Premier League Transfer News

24 Jun ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဥ်က ကွင်းလယ်လူ အန်ဂိုလို ကွန်တေနဲ့ ရှိခဲ့တဲ့ ပြဿနာတရပ်ကို နည်းပြဟောင်း ဖရန့် လမ်းပတ်က ထုတ်ဖော်သွားခဲ့ပြီး အဲဒါက လေ့ကျင့်ရေးအစီအစဥ်မှာ မရပ်မနားပြေးလွှားနေခဲ့လို့ တားယူခဲ့ရတာပဲလို့ ပြောသွားခဲ့သလို ပြင်သစ်သားလို ပွဲကြီးတိုးတဲ့ ကစားသမားမျိုးဟာ အသင်းအတွက် အဖိုးမဖြတ်နိုင်ဘူးလို့ ချီးကျူးသွားခဲ့။

– လာမယ့်ရာသီသစ်မှာ အငှားထွက်ကစားဖွယ် ရှိနေတဲ့ ချယ်လ်ဆီးကွင်းလယ်လူ ဘီလီ ဂီးလ်မိုးကို ဝုလ်ဗ်စ်အသင်းကပါ စိတ်ဝင်စားနေတယ်လို့ သိရပြီး အာဆင်နယ်အသင်းကို ပြောင်းရွှေ့မယ့် ရူဘင် နီဗက်စ်နေရာကို အစားထိုးမှာဖြစ်လို့ ပွဲထွက်ခွင့်တနေရာအတွက် အာမခံပေးသွားမှာဖြစ်ကြောင်း သိရ။

– ချယ်လ်ဆီးအသင်းက အခိုင်အမာ စိတ်ဝင်စားနေတဲ့ အင်္ဂလန်ကွင်းလယ်ဖန်တီးရှင် ဂျက်ခ် ဂရီးလစ်ရှ်ကို အရခေါ်ယူဖို့ မန်စီးတီးအသင်းထက် လက်ဦးမှုယူသွားရဖွယ် ရှိနေပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က အက်စတန်ဗီလာကို ကြီးမားတဲ့အပြောင်းအရွှေ့ကြေးတရပ်နဲ့ ကမ်းလှမ်းမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေးခဲ့။

– ဂျာမနီအသင်းနဲ့ ကစားမယ့် ယူရို ၁၆ သင်းရှုံးထွက်အဆင့်မှာ အင်္ဂလန်ကွင်းလယ်ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မေဆန်မောင့်ကို ပွဲထွက်ခွင့်ပေးသင့်တယ်လို့ ချယ်လ်ဆီးကစားသမားဟောင်း အက်ရှ်လေကိုးလ်က ထောက်ခံချက်ပေးခဲ့ပြီး အသင်းနဲ့ လေ့ကျင့်ရေး ၅ ရက်မဆင်းထားရင်တောင်မှ မောင့်လို ကစားသမားမျိုးက ဒေါင်ဒေါင်မြည်ခြေစွမ်းမျိုးပြလိမ့်မယ်လို့ အာမခံသွားခဲ့။

– လာမယ့်နွေရာသီမှာ ကစားသမားဘဝ နောက်တဆင့်တက်ဖို့ အသင်း​ကြီးတသင်းကို ရွေးချယ်နေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ရဲ့ ဆုံးဖြတ်ချက်မှာ ချယ်လ်ဆီးအသင်းကသာ ဦးစားပေးဖြစ်နေတယ်လို့ သိရပြီး မေဆန်မောင့်ကနေတဆင့် တိုက်တွန်းထားချိန်မှာ အပြောင်းအရွှေ့အကြီးအကဲ မာရီနာအနေနဲ့ ကွန်တေကို သက်တမ်းတိုးပြီးနောက် ရိုက်စ်ကိုပါ ပေါင်သန်း ၈၀ နဲ့ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထား။

