Premier League Transfer News

24 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို ပေါင်သန်း ၂၀ နဲ့ ရရှိနိုင်ချိန်မှာ နောက်တစ်ကြိမ် ကမ်းလှမ်းဖို့ စဉ်းစားနေပြီး တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနဲ့အတူ ပြင်သစ်မြေကနေ ဆွဲထုတ်နိုင်ဖို့နဲ့ အသင်းရဲ့ တိုက်စစ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်နေ။

– နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အောဝါကို ခေါ်ယူဖို့ စဉ်းစားထားပေမယ် သူ့လောက် တိုက်စစ်ကို အကျိုးမပြုနိုင်ဘဲ အသင်းကြီးတွေနဲ့ ပြိုင်လုရနိုင်တဲ့ ရင်းနေးကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါကို ပိုမိုသဘောကျနေပြီး ပေါင် ၄၃ သန်းနဲ့ ရရှိနိုင်ဖို့ ကြိုးစားနေ။

– အာဆင်နယ်တို့ စိတ်ဝင်စားနေတဲ့ ဆာဆူအိုလို ကွင်းလယ်လူ မာနူယယ်လ် လိုကာတယ်လီအတွက် ဂျူဗင်တပ်စ်အသင်းက စတင် ကမ်းလှမ်းလိုက်ပြီလို့ သတင်းထွက်နေပြီး ယူရိုသန်း ၃၀ နဲ့ လူငယ်နောက်ခံလူ ရာဒူ ဒရာဂိုစင်တို့ကို အလိုက်ပေး ဆွေးနွေးခဲ့တာကြောင့် အမ်းမရိတ်သားတွေ နောက်ကောက်ကျဖို့ များလာ။

– အာဆင်နယ်လူငယ်အသင်းရဲ့ ဦးစားပေးဂိုးသမား အာသာ အိုကွန်ကဝိုအနေနဲ့ စာချုပ်သက်တမ်းတိုးရာမှာ တစ်ပတ်ကို ပေါင်နှစ်သောင်း တောင်းဆိုသွားခဲ့ပြီး တစ်နှစ်ပမာဏ ပေါင်တစ်သန်းရှိနေတဲ့ သဘောတူညီမှုကို အသင်းဘက်က မလိုက်လျောရင် ထွက်ခွာတော့မယ်လို့ သတိပေးထား။

– လာဇီယိုအသင်းအနေနဲ့ အာဆင်နယ်အသင်းမှာ နေရာမရတော့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး ဥရုဂွေးသားနဲ့ တစ်နှစ်တာအတွက် လစာငွေ သဘောတူညီမှု ရရှိပြီးဖြစ်သလို အသင်းချင်း အနာဂတ် ပြောင်းရွှေ့ကြေးကိုပါ တစ်ပါတည်း ထည့်သွင်းသဘောတူသွားနိုင်ဖို့ ပြင်ဆင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူနိုင်တာနဲ့ သူတို့ရဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို ရောင်းချနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ရာသီက နိစ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ပြင်သစ်သားကို အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းအငှားချဖို့က ဖြစ်နိုင်ခြေရှိနေတယ်လို့ဆိုနေကြ။

– ရီးရဲလ်ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းနဲ့အပြိုင် ရီးရဲလ်မက်ဒရစ်အသင်းကပါ ကြိုးစားလာခဲ့ပြီး ယူရိုသန်း ၇၀ ပေးချေရမယ့် ဆွီဒင်သားအတွက် ဥရောပကစားခွင့်မရှိတဲ့ မြောက်လန်ဒန်သားတွေ အောင်မြင်အောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာ။

– ဩစတြီးယားအသင်းနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲကို ရောက်ရှိနေတဲ့ ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာကို အေစီမီလန်အသင်းက ချဉ်းကပ်စုံစမ်းနေခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီး အာဆင်နယ်အသင်းကတော့ သူတို့ရဲ့ များပြားတဲ့ ကွင်းလယ်ပစ်မှတ်တွေထဲမှာ ဘယ်သူ့ကိုမှ ရေရေရာရာ အလုပ်မဖြစ်နိုင်ဘဲရှိနေ။

