Premier League Transfer News

23 Jun နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– လီဗာပူးလ်က ပေါင်သန်း ၇၀ ကိုင်ပြီး ဗိုင်နယ်လ်ဒမ်နေရာ မဖြစ်မနေအစားထိုးဖို့ အဓိကပစ်မှတ်အနေနဲ့ လိုက်နေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းကသာ အသာစီးရနေဆဲဖြစ်တယ်လို့ သိရပြီး အင်္ဂလန်အသင်းဖော် မေဆန်မောင့်နဲ့သာ တွဲကစားလိုတဲ့ ရိုက်စ်ရဲ့ဆန္ဒကသာ စတမ်းဖို့ဒ်အပြောင်းအရွှေ့မှာ အဓိကကျနေကြောင်း သိရ။

– အင်တာမီလန်နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီကို ပီအက်စ်ဂျီနဲ့အပြိုင် ကြိုးစားရမယ့် ချဲလ်ဆီးအသင်းအနေနဲ့ ဝုလ်ဗာဟမ့်ပ်တန်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေပြီး စပိန်လက်ရွေးစင်အနေနဲ့ ဘာစီလိုနာဘက်က ကမ်းလှမ်းမှု ရောက်လာရင်တော့ စတမ်းဖို့ဘရစ်ချ်ကို စိတ်ဝင်စားဖွယ်ရှိနေ။

– အုပ်စု(E)ရဲ့ ပထမဆုံးနှစ်ပွဲမှာ ဆွီဒင်နဲ့ ပိုလန်အသင်းတွေကို သရေကျထားခဲ့တဲ့ စပိန်အသင်းအနေနဲ့ နောက်ဆုံးပွဲအဖြစ် ကစားရမယ့် ဆလိုဗက်ကီးယားနဲ့ ပွဲစဉ်မှာ လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်တက်လှမ်းပြီး ၂၀၁၀ ခုနှစ်က ချန်ပီယံဆုယူခဲ့တဲ့ အသင်းရဲ့ အရှိန်အဟုန်ကို ပြန်လည်လိုက်မီနိုင်ဖို့ မျှော်လင့်နေကြောင်း ချဲလ်ဆီးကပ္ပတိန် ဆီဆာ အက်ဇ်ပီလီကွေတာ ထုတ်ဖော်သွား။

​- ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ၃၂ ပွဲကစား၊ ၂၈ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးခဲ့သလို ဂိုးသွင်းအများဆုံး လီဗန်ဒေါ့ဗ်စကီးရဲ့နောက်မှာ ရပ်တည်ခဲ့လို့ စိတ်ဝင်စားဖွယ်ရာကောင်းခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗားနဲ့ လာလီဂါဂိုးသွင်းဘုရင် မက်ဆီရဲ့နောက်မှာ ရပ်တည်ခဲ့တဲ့ ဗီလာရီးရဲလ်တိုက်စစ်မှူး ဂျရတ် မိုရီနိုတို့ကို ဒေါ့မန်ဂိုးသွင်းစက် အာလင်း ဟာလန်းရဲ့ အစားထိုးအဖြစ် ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ချယ်လ်ဆီးအသင်းက ကြိုတင်စီမံထားကြောင်းသိရ။

– အေစီမီလန်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်ဖန်တီးရှင် ဟာကင်းမ် ဇီးယက်ရှ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီလို့ သိရပြီးတိုက်စစ်မှူး အိုလီဗာ ဂျရူး၊ အငှားချခံထားရတဲ့ ကွင်းလယ်လူ ဘာကာယိုကိုနဲ့ ဇီးယက်ရှ်တို့ကို ဆက်လက် ခေါ်ယူသွားခွင့်ကို ကမ်းလှမ်းထားကြောင်း သိရကာ မိုရိုကိုသားအတွက် ပေါင်သန်း ၃၀ အသုံးပြုဖွယ်ရှိ။

– ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က အဓိကပစ်မှတ်ထားပြီး အသည်းအသန်စည်းရုံးနေတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြီးသတ် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး ယူရိုသန်း ၁၀၀ ခပ်စွန်းစွန်းသာပေးမယ့် ရီးရဲလ်ကို ဒေါ့မန်အသင်းက ငြင်းဆန်နိုင်ဖွယ်မရှိ။

– ပရီးမီးယားလိဂ်ကို တကျော့ပြန်တန်းတက်လာတဲ့ နော်ဝစ်ချ်အသင်းဟာ စကော့တလန်နဲ့ ယူရိုမှာ ခြေစွမ်းထက်ခဲ့တဲ့ ချယ်လ်ဆီးကွင်းလယ်လူ ဘီလီ ဂီးလ်မိုးကို အငှားခေါ်ယူဖို့ ကမ်းလှမ်းလာတယ်လို့ သိရပြီး အသင်းမှာ လူသစ်ဖြည့်တင်းမယ့်နည်းတူ စကော့တလန်သား လိုချင်တဲ့ ပွဲထွက်ခွင့်အပြည့်အဝကို ပေးအပ်မယ်လို့ အာမခံထား။

– ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ဗဟိုခံစစ်မှူး ကာ့ဂလာ ဆိုယွန်ကျူးကို ပေါင်သန်း ၄၀ နဲ့ ဒီနွေမှာ အပြီးသတ်ဝယ်ယူဖို့ စီမံနေကြောင်းသိရပြီး တူရကီသားအနေနဲ့ သူ့ရဲ့ နံပါတ် ၄ အစွဲအလန်းအရ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခရစ္စတန်ဆန်ဝတ်ဆင်ထားတဲ့ ကျောနံပါတ် ၄ ကိုသာ လိုချင်နေကြောင်း သိရပြီး ဟာကီမီးကို ခေါ်ယူဖို့ ဒိန်းမတ်ခံစစ်မှူးကို အလိုက်ပေးရဖွယ် ရှိနေချိန်မှာတော့ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖွယ်ရှိ။

– ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလို ကွန်တေဟာ အကောင်သေးသေးနဲ့ အဆိပ်ပြင်းတဲ့ ကစားသမားဖြစ်​ကြောင်း မန်စီးတီးကွင်းလယ်လူဟောင်း ယာယာ တိုရေးက ဝန်ခံသွားခဲဲ့ပြီး သူ့ဆီက ဘောလုံးလုယူရတာဟာ ကျောက်ဆောင်တခုကို ခေါင်းနဲ့တိုက်နေရသလိုပဲလို့ ပြင်သစ်သားရဲ့မာကျောမှုကို လက်ဖျားခါသွားခဲ့ပြီး သူ့ခန္ဓာကိုယ်နောက်ကျောလှည့်ပြီး တင်ပါးနဲ့ကာထားချိန်မှာ ဘောလုံးဖျက်ထုတ်ဖို့ မဖြစ်နိုင်အောင် လုံခြုံကြောင်း ပြောသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္က ေပါင္သန္း ၇၀ ကိုင္ၿပီး ဗိုင္နယ္လ္ဒမ္ေနရာ မျဖစ္မေနအစားထိုးဖို႔ အဓိကပစ္မွတ္အေနနဲ႔ လိုက္ေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ ခ်ယ္လ္ဆီးအသင္းကသာ အသာစီးရေနဆဲျဖစ္တယ္လို႔ သိရၿပီး အဂၤလန္အသင္းေဖာ္ ေမဆန္ေမာင့္နဲ႔သာ တြဲကစားလိုတဲ့ ႐ိုက္စ္ရဲ႕ဆႏၵကသာ စတမ္းဖို႔ဒ္အေျပာင္းအေ႐ႊ႕မွာ အဓိကက်ေနေၾကာင္း သိရ။

– အင္တာမီလန္ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီကို ပီအက္စ္ဂ်ီနဲ႔အၿပိဳင္ ႀကိဳးစားရမယ့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဝုလ္ဗာဟမ့္ပ္တန္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေနၿပီး စပိန္လက္ေ႐ြးစင္အေနနဲ႔ ဘာစီလိုနာဘက္က ကမ္းလွမ္းမႈ ေရာက္လာရင္ေတာ့ စတမ္းဖို႔ဘရစ္ခ်္ကို စိတ္ဝင္စားဖြယ္ရွိေန။

– အုပ္စု(E)ရဲ႕ ပထမဆုံးႏွစ္ပြဲမွာ ဆြီဒင္နဲ႔ ပိုလန္အသင္းေတြကို သေရက်ထားခဲ့တဲ့ စပိန္အသင္းအေနနဲ႔ ေနာက္ဆုံးပြဲအျဖစ္ ကစားရမယ့္ ဆလိုဗက္ကီးယားနဲ႔ ပြဲစဥ္မွာ လမ္းေၾကာင္းမွန္ေပၚကို ျပန္လည္တက္လွမ္းၿပီး ၂၀၁၀ ခုႏွစ္က ခ်န္ပီယံဆုယူခဲ့တဲ့ အသင္းရဲ႕ အရွိန္အဟုန္ကို ျပန္လည္လိုက္မီႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း ခ်ဲလ္ဆီးကပၸတိန္ ဆီဆာ အက္ဇ္ပီလီေကြတာ ထုတ္ေဖာ္သြား။

​- ၿပီးခဲ့တဲ့ ဘြန္ဒက္လီဂါရာသီမွာ ဖရန္႔ဖတ္အသင္းအတြက္ ၃၂ ပြဲကစား၊ ၂၈ ဂိုးသြင္း၊ ၈ ဂိုးဖန္တီးခဲ့သလို ဂိုးသြင္းအမ်ားဆုံး လီဗန္ေဒါ့ဗ္စကီးရဲ႕ေနာက္မွာ ရပ္တည္ခဲ့လို႔ စိတ္ဝင္စားဖြယ္ရာေကာင္းခဲ့တဲ့ ေပၚတူဂီတိုက္စစ္မႉး အန္ဒေရ ေဆးလ္ဗားနဲ႔ လာလီဂါဂိုးသြင္းဘုရင္ မက္ဆီရဲ႕ေနာက္မွာ ရပ္တည္ခဲ့တဲ့ ဗီလာရီးရဲလ္တိုက္စစ္မႉး ဂ်ရတ္ မိုရီႏိုတို႔ကို ေဒါ့မန္ဂိုးသြင္းစက္ အာလင္း ဟာလန္းရဲ႕ အစားထိုးအျဖစ္ ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ ေခၚယူသြားဖို႔ ခ်ယ္လ္ဆီးအသင္းက ႀကိဳတင္စီမံထားေၾကာင္းသိရ။

