Analysis Bundesliga International La Liga Premier League

ကလပ်မှာ ထိုင်နေရင် အကောင်းသား၊ Euro 2020 ထသွားမှ ကျိုးတဲ့ 7 ယောက်

ရူဘင် ဒီယက်စ် (မန်ချက်စတာစီးတီး/ပေါ်တူဂီ)
သူ့လောက် အင်္ဂလန်မြေနဲ့ ပရီးမီးယားလိဂ်မှာ ကောင်းပြခဲ့တာ ရှိဦးမလား။ ချန်ပီယံလိဂ်မှာ ဂွါဒီယိုလာ အတတ်ဆန်းလို့ ဖလားလွတ်ခဲ့ရတာ မဟုတ်ရင် မိုးပျံနေမယ့် နောက်ခံလူဖြစ်ပြီး ပရီးမီးယားလိဂ်ကောင်းဆုံးကစားသမားဆုနဲ့ အားကစားကလောင်ရှင်ဆုတွေကို ရယူနိုင်ခဲ့တာလည်း သူပါပဲ။ ဒါပေမယ့် ပေါ်တူဂီမှာ ဟန်သာရှိတဲ့ အဘိုးကြီး ပီပီနဲ့ တွဲရတာက သူ့ကို နှစ်ယောက်စာ ရုန်းရစေသလို ကိုယ့်ဂိုးကိုယ်ပါ တစ်ဂိုးသွင်းမိခဲ့ပြီး ယူရိုပြိုင်ပွဲမှာ ၁၆ သင်းထက် သူ့အသင်း မတက်တော့ဘူးဆိုရင် မန်စီးတီးက ခြေစွမ်းက ရင်ထုမနာဖြစ်ရတော့မှာပါ။

ဘရူနို ဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်/ပေါ်တူဂီ)
မန်ချက်စတာယူနိုက်တက်မှာ ၁၈ ဂိုးသွင်း ၁၂ ကြိမ်ဖန်တီးခဲ့ပြီး အသင်းတိုက်စစ်မှာ ဖူးဖူးမှုတ်ထားရတဲ့ အချစ်တော်ကစားသမားဟာ နိုင်ငံအသင်းမှာတော့ ပျောက်ကြီးလို့ပါ နာမည်တွင်နေခဲ့ပါတယ်။ ကွင်းထဲမှာ လမ်းလျှောက်နေပြီး ပြေးဖို့ အားမထုတ်လို့ အပြောခံခဲ့ရသလို သူ့ထက် ၁၀ နှစ်ကြီးတဲ့ ရော်နယ်လ်ဒိုက တစ်နာရီ ၃၂ ကီလိုနှုန်းနဲ့ ဖလန်းဖလန်းထနေချိန်မှာ သူမပါရင် အသင်းက ပိုကောင်းတယ်လို့ အပြောခံနေရပြီး အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ခြေစွမ်းပြသနိုင်မှု နည်းပါးလွန်းခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်း (တော့တင်ဟမ် ဟော့စပါးစ်/အင်္ဂလန်)
တော့တင်ဟမ်ဟော့စပါးစ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၂၃ ဂိုးသွင်း၊ ၁၄ ဂိုးဖန်တီးပြီး ရွှေဖိနပ်ဆုနဲ့ ပလေးမိတ်ကာဆုနှစ်ဆုလုံးကို ရယူခဲ့တဲ့ ကိန်းဟာ အင်္ဂလန်အသင်းမှာတော့ စတာလင်ရဲ့နောက်မှာ နှစ်ဘူတာလောက် ကျန်ရစ်ခဲ့ရတာပါ။ ပွဲပန်းနေတာထက် စိတ်လောနေတာကို ပိုနေတဲ့ တိုက်စစ်မှူးဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀၀ ကျော်နဲ့မှ ရောင်းချခံရမယ့် ဝန်ကိုလည်း ထမ်းထားရပြီး မဖြစ်သေးတဲ့ ပြောင်းရွှေ့ကြေးက ခြေစွမ်းကို ခဲဆွဲလိုက်သလို ဖြစ်သွားတာလားလို့ ထင်ချင်စရာပါ။

