Premier League

မှော်အစွမ်းတွေ မကုန်ခန်းသေးတဲ့ မိုဒရစ်- စကော့တလန် 1-3 ခရိုအေးရှား ပွဲအပြီး ထုတ်နုတ်ပြောစရာ ၇ ချက်

အဆင့်အတန်းကို ဖွင့်ဆိုခဲ့တဲ့ ထာဝရ မိုဒရစ်
ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်ရဲ့ ဒုတိယပိုင်း ဦးဆောင်ဂိုးကပဲ အဆိပ်ပြင်းပါတယ်ဆိုတဲ့ နည်းပြစတိဗ် ကလာ့ခ်ရဲ့ စကော့တလန်ရဲ့ ရုန်းအားနဲ့ ညှစ်အားကို ရပ်တန့်ပစ်လိုက်နိုင်တာပါ။ ဘလွန်ဒေါဆုရှင်ဟာ သူ့ရဲ့ ကျင်ကျင်လည်လည် ကန်သွင်းခဲဲ့တဲ့ ပြောင်မြောက်တဲ့ ကန်ချက်နဲ့အတူ ၃၆ နှစ်မှာ ဇရာရလည်း ခြေမကျသေးဘူးလို့ သာမန်ကစားသမားတွေ လိုက်မမီတဲ့ သူ့ရဲ့ ထာဝရဘောလုံးအဆင့်အတန်းကို ဖွင့်ဆိုပြခဲ့တာ အရသာရှိခဲ့ပါတယ်။

အဖွင့် ၁၀ မိနစ်မှာတင် ၂ ဂိုးရဖို့ နီးစပ်ခဲ့တဲ့ ချေ အဒမ်
ဆောက်သမ်တန်တိုက်စစ်မှူး ချေ အဒမ်ရဲ့ ဒုက္ခပေးနိုင်စွမ်းကလည်း အတော်လေးကြောက်စရာကောင်းခဲ့သလို ခရိုအေးရှားကို ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ လုံးလုံးပြာထွက်သွားစေခဲ့တယ်။ ၁၀ မိနစ်အတွင်း ၂ ဂိုးရဖို့ နီးစပ်ခဲ့ပြီး ကံချော်ခဲ့ရသလို ပိုးမွှားတကောင်လို ခရိုးအေးရှားခံစစ်ကို ဖျက်ဆီးနိုင်စွမ်းပြင်းခဲ့ပေမယ့် စကော့တလန်ကတော့ နောက်တဆင့်တက်ဖို့ မသေချာတော့တဲ့ အနေအထားက ဝမ်းနည်းစရာပါ။

အဲဗာတန်ကစားသမားဟောင်းနဲ့ ခရိုအေးရှားလူငယ်မျိုးဆက်
လူငယ်တိုက်စစ်မှူး နီကိုလာ ဗလာဆစ်ချ်က ခရိုအေးရှားရဲ့ ပထမဆုံး ထိုးစစ်ဆင်မှုကနေပဲ အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို ရယူပေးခဲ့တယ်။ CSKA မော်စကိုအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အဲဗာတန်ကစားသမားဟောင်းက လွန်ခဲ့တဲ့ ၃ နှစ်က ကမ္ဘာ့ဖလားငွေတံဆိပ်ဆုရအသင်းရဲ့ အရွယ်အရ အကျပိုင်းရောက်လာတဲ့ သမ္ဘာ့ရင့်တွေဖြစ်တဲ့ မိုဒရစ်၊ ပါရီဆစ်တို့ရဲ့ ကစားအားကို နုပျိုလတ်ဆတ်မှုနဲ့ ပေါင်းစပ်ပေးခဲ့ပြီး သူ့အသင်းဖော်တွေ နှေးကွေးနေတဲ့ အခွင့်အရေးကို လာဘ်မြင်မြင်နဲ့ ကန်သွင်းယူသွားခဲ့တာပါ။

၂၃ နှစ်အတွင်း ပထမဆုံးဂိုးရတဲ့ စကော့တလန်
နိုင်ငံတကာအဆင့် မေဂျာပြိုင်ပွဲကြီးတွေမှာ ၂၃ နှစ်အတွင်း ပထမဆုံးဂိုးရဖူးသွားတဲ့ စကော့တလန်အတွက် ပထမပိုင်းပွဲချိန်မပြီးခင် ကယ်လမ် မက်ဂရီဂေါရဲ့ ချေပဂိုးကလည်း အကြီးကျယ်ဆုံး အောင်ပွဲခံစရာ ဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ဆဲလ်တစ်ကွင်းလယ်လူရဲ့ ဂိုးဟာ ဟမ့်ပ်ဒန်ကွင်းထဲက စကော့တလန်ပရိသတ်တွေကို အကြီးအကျယ် ဆူညံသွားစေခဲ့သလို အားပါးတရရှိစေခဲ့တဲ့ မြင်ကွင်းလည်း ဖြစ်ပါတယ်။

