုင်းနိုင်ပြီး တစ်ခြမ်းစီ ရှုမြင်နိုင်သလို ဒီနှစ်ခြမ်းက အသင်းတွေအနေနဲ့ ဖိုင်နယ်ကို ရောက်မှ တွေ့ဆုံခွင့်ရှိမှာလည်းဖြစ်သလို ပွဲစဉ် ၈ ပွဲကို ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်ဖို့ Guide လုပ်ပေးလိုက်ပါတယ်။

Path A မှာ ပါဝင်နေတဲ့ အသင်းတွေဘက် ပထမဆုံးပွဲစဉ်ကို ၂၆ ရက်နေ့မှာ အီတလီနဲ့ ဩစတြီးယားတို့ လန်ဒန်မှာ ကစားမှာဖြစ်ပြီး ၂၇ ရက်နေ့မှာတော့ စပိန်နိုင်ငံ ဆီဗီးလ်မှာ ဘယ်လ်ဂျီယမ်နဲ့ ပေါ်တူဂီ၊ ၂၈ ရက်နေ့မှာတော့ ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မှာ ပြင်သစ်နဲ့ ဆွစ်ဇာလန်၊ ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင်မှာ ခရိုအေးရှားနဲ့ စပိန်တို့ ကစားကြမှာပါ။

Path B မှာတော့ အစောဆုံးပွဲစဉ်အဖြစ် ဝေးလ်စ်နဲ့ ဒိန်းမတ်တို့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မှာ ၂၆ ရက်နေ့ ၁၀ နာရီခွဲမှာ ကစားမှာဖြစ်ပြီး ၂၇ ရက်နေ့မှာတော့ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မှာ နယ်သာလန်နဲ့ ချက်၊ ၂၉ ရက်နေ့မှာတော့ လန်ဒန်မှာ အင်္ဂလန်နဲ့ ဂျာမနီ၊ စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမှာ ဆွီဒင်နဲ့ ယူကရိန်းအသင်းတွေ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

Path A အသင်းချင်း ဆုံတွေ့မှုအရ ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီတို့နဲ့ အီတလီ၊ ဩစတြီးယားတို့ ထိပ်တိုက်တွေ့မှာဖြစ်သလို ပြင်သစ်၊ ဆွစ်ဇာလန်အတွဲနဲ့ ခရိုအေးရှား၊ စပိန်တို့အတွဲ ထိပ်တိုက်တွေ့မှာဖြစ်ပြီး သူတို့တွေအနေနဲ့ ဖိုင်နယ်ကို သွားရာလမ်းမှာ ရင်ဆိုင်တိုက်ခိုက်ကြရမှာလည်း ဖြစ်ပါတယ်။

Path B အသင်းတွေထဲမှာတော့ ဝေးလ်စ်၊ ဒိန်းမတ်တို့နဲ့ နယ်သာလန်၊ ချက်တို့ ထိပ်တိုက်တွေ့မှာဖြစ်သလို အင်္ဂလန်၊ ဂျာမနီအတွဲနဲ့ ဆွီဒင်၊ ယူကရိန်းအတွဲတို့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ဒီရေးဆွဲမှုတွေမှာတော့ အင်္ဂလန်တို့ ဂျာမနီကို ကျော်ဖြတ်နိုင်ခဲ့ရင် ရှေ့လမ်းက တော်တော်လေး ပြန်လည် ချောမွေ့သွားရဖို့လည်း ရှိနေတာပါ။

ဒါကြောင့် ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီတို့ စစချင်း တစ်သင်းပြုတ်မှာဖြစ်ပြီး အီတလီနဲ့ ကွာတားမှာ တွေ့ဆုံနိုင်ဖွယ်ရှိနေသလို ပြင်သစ်နဲ့ စပိန်တို့ ကွာတားမှာ တွေ့ဆုံနိုင်ပြီး ဆီမီးအထိ ဘယ်အသင်းတွေ ရောက်လာမှာလဲဆိုတဲ့ Path A အတွေးက ပိုမိုစိတ်ဝင်စားစရာကောင်းနေပြီး ရေးဆွဲမှုအရ ပိုမိုကျပ်တည်းတဲ့ လမ်းကြောင်းလည်းဖြစ်ခဲ့ပါတယ်။

