International Match Report

၁၆ပွဲ ရှုံးပွဲမရှိ စံချိန်နဲ့ ကိုပါအမေရိက ကွာတားဖိုင်နယ်ကို တက်ရောက်သွားတဲ့ အာဂျင်တီးနား

ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်နေတဲ့ အာဂျင်တီးနားအသင်းဟာ ဒီနေ့မနက်က ကစားတဲ့ ပါရာဂွေးအသင်းနဲ့ ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ရမှတ် ၇ မှတ်နဲ့အတူ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ မာရှေရာနိုရဲ့ လက်ရွေးစင် ၁၄၇ ပွဲကစားထားတဲ့ စံချိန်ကိုလည်း လိုက်မီသွားခဲ့တာပါ။

အုပ်စု A က အာဂျင်တီးနားအသင်းဟာ ၃ ပွဲကစား၊ ရ မှတ် ၇ မှတ်နဲ့အတူ အဆင့် ၁ အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ချီလီအသင်းကို ၂ မှတ်ဖြတ်၊ ပါရာဂွေးအသင်းကို ၄ မှတ်ဖြတ်၊ ဥရုဂွေးအသင်းကို ၆ မှတ်ဖြတ်ကာ အုပ်စုကနေ လွတ်လွတ်ကျွတ်ကျွတ် တက်သွားနိုင်ခဲ့တယ်။

ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စုပတ်လည် ၅ သင်းကစားရာမှာ တသင်းသာပြုတ်မှာဖြစ်ပြီး ရမှတ်သုညနဲ့ ဘိုလီဗီယားကတော့ အိမ်ပြန်ရဖို့ စာရင်းပေါက်သွားခဲ့ပြီး ကျန်လေးသင်းကတော့ ကွာတားဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ဖို့ သေချာသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဂျင်တီးနားအသင်းလူစာရင်းမှာ မက်ဆီ၊ ဒီမာရီယာ၊ အဂွယ်ရိုနဲ့ ပါပူး ဂိုးမက်ဇ်တို့ အတွဲက တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာ အိန်ဂျယ် ဒီမာရီယာ ပင်နယ်တီဧရိယာထဲ ခင်းပေးတဲ့ဘောလုံးကို ပါပူး ဂိုးမက်ဇ်က ရှေ့ထွက်လာတဲ့ ပါရာဂွေးဂိုးသမားအပေါ်ကနေ အသာအယာမပြီး ကျင်ကျင်လည်လည် ကန်သွင်းယူသွားခဲ့တာပါ။

ကိုပါအမေရိကဖလားကို ရယူချိန်တန်ပြီလို့ ကြုံးဝါးထားတဲ့ မက်ဆီရဲ့ ခြေစွမ်းက တကယ့်လက်တွေ့မှာလည်း မာထန်လွန်းပြီး အရှိန်မြင့်မြင့်နဲ့ သွက်သွက်လက်လက် တင်ကစားသွားခဲ့သလို စူးစိုက်မှုနဲ့ ကစားနေမှန်း ထင်ထင်ရှားရှားမြင်ခဲ့ရပြီး ပါရာဂွေးခံစစ်တဝန်းလုံးကို အလုပ်ရှုပ်စေခဲ့တယ်။

ဒုတိယပိုင်းမှာလည်း မက်ဆီရဲ့ခြေစွမ်းက ကျမသွားခဲ့ဘဲ အာဂျင်တီးနားအနေနဲ့ တလုံးတည်းသောဂိုးနဲ့သာ ပွဲသိမ်းပြီး အနိုင်ပိုင်းခဲ့သလို ပါရာဂွေးအသင်းအတွက်လည်း ကိုပါအမေရိကဖလားမှာ အာဂျင်တီးနားအသင်းကို ပွဲချိန်မိနစ် ၉၀ အတွင်း အနိုင်မရခဲ့တာ ၂၅ ပွဲအထိ ရှိသွားခဲ့တာပါ။