– ေအစီမီလန္အသင္းဟာ ခ်ယ္လ္ဆီးကြင္းလယ္ဖန္တီးရွင္ ဟာကင္းမ္ ဇီးယက္ရွ္ကို ေခၚယူဖို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရခဲ့ၿပီလို႔ သိရၿပီးတိုက္စစ္မႉး အိုလီဗာ ဂ်႐ူး၊ အငွားခ်ခံထားရတဲ့ ကြင္းလယ္လူ ဘာကာယိုကိုနဲ႔ ဇီးယက္ရွ္တို႔ကို ဆက္လက္ ေခၚယူသြားခြင့္ကို ကမ္းလွမ္းထားေၾကာင္း သိရကာ မို႐ိုကိုသားအတြက္ ေပါင္သန္း ၃၀ အသုံးျပဳဖြယ္ရွိ။

– ခ်ယ္လ္ဆီးအသင္းနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္းတို႔က အဓိကပစ္မွတ္ထားၿပီး အသည္းအသန္စည္း႐ုံးေနတဲ့ တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အၿပီးသတ္ ပုဂၢိဳလ္ေရးသေဘာတူညီမႈရယူခဲ့တယ္လို႔ သတင္းထြက္ေပၚလာခဲ့ၿပီး ယူ႐ိုသန္း ၁၀၀ ခပ္စြန္းစြန္းသာေပးမယ့္ ရီးရဲလ္ကို ေဒါ့မန္အသင္းက ျငင္းဆန္ႏိုင္ဖြယ္မရွိ။

– ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္တန္းတက္လာတဲ့ ေနာ္ဝစ္ခ်္အသင္းဟာ စေကာ့တလန္နဲ႔ ယူ႐ိုမွာ ေျခစြမ္းထက္ခဲ့တဲ့ ခ်ယ္လ္ဆီးကြင္းလယ္လူ ဘီလီ ဂီးလ္မိုးကို အငွားေခၚယူဖို႔ ကမ္းလွမ္းလာတယ္လို႔ သိရၿပီး အသင္းမွာ လူသစ္ျဖည့္တင္းမယ့္နည္းတူ စေကာ့တလန္သား လိုခ်င္တဲ့ ပြဲထြက္ခြင့္အျပည့္အဝကို ေပးအပ္မယ္လို႔ အာမခံထား။

– ခ်ယ္လ္ဆီးအသင္းဟာ လက္စတာအသင္းရဲ႕ ဗဟိုခံစစ္မႉး ကာ့ဂလာ ဆိုယြန္က်ဴးကို ေပါင္သန္း ၄၀ နဲ႔ ဒီေႏြမွာ အၿပီးသတ္ဝယ္ယူဖို႔ စီမံေနေၾကာင္းသိရၿပီး တူရကီသားအေနနဲ႔ သူ႔ရဲ႕ နံပါတ္ ၄ အစြဲအလန္းအရ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခရစၥတန္ဆန္ဝတ္ဆင္ထားတဲ့ ေက်ာနံပါတ္ ၄ ကိုသာ လိုခ်င္ေနေၾကာင္း သိရၿပီး ဟာကီမီးကို ေခၚယူဖို႔ ဒိန္းမတ္ခံစစ္မႉးကို အလိုက္ေပးရဖြယ္ ရွိေနခ်ိန္မွာေတာ့ သူ႔ရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးႏိုင္ဖြယ္ရွိ။

– ခ်ယ္လ္ဆီးကြင္းလယ္လူ အန္ဂိုလို ကြန္ေတဟာ အေကာင္ေသးေသးနဲ႔ အဆိပ္ျပင္းတဲ့ ကစားသမားျဖစ္​ေၾကာင္း မန္စီးတီးကြင္းလယ္လူေဟာင္း ယာယာ တိုေရးက ဝန္ခံသြားခဲဲ့ၿပီး သူ႔ဆီက ေဘာလုံးလုယူရတာဟာ ေက်ာက္ေဆာင္တခုကို ေခါင္းနဲ႔တိုက္ေနရသလိုပဲလို႔ ျပင္သစ္သားရဲ႕မာေက်ာမႈကို လက္ဖ်ားခါသြားခဲ့ၿပီး သူ႔ခႏၶာကိုယ္ေနာက္ေက်ာလွည့္ၿပီး တင္ပါးနဲ႔ကာထားခ်ိန္မွာ ေဘာလုံးဖ်က္ထုတ္ဖို႔ မျဖစ္ႏိုင္ေအာင္ လုံၿခဳံေၾကာင္း ေျပာသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.