အင်္ဂလန်၊ ဂျာမနီတို့နှစ်သင်းထဲ တက်လာမယ့်အသင်းကတော့ Path B မှာ နယ်သာလန်တက်လာနိုင်တဲ့ ဆီမီးမှာသာ အသင်းကြီးချင်း ထပ်မံ တွေ့ဆုံနိုင်မှာဖြစ်လို့ ဒီဘက်လမ်းကြောင်းကတော့ ချောင်နေပြီး အသင်းကြီးနည်းသလို ယူရို ၂၀၂၀ ကို ဥရောပမြို့ကြီးပေါင်း ၁၁ မြို့မှာ ကျင်းပပေမယ့် အင်္ဂလန်အိမ်ရှင် ဖြစ်အောင် လုပ်ပေးထားတဲ့ မျက်နှာသာပေးမှုဆန်ဆန်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့ ဘယ်လ်ဂျီယမ်၊ ပေါ်တူဂီ၊ အီတလီ၊ ပြင်သစ်၊ စပိန်တို့ ပါဝင်နေတဲ့ Path A ထဲက ဘယ်သူ ဖိုင်နယ်ရောက်လာမလဲဆိုတာ နှမြောတသစွာနဲ့ ရင်ခုန်စွာ စောင့်ကြည့်ရမှာဖြစ်ပြီး အင်္ဂလန်၊ ဂျာမနီနဲ့ နယ်သာလန် ပါဝင်နေတဲ့ Path B မှာ အသင်းငယ်တွေက Upset ဖြစ်အောင်များ လုပ်သွားနိုင်မလားလည်း စောင့်ကြည့်ရမှာပါ။

ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေကို ဇူလိုင်လ ၂ ရက်နေ့မှာ ၂ ပွဲ၊ ၃ ရက်နေ့မှာ ၂ ပွဲ မြူးနစ်(ဂျာမနီ)၊ စိန့်ပီတာစ်ဘတ်(ရုရှား)၊ ရောမ(အီတလီ)နဲ့ ဘာကူး(အဇာဘိုင်ဂျန်)တို့မှာ ကစားမှာဖြစ်ပြီး လန်ဒန်တစ်နေရာတည်းမှာ ကျင်းပမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ကစားမှာဖြစ်သလို နောက်ဆုံးဗိုလ်လုပွဲ ဝင်ဘလီဖိုင်နယ်ကိုတော့ ၁၁ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။

စကတည်းကနေ ဝင်ဘလီကွင်းက တစ်ခါမှ မခွာခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ်ရေးဆွဲမှုအရ ဂျာမနီကို ဖြတ်ကျော်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ရင်တော့ ရောမမြေမှာ ရှားရှားပါးပါး အဝေးကွင်းပွဲစဉ်ကို ကစားရမှာဖြစ်ပြီး ၁၆ သင်းအဆင့်က စမယ့် ရှုံးထွက်ပွဲစဉ်တွေမှာ ပရိသတ်တွေအနေနဲ့ ကိုယ့်အသင်းရဲ့ ဗိုလ်လုပွဲဆီသွားရာလမ်းကြောင်းကို ရှမြင်သုံးသပ်နိုင်ဖို့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၀ ပြဲစဥ္ေတြကို ဇြန္လ ၁၁ ရက္ေန႔ကလည္းက ဆက္တိုက္က်င္းပလာခဲ့တာ ၂၄ ရက္ကေန ၂၅ ရက္ေန႔အထိ ႏွစ္ရက္ နားအၿပီး ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ေတြကို မတူညီတဲ့ ဥေရာပၿမိဳ႕ႀကီးေတြမွာ ၂၆ ရက္ေန႔ကေန ျပန္လည္စတင္ကစားမွာျဖစ္ပါတယ္။

ပြဲစဥ္ေတြကို အၾကမ္းအားျဖင့္ Path A နဲ႔ Path B ႏွစ္ပိုင္းပိုင္းႏိုင္ၿပီး တစ္ျခမ္းစီ ရႈျမင္ႏိုင္သလို ဒီႏွစ္ျခမ္းက အသင္းေတြအေနနဲ႔ ဖိုင္နယ္ကို ေရာက္မွ ေတြ႕ဆုံခြင့္ရွိမွာလည္းျဖစ္သလို ပြဲစဥ္ ၈ ပြဲကို ရွင္းရွင္းလင္းလင္း ၾကည့္ရႈႏိုင္ဖို႔ Guide လုပ္ေပးလိုက္ပါတယ္။