ဂျေဒန် ဆန်ချို (ဒေါ့မွန်/အင်္ဂလန်)
မန်ချက်စတာယူနိုက်တက်ကို ရောက်ဖို့ နီးနေတဲ့ ဒေါ့မွန်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီရဲ့ ပြိုင်ပွဲစုံမှာ ၁၆ ဂိုးသွင်းပြီး ဂိုး ၂၀ ဖန်တီးပေးခဲ့တဲ့ ထိပ်တန်းစာရင်းဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာတော့ ဖိုဒန်၊ စတာလင်၊ ဆာကာ၊ ဂရီးလစ်ရှ်တို့နောက်မှာ အရန်ခုံ ထိုင်နေခဲ့ရပြီး သူ့ရဲ့ ခြေစွမ်းကို မှိုတက်စေခဲ့တာလည်းဖြစ်ပါတယ်။ နည်းပြ ဆောက်ဂိတ်ရဲ့ အပြစ်လို့ ဆိုရမှာဖြစ်ပေမယ့် ယူရိုပြိုင်ပွဲက သူ့အတွက် ကံကောင်းခြင်း မဟုတ်ခဲ့ပါဘူး။

ဂျူးလ် ကွန်ဒီ (ဆီဗီလာ/ပြင်သစ်)
ဥရောပအသင်းကြီးတွေရဲ့ အလိုချင်ဆုံး နောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ ဂျူးလ် ကွန်ဒီကတော့ ဆီဗီလာမှာ တောက်ပပြီး ဒေးရွှမ့်စ်ရဲ့ ပြင်သစ်လူစာရင်းထဲကို ပါဝင်လာခဲ့ပေမယ့် ပွဲကစားခွင့်ကတော့ လူစားဝင်ဖို့တောင် ဝေးနေခဲ့တာပါ။ ပြီးခဲ့တဲ့ ပေါ်တူဂီနဲ့ပွဲမှာတော့ သူ့ရဲ့ ပထမဆုံး ယူရိုပွဲကို ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ၂၁ နှစ်သားဟာ ညာနောက်ခံလူအဖြစ် ပွဲထွက်ပြီး သူ့ရဲ့ အမြှောက်မတော်တဲ့ လက်ကြောင့် ပင်နယ်တီပေးခဲ့ရသလို အဖွင့် မလှဘဲ စိတ်ညစ်ခဲ့ရပါတယ်။

ဂျရတ် မိုရီနို (ဗီလာရီးရဲလ်/စပိန်)
ဂျရတ် မိုရီနိုဆိုတာကတော့ ပြီးခဲ့တဲ့ နှစ်ရာသီလောက်မှာ ဥရောဘောလုံးစာမျက်နှာပေါ်မှာ ထင်ရှားစပြုလာပြီး ဗီလာရီးရဲလ်အတွက် နှစ်နှစ် အတွင်း ဂိုး ၅၀ ကျော် သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ တိုက်စစ်မှူးဟာ စပိန်တိုက်စစ်မှာ နှစ်ပွဲပွဲထွက်၊ တစ်ပွဲလူစားဝင်ခွင့်ရခဲ့ပြီး အဖွင့်ပွဲမှာ ပင်နယ်တီကို လွဲချော်ခဲ့သလို ဆလိုဗက်ကို ၅ ဂိုးသွင်းခဲ့တဲ့ အသင်းတိုက်စစ်မှာလည်း တစ်ဂိုးမှ မရဘဲ ကံခေခဲ့သူ ဖြစ်ပါတယ်။

အွန်ထွာ ဂရီးဇ်မန်း (ဘာစီလိုနာ/ပြင်သစ်)
ဘာစီလိုနာအသင်းရဲ့ အားကိုးအားထားစာရင်းထဲကို လူးဝစ် ဆွာရက်ဇ် မရှိတော့ချိန်မှာ ရာထူးတက်လာခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ၆ ဂိုးအထိ သွင်းယူခဲ့တဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အုပ်စုကျပ်တာနဲ့အတူ ကစားခွင့်ရတဲ့ နေရာက ဂိုးနဲ့ ဝေးနေပြီး နာမည်ကြီး ထမင်းငတ်ဖြစ်ခဲ့ရပါတယ်။ ဘန်ဇီးမားနဲ့ အမ်ဘာပေတို့ ဦးဆောင်နေတဲ့ တိုက်စစ်မှာ သူကတော့ ဂျီရူးကို လွမ်းနေမှာ အသေအချာပဲဖြစ်ပြီး သုံးပွဲမှာ တစ်ဂိုးနဲ့ ဖြုန်းတီးမှု များနေတာကတော့ နာမည်နဲ့ မကိုက်ညီခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ူဘင္ ဒီယက္စ္ (မန္ခ်က္စတာစီးတီး/ေပၚတူဂီ)
သူ႔ေလာက္ အဂၤလန္ေျမနဲ႔ ပရီးမီးယားလိဂ္မွာ ေကာင္းျပခဲ့တာ ရွိဦးမလား။ ခ်န္ပီယံလိဂ္မွာ ဂြါဒီယိုလာ အတတ္ဆန္းလို႔ ဖလားလြတ္ခဲ့ရတာ မဟုတ္ရင္ မိုးပ်ံေနမယ့္ ေနာက္ခံလူျဖစ္ၿပီး ပရီးမီးယားလိဂ္ေကာင္းဆုံးကစားသမားဆုနဲ႔ အားကစားကေလာင္ရွင္ဆုေတြကို ရယူႏိုင္ခဲ့တာလည္း သူပါပဲ။ ဒါေပမယ့္ ေပၚတူဂီမွာ ဟန္သာရွိတဲ့ အဘိုးႀကီး ပီပီနဲ႔ တြဲရတာက သူ႔ကို ႏွစ္ေယာက္စာ ႐ုန္းရေစသလို ကိုယ့္ဂိုးကိုယ္ပါ တစ္ဂိုးသြင္းမိခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲမွာ ၁၆ သင္းထက္ သူ႔အသင္း မတက္ေတာ့ဘူးဆိုရင္ မန္စီးတီးက ေျခစြမ္းက ရင္ထုမနာျဖစ္ရေတာ့မွာပါ။

