La Liga Transfer News

ဘာစီလိုနာနဲ့ လက်ရှိထိ စာချုပ်သစ် မချုပ်ပေမယ့် အသင်းမှာ မက်ဆီဆက်နေဖြစ်မှာ ဘာကြောင့်လဲ?

ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဆက်နေဖြစ်အောင် တကိုယ်တော်တိုက််ပွဲဝင်ပြီး စည်းရုံးနေသူက တကျော့ပြန် ဥက္ကဋ္ဌသစ် လာပေါ့တာဖြစ်ပြီး သူ့ရဲ့ဦးဆောင်နိုင်မှုစွမ်းရည်တွေကို အသစ်တဖန်​ ပြန်လည်သက်သေပြပြီး ပေါင် ၁.၁ ဘီလျံတင်ရှိနေတဲ့ ကြွေးမြီကို ဖြေရှင်းဖို့ ​အားစိုက်ကြိုးပမ်းနေတာပါ။.

ဒါ့အပြင် အသင်းရဲ့ ပုံရိပ်အစစ်ကို ပြန်လည်မြင့်တက်လာဖို့ အဓိကဆွဲဆောင်နေခြင်းဟာ မက်ဆီနဲ့ ဘာစီလိုနာဆိုတာ ခွဲထားလို့မရတဲ့ ပရိသတ်ဆန္ဒတခုဖြစ်သလို လက်ရှိအချိန်မှာလည်း စာချုပ်သစ်ကမ်းလှမ်းမှုအပေါ် မက်ဆီရဲ့ အားပါးတရတုံ့ပြန်မှုကို ကျေကျေနပ်နပ်ကြီးရယူဖို့ အလိုရှိနေကြောင်း သိရပါတယ်။

မက်ဆီရဲ့ စိတ်ဆန္ဒမှာတော့ လာမာစီယာအကယ်ဒမီကျောင်းသားဘဝကို ဖြတ်သန်းပြီး ငယ်ဘဝကတည်းက နှစ်ပေါင်းများစွာကြာမြင့်တဲ့အထိ သံယောဇဥ်တွယ်လာခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာလိုစိတ် ရှိမနေကြောင်း သိရပြီး သူ့ရဲ့ ၃၄ နှစ်ပြည့်မွေးနေဖြစ်တဲ့ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့မှာတော့ ဥက္ကဌလာပေါ့တာက စိတ်အားထက်သန်စွာနဲ့ စာချုပ်သစ်တရပ်ကို ကမ်းလှမ်းသွားခဲ့တာပါ။

ထာဝရအကောင်းဆုံးကစားသမားတဖြစ်လဲ အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူးကြီးဟာ ဘာစီလိုနာအသင်းရဲ့ ငွေ​​​ကြေးချွတ်ခြုံကျမှုကို ဖြေရှင်းပေးနိုင်ခြင်း၊ အသင်းအတွက် ကြော်ငြာနဲ့ စပွန်ဆာငွေစီးဆင်မှုတွေကို ဆက်လက်ရှင်သန်စေနိုင်ခြင်းစတဲ့ သူ့ရဲ့ အကျိုးပြုနိုင်စွမ်းကို အသုံးချဖို့ သူနေလိုတဲ့ ငယ်ဘဝအသင်းမှာလည်း ဆက်နေခွင့်ကို Win-Win အနေအထားတခုအဖြစ် ဖန်တီးသွားဖို့ ရှိနေပါတယ်။

ကလပ်အသင်းရဲ့ ပုံရိပ်အကြီးမားဆုံးနဲ့ ထာဝရအကြီးကျယ်ဆုံးကစားသမားကြီးကို ဘယ်နည်းနဲ့မှ လမ်းခွဲလိုစိတ်မရှိတဲ့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုက ထင်ရှားနေခဲ့ပြီး ကိုပါအမေရိကဖလားအတွက် ဘရာဇီးလ်ကို ရောက်နေတဲ့ မက်ဆီနဲ့ လာပေါ့တာရဲ့ စကားပြောဆိုမှုအဆင့်တွေဟာ အလေးအနက်ရှိခဲ့သလို သူတို့နှစ်ဦးကြားက ဆက်ဆံရေးကလည်း ခိုင်မာနေကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေအရ စာချုပ်သစ်တရပ်ဖြစ်ပေါ်လာဖို့ အလွန်နီးစပ်နေကြောင်း သိရှိရပြီး ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဆုံးရှုံးမခံမယ့် လာပေါ့တာက နောက်ဆုံးအခွင့်အရေးကျန်ရှိချိန် လက်ကျန် ၆ ရက်အတွင်း တွင်းမှာ သဘောထားတရပ် အမြန်ဆုံးရရှိအောင် ညှိယူပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ တွန်းသွားမယ်လို့ ဆိုပါတယ်။

