La Liga Premier League Transfer News

ကမ္ဘာတစ်ဝန်းက မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ ဒေါသကို ဆွလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကမ္ဘာတစ်ဝန်းက မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို ဒေါသထွက်စေမယ့် လုပ်ရပ်ကို ကျူးလွန်လိုက်ပြီး နွေရာသီအပြောင်းအရွှေ့တွေအတွက် ဆွေးနွေးမှုမှာ မတူမတန်သလိုမျိုး ဗီဒီယိုထဲက လူမိုက်ဆန်ဆန် အပြုအမူတွေကို ဖလော်ရင်တီနို ပီရက်ဇ်တို့ အုပ်စုဘက်က ကျူးလွန်လိုက်တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို၊ နည်းပြ ဇီနီဒန်း ဇီဒန်း၊ နောက်ခံလူဆာဂျီယို ရာမို့စ်တို့ကို Original Gangster ဆန်ဆန် အပြုအမူတွေနဲ့ ဘာနေဗျူးကနေ ရှင်းထုတ်ထားခဲ့တဲ့ ပီရက်ဇ်ဟာ သူ့စိတ်ဆန္ဒတစ်ခုတည်းကိုပဲ သိပြီး ဘောလုံးလောကနဲ့ ဈေးကွက်ကို နားမလည်၊ ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ ပြင်သစ်သားနှစ်ဦးရဲ့ ဖြစ်နိုင်ဖွယ် အလဲအထပ် အဆိုပြုမှုတွေမှာ ချေမိုးနေခဲ့တာလည်းဖြစ်ပါတယ်။

ဘာနေဗျူးမှာ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် အိုးလ်ထရက်ဖို့ဒ်မှာ တူညီတဲ့ စာချုပ်တစ်နှစ်ကျန် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို တိုက်ရိုက်လဲလှယ်ဖို့ အဆိုပြုလာမှုတွေမှာ လက်ခံဖို့ မရှိဘဲ သူ့လူအတွက် ပေါင်သန်း ၈၀ လို့ မဖြစ်နိုင်တဲ့ ဈေးနှုန်းကို တောင်းဆိုသွားခဲ့တာပါ။

ပေါ့ဘာလို အသင်းတစ်သင်းကို ဦးဆောင်ကစားနိုင်တဲ့ ကွင်းလယ်လူကတောင် တစ်နှစ်အကျန်မှာ ပေါင်သန်း ၈၀ မတန်ချိန်မှာ အသင်းတစ်သင်းရဲ့ နောက်တန်းကို ဦးဆောင်ကစားဖူးခြင်း မရှိသေးဘဲ မန်ချက်စတာယူနိုက်တက်ကို ရောက်လာရင်တောင် ဟာရီ မက်ဂွိုင်းယားရဲ့ လက်ထောက်အဖြစ် နေရာယူရမယ့် ဗာရွန်းအတွက် ဒီဈေးနှုန်းကို ထုတ်ဖော်လိုက်တာက စိတ်ပျက်စရာ သွေးနားထင်ရောက်မှုလည်းဖြစ်ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ ပေါ့ဘာကို လက်လွှတ်ချင်လွန်းလို့ မဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းထားရင် တစ်ပတ်လုပ်ခ ပေါင်လေးသိန်းကျော် ပေးပြီး မျက်နှာကျောမတည်တဲ့ အေးဂျင့် မီနို ရိုင်ယိုလာနဲ့ ညှိနှိုင်းရဦးမယ့် အခြေအနေတွေကို ရှောင်လွှဲချင်လို့ Win Win Situation များဖြစ်မလားလို့ တီးခေါက်ကြည့်ခဲ့ချိန်မှာ ရီးရဲလ်ရဲ့ တစ်နှစ်လုပ်ခ ပေါင် ၇.၂ သန်းသာ ရရှိတဲ့ နောက်ခံလူက ပေါင်သန်း ၈၀ တန်မလားဆိုတာကတော့ ဟားတိုက်ချင်စရာလည်းဖြစ်နေခဲ့တာပါ။