ဘ႐ူႏို ဖာနန္ဒက္စ္ (မန္ခ်က္စတာယူႏိုက္တက္/ေပၚတူဂီ)
မန္ခ်က္စတာယူႏိုက္တက္မွာ ၁၈ ဂိုးသြင္း ၁၂ ႀကိမ္ဖန္တီးခဲ့ၿပီး အသင္းတိုက္စစ္မွာ ဖူးဖူးမႈတ္ထားရတဲ့ အခ်စ္ေတာ္ကစားသမားဟာ ႏိုင္ငံအသင္းမွာေတာ့ ေပ်ာက္ႀကီးလို႔ပါ နာမည္တြင္ေနခဲ့ပါတယ္။ ကြင္းထဲမွာ လမ္းေလွ်ာက္ေနၿပီး ေျပးဖို႔ အားမထုတ္လို႔ အေျပာခံခဲ့ရသလို သူ႔ထက္ ၁၀ ႏွစ္ႀကီးတဲ့ ေရာ္နယ္လ္ဒိုက တစ္နာရီ ၃၂ ကီလိုႏႈန္းနဲ႔ ဖလန္းဖလန္းထေနခ်ိန္မွာ သူမပါရင္ အသင္းက ပိုေကာင္းတယ္လို႔ အေျပာခံေနရၿပီး အုပ္စုပြဲစဥ္ ၃ ပြဲစလုံးမွာ ေျခစြမ္းျပသႏိုင္မႈ နည္းပါးလြန္းခဲ့တာျဖစ္ပါတယ္။

ဟာရီကိန္း (ေတာ့တင္ဟမ္ ေဟာ့စပါးစ္/အဂၤလန္)
ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ၂၃ ဂိုးသြင္း၊ ၁၄ ဂိုးဖန္တီးၿပီး ေ႐ႊဖိနပ္ဆုနဲ႔ ပေလးမိတ္ကာဆုႏွစ္ဆုလုံးကို ရယူခဲ့တဲ့ ကိန္းဟာ အဂၤလန္အသင္းမွာေတာ့ စတာလင္ရဲ႕ေနာက္မွာ ႏွစ္ဘူတာေလာက္ က်န္ရစ္ခဲ့ရတာပါ။ ပြဲပန္းေနတာထက္ စိတ္ေလာေနတာကို ပိုေနတဲ့ တိုက္စစ္မႉးဟာ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေပါင္သန္း ၁၀၀ ေက်ာ္နဲ႔မွ ေရာင္းခ်ခံရမယ့္ ဝန္ကိုလည္း ထမ္းထားရၿပီး မျဖစ္ေသးတဲ့ ေျပာင္းေ႐ႊ႕ေၾကးက ေျခစြမ္းကို ခဲဆြဲလိုက္သလို ျဖစ္သြားတာလားလို႔ ထင္ခ်င္စရာပါ။

ေဂ်ဒန္ ဆန္ခ်ိဳ (ေဒါ့မြန္/အဂၤလန္)
မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ဖို႔ နီးေနတဲ့ ေဒါ့မြန္ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ရာသီရဲ႕ ၿပိဳင္ပြဲစုံမွာ ၁၆ ဂိုးသြင္းၿပီး ဂိုး ၂၀ ဖန္တီးေပးခဲ့တဲ့ ထိပ္တန္းစာရင္းဝင္တစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမယ့္ အဂၤလန္မွာေတာ့ ဖိုဒန္၊ စတာလင္၊ ဆာကာ၊ ဂရီးလစ္ရွ္တို႔ေနာက္မွာ အရန္ခုံ ထိုင္ေနခဲ့ရၿပီး သူ႔ရဲ႕ ေျခစြမ္းကို မႈိတက္ေစခဲ့တာလည္းျဖစ္ပါတယ္။ နည္းျပ ေဆာက္ဂိတ္ရဲ႕ အျပစ္လို႔ ဆိုရမွာျဖစ္ေပမယ့္ ယူ႐ိုၿပိဳင္ပြဲက သူ႔အတြက္ ကံေကာင္းျခင္း မဟုတ္ခဲ့ပါဘူး။

