Premier League

မက်ဆီနဲ့ရော်နယ်လ်ဒို မလုပ်ပြနိုင်တဲ့အရာကို စွမ်းဆောင်ခဲ့တဲ့ ကွန်တေကသာ ဘလွန်ဒေါဆုရှင်ဖြစ်သင့်

မက်ဆီနဲ့ ရော်နယ်ဒိုတို့လို GOAT ကြီးတွေတောင် မစွမ်းနိုင်တဲ့အရာကို လုပ်ပြနိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလို ကွန်တေကသာ ဘလွန်ဒေါဆုရှင်ဖြစ်လာလိမ့်မယ်လို့ ပြင်သစ်တိုက်စစ်မှုးဟောင်းကြီး လူးဝစ္စ ဆာဟာက ဟောကိန်းထုတ်သွားခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ဆာဟာအနေနဲ့ တနိုင်ငံတည်းသား ကွန်တေကို ၂၀၂၁ ခုနှစ်ရဲ့ ဘလွန်ဒေါဆုနဲ့ တွဲဖက်မြင်တွေ့လိုနေတာဖြစ်ပြီး အသက် ၃၀ နှစ်အရွယ် ကစားသမားဟာ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဘုရင်ဖြစ်ခဲဲ့တဲ့ ခရီးကြမ်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားတဲ့ ဆီမီးဖိုင်နယ် ၂ ကျော့နဲ့ မန်စီးတီးနဲ့ကစားတဲ့ ဖိုင်နယ် ၃ ပွဲဆက်မှာ အကောင်းဆုံးကစားသမား MOTM ဖြစ်ခဲ့တာက သူမတူတဲ့ စွမ်းရည်လို့ သုံးသပ်သွားခဲ့ပါတယ်။

” ကွန်တေသာ ဘလွန်ဒေါဆုရှင်ဖြစ်လာမယ်ဆိုရင် ဒါဟာဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ သူနဲ့ အထိုက်တန်ဆုံးဆုပါ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၂ ကျော့စလုံးနဲ့ ဗိုလ်လုပွဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတောင် တသက်မှာ တခါမှ လုပ်မပြဖူးတဲ့ အရာပါ ”

“ကွင်းလယ်တဝန်းလုံးကို ဘုရင်တယောက်လို ကြီးစိုးပြီး ကစားတယ်။ သူ့အသင်းဖော်တွေကို တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့ခြင်းက ကွန်တေရဲ့ ပြောင်မြောက်တဲ့အလုပ်ပါ။ တိုက်စစ်ကို သူလိုက်တက်လာပြီဆိုရင်လည်း ပြိုင်ဘက်တွေ ဖြုံရလောက်တဲ့ အားတခုလို မာထန်လွန်းပါတယ်။ ”

” ကျွန်တော့်တသက်မှာ ဒီလိုကစားပုံနဲ့ ကစားသမားမျိုးကို တခါမှ မမြင်ဖူးခဲ့​တာပါ။ ကွန်တေသာ ဘလွန်ဒေါဆုကို သိမ်းပိုက်သွားမယ်ဆိုရင် ဘယ်သူကမှ အငြင်းပွားနေမှာ မဟုတ်ပါဘူး။ ခင်ဗျား ဘလွန်ဒေါသမိုင်းကို ပြန်ကြည့်လိုက်ရင် သူ့လောက်တောင် အလုပ်မလုပ်​ပြနိုင်ဘဲနဲ့ ဆွတ်ခူးသွားတဲ့သူတွေတောင် ရှိနေတယ် ”

” သူတို့ကို စော်ကားရာရောက်မှာစိုးလို့ ကျွန်တော် နာမည်တပ်မပြောတော့ဘူး။ ကွန်တေက အဲဒီလို ကစားသမားတွေထက် အပုံကြီးသာလွန်ပါတယ်။ ကွင်းထဲမှာ လူ ၂ ယောက်စာ ကစားပြနေတာပါ။ ဒါမျိုးတွေကို ဂိုးသွင်းဖို့ပဲတတ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတောင် မလုပ်ပြနိုင်ခဲ့ပါဘူး ”

“သူကတော့ လိုအပ်ရင် ဂိုးသွင်းရုံတင်မက တသင်းလုံးကို ဟန်ချက်ညီအောင် စွမ်းဆောင်ပေးနေတာပါ။ သူ့ကြောင့် တိုက်စစ်ကစားသမားတွေ​က အလွတ်လပ်ဆုံး နဲ့ နောက်ကျောလုံလုံ ကစားနိုင်လို့ ပိုခြေစွမ်း​ပြနိုင်ပါတယ်။ သူ့တာဝန်ကျေတဲ့အပြင် အသင်းဖော်တွေရဲ့ ဟာကွက်တိုင်းကို လိုက်ဖြည့်ကစားပြီး ပေးဆပ်နေတဲ့ ကွန်တေကသာ ဘလွန်ဒေါဆုရှင် ဖြစ်လာလိမ့်မယ်ဗျို့” လို့ ပြင်သစ်တိုက်စစ်မှုးဟောင်းကြီး ဆာဟာ​က ​ပြောသွားခဲ့တာပါ။သမားအဖြစ်လည်း စံချိန်ဝင်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWHYI:
မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔လို GOAT ႀကီးေတြေတာင္ မစြမ္းႏိုင္တဲ့အရာကို လုပ္ျပႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးနဲ႔ ျပင္သစ္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကသာ ဘလြန္ေဒါဆုရွင္ျဖစ္လာလိမ့္မယ္လို႔ ျပင္သစ္တိုက္စစ္မႈးေဟာင္းႀကီး လူးဝစၥ ဆာဟာက ေဟာကိန္းထုတ္သြားခဲ့ေၾကာင္း သိရပါတယ္။

