Premier League Transfer News

23 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေအတွက်တော့ သူတို့ရဲ့ ဘာမှ အလုပ်မဖြစ်တဲ့ အပြောင်းအရွှေ့ဌာနအတွက် အနည်းငယ် သက်မချနိုင်ပြီဖြစ်ပြီး အန်ဒါလက်ချ်ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီခဲ့ပြီဖြစ်လို့ သိပ်မကွာတဲ့ ပြောင်းရွှေ့ကြေး ပမာဏကိုပဲ ညှိနှိုင်းဖို့ ကျန်ရှိနေ။

– အသင်းနဲ့ သဘောတူညီမှု ရလုနီးပါး အပိုင်အနေအထားကနေ ဂိုးသမား မတ်ရိုင်ယန်ကို ဆဲလ်တစ်ဆီ လက်လွှတ်မယ့်အစား အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရအောင် ခေါ်ယူဖို့ဟာ နှစ်ခါပြန်စဉ်းစားနေစရာမလိုတဲ့ အလုပ်ဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ် တိုက်တွန်းသွား။

– အာဆင်နယ်အသင်းအနေနဲ့ ဗဟိုနောက်ခံလူသစ်တစ်ဦး အလိုရှိနေပြီး လေဗာကူဆင်နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကို ချဉ်းကပ် ကြိုးစားနေတယ်ဆိုတာ အမှန်ဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုပြောကြားလိုက်ပြီး ဈေးနှုန်းကသာ ပြဿနာဖြစ်နေကြောင်း ထုတ်ဖော်သွားခဲ့။

– ဘူကာယို ဆာကာရဲ့ အကြောက်အလန့်မရှိတဲ့ ကစားပုံဟာ သူ့ရဲ့ အရည်အသွေးကို မယုံနိုင်စရာကောင်းတဲ့ အဆင့်အထိ တိုးတက်လာစေပြီး ဒီလိုလူငယ်မျိုးကို မှန်ကန်တဲ့ လမ်းညွှန်မှုသာ ပေးနိုင်ခဲ့ရင် အနာဂတ်မှာ သူ့ကို ဟန့်တားနိုင်တဲ့သူ ရှိမှာ မဟုတ်ကြောင်း အင်္ဂလန်နောက်ခံလူ ဟာရီ မက်ဂွိုင်းယား ချီးကျူးသွား။

– အိုင်းယက်စ်ဂိုးသမား အန်ဒရီ အိုနာနာကို အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့အတွက် တရားဝင် ကမ်းလှမ်းမှုမျိုးတော့ မရှိသေးဘဲ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်စုံစမ်းမှုမျိုးသာ ပြုလုပ်ထားတာကြောင့် ပရိသတ်တွေအနေနဲ့ စိတ်မလောဘဲ သည်းခံကြဖို့ ဂျာနယ်လစ် ရိုမာနို တိုက်တွန်းသွား။

– တူရင်မှာ နှစ်နှစ်ကစားအပြီးမှာ အသင်းဟောင်း အာဆင်နယ်အသင်းကို ပြန်လည်ပြောင်းရွှေ့လာဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ ကွင်းလယ်လူ အာရွန် ရမ်ဆေးရဲ့ သတင်းက မဟုတ်မှန်ကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဒန်နီယယ်လ် ဘော်လ်ဒွင်က ငြင်းပယ်သွားခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရ။

– အင်္ဂလန်အသင်းနဲ့ ချက်အသင်းတို့ရဲ့ ယူရိုပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာရဲ့ စွမ်းဆောင်ရည်ကို အီယန်ရိုက်နဲ့ ရွိုင်းကီးန်တို့က ချီးကျူးခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်ကပ္ပတိန်ဟောင်းက အာဆင်နယ်လူငယ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားမှုက ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ရှေ့မှာ ပွဲထွက်ခွင့်ရစေခဲ့ကြောင်းလည်း ထောက်ပြသွားခဲ့။

– အာဆင်နယ်ဘယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်အနေနဲ့ သူ့ရဲ့သူငယ်ချင်း မီဆွတ် အိုဇေးလ်ရှိရာ တူရကီကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အမ်းမရိတ်ဘက်က တစ်ပတ်ပေါင်တစ်သိန်းနှစ်သောင်းတန် စာချုပ်လက်ကျန် တစ်နှစ်ကို ဖျက်သိမ်းပေးစေဖို့ ကစားသမားဘက်က ဆန္ဒရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘယ်သူ့ကိုမှ ခေါ်ယူနိုင်စွမ်း မရှိသေးတဲ့ သူတို့ရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် ပေါ်တို ကွင်းလယ်လူ ဟေဆူးစ် ကိုရိုနာကို စိတ်ဝင်စားနေပြီး အသက် ၂၈ နှစ်အရွယ် မက္ကဆီကိုလက်ရွေးစင်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅ သန်းနဲ့ ခေါ်ယူခွင့်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ သူတို႔ရဲ႕ ဘာမွ အလုပ္မျဖစ္တဲ့ အေျပာင္းအေ႐ႊ႕ဌာနအတြက္ အနည္းငယ္ သက္မခ်ႏိုင္ၿပီျဖစ္ၿပီး အန္ဒါလက္ခ်္ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီခဲ့ၿပီျဖစ္လို႔ သိပ္မကြာတဲ့ ေျပာင္းေ႐ႊ႕ေၾကး ပမာဏကိုပဲ ညႇိႏႈိင္းဖို႔ က်န္ရွိေန။