ဘာစီလိုနာကမ်းလှမ်းလိုက်တဲ့ စာချုပ်သစ်မှာတော့ GOAT ကြီးကို ၂၀၂၃ ခုနှစ်အထိ ဆက်ထိန်းသွားမှာဖြစ်ပြီး နူးကမ့်မှာ ဖိအားတွေဟာ အပူလုံးတခုလို မြင့်တက်နေချိန်မှာ စာချုပ်သစ်တရပ်ကို လာမယ့်ရက်ပိုင်းအတွင်း တရားဝင်ကြေငြာနိုင်မယ်လို့ မျှော်လင့်ချက်ခိုင်မာနေကြောင်း သိရပြီး စိတ်ချယုံကြည်ရတဲ့ အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ဘလွန်ဒေါ ၆ ခုရှင်ဟာ ကတ်တလန်အသင်းမှာ ဆက်နေဖြစ်မယ်လို့ အတည်ပြုလိုက်လို့ ဝမ်းသာစရာသတင်းကောင်းဖြစ်လာကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘာစီလိုနာအသင္းမွာ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ ဆက္ေနျဖစ္ေအာင္ တကိုယ္ေတာ္တိုက္္ပြဲဝင္ၿပီး စည္း႐ုံးေနသူက တေက်ာ့ျပန္ ဥကၠ႒သစ္ လာေပါ့တာျဖစ္ၿပီး သူ႔ရဲ႕ဦးေဆာင္ႏိုင္မႈစြမ္းရည္ေတြကို အသစ္တဖန္​ ျပန္လည္သက္ေသျပၿပီး ေပါင္ ၁.၁ ဘီလ်ံတင္ရွိေနတဲ့ ေႂကြးၿမီကို ေျဖရွင္းဖို႔ ​အားစိုက္ႀကိဳးပမ္းေနတာပါ။.

ဒါ့အျပင္ အသင္းရဲ႕ ပုံရိပ္အစစ္ကို ျပန္လည္ျမင့္တက္လာဖို႔ အဓိကဆြဲေဆာင္ေနျခင္းဟာ မက္ဆီနဲ႔ ဘာစီလိုနာဆိုတာ ခြဲထားလို႔မရတဲ့ ပရိသတ္ဆႏၵတခုျဖစ္သလို လက္ရွိအခ်ိန္မွာလည္း စာခ်ဳပ္သစ္ကမ္းလွမ္းမႈအေပၚ မက္ဆီရဲ႕ အားပါးတရတုံ႔ျပန္မႈကို ေက်ေက်နပ္နပ္ႀကီးရယူဖို႔ အလိုရွိေနေၾကာင္း သိရပါတယ္။

မက္ဆီရဲ႕ စိတ္ဆႏၵမွာေတာ့ လာမာစီယာအကယ္ဒမီေက်ာင္းသားဘဝကို ျဖတ္သန္းၿပီး ငယ္ဘဝကတည္းက ႏွစ္ေပါင္းမ်ားစြာၾကာျမင့္တဲ့အထိ သံေယာဇဥ္တြယ္လာခဲ့တဲ့ ဘာစီလိုနာကို စြန္႔ခြာလိုစိတ္ ရွိမေနေၾကာင္း သိရၿပီး သူ႔ရဲ႕ ၃၄ ႏွစ္ျပည့္ေမြးေနျဖစ္တဲ့ ဒီေန႔ ဇြန္လ ၂၄ ရက္ေန႔မွာေတာ့ ဥကၠဌလာေပါ့တာက စိတ္အားထက္သန္စြာနဲ႔ စာခ်ဳပ္သစ္တရပ္ကို ကမ္းလွမ္းသြားခဲ့တာပါ။

