International Match Report

ယူရိုအုပ်စု B နောက်ဆုံးပွဲစဉ်များအပြီး ထူးထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက်

ဖင်လန် ၀-၂ ဘယ်လ်ဂျီယမ်

ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးအဖြစ် အသွင်ပြောင်းသွားခဲ့တဲ့ လူကာကူး
နည်းပြကွန်တီလက်အောက်မှာ ရုတ်ချည်းပြောင်းလဲပြီး ကမ္ဘာ့အဆင့်မီ အထောင်တိုက်စစ်မှူးအဖြစ် နောက်တဆင့်တက်လာခဲ့တဲ့ လူကာကူးဟာ ဂိုးပေါက်ကို ကျောလှည့်ပေးထားရချိန်မှာ ဘောလုံးကိုင်ထားနိုင်စွမ်း၊ အသင်းဖော်တွေနဲ့ အတိုပေး အမြန်ပေး တွဲဖက်ကစားနိုင်စွမ်းနဲ့ ပြိုင်ဘက်ခံစစ်ကို အရူးလုပ်နိုင်စွမ်းတွေက တိုးတက်လာခဲ့ပြီး ခွန်အား၊ တိုက်ရိုက်ကစားနိုင်စွမ်းတွေက ကြောက်မယ်ဖွယ်ဖြစ်လာခဲ့ချိန်မှာ လက်ရှိယူရိုမှာ ၃ ပွဲ ကစား၊ ၃ ဂိုးသွင်းပြီး ရော်နယ်လ်ဒို၊ ပက်ထရစ်ရှစ်ခ်တို့နဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ပြီး ရွှေဖိနပ်ဆုအတွက် တစ်ပြေးလာခဲ့ပါပြီ။

၂ နှစ်အတွင်း ပထမဆုံးအကြိမ် မိနစ် ၉၀ ကိုယ်ထင်ပြတဲ့ ဟာဇက်
ချယ်လ်ဆီးကနေ ရီးရဲလ်ပြောင်းရွှေ့ခဲ့တဲ့နောက်ပိုင်း ၂ နှစ်အတွင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ အီဒင် ဟာဇက်က ဒီနေ့ပွဲမှာ ၂၀၁၉ နိုဝင်ဘာနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ မိနစ် ၉၀ ပွဲချိန်ပြည့် ကစားသွားနိုင်ခဲ့တာကို တွေ့ရတာဟာ ဝမ်းသာစရာဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယမ်အသင်းကိုလည်း အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားသွားခဲ့သလို အခုထက်ပိုပြီး ခြေစွမ်းပြနိုင်ဖို့ ဘယ်လ်ဂျီယမ်ပရိသတ်တွေက မျှော်လင့်နေကြပါပြီ။

ပြိုင်စံရှား ဒီဘရိုင်းနား
ကွင်းလယ်ဖန်တီးရှင်အနေနဲ့ အတုမရှိ ဘုန်းတန်ခိုးထွား ဒီဘရိုင်းနားက ဒိန်းမတ်ကို နောက်ကလိုက်ကစားပြီး ၃ မှတ်ယူနိုင်တဲ့ပွဲမှာ ဘယ်လ်ဂျီယမ်အတွက် လူစားဝင်ကစားသမားအဖြစ် ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး ဒဏ်ရာက ပြန်လာလာချင်း သူ့ရဲ့ တန်ဖိုးကို သက်သေပြပြီး သူရဲကောင်းအဖြစ် အောင်ပွဲခံသွားခဲ့သလို ဒီနေ့ပွဲမှာလည်း လတ်ဆတ်သစ်လွင်လွန်းတဲ့ ဘောလုံးပေးပို့မှုတွေနဲ့ ဖင်လန်ခံစစ်ကို နှိပ်စက်သွားခဲ့ချိန်မှာ လူကာကူးအတွက် ၂ ဂိုးဖန်တီးပေးခဲ့ပြီး ၁ ဂိုးက လူကျွံဘောဖြစ်ခဲ့ရပါတယ်။