” အိန်ဂျယ်ခင်းပေးလိုက်တဲ့ ဘောလုံး သိပ်ကောင်းတယ်ဗျာ။ ကျွန်တော်အနေနဲ့ ဘောလုံးကို အသာလေး အောက်ကမပြီး ဂိုးထဲ ကန်သွင်းထည့်လိုက်ရုံပဲဗျ” လို့ အနိုင်ဂိုးရှင်ဖြစ်တဲ့ ဆီဗီလားတိုက်စစ်မှူး ပါပူး ဂိုးမက်ဇ်က ဒီမာရီယာကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါသေးတယ်။

ဘာစီလိုနာတိုက်စစ်မှူးသစ် ဆာဂျီယို အဂွယ်ရိုအတွက်တော့ ဒီနေ့ပွဲဟာ ၂၀၁၉ နိုဝင်ဘာနောက်ပိုင်း ပထမဆုံးပြန်ကစားတဲ့ လက်ရွေးစင်ပွဲစဉ်ဖြစ်လာခဲ့ပြီး ဒီမာရီယာနဲ့ မက်ဆီတို့ ခြေစွမ်းတောက်ပနေချိန်မှာ သူက သာမန်ခြေစွမ်းအောက် ရောက်နေပြီး ဒုတိယပိုင်းမှာလည်း လူစားလဲခံခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ပထမဆုံး နိုင်ငံတကာဆုဖလား အောင်မြင်မှုကို မွတ်သိပ်ဆာလောင်နေတဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ဒီနိုင်ပွဲအပြီးမှတော့ ချီလီအသင်းကို ဖိုင်နယ်မှာ ၂ ကြိမ်ဆက် ရှူံးနိမ့်ထားတဲ့ ကိုပါအမေရိကဖလားအိပ်မက်ဆိုးကို ချေဖျက်သွားနိုင်ပြီး မက်ဆီရဲ့ အကြီးမားဆုံး အိပ်မက်ဆီ အရောက်လှမ်းသွားနိုင်မှာလား ဆိုတာကတော့…..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ကိုပါအေမရိကဖလား ၿပိဳင္ပြဲဝင္ေနတဲ့ အာဂ်င္တီးနားအသင္းဟာ ဒီေန႔မနက္က ကစားတဲ့ ပါရာေဂြးအသင္းနဲ႔ ပြဲစဥ္မွာ ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး ရမွတ္ ၇ မွတ္နဲ႔အတူ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ မာေရွရာႏိုရဲ႕ လက္ေ႐ြးစင္ ၁၄၇ ပြဲကစားထားတဲ့ စံခ်ိန္ကိုလည္း လိုက္မီသြားခဲ့တာပါ။

အုပ္စု A က အာဂ်င္တီးနားအသင္းဟာ ၃ ပြဲကစား၊ ရ မွတ္ ၇ မွတ္နဲ႔အတူ အဆင့္ ၁ အျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး ခ်ီလီအသင္းကို ၂ မွတ္ျဖတ္၊ ပါရာေဂြးအသင္းကို ၄ မွတ္ျဖတ္၊ ဥ႐ုေဂြးအသင္းကို ၆ မွတ္ျဖတ္ကာ အုပ္စုကေန လြတ္လြတ္ကြၽတ္ကြၽတ္ တက္သြားႏိုင္ခဲ့တယ္။

ၿပိဳင္ပြဲစည္းမ်ဥ္းအရ အုပ္စုပတ္လည္ ၅ သင္းကစားရာမွာ တသင္းသာျပဳတ္မွာျဖစ္ၿပီး ရမွတ္သုညနဲ႔ ဘိုလီဗီယားကေတာ့ အိမ္ျပန္ရဖို႔ စာရင္းေပါက္သြားခဲ့ၿပီး က်န္ေလးသင္းကေတာ့ ကြာတားဖိုင္နယ္အဆင့္ကို ယွဥ္ၿပိဳင္ဖို႔ ေသခ်ာသြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ အာဂ်င္တီးနားအသင္းလူစာရင္းမွာ မက္ဆီ၊ ဒီမာရီယာ၊ အဂြယ္႐ိုနဲ႔ ပါပူး ဂိုးမက္ဇ္တို႔ အတြဲက တိုက္စစ္ကို ဦးေဆာင္လာခဲ့ၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာ အိန္ဂ်ယ္ ဒီမာရီယာ ပင္နယ္တီဧရိယာထဲ ခင္းေပးတဲ့ေဘာလုံးကို ပါပူး ဂိုးမက္ဇ္က ေရွ႕ထြက္လာတဲ့ ပါရာေဂြးဂိုးသမားအေပၚကေန အသာအယာမၿပီး က်င္က်င္လည္လည္ ကန္သြင္းယူသြားခဲ့တာပါ။