Path A မွာ ပါဝင္ေနတဲ့ အသင္းေတြဘက္ ပထမဆုံးပြဲစဥ္ကို ၂၆ ရက္ေန႔မွာ အီတလီနဲ႔ ဩစႀတီးယားတို႔ လန္ဒန္မွာ ကစားမွာျဖစ္ၿပီး ၂၇ ရက္ေန႔မွာေတာ့ စပိန္ႏိုင္ငံ ဆီဗီးလ္မွာ ဘယ္လ္ဂ်ီယမ္နဲ႔ ေပၚတူဂီ၊ ၂၈ ရက္ေန႔မွာေတာ့ ႐ိုေမးနီးယားႏိုင္ငံ ဘူခါရက္စ္မွာ ျပင္သစ္နဲ႔ ဆြစ္ဇာလန္၊ ဒိန္းမတ္ ႏိုင္ငံ ကိုပင္ေဟဂင္မွာ ခ႐ိုေအးရွားနဲ႔ စပိန္တို႔ ကစားၾကမွာပါ။

Path B မွာေတာ့ အေစာဆုံးပြဲစဥ္အျဖစ္ ေဝးလ္စ္နဲ႔ ဒိန္းမတ္တို႔ နယ္သာလန္ႏိုင္ငံ၊ အမ္စတာဒမ္မွာ ၂၆ ရက္ေန႔ ၁၀ နာရီခြဲမွာ ကစားမွာျဖစ္ၿပီး ၂၇ ရက္ေန႔မွာေတာ့ ဟန္ေဂရီႏိုင္ငံ ဘူဒါပက္စ္မွာ နယ္သာလန္နဲ႔ ခ်က္၊ ၂၉ ရက္ေန႔မွာေတာ့ လန္ဒန္မွာ အဂၤလန္နဲ႔ ဂ်ာမနီ၊ စေကာ့တလန္ႏိုင္ငံ၊ ဂလပ္စဂိုမွာ ဆြီဒင္နဲ႔ ယူကရိန္းအသင္းေတြ ယွဥ္ၿပိဳင္ၾကရမွာျဖစ္ပါတယ္။

Path A အသင္းခ်င္း ဆုံေတြ႕မႈအရ ဘယ္လ္ဂ်ီယမ္၊ ေပၚတူဂီတို႔နဲ႔ အီတလီ၊ ဩစႀတီးယားတို႔ ထိပ္တိုက္ေတြ႕မွာျဖစ္သလို ျပင္သစ္၊ ဆြစ္ဇာလန္အတြဲနဲ႔ ခ႐ိုေအးရွား၊ စပိန္တို႔အတြဲ ထိပ္တိုက္ေတြ႕မွာျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ ဖိုင္နယ္ကို သြားရာလမ္းမွာ ရင္ဆိုင္တိုက္ခိုက္ၾကရမွာလည္း ျဖစ္ပါတယ္။

Path B အသင္းေတြထဲမွာေတာ့ ေဝးလ္စ္၊ ဒိန္းမတ္တို႔နဲ႔ နယ္သာလန္၊ ခ်က္တို႔ ထိပ္တိုက္ေတြ႕မွာျဖစ္သလို အဂၤလန္၊ ဂ်ာမနီအတြဲနဲ႔ ဆြီဒင္၊ ယူကရိန္းအတြဲတို႔ ထိပ္တိုက္ေတြ႕မွာျဖစ္ၿပီး ဒီေရးဆြဲမႈေတြမွာေတာ့ အဂၤလန္တို႔ ဂ်ာမနီကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ ေရွ႕လမ္းက ေတာ္ေတာ္ေလး ျပန္လည္ ေခ်ာေမြ႕သြားရဖို႔လည္း ရွိေနတာပါ။