ရွှေရောင်မျိုးဆက်အတွက် နောက်ဆုံးမိနစ်
ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်အသင်းဟာ ၂၀၁၄ မှာ ကမ္ဘာ့စင်မြင့်ကို တက်လာခဲ့တယ်။ နေရာစုံမှာ ကမ္ဘာ့အဆင့်ကစားသမား ၂ ဦးစီလောက်ကို ပိုဆိုင်ထားတဲ့ တောင့်တင်းလှတဲ့ လူစာရင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ရှူံးပြီး ကွာတားပြုတ်ခဲ့ရသလို ၂၀၁၆ ယူရိုမှာ ဝေးလ်စ်ကို အမှတ်မထင် အရေးနိမ့်ပြီး ကွာတားထပ်ပြုတ်ခဲ့ရတယ်။

၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ ဘရာဇီးလ်ကို ဖြုတ်ချနိုင်ခဲ့ပေမယ့် ဆီမီးမှာ ပြင်သစ်ကို အရေးနိမ့်ပြီး ကြေးတံဆိပ်ဆုနဲ့ ကျေနပ်ခဲ့ရပြန်ပါတယ်။ တကယ်တော့ အသက် ၃၀ တန်းထဲ ရောက်လာတဲ့ ဒီဘရိုင်းနား၊ လူကာကူး၊ ဟာဇက်တို့ ရွှေရောင်မျိုးဆက်အတွက် ဒီနှစ်ယူရိုက နောက်ဆုံးမိနစ်လို့ ဆိုနိုင်ချိန်မှာ ပြင်သစ်နဲ့ ထပ်တူ ယူရိုဘုရင်အဖြစ် ရေပန်းစားလာခဲ့တာက နည်းပြမာတီနက်ဇ်ကို အားပါးတရဖြစ်စေခဲ့ပါတယ်။

ရုရှား ၁-၄ ဒိန်းမတ်

ထင်မှတ်မထားတဲ့ ဒိန်းမတ်ကံကြမ္မာ
ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အချိုးအကွေ့အများဆုံးကို ကြုံခဲ့ရတာက ဒိန်းမတ့အသင်းပါ။ ယူရိုအုပ်စု B အဖွင့်မှာပဲ အားအကိုးရဆုံးနဲ့ နာမည်အကြီးဆုံးကစားသမား ခရစ္စတီယန် အဲရစ်ဆင် နှလုံးရောဂါနဲ့ လဲကျသွားခဲ့ပြီး အဲဒီပွဲကို UEFA က မဖြစ်မနေ ဆက်ကစားခိုင်းပြီး အကျပ်ကိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲရာမှာ ဖင်လန်ကို အရေးနိမ့်ခဲ့ရတယ်။

ဘယ်လ်ဂျီယမ်နဲ့ ပွဲစဉ်မှာ ပွဲအစ ၂ မိနစ်ကတည်းက ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီဘရိုင်းနားရဲ့ အစွမ်းကြောင့် ၂ ဂိုး ၁ ဂိုး နဲ့ လက်မြှောက်ခဲ့ရပြန်ပြီး အားလုံးက ဒိန်းမတ်ကို ဝမ်းနည်းစွာနဲ့ နှုတ်ဆက်ရပြီလို့ ထင်မှတ်ခဲကြတာပါ။ ပြီးခဲ့တဲ့ညက ပွဲစဉ်မှာတော့ သက်ကြားအို ရုရှားအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်တီးပြီး အတက်အကျများလွန်းတဲ့ ယူရိုခရီးကြမ်းကနေ နောက်တဆင့်ကို မထင်မှတ်ဘဲ တက်ရောက်သွားနိုင်ခဲ့ကာ ဝေးလ်စ်နဲ့ တွေ့ဆုံရာမှာ ဒိန်းမတ်တို့ ဘယ်အထိခရီးဆက်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါ။