ကိုပါအေမရိကဖလားကို ရယူခ်ိန္တန္ၿပီလို႔ ႀကဳံးဝါးထားတဲ့ မက္ဆီရဲ႕ ေျခစြမ္းက တကယ့္လက္ေတြ႕မွာလည္း မာထန္လြန္းၿပီး အရွိန္ျမင့္ျမင့္နဲ႔ သြက္သြက္လက္လက္ တင္ကစားသြားခဲ့သလို စူးစိုက္မႈနဲ႔ ကစားေနမွန္း ထင္ထင္ရွားရွားျမင္ခဲ့ရၿပီး ပါရာေဂြးခံစစ္တဝန္းလုံးကို အလုပ္ရႈပ္ေစခဲ့တယ္။

ဒုတိယပိုင္းမွာလည္း မက္ဆီရဲ႕ေျခစြမ္းက က်မသြားခဲ့ဘဲ အာဂ်င္တီးနားအေနနဲ႔ တလုံးတည္းေသာဂိုးနဲ႔သာ ပြဲသိမ္းၿပီး အႏိုင္ပိုင္းခဲ့သလို ပါရာေဂြးအသင္းအတြက္လည္း ကိုပါအေမရိကဖလားမွာ အာဂ်င္တီးနားအသင္းကို ပြဲခ်ိန္မိနစ္ ၉၀ အတြင္း အႏိုင္မရခဲ့တာ ၂၅ ပြဲအထိ ရွိသြားခဲ့တာပါ။

” အိန္ဂ်ယ္ခင္းေပးလိုက္တဲ့ ေဘာလုံး သိပ္ေကာင္းတယ္ဗ်ာ။ ကြၽန္ေတာ္အေနနဲ႔ ေဘာလုံးကို အသာေလး ေအာက္ကမၿပီး ဂိုးထဲ ကန္သြင္းထည့္လိုက္႐ုံပဲဗ်” လို႔ အႏိုင္ဂိုးရွင္ျဖစ္တဲ့ ဆီဗီလားတိုက္စစ္မႉး ပါပူး ဂိုးမက္ဇ္က ဒီမာရီယာကို ပြဲအၿပီးမွာ ခ်ီးက်ဴးသြားခဲ့ပါေသးတယ္။

ဘာစီလိုနာတိုက္စစ္မႉးသစ္ ဆာဂ်ီယို အဂြယ္႐ိုအတြက္ေတာ့ ဒီေန႔ပြဲဟာ ၂၀၁၉ ႏိုဝင္ဘာေနာက္ပိုင္း ပထမဆုံးျပန္ကစားတဲ့ လက္ေ႐ြးစင္ပြဲစဥ္ျဖစ္လာခဲ့ၿပီး ဒီမာရီယာနဲ႔ မက္ဆီတို႔ ေျခစြမ္းေတာက္ပေနခ်ိန္မွာ သူက သာမန္ေျခစြမ္းေအာက္ ေရာက္ေနၿပီး ဒုတိယပိုင္းမွာလည္း လူစားလဲခံခဲ့ရပါတယ္။

အာဂ်င္တီးနားအသင္းနဲ႔ ပထမဆုံး ႏိုင္ငံတကာဆုဖလား ေအာင္ျမင္မႈကို မြတ္သိပ္ဆာေလာင္ေနတဲ့ အသင္းေခါင္းေဆာင္ မက္ဆီဟာ ဒီႏိုင္ပြဲအၿပီးမွေတာ့ ခ်ီလီအသင္းကို ဖိုင္နယ္မွာ ၂ ႀကိမ္ဆက္ ရႉံးနိမ့္ထားတဲ့ ကိုပါအေမရိကဖလားအိပ္မက္ဆိုးကို ေခ်ဖ်က္သြားႏိုင္ၿပီး မက္ဆီရဲ႕ အႀကီးမားဆုံး အိပ္မက္ဆီ အေရာက္လွမ္းသြားႏိုင္မွာလား ဆိုတာကေတာ့…..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.