– အမ်းမရိတ်ကနေ နှစ်ပေါင်း ၃၃ နှစ်အကြာမှာ ထွက်ခွာတော့မယ့် နည်းပြ စတိဗ် ဘိုးလ်ဒ်အတွက် စိတ်မကောင်းကြောင်းနဲ့ ဒီလိုလူမျိုး တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရမယ့်အသင်းကတော့ ကံကောင်းခြင်းတွေနဲ့ ပြည့်နှက်နေဦးမှာဖြစ်ကြောင်း ကွင်းလယ်လူဟောင်း ဂီလ်ဘာတို ဆေးလ်ဗားက ပြောကြားလိုက်ပြီး အသင်းဟောင်း အာဆင်နယ်ကို သွယ်ဝိုက်ပြစ်တင်သွားခဲ့။

– လာမယ့်ရာသီမှာ ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ကျောနံပါတ် ၅ ကို ပြောင်းလဲဝတ်ဆင်သွားဖို့ သေချာသလောက်ရှိနေပြီး နယူးကာဆယ်လ်အသင်းက ပြန်လာမယ့် ဂျိုးဝီလော့ခ်က နံပါတ် ၈ နဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက နံပါတ် ၁၁ တို့ကို အသီးသီး ရရှိဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေပါင္သန္း ၂၀ နဲ႔ ရရွိႏိုင္ခ်ိန္မွာ ေနာက္တစ္ႀကိမ္ ကမ္းလွမ္းဖို႔ စဥ္းစားေနၿပီး တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းနဲ႔အတူ ျပင္သစ္ေျမကေန ဆြဲထုတ္ႏိုင္ဖို႔နဲ႔ အသင္းရဲ႕ တိုက္စစ္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ရည္႐ြယ္ေန။

– နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေအာဝါကို ေခၚယူဖို႔ စဥ္းစားထားေပမယ္ သူ႔ေလာက္ တိုက္စစ္ကို အက်ိဳးမျပဳႏိုင္ဘဲ အသင္းႀကီးေတြနဲ႔ ၿပိဳင္လုရႏိုင္တဲ့ ရင္းေနးကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါကို ပိုမိုသေဘာက်ေနၿပီး ေပါင္ ၄၃ သန္းနဲ႔ ရရွိႏိုင္ဖို႔ ႀကိဳးစားေန။

– အာဆင္နယ္တို႔ စိတ္ဝင္စားေနတဲ့ ဆာဆူအိုလို ကြင္းလယ္လူ မာႏူယယ္လ္ လိုကာတယ္လီအတြက္ ဂ်ဴဗင္တပ္စ္အသင္းက စတင္ ကမ္းလွမ္းလိုက္ၿပီလို႔ သတင္းထြက္ေနၿပီး ယူ႐ိုသန္း ၃၀ နဲ႔ လူငယ္ေနာက္ခံလူ ရာဒူ ဒရာဂိုစင္တို႔ကို အလိုက္ေပး ေဆြးေႏြးခဲ့တာေၾကာင့္ အမ္းမရိတ္သားေတြ ေနာက္ေကာက္က်ဖို႔ မ်ားလာ။

– အာဆင္နယ္လူငယ္အသင္းရဲ႕ ဦးစားေပးဂိုးသမား အာသာ အိုကြန္ကဝိုအေနနဲ႔ စာခ်ဳပ္သက္တမ္းတိုးရာမွာ တစ္ပတ္ကို ေပါင္ႏွစ္ေသာင္း ေတာင္းဆိုသြားခဲ့ၿပီး တစ္ႏွစ္ပမာဏ ေပါင္တစ္သန္းရွိေနတဲ့ သေဘာတူညီမႈကို အသင္းဘက္က မလိုက္ေလ်ာရင္ ထြက္ခြာေတာ့မယ္လို႔ သတိေပးထား။