အိမ်ကျယ် ရုရှား နာလန်မထူနိုင်ခဲ့
၂၀၁၈ ကမ္ဘာ့ဖလားကို ရုရှားမြေမှာ ကျင်းပခဲ့စဉ်က ခြေစွညလွန်းခဲ့တဲ့ နည်းပြ ချာချီဆော့ဗ်ရဲ့အသင်းက ယူရို ၂၀၂၀ မှာတော့ အုပ်စုတွင်း နိုင်ပွဲတပွဲသာရပြီး ရေမြွေသာသာအဆင့်သာ ရှိသလို အရွယ်လွန် သက်ကျားအိုတွေနဲ့ ဖွဲ့စည်းထားတဲ့ ခံစစ်ပိုင်းကလည်း ဒိန်းမတ်ရဲ့ မြန်ဆန်ပြင်းထန်တဲ့ တိုက်စစ်ပိုင်းကို ယှဉ်ကစားဖို့ မဖြစ်နိုင်ခဲ့ဘဲ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှူံးပြီး အိမ်လှည့်ပြန်ရဖို့ နီးစပ်သွားတာကို တွေ့ရပါတယ်။

အဲရစ်ဆင်အတွက် ချစ်ခြင်းအားဖြင့်
အမှတ်တရအဖြစ်ရဆုံးနဲ့ ဝမ်းသာဝမ်းနည်းခံစားချက်တွေနဲ့အတူ အသက်ဘေးကနေ လွတ်လာခဲ့တဲ့ အဲရစ်ဆင်အတွက် ဒိန်းမတ်တနိုင်ငံလုံးက ချစ်ခြင်းအားဖြင့် မေတ္တာပို့သမှုအပြင် အထိမ်းအမှတ်လက်ဆောင်အဖြစ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းအဖြစ် အဲရစ်ဆင်ကိုယ်တိုင်လည်း ပီတိဖြစ်ပြီး မျက်ရည်လည်စရာ ပျော်ရွှင်မှုတခုကို ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖင္လန္ ၀-၂ ဘယ္လ္ဂ်ီယမ္

ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉးအျဖစ္ အသြင္ေျပာင္းသြားခဲ့တဲ့ လူကာကူး
နည္းျပကြန္တီလက္ေအာက္မွာ ႐ုတ္ခ်ည္းေျပာင္းလဲၿပီး ကမာၻ႔အဆင့္မီ အေထာင္တိုက္စစ္မႉးအျဖစ္ ေနာက္တဆင့္တက္လာခဲ့တဲ့ လူကာကူးဟာ ဂိုးေပါက္ကို ေက်ာလွည့္ေပးထားရခ်ိန္မွာ ေဘာလုံးကိုင္ထားႏိုင္စြမ္း၊ အသင္းေဖာ္ေတြနဲ႔ အတိုေပး အျမန္ေပး တြဲဖက္ကစားႏိုင္စြမ္းနဲ႔ ၿပိဳင္ဘက္ခံစစ္ကို အ႐ူးလုပ္ႏိုင္စြမ္းေတြက တိုးတက္လာခဲ့ၿပီး ခြန္အား၊ တိုက္႐ိုက္ကစားႏိုင္စြမ္းေတြက ေၾကာက္မယ္ဖြယ္ျဖစ္လာခဲ့ခ်ိန္မွာ လက္ရွိယူ႐ိုမွာ ၃ ပြဲ ကစား၊ ၃ ဂိုးသြင္းၿပီး ေရာ္နယ္လ္ဒို၊ ပက္ထရစ္ရွစ္ခ္တို႔နဲ႔အတူ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ၿပီး ေ႐ႊဖိနပ္ဆုအတြက္ တစ္ေျပးလာခဲ့ပါၿပီ။

၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ မိနစ္ ၉၀ ကိုယ္ထင္ျပတဲ့ ဟာဇက္
ခ်ယ္လ္ဆီးကေန ရီးရဲလ္ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ပိုင္း ၂ ႏွစ္အတြင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရတဲ့ အီဒင္ ဟာဇက္က ဒီေန႔ပြဲမွာ ၂၀၁၉ ႏိုဝင္ဘာေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္အေနနဲ႔ မိနစ္ ၉၀ ပြဲခ်ိန္ျပည့္ ကစားသြားႏိုင္ခဲ့တာကို ေတြ႕ရတာဟာ ဝမ္းသာစရာျဖစ္ခဲ့ၿပီး ဘယ္လ္ဂ်ီယမ္အသင္းကိုလည္း အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားသြားခဲ့သလို အခုထက္ပိုၿပီး ေျခစြမ္းျပႏိုင္ဖို႔ ဘယ္လ္ဂ်ီယမ္ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါၿပီ။