ခြေစွမ်းထက်နေတဲ့ ဘီလီ ဂီးလ်မိုးလွဲချော်ခဲ့တာကြောင့် သမိုင်းသစ်ရေးမယ့်အိပ်မက် ပျက်ပြယ်ခဲ့ရ
သမိုင်းဝင်မော်ကွန်းသစ်ကို ရေးထိုးမယ့် စကော့တလန်ရဲ့ အိပ်မက်ကတော့ ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ခရိုအေးရှားအသင်းက အုပ်စုဒုတိယနဲ့ နောက်တဆင့်တက်ခဲ့ချိန်မှာ နည်းပြစတိဗ် ကလာ့ခ်တို့အုပ်စုကတော့ အိမ်ပြန်ရတော့မှာဖြစ်ပြီး ဒီနေ့ပွဲမှာ ချယ်လ်ဆီးကွင်းလယ်လူ ဘီလီ ဂီးလ်မိုး ကိုဗစ်ထိသွားလို့ မပါဝင်နိုင်တာကြောင့်လည်း စကော့တလန်ရဲ့ ကစားအားကို သက်ရောက်မှုရှိခဲ့ပြီး အသင်းအနေနဲ့ ရွှေရောင်မျိုးဆက်သစ်တွေအတွက် လာမယ့်ကမ္ဘာ့ဖလားအတွက်သာ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲရဲ့ အငယ်ရွယ်ဆုံးနဲ့ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်နှစ်ထပ်တင်ခဲ့သူ
ခရိုအေးရှားကွင်းလယ်လူ မိုဒရစ်က ယူရို ၂၀၀၈ ပြိုင်ပွဲမှာ သြစတီးယားအသင်းကို ဂိုးသွင်းသူခဲ့ဖူးသလို အဲဒီအချိန် အသက် ၂၂ နှစ် ၂၇၃ ရက်သားမှာ ယူရိုပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ခရိုအေးရှား ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်ထားခဲ့ချိန်မှာ ဒီနေ့ပွဲမှာ သွင်းခဲဲ့တဲ့ သူ့ရဲ့သွင်းဂိုးက ယူရိုပြိုင်ပွဲမှာ အသက်အကြီးဆုံး ခရိုအေးရှား ဂိုးသွင်းရှင်အဖြစ် ထပ်မံစံချိန်တင်ခဲ့ပြီး သူ့အသက်က ၃၅ နှစ်၊ ၂၈၆ ရက် ဖြစ်နေခဲ့တာပါ။

ဒေဗာဆူကာကို (ဒေးဗစ်ဆူကာကို) လိုက်မီသွားခဲ့တဲ့ ပါရီဆစ်
ဒီနေ့ပွဲရဲ့ ပွဲသိမ်းဂိုးရှင် ပါရီဆစ်ရဲ့ ဂိုးကို မိုဒရစ်က ဖန်တီးပေးခဲ့တာဖြစ်သလို အဲဒီဂိုးက တောင်ပံတိုက်စစ်ကစားသမားအတွက် ခရိုအေးရှားဂန္ထဝင် ဒေဗာဆူကာရဲ့ စံချိန်ကို အမီလိုက်နိုင်စေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ယူရို ၆ ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၆ ဂိုးအထိ ရှိထားတဲ့ ပါရီဆစ်က ၄ ဂိုးသွင်း ၂ ဂိုးဖန်တီးထားချိန်မှာ ဒီနေ့ပွဲရဲ့ ဂိုးက မေဂျာပြိုင်ပွဲကြီးတွေမှာ ခရိုအေးရှားအတွက် သူ့ရဲ့ ၉ ဂိုးမြောက်ဖြစ်လာခဲ့ပြီး လက်ရွေးစင်ဂိုးသွင်းအများဆုံး ဆူကာနဲ့ ပူးတွဲရပ်တည်သွားနိုင်ခဲ့ခြင်းပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဆင့္အတန္းကို ဖြင့္ဆိုခဲ့တဲ့ ထာဝရ မိုဒရစ္
ခ႐ိုေအးရွားကြင္းလယ္လူ မိုဒရစ္ရဲ႕ ဒုတိယပိုင္း ဦးေဆာင္ဂိုးကပဲ အဆိပ္ျပင္းပါတယ္ဆိုတဲ့ နည္းျပစတိဗ္ ကလာ့ခ္ရဲ႕ စေကာ့တလန္ရဲ႕ ႐ုန္းအားနဲ႔ ညႇစ္အားကို ရပ္တန္႔ပစ္လိုက္ႏိုင္တာပါ။ ဘလြန္ေဒါဆုရွင္ဟာ သူ႔ရဲ႕ က်င္က်င္လည္လည္ ကန္သြင္းခဲဲ့တဲ့ ေျပာင္ေျမာက္တဲ့ ကန္ခ်က္နဲ႔အတူ ၃၆ ႏွစ္မွာ ဇရာရလည္း ေျခမက်ေသးဘူးလို႔ သာမန္ကစားသမားေတြ လိုက္မမီတဲ့ သူ႔ရဲ႕ ထာဝရေဘာလုံးအဆင့္အတန္းကို ဖြင့္ဆိုျပခဲ့တာ အရသာရွိခဲ့ပါတယ္။

