Other Leagues

ဇင္းနစ္ရဲ႕ တစ္လတာအေကာင္းဆုံးဆုကို ဒ႐ုန္းနဲ႔ ခ်ီးျမႇင့္ခံခဲ့ရတဲ့ မဲလ္ကြမ္

႐ုရွားပရီးမီးယားလိဂ္ကလပ္ ဇင္းနစ္စိန္႔ပီတာစဘတ္အသင္းရဲ႕ တစ္လတာအေကာင္းဆုံးဆုကို ရရွိသြားခဲ့တဲ့ ဘရာဇီးလ္ေတာင္ပံကစားသမား မဲလ္ကြမ္ဟာ သူ႕ရဲ႕ဆုတံဆိပ္ကို အိမ္ျပတင္းေပါက္ဝကေန ဒ႐ုန္းနဲ႔ လာပို႔တာကို လက္ခံရယူခဲ့ရၿပီး COVID-19 ေၾကာင့္ ခြဲျခားပိတ္ဆုိ႔ခံေနရခ်ိန္ေတြရဲ႕ ေဘာလုံးသမားဘဝကို သ႐ုပ္ေပၚေစခဲ့ပါတယ္။

ေအးခဲလွတဲ့ ႐ုရွားေျမမွာ ထင္ထားသေလာက္ ထိခုိက္ကူးစက္မွဳေတြ မရွိေပမယ့္ ပြဲစဥ္ေတြကိုေတာ့ မတ္လ ၁၆ ရက္ေန႔ေနာက္ပုိင္းကစၿပီး ရပ္နားခဲ့တာျဖစ္သလို မဲလ္ကြမ္ကေတာ့ အိမ္မွာ ေနထိုင္ေနရင္း သူ႕အတြက္ ဆုတံဆိပ္ကို အိမ္ေမြးေၾကာင္ေလးနဲ႔အတူ ရွိေနစဥ္မွာ လက္ခံရရွိခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းမွာ ေျခစြမ္းမျပႏုိင္ခဲ့ဘဲ ဇင္းနစ္အသင္းကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၄၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ မဲလ္ကြမ္ဟာ ႐ုရွားေျမမွာလည္း ဒဏ္ရာေတြနဲ႔ နပမ္းလုံးေနခဲ့ရသူျဖစ္ၿပီး အသင္းနဲ႔ ပရိသတ္ေတြကေတာ့ သူ႕ကို စိတ္ဓာတ္ျမႇင့္တင္ေပးတဲ့အေနနဲ႔ သူထက္ပုိေကာင္းတဲ့ အက္ဇ္မြန္နဲ႔ ဂ်ဴးဘားတို႔လို ကစားသမားေတြကို ေက်ာ္ၿပီး ဆုေပးခဲ့တာလည္းျဖစ္ႏိုင္ပါတယ္။

“ကၽြန္ေတာ့္မွာ ျပတင္းေပါက္ကို ဖြင့္ၾကည့္လိုက္ပါလို႔ မက္ေဆ့ရတယ္ဗ်”လို႔ မဲလ္ကြမ္က ဗီဒီယိုဖုိင္ကို တြစ္တာမွာ တင္ခဲ့တာျဖစ္ၿပီး အံ့ၾသေနတဲ့ ပုံစံကို ျပသခဲ့သလို “ဇင္းနစ္ပရိသတ္ေတြကို ကၽြန္ေတာ့္အတြက္ မဲေပးခဲ့ၾကလုိ႔ ေက်းဇူးတင္ပါတယ္”ဆုိၿပီး ကလပ္ရဲ႕ တစ္လတာအေကာင္းဆုံးဆုကို ျပသခဲ့တာလည္းျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ မဲလ္ကြမ္အေနနဲ႔ ဒီထက္ပုိၿပီး ေကာင္းမြန္တဲ့ ေပးပို႔မွဳေတြကို လုပ္ေဆာင္ႏုိင္သင့္ၿပီး ဒီထက္တုိးတက္လာရင္ ေနာက္ထပ္ အသင္းရဲ႕ ဆုတံဆိပ္ေတြက သူ႕အတြက္ခ်ည္း ျဖစ္လာလိမ့္မယ္လုိ႔ အားေပးစကားေျပာခဲ့ၾကၿပီး Lock Down ကာလမွာ အိမ္တြင္းမွာ ေဘးကင္းကင္းနဲ႔ ေနဖို႔လည္း တုိက္တြန္းခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရုရှားပရီးမီးယားလိဂ်ကလပ် ဇင်းနစ်စိန့်ပီတာစဘတ်အသင်းရဲ့ တစ်လတာအကောင်းဆုံးဆုကို ရရှိသွားခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား မဲလ်ကွမ်ဟာ သူ့ရဲ့ဆုတံဆိပ်ကို အိမ်ပြတင်းပေါက်ဝကနေ ဒရုန်းနဲ့ လာပို့တာကို လက်ခံရယူခဲ့ရပြီး COVID-19 ကြောင့် ခွဲခြားပိတ်ဆို့ခံနေရချိန်တွေရဲ့ ဘောလုံးသမားဘဝကို သရုပ်ပေါ်စေခဲ့ပါတယ်။

အေးခဲလှတဲ့ ရုရှားမြေမှာ ထင်ထားသလောက် ထိခိုက်ကူးစက်မှုတွေ မရှိပေမယ့် ပွဲစဉ်တွေကိုတော့ မတ်လ ၁၆ ရက်နေ့နောက်ပိုင်းကစပြီး ရပ်နားခဲ့တာဖြစ်သလို မဲလ်ကွမ်ကတော့ အိမ်မှာ နေထိုင်နေရင်း သူ့အတွက် ဆုတံဆိပ်ကို အိမ်မွေးကြောင်လေးနဲ့အတူ ရှိနေစဉ်မှာ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဇင်းနစ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မဲလ်ကွမ်ဟာ ရုရှားမြေမှာလည်း ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရသူဖြစ်ပြီး အသင်းနဲ့ ပရိသတ်တွေကတော့ သူ့ကို စိတ်ဓာတ်မြှင့်တင်ပေးတဲ့အနေနဲ့ သူထက်ပိုကောင်းတဲ့ အက်ဇ်မွန်နဲ့ ဂျူးဘားတို့လို ကစားသမားတွေကို ကျော်ပြီး ဆုပေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။

“ကျွန်တော့်မှာ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါလို့ မက်ဆေ့ရတယ်ဗျ”လို့ မဲလ်ကွမ်က ဗီဒီယိုဖိုင်ကို တွစ်တာမှာ တင်ခဲ့တာဖြစ်ပြီး အံ့သြနေတဲ့ ပုံစံကို ပြသခဲ့သလို “ဇင်းနစ်ပရိသတ်တွေကို ကျွန်တော့်အတွက် မဲပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်”ဆိုပြီး ကလပ်ရဲ့ တစ်လတာအကောင်းဆုံးဆုကို ပြသခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မဲလ်ကွမ်အနေနဲ့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ပေးပို့မှုတွေကို လုပ်ဆောင်နိုင်သင့်ပြီး ဒီထက်တိုးတက်လာရင် နောက်ထပ် အသင်းရဲ့ ဆုတံဆိပ်တွေက သူ့အတွက်ချည်း ဖြစ်လာလိမ့်မယ်လို့ အားပေးစကားပြောခဲ့ကြပြီး Lock Down ကာလမှာ အိမ်တွင်းမှာ ဘေးကင်းကင်းနဲ့ နေဖို့လည်း တိုက်တွန်းခဲ့ကြတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.