ပီရက်ဇ်ရဲ့ နားမလည်မှုကတော့ တော်တော်လေး ဆိုးရွားနေခဲ့ပြီး ဗာရွန်းကသာ ဆန္ဒရှိရင် အသက် ၂၈ နှစ်ပြည့်ပြီးသူ ကစားသမားတစ်ဦးအနေနဲ့ သူ့ရဲ့ လက်ကျန်စာချုပ်ကို နောက်ဆုံးသက်တမ်းတိုးချိန်ကနေ သုံးနှစ်အကြာမှာ ဝယ်ယူခွင့်ရှိတဲ့ Webster Ruling ဆိုတာကိုပါ မသိတာလားလို့ မေးစရာဖြစ်ခဲ့ပြီး ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့တာလည်းဖြစ်ပါတယ်။

တကယ်တမ်းမှာ ယူနိုက်တက်နဲ့ ဗာရွန်းတို့ ပူးပေါင်းနိုင်ခဲ့မယ်ဆိုရင် ဒီကစားသမားကို ပေါင် ၇.၂ သန်းတည်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ကနေ ၁၀ နှစ်ကြာအောင် ကစားလာခဲ့တဲ့ ပြင်သစ်နောက်ခံလူအနေနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ဆိုထားတဲ့အချိန်မှာ ဒီထက်ပိုပြီး အမုန်းမခံချင်တော့လို့သာ ရီးရဲလ်နဲ့ ပီရက်ဇ်တို့ လူရယ်စရာဖြစ်ဖို့ နောက်ဆုံးအဆင့်ကို မရောက်သေးတာပဲဖြစ်တယ်လို့ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ကမာၻတစ္ဝန္းက မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကို ေဒါသထြက္ေစမယ့္ လုပ္ရပ္ကို က်ဴးလြန္လိုက္ၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕ေတြအတြက္ ေဆြးေႏြးမႈမွာ မတူမတန္သလိုမ်ိဳး ဗီဒီယိုထဲက လူမိုက္ဆန္ဆန္ အျပဳအမူေတြကို ဖေလာ္ရင္တီႏို ပီရက္ဇ္တို႔ အုပ္စုဘက္က က်ဴးလြန္လိုက္တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ နည္းျပ ဇီနီဒန္း ဇီဒန္း၊ ေနာက္ခံလူဆာဂ်ီယို ရာမို႔စ္တို႔ကို Original Gangster ဆန္ဆန္ အျပဳအမူေတြနဲ႔ ဘာေနဗ်ဴးကေန ရွင္းထုတ္ထားခဲ့တဲ့ ပီရက္ဇ္ဟာ သူ႔စိတ္ဆႏၵတစ္ခုတည္းကိုပဲ သိၿပီး ေဘာလုံးေလာကနဲ႔ ေဈးကြက္ကို နားမလည္၊ ဂ႐ုမစိုက္တဲ့ ပုံစံမ်ိဳးနဲ႔ ျပင္သစ္သားႏွစ္ဦးရဲ႕ ျဖစ္ႏိုင္ဖြယ္ အလဲအထပ္ အဆိုျပဳမႈေတြမွာ ေခ်မိုးေနခဲ့တာလည္းျဖစ္ပါတယ္။

ဘာေနဗ်ဴးမွာ စာခ်ဳပ္တစ္ႏွစ္သာ က်န္ေတာ့တဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ အိုးလ္ထရက္ဖို႔ဒ္မွာ တူညီတဲ့ စာခ်ဳပ္တစ္ႏွစ္က်န္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို တိုက္႐ိုက္လဲလွယ္ဖို႔ အဆိုျပဳလာမႈေတြမွာ လက္ခံဖို႔ မရွိဘဲ သူ႔လူအတြက္ ေပါင္သန္း ၈၀ လို႔ မျဖစ္ႏိုင္တဲ့ ေဈးႏႈန္းကို ေတာင္းဆိုသြားခဲ့တာပါ။