– ချယ်လ်ဆီးအသင်းဟာ အဓိကပစ်မှတ်ဖြစ်တဲ့ ဒေါ့မန်တိုက်စစ်မှူး အာလင်း ဟာလန်းကိုသာ ပြောင်းရွှေ့ကြေးတရပ် သဘောတူညီမှုမရခဲ့ရင် Plan B အနေနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်​ဒေါ့ဗ်စကီးကို စတမ်းဖို့ဒ်မြေဆီ ​ကြိုတင်ကမ်းလှမ်းထားတယ်လို့ သိရပြီး ပေါင် ၅၁ သန်းနဲ့ ညှိယူထားတယ်လို့ သတင်းထွက်လာ။

– ရီးစ်ဂျိမ်းစ်ရဲ့နေရာမှာ နေရာလုတိုက်ပွဲဝင်စေဖို့ နည်းပြတူဟယ်လ်ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တဲ့ ဟာကီမီဟာ PSG အသင်းဘက်ကို စိတ်ပြောင်းသွားခဲ့ပြီလို့ သိရချိန်မှာ ​ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ ပေါင်သန်း ၆၀ အပြင် အပိုဆုကြေးငွေတွေနဲ့ပါ အင်တာမီလန်အသင်းကို ကမ်းလှမ်းခဲ့လို့ ချယ်လ်ဆီးအသင်း နောက်ကောက်ကျခဲ့ရ။

– ချဲလ်ဆီးအသင်းက အလိုရှိခဲ့တဲ့ အက်ရှ်ရက်ဖ် ဟာကီမီအတွက် အလိုက်ပေးကမ်းလှမ်းရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ ညာနောက်ခံလူ ဒါဗီဒေး ဇက်ပါကော်စတာကို အင်တာမီလန်အသင်းက သပ်သပ်ထပ်မံခေါ်ယူမယ့် သဘောတူညီမှုအတွက် ပြင်ဆင်နေပြီး မော်ရိုကိုသားက ပီအက်စ်ဂျီရောက်ဖို့ နီးနေချိန်မှာ ပြန်လည်အစားထိုးဖို့ အလိုရှိနေ။

– အင်္ဂလန််အသင်းမှာ အတူပူးပေါင်းနေတဲ့ ချယ်လ်ဆီးဘယ်နောက်ခံလူ ဘန်ချေးလ်ဝဲလ်ဟာ လေ့ကျင့်ရေးအစီအစဥ်မှာ ဘာကြောင့် ဒေါသပေါက်ကွဲနေရသလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်မိ​ကြောင်း ဘူကာယို ဆာကာက အတွင်းရေးတခုကို ဖွင့်ဟသွားခဲ့ပြီး ပြိုင်ဘက်နှစ်သင်းအဖြစ် ခွဲကန်ခဲ့တဲ့ လေ့ကျင့်ရေးမှာ ချေးလ်ဝဲလ်ဟာ မိမိတို့အသင်းကို ရှုံးနိမ့်လို့ မခံချင်ဖြစ်နေကြောင်း စနောက်သွားခဲ့။

– စပါးစ်အသင်းက ထွက်ခွာမယ်လို့ အတည်ပြုထားတဲ့ ဟာရီကိန်းရဲ့ လွန်ဆွဲပွဲကို မန်စီးတီးအသင်းက နောက်ဆုတ်သွားခဲ့ပြီလို့ သိရချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ၂၇ နှစ်သားတိုက်စစ်မှူးအတွက် ဥရောပအောင်မြင်မှု အာမခံချက်နဲ့ အပြိုင်ကမ်းလှမ်းပြီး ဆွဲဆောင်ထားသလို ပေါင်သန်း ၁၀၀ သုံးနိုင်တဲ့ နည်းပြတူဟယ်လ်အတွက် ပိုပြီးအလားအလာကောင်းနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ယ္လ္ဆီးအသင္းကို ကိုင္တြယ္ခဲ့စဥ္က ကြင္းလယ္လူ အန္ဂိုလို ကြန္ေတနဲ႔ ရွိခဲ့တဲ့ ျပႆနာတရပ္ကို နည္းျပေဟာင္း ဖရန္႔ လမ္းပတ္က ထုတ္ေဖာ္သြားခဲ့ၿပီး အဲဒါက ေလ့က်င့္ေရးအစီအစဥ္မွာ မရပ္မနားေျပးလႊားေနခဲ့လို႔ တားယူခဲ့ရတာပဲလို႔ ေျပာသြားခဲ့သလို ျပင္သစ္သားလို ပြဲႀကီးတိုးတဲ့ ကစားသမားမ်ိဳးဟာ အသင္းအတြက္ အဖိုးမျဖတ္ႏိုင္ဘူးလို႔ ခ်ီးက်ဴးသြားခဲ့။