– အသင္းနဲ႔ သေဘာတူညီမႈ ရလုနီးပါး အပိုင္အေနအထားကေန ဂိုးသမား မတ္႐ိုင္ယန္ကို ဆဲလ္တစ္ဆီ လက္လႊတ္မယ့္အစား အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရေအာင္ ေခၚယူဖို႔ဟာ ႏွစ္ခါျပန္စဥ္းစားေနစရာမလိုတဲ့ အလုပ္ျဖစ္တယ္လို႔ တိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္ တိုက္တြန္းသြား။

– အာဆင္နယ္အသင္းအေနနဲ႔ ဗဟိုေနာက္ခံလူသစ္တစ္ဦး အလိုရွိေနၿပီး ေလဗာကူဆင္ေနာက္ခံလူ အက္ဒ္မြန္ တက္ပ္ဆိုဘာကို ခ်ဥ္းကပ္ ႀကိဳးစားေနတယ္ဆိုတာ အမွန္ျဖစ္ေၾကာင္း အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳေျပာၾကားလိုက္ၿပီး ေဈးႏႈန္းကသာ ျပႆနာျဖစ္ေနေၾကာင္း ထုတ္ေဖာ္သြားခဲ့။

– ဘူကာယို ဆာကာရဲ႕ အေၾကာက္အလန႔္မရွိတဲ့ ကစားပုံဟာ သူ႔ရဲ႕ အရည္အေသြးကို မယုံႏိုင္စရာေကာင္းတဲ့ အဆင့္အထိ တိုးတက္လာေစၿပီး ဒီလိုလူငယ္မ်ိဳးကို မွန္ကန္တဲ့ လမ္းၫႊန္မႈသာ ေပးႏိုင္ခဲ့ရင္ အနာဂတ္မွာ သူ႔ကို ဟန႔္တားႏိုင္တဲ့သူ ရွိမွာ မဟုတ္ေၾကာင္း အဂၤလန္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယား ခ်ီးက်ဴးသြား။

– အိုင္းယက္စ္ဂိုးသမား အန္ဒရီ အိုနာနာကို အာဆင္နယ္အသင္းကေန ေခၚယူဖို႔အတြက္ တရားဝင္ ကမ္းလွမ္းမႈမ်ိဳးေတာ့ မရွိေသးဘဲ ေအးဂ်င့္ျဖစ္သူနဲ႔ ခ်ိတ္ဆက္စုံစမ္းမႈမ်ိဳးသာ ျပဳလုပ္ထားတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ စိတ္မေလာဘဲ သည္းခံၾကဖို႔ ဂ်ာနယ္လစ္ ႐ိုမာႏို တိုက္တြန္းသြား။

– တူရင္မွာ ႏွစ္ႏွစ္ကစားအၿပီးမွာ အသင္းေဟာင္း အာဆင္နယ္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕လာဖို႔ ဆႏၵရွိေနတယ္ဆိုတဲ့ ကြင္းလယ္လူ အာ႐ြန္ ရမ္ေဆးရဲ႕ သတင္းက မဟုတ္မွန္ေၾကာင္း သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ဒန္နီယယ္လ္ ေဘာ္လ္ဒြင္က ျငင္းပယ္သြားခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရ။

– အဂၤလန္အသင္းနဲ႔ ခ်က္အသင္းတို႔ရဲ႕ ယူ႐ိုပြဲစဥ္မွာ အေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာရဲ႕ စြမ္းေဆာင္ရည္ကို အီယန္႐ိုက္နဲ႔ ႐ြိဳင္းကီးန္တို႔က ခ်ီးက်ဴးခဲ့ၾကၿပီး မန္ခ်က္စတာယူႏိုက္တက္ကပၸတိန္ေဟာင္းက အာဆင္နယ္လူငယ္ရဲ႕ ေလ့က်င့္ေရးကြင္းမွာ ႀကိဳးစားမႈက ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ေရွ႕မွာ ပြဲထြက္ခြင့္ရေစခဲ့ေၾကာင္းလည္း ေထာက္ျပသြားခဲ့။

– အာဆင္နယ္ဘယ္ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္အေနနဲ႔ သူ႔ရဲ႕သူငယ္ခ်င္း မီဆြတ္ အိုေဇးလ္ရွိရာ တူရကီကလပ္ ဖီနာဘာခ်ီ အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနၿပီး အမ္းမရိတ္ဘက္က တစ္ပတ္ေပါင္တစ္သိန္းႏွစ္ေသာင္းတန္ စာခ်ဳပ္လက္က်န္ တစ္ႏွစ္ကို ဖ်က္သိမ္းေပးေစဖို႔ ကစားသမားဘက္က ဆႏၵရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘယ္သူ႔ကိုမွ ေခၚယူႏိုင္စြမ္း မရွိေသးတဲ့ သူတို႔ရဲ႕ ကြင္းလယ္တိုက္စစ္ပိုင္းအတြက္ ေပၚတို ကြင္းလယ္လူ ေဟဆူးစ္ ကို႐ိုနာကို စိတ္ဝင္စားေနၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ မကၠဆီကိုလက္ေ႐ြးစင္ကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၂၅ သန္းနဲ႔ ေခၚယူခြင့္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.