– လာဇီယိုအသင္းအေနနဲ႔ အာဆင္နယ္အသင္းမွာ ေနရာမရေတာ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို တစ္ႏွစ္အငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ႀကိဳးစားေနၿပီး ဥ႐ုေဂြးသားနဲ႔ တစ္ႏွစ္တာအတြက္ လစာေငြ သေဘာတူညီမႈ ရရွိၿပီးျဖစ္သလို အသင္းခ်င္း အနာဂတ္ ေျပာင္းေ႐ႊ႕ေၾကးကိုပါ တစ္ပါတည္း ထည့္သြင္းသေဘာတူသြားႏိုင္ဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ေခၚယူႏိုင္တာနဲ႔ သူတို႔ရဲ႕ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ေရာင္းခ်ႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ သိရၿပီး ၿပီးခဲ့တဲ့ရာသီက နိစ္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ ျပင္သစ္သားကို အၿပီးသတ္ေခၚယူခြင့္ ထည့္သြင္းအငွားခ်ဖို႔က ျဖစ္ႏိုင္ေျခရွိေနတယ္လို႔ဆိုေနၾက။

– ရီးရဲလ္ဆိုစီဒက္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္ခ္ကို ေခၚယူဖို႔အတြက္ အာဆင္နယ္အသင္းနဲ႔အၿပိဳင္ ရီးရဲလ္မက္ဒရစ္အသင္းကပါ ႀကိဳးစားလာခဲ့ၿပီး ယူ႐ိုသန္း ၇၀ ေပးေခ်ရမယ့္ ဆြီဒင္သားအတြက္ ဥေရာပကစားခြင့္မရွိတဲ့ ေျမာက္လန္ဒန္သားေတြ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္ပါ့မလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာ။

– ဩစႀတီးယားအသင္းနဲ႔အတူ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို ေရာက္ရွိေနတဲ့ ကြင္းလယ္လူ မာဆယ္လ္ ဆာဘစ္ဇာကို ေအစီမီလန္အသင္းက ခ်ဥ္းကပ္စုံစမ္းေနခဲ့ေၾကာင္း သတင္းထြက္ေပၚလာၿပီး အာဆင္နယ္အသင္းကေတာ့ သူတို႔ရဲ႕ မ်ားျပားတဲ့ ကြင္းလယ္ပစ္မွတ္ေတြထဲမွာ ဘယ္သူ႔ကိုမွ ေရေရရာရာ အလုပ္မျဖစ္ႏိုင္ဘဲရွိေန။

– အမ္းမရိတ္ကေန ႏွစ္ေပါင္း ၃၃ ႏွစ္အၾကာမွာ ထြက္ခြာေတာ့မယ့္ နည္းျပ စတိဗ္ ဘိုးလ္ဒ္အတြက္ စိတ္မေကာင္းေၾကာင္းနဲ႔ ဒီလိုလူမ်ိဳး တစ္ေယာက္ကို ပိုင္ဆိုင္ခြင့္ရမယ့္အသင္းကေတာ့ ကံေကာင္းျခင္းေတြနဲ႔ ျပည့္ႏွက္ေနဦးမွာျဖစ္ေၾကာင္း ကြင္းလယ္လူေဟာင္း ဂီလ္ဘာတို ေဆးလ္ဗားက ေျပာၾကားလိုက္ၿပီး အသင္းေဟာင္း အာဆင္နယ္ကို သြယ္ဝိုက္ျပစ္တင္သြားခဲ့။

– လာမယ့္ရာသီမွာ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ ေက်ာနံပါတ္ ၅ ကို ေျပာင္းလဲဝတ္ဆင္သြားဖို႔ ေသခ်ာသေလာက္ရွိေနၿပီး နယူးကာဆယ္လ္အသင္းက ျပန္လာမယ့္ ဂ်ိဳးဝီေလာ့ခ္က နံပါတ္ ၈ နဲ႔ တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီက နံပါတ္ ၁၁ တို႔ကို အသီးသီး ရရွိဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.