ဒါေၾကာင့္ ဘယ္လ္ဂ်ီယမ္၊ ေပၚတူဂီတို႔ စစခ်င္း တစ္သင္းျပဳတ္မွာျဖစ္ၿပီး အီတလီနဲ႔ ကြာတားမွာ ေတြ႕ဆုံႏိုင္ဖြယ္ရွိေနသလို ျပင္သစ္နဲ႔ စပိန္တို႔ ကြာတားမွာ ေတြ႕ဆုံႏိုင္ၿပီး ဆီမီးအထိ ဘယ္အသင္းေတြ ေရာက္လာမွာလဲဆိုတဲ့ Path A အေတြးက ပိုမိုစိတ္ဝင္စားစရာေကာင္းေနၿပီး ေရးဆြဲမႈအရ ပိုမိုက်ပ္တည္းတဲ့ လမ္းေၾကာင္းလည္းျဖစ္ခဲ့ပါတယ္။

အဂၤလန္၊ ဂ်ာမနီတို႔ႏွစ္သင္းထဲ တက္လာမယ့္အသင္းကေတာ့ Path B မွာ နယ္သာလန္တက္လာႏိုင္တဲ့ ဆီမီးမွာသာ အသင္းႀကီးခ်င္း ထပ္မံ ေတြ႕ဆုံႏိုင္မွာျဖစ္လို႔ ဒီဘက္လမ္းေၾကာင္းကေတာ့ ေခ်ာင္ေနၿပီး အသင္းႀကီးနည္းသလို ယူ႐ို ၂၀၂၀ ကို ဥေရာပၿမိဳ႕ႀကီးေပါင္း ၁၁ ၿမိဳ႕မွာ က်င္းပေပမယ့္ အဂၤလန္အိမ္ရွင္ ျဖစ္ေအာင္ လုပ္ေပးထားတဲ့ မ်က္ႏွာသာေပးမႈဆန္ဆန္ကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ပရိသတ္ေတြအေနနဲ႔ ဘယ္လ္ဂ်ီယမ္၊ ေပၚတူဂီ၊ အီတလီ၊ ျပင္သစ္၊ စပိန္တို႔ ပါဝင္ေနတဲ့ Path A ထဲက ဘယ္သူ ဖိုင္နယ္ေရာက္လာမလဲဆိုတာ ႏွေျမာတသစြာနဲ႔ ရင္ခုန္စြာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အဂၤလန္၊ ဂ်ာမနီနဲ႔ နယ္သာလန္ ပါဝင္ေနတဲ့ Path B မွာ အသင္းငယ္ေတြက Upset ျဖစ္ေအာင္မ်ား လုပ္သြားႏိုင္မလားလည္း ေစာင့္ၾကည့္ရမွာပါ။

ကြာတားဖိုင္နယ္အဆင့္ ပြဲစဥ္ေတြကို ဇူလိုင္လ ၂ ရက္ေန႔မွာ ၂ ပြဲ၊ ၃ ရက္ေန႔မွာ ၂ ပြဲ ျမဴးနစ္(ဂ်ာမနီ)၊ စိန႔္ပီတာစ္ဘတ္(႐ုရွား)၊ ေရာမ(အီတလီ)နဲ႔ ဘာကူး(အဇာဘိုင္ဂ်န္)တို႔မွာ ကစားမွာျဖစ္ၿပီး လန္ဒန္တစ္ေနရာတည္းမွာ က်င္းပမယ့္ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကိုေတာ့ ၆ ရက္နဲ႔ ၇ ရက္ေန႔ေတြမွာ ကစားမွာျဖစ္သလို ေနာက္ဆုံးဗိုလ္လုပြဲ ဝင္ဘလီဖိုင္နယ္ကိုေတာ့ ၁၁ ရက္ေန႔မွာ ကစားၾကမွာျဖစ္ပါတယ္။

စကတည္းကေန ဝင္ဘလီကြင္းက တစ္ခါမွ မခြာခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ပြဲစဥ္ေရးဆြဲမႈအရ ဂ်ာမနီကို ျဖတ္ေက်ာ္ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ရင္ေတာ့ ေရာမေျမမွာ ရွားရွားပါးပါး အေဝးကြင္းပြဲစဥ္ကို ကစားရမွာျဖစ္ၿပီး ၁၆ သင္းအဆင့္က စမယ့္ ရႈံးထြက္ပြဲစဥ္ေတြမွာ ပရိသတ္ေတြအေနနဲ႔ ကိုယ့္အသင္းရဲ႕ ဗိုလ္လုပြဲဆီသြားရာလမ္းေၾကာင္းကို ရွျမင္သုံးသပ္ႏိုင္ဖို႔ စုစည္းတင္ဆက္ေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.