– လာမယ့္ရာသီသစ္မွာ အငွားထြက္ကစားဖြယ္ ရွိေနတဲ့ ခ်ယ္လ္ဆီးကြင္းလယ္လူ ဘီလီ ဂီးလ္မိုးကို ဝုလ္ဗ္စ္အသင္းကပါ စိတ္ဝင္စားေနတယ္လို႔ သိရၿပီး အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕မယ့္ ႐ူဘင္ နီဗက္စ္ေနရာကို အစားထိုးမွာျဖစ္လို႔ ပြဲထြက္ခြင့္တေနရာအတြက္ အာမခံေပးသြားမွာျဖစ္ေၾကာင္း သိရ။

– ခ်ယ္လ္ဆီးအသင္းက အခိုင္အမာ စိတ္ဝင္စားေနတဲ့ အဂၤလန္ကြင္းလယ္ဖန္တီးရွင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို အရေခၚယူဖို႔ မန္စီးတီးအသင္းထက္ လက္ဦးမႈယူသြားရဖြယ္ ရွိေနၿပီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က အက္စတန္ဗီလာကို ႀကီးမားတဲ့အေျပာင္းအေ႐ႊ႕ေၾကးတရပ္နဲ႔ ကမ္းလွမ္းမွာျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း အသိေပးခဲ့။

– ဂ်ာမနီအသင္းနဲ႔ ကစားမယ့္ ယူ႐ို ၁၆ သင္းရႈံးထြက္အဆင့္မွာ အဂၤလန္ကြင္းလယ္ကို လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ ေမဆန္ေမာင့္ကို ပြဲထြက္ခြင့္ေပးသင့္တယ္လို႔ ခ်ယ္လ္ဆီးကစားသမားေဟာင္း အက္ရွ္ေလကိုးလ္က ေထာက္ခံခ်က္ေပးခဲ့ၿပီး အသင္းနဲ႔ ေလ့က်င့္ေရး ၅ ရက္မဆင္းထားရင္ေတာင္မွ ေမာင့္လို ကစားသမားမ်ိဳးက ေဒါင္ေဒါင္ျမည္ေျခစြမ္းမ်ိဳးျပလိမ့္မယ္လို႔ အာမခံသြားခဲ့။

– လာမယ့္ေႏြရာသီမွာ ကစားသမားဘဝ ေနာက္တဆင့္တက္ဖို႔ အသင္း​ႀကီးတသင္းကို ေ႐ြးခ်ယ္ေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္ရဲ႕ ဆုံးျဖတ္ခ်က္မွာ ခ်ယ္လ္ဆီးအသင္းကသာ ဦးစားေပးျဖစ္ေနတယ္လို႔ သိရၿပီး ေမဆန္ေမာင့္ကေနတဆင့္ တိုက္တြန္းထားခ်ိန္မွာ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာအေနနဲ႔ ကြန္ေတကို သက္တမ္းတိုးၿပီးေနာက္ ႐ိုက္စ္ကိုပါ ေပါင္သန္း ၈၀ နဲ႔ ေခၚယူဖို႔ စိတ္ပိုင္းျဖတ္ထား။

– ခ်ယ္လ္ဆီးအသင္းဟာ အဓိကပစ္မွတ္ျဖစ္တဲ့ ေဒါ့မန္တိုက္စစ္မႉး အာလင္း ဟာလန္းကိုသာ ေျပာင္းေ႐ႊ႕ေၾကးတရပ္ သေဘာတူညီမႈမရခဲ့ရင္ Plan B အေနနဲ႔ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္​ေဒါ့ဗ္စကီးကို စတမ္းဖို႔ဒ္ေျမဆီ ​ႀကိဳတင္ကမ္းလွမ္းထားတယ္လို႔ သိရၿပီး ေပါင္ ၅၁ သန္းနဲ႔ ညႇိယူထားတယ္လို႔ သတင္းထြက္လာ။