ဂ်ဴးလ္ ကြန္ဒီ (ဆီဗီလာ/ျပင္သစ္)
ဥေရာပအသင္းႀကီးေတြရဲ႕ အလိုခ်င္ဆုံး ေနာက္ခံလူေတြထဲက တစ္ဦးျဖစ္တဲ့ ဂ်ဴးလ္ ကြန္ဒီကေတာ့ ဆီဗီလာမွာ ေတာက္ပၿပီး ေဒး႐ႊမ့္စ္ရဲ႕ ျပင္သစ္လူစာရင္းထဲကို ပါဝင္လာခဲ့ေပမယ့္ ပြဲကစားခြင့္ကေတာ့ လူစားဝင္ဖို႔ေတာင္ ေဝးေနခဲ့တာပါ။ ၿပီးခဲ့တဲ့ ေပၚတူဂီနဲ႔ပြဲမွာေတာ့ သူ႔ရဲ႕ ပထမဆုံး ယူ႐ိုပြဲကို ပြဲထြက္ခြင့္ ရရွိခဲ့တဲ့ ၂၁ ႏွစ္သားဟာ ညာေနာက္ခံလူအျဖစ္ ပြဲထြက္ၿပီး သူ႔ရဲ႕ အေျမႇာက္မေတာ္တဲ့ လက္ေၾကာင့္ ပင္နယ္တီေပးခဲ့ရသလို အဖြင့္ မလွဘဲ စိတ္ညစ္ခဲ့ရပါတယ္။

ဂ်ရတ္ မိုရီႏို (ဗီလာရီးရဲလ္/စပိန္)
ဂ်ရတ္ မိုရီႏိုဆိုတာကေတာ့ ၿပီးခဲ့တဲ့ ႏွစ္ရာသီေလာက္မွာ ဥေရာေဘာလုံးစာမ်က္ႏွာေပၚမွာ ထင္ရွားစျပဳလာၿပီး ဗီလာရီးရဲလ္အတြက္ ႏွစ္ႏွစ္ အတြင္း ဂိုး ၅၀ ေက်ာ္ သြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီက ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ တိုက္စစ္မႉးဟာ စပိန္တိုက္စစ္မွာ ႏွစ္ပြဲပြဲထြက္၊ တစ္ပြဲလူစားဝင္ခြင့္ရခဲ့ၿပီး အဖြင့္ပြဲမွာ ပင္နယ္တီကို လြဲေခ်ာ္ခဲ့သလို ဆလိုဗက္ကို ၅ ဂိုးသြင္းခဲ့တဲ့ အသင္းတိုက္စစ္မွာလည္း တစ္ဂိုးမွ မရဘဲ ကံေခခဲ့သူ ျဖစ္ပါတယ္။

အြန္ထြာ ဂရီးဇ္မန္း (ဘာစီလိုနာ/ျပင္သစ္)
ဘာစီလိုနာအသင္းရဲ႕ အားကိုးအားထားစာရင္းထဲကို လူးဝစ္ ဆြာရက္ဇ္ မရွိေတာ့ခ်ိန္မွာ ရာထူးတက္လာခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉး ဂရီးဇ္မန္းဟာ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၁၆ မွာ ၆ ဂိုးအထိ သြင္းယူခဲ့တဲ့ ဂိုးသြင္းဘုရင္ျဖစ္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ အုပ္စုက်ပ္တာနဲ႔အတူ ကစားခြင့္ရတဲ့ ေနရာက ဂိုးနဲ႔ ေဝးေနၿပီး နာမည္ႀကီး ထမင္းငတ္ျဖစ္ခဲ့ရပါတယ္။ ဘန္ဇီးမားနဲ႔ အမ္ဘာေပတို႔ ဦးေဆာင္ေနတဲ့ တိုက္စစ္မွာ သူကေတာ့ ဂ်ီ႐ူးကို လြမ္းေနမွာ အေသအခ်ာပဲျဖစ္ၿပီး သုံးပြဲမွာ တစ္ဂိုးနဲ႔ ျဖဳန္းတီးမႈ မ်ားေနတာကေတာ့ နာမည္နဲ႔ မကိုက္ညီခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.