ထာဝရအေကာင္းဆုံးကစားသမားတျဖစ္လဲ အာဂ်င္တီးနားဂႏၴဝင္တိုက္စစ္မႉးႀကီးဟာ ဘာစီလိုနာအသင္းရဲ႕ ေငြ​​​ေၾကးခြၽတ္ၿခဳံက်မႈကို ေျဖရွင္းေပးႏိုင္ျခင္း၊ အသင္းအတြက္ ေၾကာ္ျငာနဲ႔ စပြန္ဆာေငြစီးဆင္မႈေတြကို ဆက္လက္ရွင္သန္ေစႏိုင္ျခင္းစတဲ့ သူ႔ရဲ႕ အက်ိဳးျပဳႏိုင္စြမ္းကို အသုံးခ်ဖို႔ သူေနလိုတဲ့ ငယ္ဘဝအသင္းမွာလည္း ဆက္ေနခြင့္ကို Win-Win အေနအထားတခုအျဖစ္ ဖန္တီးသြားဖို႔ ရွိေနပါတယ္။

ကလပ္အသင္းရဲ႕ ပုံရိပ္အႀကီးမားဆုံးနဲ႔ ထာဝရအႀကီးက်ယ္ဆုံးကစားသမားႀကီးကို ဘယ္နည္းနဲ႔မွ လမ္းခြဲလိုစိတ္မရွိတဲ့ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈက ထင္ရွားေနခဲ့ၿပီး ကိုပါအေမရိကဖလားအတြက္ ဘရာဇီးလ္ကို ေရာက္ေနတဲ့ မက္ဆီနဲ႔ လာေပါ့တာရဲ႕ စကားေျပာဆိုမႈအဆင့္ေတြဟာ အေလးအနက္ရွိခဲ့သလို သူတို႔ႏွစ္ဦးၾကားက ဆက္ဆံေရးကလည္း ခိုင္မာေနေၾကာင္း သိရပါတယ္။

ေနာက္ဆုံးရသတင္းေတြအရ စာခ်ဳပ္သစ္တရပ္ျဖစ္ေပၚလာဖို႔ အလြန္နီးစပ္ေနေၾကာင္း သိရွိရၿပီး ဇြန္လ ၃၀ ရက္ေန႔မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ မက္ဆီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အဆုံးရႈံးမခံမယ့္ လာေပါ့တာက ေနာက္ဆုံးအခြင့္အေရးက်န္ရွိခ်ိန္ လက္က်န္ ၆ ရက္အတြင္း တြင္းမွာ သေဘာထားတရပ္ အျမန္ဆုံးရရွိေအာင္ ညႇိယူၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ တြန္းသြားမယ္လို႔ ဆိုပါတယ္။

ဘာစီလိုနာကမ္းလွမ္းလိုက္တဲ့ စာခ်ဳပ္သစ္မွာေတာ့ GOAT ႀကီးကို ၂၀၂၃ ခုႏွစ္အထိ ဆက္ထိန္းသြားမွာျဖစ္ၿပီး ႏူးကမ့္မွာ ဖိအားေတြဟာ အပူလုံးတခုလို ျမင့္တက္ေနခ်ိန္မွာ စာခ်ဳပ္သစ္တရပ္ကို လာမယ့္ရက္ပိုင္းအတြင္း တရားဝင္ေၾကျငာႏိုင္မယ္လို႔ ေမွ်ာ္လင့္ခ်က္ခိုင္မာေနေၾကာင္း သိရၿပီး စိတ္ခ်ယုံၾကည္ရတဲ့ အေျပာင္းအေ႐ႊ႕သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုကလည္း ဘလြန္ေဒါ ၆ ခုရွင္ဟာ ကတ္တလန္အသင္းမွာ ဆက္ေနျဖစ္မယ္လို႔ အတည္ျပဳလိုက္လို႔ ဝမ္းသာစရာသတင္းေကာင္းျဖစ္လာေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.