ျပိဳင္စံရွား ဒီဘ႐ိုင္းနား
ကြင္းလယ္ဖန္တီးရွင္အေနနဲ႔ အတုမရွိ ဘုန္းတန္ခိုးထြား ဒီဘ႐ိုင္းနားက ဒိန္းမတ္ကို ေနာက္ကလိုက္ကစားၿပီး ၃ မွတ္ယူႏိုင္တဲ့ပြဲမွာ ဘယ္လ္ဂ်ီယမ္အတြက္ လူစားဝင္ကစားသမားအျဖစ္ ၁ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးၿပီး ဒဏ္ရာက ျပန္လာလာခ်င္း သူ႔ရဲ႕ တန္ဖိုးကို သက္ေသျပၿပီး သူရဲေကာင္းအျဖစ္ ေအာင္ပြဲခံသြားခဲ့သလို ဒီေန႔ပြဲမွာလည္း လတ္ဆတ္သစ္လြင္လြန္းတဲ့ ေဘာလုံးေပးပို႔မႈေတြနဲ႔ ဖင္လန္ခံစစ္ကို ႏွိပ္စက္သြားခဲ့ခ်ိန္မွာ လူကာကူးအတြက္ ၂ ဂိုးဖန္တီးေပးခဲ့ၿပီး ၁ ဂိုးက လူကြၽံေဘာျဖစ္ခဲ့ရပါတယ္။

ေ႐ႊေရာင္မ်ိဳးဆက္အတြက္ ေနာက္ဆုံးမိနစ္
ဘယ္လ္ဂ်ီယံရဲ႕ ေ႐ႊေရာင္မ်ိဳးဆက္အသင္းဟာ ၂၀၁၄ မွာ ကမာၻ႔စင္ျမင့္ကို တက္လာခဲ့တယ္။ ေနရာစုံမွာ ကမာၻ႔အဆင့္ကစားသမား ၂ ဦးစီေလာက္ကို ပိုဆိုင္ထားတဲ့ ေတာင့္တင္းလွတဲ့ လူစာရင္းမွာ ၂၀၁၄ ကမာၻ႔ဖလားမွာ အာဂ်င္တီးနားကို ရႉံးၿပီး ကြာတားျပဳတ္ခဲ့ရသလို ၂၀၁၆ ယူ႐ိုမွာ ေဝးလ္စ္ကို အမွတ္မထင္ အေရးနိမ့္ၿပီး ကြာတားထပ္ျပဳတ္ခဲ့ရတယ္။

၂၀၁၈ ကမာၻ႔ဖလားမွာေတာ့ ဘရာဇီးလ္ကို ျဖဳတ္ခ်ႏိုင္ခဲ့ေပမယ့္ ဆီမီးမွာ ျပင္သစ္ကို အေရးနိမ့္ၿပီး ေၾကးတံဆိပ္ဆုနဲ႔ ေက်နပ္ခဲ့ရျပန္ပါတယ္။ တကယ္ေတာ့ အသက္ ၃၀ တန္းထဲ ေရာက္လာတဲ့ ဒီဘ႐ိုင္းနား၊ လူကာကူး၊ ဟာဇက္တို႔ ေ႐ႊေရာင္မ်ိဳးဆက္အတြက္ ဒီႏွစ္ယူ႐ိုက ေနာက္ဆုံးမိနစ္လို႔ ဆိုႏိုင္ခ်ိန္မွာ ျပင္သစ္နဲ႔ ထပ္တူ ယူ႐ိုဘုရင္အျဖစ္ ေရပန္းစားလာခဲ့တာက နည္းျပမာတီနက္ဇ္ကို အားပါးတရျဖစ္ေစခဲ့ပါတယ္။