အဖြင့္ ၁၀ မိနစ္မွာတင္ ၂ ဂိုးရဖို႔ နီးစပ္ခဲ့တဲ့ ေခ် အဒမ္
ေဆာက္သမ္တန္တိုက္စစ္မႉး ေခ် အဒမ္ရဲ႕ ဒုကၡေပးႏိုင္စြမ္းကလည္း အေတာ္ေလးေၾကာက္စရာေကာင္းခဲ့သလို ခ႐ိုေအးရွားကို ပထမပိုင္း ၁၀ မိနစ္အတြင္းမွာ လုံးလုံးျပာထြက္သြားေစခဲ့တယ္။ ၁၀ မိနစ္အတြင္း ၂ ဂိုးရဖို႔ နီးစပ္ခဲ့ၿပီး ကံေခ်ာ္ခဲ့ရသလို ပိုးမႊားတေကာင္လို ခ႐ိုးေအးရွားခံစစ္ကို ဖ်က္ဆီးႏိုင္စြမ္းျပင္းခဲ့ေပမယ့္ စေကာ့တလန္ကေတာ့ ေနာက္တဆင့္တက္ဖို႔ မေသခ်ာေတာ့တဲ့ အေနအထားက ဝမ္းနည္းစရာပါ။

အဲဗာတန္ကစားသမားေဟာင္းနဲ႔ ခ႐ိုေအးရွားလူငယ္မ်ိဳးဆက္
လူငယ္တိုက္စစ္မႉး နီကိုလာ ဗလာဆစ္ခ်္က ခ႐ိုေအးရွားရဲ႕ ပထမဆုံး ထိုးစစ္ဆင္မႈကေနပဲ အသင္းအတြက္ အဖြင့္ဦးေဆာင္ဂိုးကို ရယူေပးခဲ့တယ္။ CSKA ေမာ္စကိုအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ အဲဗာတန္ကစားသမားေဟာင္းက လြန္ခဲ့တဲ့ ၃ ႏွစ္က ကမာၻ႔ဖလားေငြတံဆိပ္ဆုရအသင္းရဲ႕ အ႐ြယ္အရ အက်ပိုင္းေရာက္လာတဲ့ သမာၻ႔ရင့္ေတြျဖစ္တဲ့ မိုဒရစ္၊ ပါရီဆစ္တို႔ရဲ႕ ကစားအားကို ႏုပ်ိဳလတ္ဆတ္မႈနဲ႔ ေပါင္းစပ္ေပးခဲ့ၿပီး သူ႔အသင္းေဖာ္ေတြ ေႏွးေကြးေနတဲ့ အခြင့္အေရးကို လာဘ္ျမင္ျမင္နဲ႔ ကန္သြင္းယူသြားခဲ့တာပါ။

၂၃ ႏွစ္အတြင္း ပထမဆုံးဂိုးရတဲ့ စေကာ့တလန္
ႏိုင္ငံတကာအဆင့္ ေမဂ်ာၿပိဳင္ပြဲႀကီးေတြမွာ ၂၃ ႏွစ္အတြင္း ပထမဆုံးဂိုးရဖူးသြားတဲ့ စေကာ့တလန္အတြက္ ပထမပိုင္းပြဲခ်ိန္မၿပီးခင္ ကယ္လမ္ မက္ဂရီေဂါရဲ႕ ေခ်ပဂိုးကလည္း အႀကီးက်ယ္ဆုံး ေအာင္ပြဲခံစရာ ျဖစ္ခဲ့တယ္ဆိုရင္လည္း မမွားပါဘူး။ ဆဲလ္တစ္ကြင္းလယ္လူရဲ႕ ဂိုးဟာ ဟမ့္ပ္ဒန္ကြင္းထဲက စေကာ့တလန္ပရိသတ္ေတြကို အႀကီးအက်ယ္ ဆူညံသြားေစခဲ့သလို အားပါးတရရွိေစခဲ့တဲ့ ျမင္ကြင္းလည္း ျဖစ္ပါတယ္။