ေပါ့ဘာလို အသင္းတစ္သင္းကို ဦးေဆာင္ကစားႏိုင္တဲ့ ကြင္းလယ္လူကေတာင္ တစ္ႏွစ္အက်န္မွာ ေပါင္သန္း ၈၀ မတန္ခ်ိန္မွာ အသင္းတစ္သင္းရဲ႕ ေနာက္တန္းကို ဦးေဆာင္ကစားဖူးျခင္း မရွိေသးဘဲ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္လာရင္ေတာင္ ဟာရီ မက္ဂြိဳင္းယားရဲ႕ လက္ေထာက္အျဖစ္ ေနရာယူရမယ့္ ဗာ႐ြန္းအတြက္ ဒီေဈးႏႈန္းကို ထုတ္ေဖာ္လိုက္တာက စိတ္ပ်က္စရာ ေသြးနားထင္ေရာက္မႈလည္းျဖစ္ပါတယ္။

ယူႏိုက္တက္တို႔အေနနဲ႔ ေပါ့ဘာကို လက္လႊတ္ခ်င္လြန္းလို႔ မဟုတ္ဘဲ ဆက္လက္ထိန္းသိမ္းထားရင္ တစ္ပတ္လုပ္ခ ေပါင္ေလးသိန္းေက်ာ္ ေပးၿပီး မ်က္ႏွာေက်ာမတည္တဲ့ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာနဲ႔ ညႇိႏႈိင္းရဦးမယ့္ အေျခအေနေတြကို ေရွာင္လႊဲခ်င္လို႔ Win Win Situation မ်ားျဖစ္မလားလို႔ တီးေခါက္ၾကည့္ခဲ့ခ်ိန္မွာ ရီးရဲလ္ရဲ႕ တစ္ႏွစ္လုပ္ခ ေပါင္ ၇.၂ သန္းသာ ရရွိတဲ့ ေနာက္ခံလူက ေပါင္သန္း ၈၀ တန္မလားဆိုတာကေတာ့ ဟားတိုက္ခ်င္စရာလည္းျဖစ္ေနခဲ့တာပါ။

ပီရက္ဇ္ရဲ႕ နားမလည္မႈကေတာ့ ေတာ္ေတာ္ေလး ဆိုး႐ြားေနခဲ့ၿပီး ဗာ႐ြန္းကသာ ဆႏၵရွိရင္ အသက္ ၂၈ ႏွစ္ျပည့္ၿပီးသူ ကစားသမားတစ္ဦးအေနနဲ႔ သူ႔ရဲ႕ လက္က်န္စာခ်ဳပ္ကို ေနာက္ဆုံးသက္တမ္းတိုးခ်ိန္ကေန သုံးႏွစ္အၾကာမွာ ဝယ္ယူခြင့္ရွိတဲ့ Webster Ruling ဆိုတာကိုပါ မသိတာလားလို႔ ေမးစရာျဖစ္ခဲ့ၿပီး ယူႏိုက္တက္တာဝန္ရွိသူေတြနဲ႔ ပရိသတ္ေတြကို ေဒါသထြက္ေစခဲ့တာလည္းျဖစ္ပါတယ္။

တကယ္တမ္းမွာ ယူႏိုက္တက္နဲ႔ ဗာ႐ြန္းတို႔ ပူးေပါင္းႏိုင္ခဲ့မယ္ဆိုရင္ ဒီကစားသမားကို ေပါင္ ၇.၂ သန္းတည္းနဲ႔ ေခၚယူႏိုင္မွာျဖစ္ၿပီး အသက္ ၁၈ ႏွစ္အ႐ြယ္ကေန ၁၀ ႏွစ္ၾကာေအာင္ ကစားလာခဲ့တဲ့ ျပင္သစ္ေနာက္ခံလူအေနနဲ႔ စာခ်ဳပ္သက္တမ္းမတိုးေတာ့ဘူးလို႔ ဆိုထားတဲ့အခ်ိန္မွာ ဒီထက္ပိုၿပီး အမုန္းမခံခ်င္ေတာ့လို႔သာ ရီးရဲလ္နဲ႔ ပီရက္ဇ္တို႔ လူရယ္စရာျဖစ္ဖို႔ ေနာက္ဆုံးအဆင့္ကို မေရာက္ေသးတာပဲျဖစ္တယ္လို႔ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.