– ရီးစ္ဂ်ိမ္းစ္ရဲ႕ေနရာမွာ ေနရာလုတိုက္ပြဲဝင္ေစဖို႔ နည္းျပတူဟယ္လ္ရဲ႕ စိတ္ႀကိဳက္ကစားသမားျဖစ္တဲ့ ဟာကီမီဟာ PSG အသင္းဘက္ကို စိတ္ေျပာင္းသြားခဲ့ၿပီလို႔ သိရခ်ိန္မွာ ​ၿပီးခဲ့တဲ့ နာရီပိုင္းအတြင္းမွာပဲ ေပါင္သန္း ၆၀ အျပင္ အပိုဆုေၾကးေငြေတြနဲ႔ပါ အင္တာမီလန္အသင္းကို ကမ္းလွမ္းခဲ့လို႔ ခ်ယ္လ္ဆီးအသင္း ေနာက္ေကာက္က်ခဲ့ရ။

– ခ်ဲလ္ဆီးအသင္းက အလိုရွိခဲ့တဲ့ အက္ရွ္ရက္ဖ္ ဟာကီမီအတြက္ အလိုက္ေပးကမ္းလွမ္းရာမွာ ပါဝင္ခဲ့တယ္ဆိုတဲ့ ညာေနာက္ခံလူ ဒါဗီေဒး ဇက္ပါေကာ္စတာကို အင္တာမီလန္အသင္းက သပ္သပ္ထပ္မံေခၚယူမယ့္ သေဘာတူညီမႈအတြက္ ျပင္ဆင္ေနၿပီး ေမာ္႐ိုကိုသားက ပီအက္စ္ဂ်ီေရာက္ဖို႔ နီးေနခ်ိန္မွာ ျပန္လည္အစားထိုးဖို႔ အလိုရွိေန။

– အဂၤလန္္အသင္းမွာ အတူပူးေပါင္းေနတဲ့ ခ်ယ္လ္ဆီးဘယ္ေနာက္ခံလူ ဘန္ေခ်းလ္ဝဲလ္ဟာ ေလ့က်င့္ေရးအစီအစဥ္မွာ ဘာေၾကာင့္ ေဒါသေပါက္ကြဲေနရသလဲဆိုတာ နားမလည္ႏိုင္ေအာင္ ျဖစ္မိ​ေၾကာင္း ဘူကာယို ဆာကာက အတြင္းေရးတခုကို ဖြင့္ဟသြားခဲ့ၿပီး ၿပိဳင္ဘက္ႏွစ္သင္းအျဖစ္ ခြဲကန္ခဲ့တဲ့ ေလ့က်င့္ေရးမွာ ေခ်းလ္ဝဲလ္ဟာ မိမိတို႔အသင္းကို ရႈံးနိမ့္လို႔ မခံခ်င္ျဖစ္ေနေၾကာင္း စေနာက္သြားခဲ့။

– စပါးစ္အသင္းက ထြက္ခြာမယ္လို႔ အတည္ျပဳထားတဲ့ ဟာရီကိန္းရဲ႕ လြန္ဆြဲပြဲကို မန္စီးတီးအသင္းက ေနာက္ဆုတ္သြားခဲ့ၿပီလို႔ သိရခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔က ၂၇ ႏွစ္သားတိုက္စစ္မႉးအတြက္ ဥေရာပေအာင္ျမင္မႈ အာမခံခ်က္နဲ႔ အၿပိဳင္ကမ္းလွမ္းၿပီး ဆြဲေဆာင္ထားသလို ေပါင္သန္း ၁၀၀ သုံးႏိုင္တဲ့ နည္းျပတူဟယ္လ္အတြက္ ပိုၿပီးအလားအလာေကာင္းေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.