႐ုရွား ၁-၄ ဒိန္းမတ္

ထင္မွတ္မထားတဲ့ ဒိန္းမတ္ကံၾကမၼာ
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အခ်ိဳးအေကြ႕အမ်ားဆုံးကို ႀကဳံခဲ့ရတာက ဒိန္းမတ့အသင္းပါ။ ယူ႐ိုအုပ္စု B အဖြင့္မွာပဲ အားအကိုးရဆုံးနဲ႔ နာမည္အႀကီးဆုံးကစားသမား ခရစၥတီယန္ အဲရစ္ဆင္ ႏွလုံးေရာဂါနဲ႔ လဲက်သြားခဲ့ၿပီး အဲဒီပြဲကို UEFA က မျဖစ္မေန ဆက္ကစားခိုင္းၿပီး အက်ပ္ကိုင္ခဲ့တယ္လို႔ သတင္းထြက္ေပၚခဲရာမွာ ဖင္လန္ကို အေရးနိမ့္ခဲ့ရတယ္။

ဘယ္လ္ဂ်ီယမ္နဲ႔ ပြဲစဥ္မွာ ပြဲအစ ၂ မိနစ္ကတည္းက ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒီဘ႐ိုင္းနားရဲ႕ အစြမ္းေၾကာင့္ ၂ ဂိုး ၁ ဂိုး နဲ႔ လက္ေျမႇာက္ခဲ့ရျပန္ၿပီး အားလုံးက ဒိန္းမတ္ကို ဝမ္းနည္းစြာနဲ႔ ႏႈတ္ဆက္ရၿပီလို႔ ထင္မွတ္ခဲၾကတာပါ။ ၿပီးခဲ့တဲ့ညက ပြဲစဥ္မွာေတာ့ သက္ၾကားအို ႐ုရွားအသင္းကို ၄ ဂိုး ၁ ဂိုးနဲ႔ ဂိုးျပတ္တီးၿပီး အတက္အက်မ်ားလြန္းတဲ့ ယူ႐ိုခရီးၾကမ္းကေန ေနာက္တဆင့္ကို မထင္မွတ္ဘဲ တက္ေရာက္သြားႏိုင္ခဲ့ကာ ေဝးလ္စ္နဲ႔ ေတြ႕ဆုံရာမွာ ဒိန္းမတ္တို႔ ဘယ္အထိခရီးဆက္ႏိုင္မလဲဆိုတာက စိတ္ဝင္စားစရာပါ။

အိမ္က်ယ္ ႐ုရွား နာလန္မထူႏိုင္ခဲ့
၂၀၁၈ ကမာၻ႔ဖလားကို ႐ုရွားေျမမွာ က်င္းပခဲ့စဥ္က ေျခစြညလြန္းခဲ့တဲ့ နည္းျပ ခ်ာခ်ီေဆာ့ဗ္ရဲ႕အသင္းက ယူ႐ို ၂၀၂၀ မွာေတာ့ အုပ္စုတြင္း ႏိုင္ပြဲတပြဲသာရၿပီး ေရေႁမြသာသာအဆင့္သာ ရွိသလို အ႐ြယ္လြန္ သက္က်ားအိုေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ခံစစ္ပိုင္းကလည္း ဒိန္းမတ္ရဲ႕ ျမန္ဆန္ျပင္းထန္တဲ့ တိုက္စစ္ပိုင္းကို ယွဥ္ကစားဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ ၄ ဂိုး ၁ ဂိုးနဲ႔ ဂိုးျပတ္ရႉံးၿပီး အိမ္လွည့္ျပန္ရဖို႔ နီးစပ္သြားတာကို ေတြ႕ရပါတယ္။

အဲရစ္ဆင္အတြက္ ခ်စ္ျခင္းအားျဖင့္
အမွတ္တရအျဖစ္ရဆုံးနဲ႔ ဝမ္းသာဝမ္းနည္းခံစားခ်က္ေတြနဲ႔အတူ အသက္ေဘးကေန လြတ္လာခဲ့တဲ့ အဲရစ္ဆင္အတြက္ ဒိန္းမတ္တႏိုင္ငံလုံးက ခ်စ္ျခင္းအားျဖင့္ ေမတၱာပို႔သမႈအျပင္ အထိမ္းအမွတ္လက္ေဆာင္အျဖစ္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ျခင္းအျဖစ္ အဲရစ္ဆင္ကိုယ္တိုင္လည္း ပီတိျဖစ္ၿပီး မ်က္ရည္လည္စရာ ေပ်ာ္႐ႊင္မႈတခုကို ပိုင္ဆိုင္သြားႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.