ေျခစြမ္းထက္ေနတဲ့ ဘီလီ ဂီးလ္မိုးလြဲေခ်ာ္ခဲ့တာေၾကာင့္ သမိုင္းသစ္ေရးမယ့္အိပ္မက္ ပ်က္ျပယ္ခဲ့ရ
သမိုင္းဝင္ေမာ္ကြန္းသစ္ကို ေရးထိုးမယ့္ စေကာ့တလန္ရဲ႕ အိပ္မက္ကေတာ့ ပ်က္စီးသြားခဲ့ၿပီျဖစ္ၿပီး ခ႐ိုေအးရွားအသင္းက အုပ္စုဒုတိယနဲ႔ ေနာက္တဆင့္တက္ခဲ့ခ်ိန္မွာ နည္းျပစတိဗ္ ကလာ့ခ္တို႔အုပ္စုကေတာ့ အိမ္ျပန္ရေတာ့မွာျဖစ္ၿပီး ဒီေန႔ပြဲမွာ ခ်ယ္လ္ဆီးကြင္းလယ္လူ ဘီလီ ဂီးလ္မိုး ကိုဗစ္ထိသြားလို႔ မပါဝင္ႏိုင္တာေၾကာင့္လည္း စေကာ့တလန္ရဲ႕ ကစားအားကို သက္ေရာက္မႈရွိခဲ့ၿပီး အသင္းအေနနဲ႔ ေ႐ႊေရာင္မ်ိဳးဆက္သစ္ေတြအတြက္ လာမယ့္ကမာၻ႔ဖလားအတြက္သာ ျပင္ဆင္ရေတာ့မွာျဖစ္ပါတယ္။

ယူ႐ိုၿပိဳင္ပြဲရဲ႕ အငယ္႐ြယ္ဆုံးနဲ႔ အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္ စံခ်ိန္ႏွစ္ထပ္တင္ခဲ့သူ
ခ႐ိုေအးရွားကြင္းလယ္လူ မိုဒရစ္က ယူ႐ို ၂၀၀၈ ၿပိဳင္ပြဲမွာ ၾသစတီးယားအသင္းကို ဂိုးသြင္းသူခဲ့ဖူးသလို အဲဒီအခ်ိန္ အသက္ ၂၂ ႏွစ္ ၂၇၃ ရက္သားမွာ ယူ႐ိုၿပိဳင္ပြဲရဲ႕ အသက္အငယ္ဆုံး ခ႐ိုေအးရွား ဂိုးသြင္းရွင္အျဖစ္ မွတ္တမ္းဝင္ထားခဲ့ခ်ိန္မွာ ဒီေန႔ပြဲမွာ သြင္းခဲဲ့တဲ့ သူ႔ရဲ႕သြင္းဂိုးက ယူ႐ိုၿပိဳင္ပြဲမွာ အသက္အႀကီးဆုံး ခ႐ိုေအးရွား ဂိုးသြင္းရွင္အျဖစ္ ထပ္မံစံခ်ိန္တင္ခဲ့ၿပီး သူ႔အသက္က ၃၅ ႏွစ္၊ ၂၈၆ ရက္ ျဖစ္ေနခဲ့တာပါ။

ေဒဗာဆူကာကို (ေဒးဗစ္ဆူကာကို) လိုက္မီသြားခဲ့တဲ့ ပါရီဆစ္
ဒီေန႔ပြဲရဲ႕ ပြဲသိမ္းဂိုးရွင္ ပါရီဆစ္ရဲ႕ ဂိုးကို မိုဒရစ္က ဖန္တီးေပးခဲ့တာျဖစ္သလို အဲဒီဂိုးက ေတာင္ပံတိုက္စစ္ကစားသမားအတြက္ ခ႐ိုေအးရွားဂႏၴဝင္ ေဒဗာဆူကာရဲ႕ စံခ်ိန္ကို အမီလိုက္ႏိုင္ေစခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံး ယူ႐ို ၆ ပြဲမွာ သြင္းဂိုးပါဝင္ပတ္သက္မႈ ၆ ဂိုးအထိ ရွိထားတဲ့ ပါရီဆစ္က ၄ ဂိုးသြင္း ၂ ဂိုးဖန္တီးထားခ်ိန္မွာ ဒီေန႔ပြဲရဲ႕ ဂိုးက ေမဂ်ာၿပိဳင္ပြဲႀကီးေတြမွာ ခ႐ိုေအးရွားအတြက္ သူ႔ရဲ႕ ၉ ဂိုးေျမာက္ျဖစ္လာခဲ့ၿပီး လက္ေ႐ြးစင္ဂိုးသြင္းအမ်ားဆုံး ဆူကာနဲ႔ ပူးတြဲရပ္တည္သြားႏိုင္ခဲ့ျခင္းပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.