ယူႏိုက္တက္တိုက္စစ္မႉးေဟာင္းလည္းျဖစ္တဲ့ ဆာဟာအေနနဲ႔ တႏိုင္ငံတည္းသား ကြန္ေတကို ၂၀၂၁ ခုႏွစ္ရဲ႕ ဘလြန္ေဒါဆုနဲ႔ တြဲဖက္ျမင္ေတြ႕လိုေနတာျဖစ္ၿပီး အသက္ ၃၀ ႏွစ္အ႐ြယ္ ကစားသမားဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ဘုရင္ျဖစ္ခဲဲ့တဲ့ ခရီးၾကမ္းမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားတဲ့ ဆီမီးဖိုင္နယ္ ၂ ေက်ာ့နဲ႔ မန္စီးတီးနဲ႔ကစားတဲ့ ဖိုင္နယ္ ၃ ပြဲဆက္မွာ အေကာင္းဆုံးကစားသမား MOTM ျဖစ္ခဲ့တာက သူမတူတဲ့ စြမ္းရည္လို႔ သုံးသပ္သြားခဲ့ပါတယ္။

” ကြန္ေတသာ ဘလြန္ေဒါဆုရွင္ျဖစ္လာမယ္ဆိုရင္ ဒါဟာျဖစ္သင့္ျဖစ္ထိုက္ပါတယ္။ သူနဲ႔ အထိုက္တန္ဆုံးဆုပါ။ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ၂ ေက်ာ့စလုံးနဲ႔ ဗိုလ္လုပြဲမွာ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တယ္လို႔ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုေတာင္ တသက္မွာ တခါမွ လုပ္မျပဖူးတဲ့ အရာပါ ”

“ကြင္းလယ္တဝန္းလုံးကို ဘုရင္တေယာက္လို ႀကီးစိုးၿပီး ကစားတယ္။ သူ႔အသင္းေဖာ္ေတြကို တိုက္စစ္မွာ လြတ္လြတ္လပ္လပ္ ကစားခြင့္ရခဲ့ျခင္းက ကြန္ေတရဲ႕ ေျပာင္ေျမာက္တဲ့အလုပ္ပါ။ တိုက္စစ္ကို သူလိုက္တက္လာၿပီဆိုရင္လည္း ၿပိဳင္ဘက္ေတြ ၿဖဳံရေလာက္တဲ့ အားတခုလို မာထန္လြန္းပါတယ္။ ”

” ကြၽန္ေတာ့္တသက္မွာ ဒီလိုကစားပုံနဲ႔ ကစားသမားမ်ိဳးကို တခါမွ မျမင္ဖူးခဲ့​တာပါ။ ကြန္ေတသာ ဘလြန္ေဒါဆုကို သိမ္းပိုက္သြားမယ္ဆိုရင္ ဘယ္သူကမွ အျငင္းပြားေနမွာ မဟုတ္ပါဘူး။ ခင္ဗ်ား ဘလြန္ေဒါသမိုင္းကို ျပန္ၾကည့္လိုက္ရင္ သူ႔ေလာက္ေတာင္ အလုပ္မလုပ္​ျပႏိုင္ဘဲနဲ႔ ဆြတ္ခူးသြားတဲ့သူေတြေတာင္ ရွိေနတယ္ ”

” သူတို႔ကို ေစာ္ကားရာေရာက္မွာစိုးလို႔ ကြၽန္ေတာ္ နာမည္တပ္မေျပာေတာ့ဘူး။ ကြန္ေတက အဲဒီလို ကစားသမားေတြထက္ အပုံႀကီးသာလြန္ပါတယ္။ ကြင္းထဲမွာ လူ ၂ ေယာက္စာ ကစားျပေနတာပါ။ ဒါမ်ိဳးေတြကို ဂိုးသြင္းဖို႔ပဲတတ္တဲ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုေတာင္ မလုပ္ျပႏိုင္ခဲ့ပါဘူး ”

“သူကေတာ့ လိုအပ္ရင္ ဂိုးသြင္း႐ုံတင္မက တသင္းလုံးကို ဟန္ခ်က္ညီေအာင္ စြမ္းေဆာင္ေပးေနတာပါ။ သူ႔ေၾကာင့္ တိုက္စစ္ကစားသမားေတြ​က အလြတ္လပ္ဆုံး နဲ႔ ေနာက္ေက်ာလုံလုံ ကစားႏိုင္လို႔ ပိုေျခစြမ္း​ျပႏိုင္ပါတယ္။ သူ႔တာဝန္ေက်တဲ့အျပင္ အသင္းေဖာ္ေတြရဲ႕ ဟာကြက္တိုင္းကို လိုက္ျဖည့္ကစားၿပီး ေပးဆပ္ေနတဲ့ ကြန္ေတကသာ ဘလြန္ေဒါဆုရွင္ ျဖစ္လာလိမ့္မယ္ဗ်ိဳ႕” လို႔ ျပင္သစ္တိုက္စစ္မႈးေဟာင္းႀကီး ဆာဟာ​က ​ေျပာသြားခဲ့တာပါ။သမားအျဖစ္လည္း စံခ်ိန္ဝင္သြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.