Premier League Transfer News

အင်္ဂါနေ့ ညနေခင်း နောက်ဆုံးရ လီဗာပူးလ် အပြောင်းအရွှေ့သတင်းများ

– လီဗာပူးလ်အသင်းဟာ ဝေးလ်စ်အသင်းနဲ့ ပူးပေါင်းနေတဲ့ ညာနောက်ခံလူ နီကို ဝီလီယမ်းစ်ကို ယူရိုပြိုင်ပွဲကြီးအပြီးမှာ အသင်းကနေ ထွက်ခွာခွင့်ပြုတော့မယ်လို့ သိရပြီး ထရန့် အလက်ဇန်းဒါး အာနိုးလ်ရဲ့နောက်မှာ နေရာပျောက်နေတဲ့ အသက် ၂၀ နှစ်သားကို ဆောက်သမ်တန်၊ လိဒ်စ်ယူနိုက်တက်၊ လက်စတာနဲ့ ဝက်စ်ဟမ်းတို့က ကမ်းလှမ်းထား။

– အီတလီလက်ရွေးစင်အသင်းရဲ့ တိုက်စစ်တန်း ၃ ဦးရဲ့ ညာခြမ်းနေရာမှာ ကစားပြီး ပြိုင်ဘက်ကို ဒုက္ခအကြီးအကျယ်ပေးနိုင်လို့ သဘောကျခြင်းခံနေရတဲ့ ဒိုမီနီကို ဘယ်ရာဒီကို နည်းပြယာဂင် ကလော့ပ်အပြင် စပါးစ်အသင်းကပါ မျက်စိကျလာခဲ့ပြီလို့ သိရပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ဈေးဖွင့်ခံထားရပြီဖြစ်။

– ပြီးခဲ့တဲ့နွေက အိုလံပီယာကို့စ်အသင်းကနေ ပေါင် ၁၂ သန်းနဲ့ ဝယ်ယူထားတဲ့ ကော့စ်တတ်စ် ဆီမီကတ်စ်ဟာ ပုံမှန်ခြေစွမ်းပြသနေတဲ့ အန်ဒီ ရော်ဘတ်ဆန်ကြောင့် လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့ဖွယ်ရှိနေပြီး နာပိုလီအသင်းက သူ့ကို အငှားခေါ်ယူသွားမယ်လို့ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့။

– The Athletic သတင်းရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းရဲ့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၇၀ တန် လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ထက် မိုချန်ဂလာဘတ်ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ်ကို ခေါယူနိုင်ဖို့က လက်တွေ့ပိုဖြစ်နိုင်ခြေရှိနေတယ်လို့ သိရပြီး ဈေးသင့်တဲ့ တနိုင်ငံတည်းသား ဂျာမန်သားကိုသာ နည်းပြယာဂင် ကလော့ပ်အနေနဲ့ ပိုပြီးအလိုရှိနေ။

– လီဗာပူးလ်အသင်းဟာ စပါတာပရာ့ဂ်အသင်းရဲ့ ချက်ဆယ်ကျော်သက်တိုက်စစ်မှူး အဒမ် ဟလိုးဂျက်ကို ခေါ်ယူဖို့ စိတ်ဝင်တစား စောင့်ကြည်နေပြီး ဗဟိုတိုက်စစ်မှုးအဖြစ်ရော တောင်ပံမှာပါ ထွက်ကစားနိုင်တဲ့ စွယ်စုံရ ၁၈ နှစ်သားလေးကို ဝက်စ်ဟမ်းအသင်းရဲ့ စက်ကွင်းထဲက ပေါင်သန်း ၂၀ နဲ့ ဖြတ်လုသွားဖွယ်ရှိနေ။

– အာဂျင်တီးနားဗဟိုခံစစ်မှုး ခရစ္စတီယန် ရိုမဲရိုအတွက် လီဗာပူးလ်အသင်းအနေနဲ့ စပါးစ်အသင်းနဲ့ အပြိုင်ဖိုက်ရတော့မှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ကပါ မျက်စိကျနေတဲ့ ဇလာတန် အီဘရာဟီမိုဗစ်ချ်ကို လှုပ်မရအောင် ထိန်းချုပ်ပြခဲ့လို့ နာမည်ကြီးလာတဲ့ ဂျုဗင်တပ်စ်ကစားသမားကို ပေါင် ၄၃ သန်းနဲ့ အမြန်ဆုံး ကမ်းလှမ်းသွားမယ်လို့ သိရ။

– လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယို မာနေးဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆီနီဂေါနိုင်ငံ၊ ဘမ်ဘလီမြို့က ဇာတိရွာလေးမှာ ဆေးရုံဆောက်လုပ်လှူဒါန်းတဲ့ ပရောဂျက်ဟာ ပြီးစီးအောင်မြင်ခဲ့ပြီလို့ သိရပြီး ဆီနီဂေါနိုင်ငံသမ္မတကပါ ဆေးရုံသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့သလို ခေတ်မီဆေးရုံသစ်ကြီးအတွက် ဂါနာဆီဒီငွေ ၃.၄ သန်း ကုန်ကျခဲ့။

– လီဗာပူးလ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ တိုက်စစ်မှူးချင်း ဒဲ့လဲသွားဖို့ စီစဉ်နေကြောင်း သိရပြီး မိုဆာလားနဲ့ တွဲကစားဖို့ စိတ်ကုန်နေကာ အန်ဖီးလ်က ထွက်ခွာလိုနေတဲ့ ဆာဒီယို မာနေးနဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဘာနေဗျူးမှာ ခြေစွမ်းပျောက်ဆုံးသွားတဲ့ မားကို့စ် အဆန်စီယိုတို့ကို တိုက်ရိုက်အလဲအထပ်လုပ်ဖို့ အသင်းနှစ်သင်းကြား ခေါင်းချင်းရိုက်ဆွေးနွေးနေ။

– ဖင်လန်အသင်းကို ၂ ဂိုးပြတ်နိုင်တဲ့ပွဲမှာ အထူးခြေစွမ်းပြသွားတဲ့ ဘယ်လ်ဂျီယမ်တောင်ပံကစားသမား ဂျရေမီ ဒိုကူဟာ ‘မာနေးလက်သစ်’အဖြစ် ရှုမြင်ခံထားရပြီး ရင်းနေးအသင်းက ၁၉ နှစ်သားလေးကို အန်ဖီးလ်ဆီ အမြန်ဆုံး ခေါ်ယူသွားဖို့ နည်းပြ ယာဂင် ကလော့ပ် တိုက်တွန်းခံထားရချိန်မှာ လီဗာပူးလ်အသင်းက သူ့ကို အနှေးနဲ့အမြန် ကမ်းလှမ်းလာလိမ့်လို့ ကစားသမားဘက်က အခိုင်အမာယုံကြည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းဟာ ေဝးလ္စ္အသင္းနဲ႔ ပူးေပါင္းေနတဲ့ ညာေနာက္ခံလူ နီကို ဝီလီယမ္းစ္ကို ယူ႐ိုၿပိဳင္ပြဲႀကီးအၿပီးမွာ အသင္းကေန ထြက္ခြာခြင့္ျပဳေတာ့မယ္လို႔ သိရၿပီး ထရန႔္ အလက္ဇန္းဒါး အာႏိုးလ္ရဲ႕ေနာက္မွာ ေနရာေပ်ာက္ေနတဲ့ အသက္ ၂၀ ႏွစ္သားကို ေဆာက္သမ္တန္၊ လိဒ္စ္ယူႏိုက္တက္၊ လက္စတာနဲ႔ ဝက္စ္ဟမ္းတို႔က ကမ္းလွမ္းထား။

– အီတလီလက္ေ႐ြးစင္အသင္းရဲ႕ တိုက္စစ္တန္း ၃ ဦးရဲ႕ ညာျခမ္းေနရာမွာ ကစားၿပီး ၿပိဳင္ဘက္ကို ဒုကၡအႀကီးအက်ယ္ေပးႏိုင္လို႔ သေဘာက်ျခင္းခံေနရတဲ့ ဒိုမီနီကို ဘယ္ရာဒီကို နည္းျပယာဂင္ ကေလာ့ပ္အျပင္ စပါးစ္အသင္းကပါ မ်က္စိက်လာခဲ့ၿပီလို႔ သိရၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ နဲ႔ ေဈးဖြင့္ခံထားရၿပီျဖစ္။

– ၿပီးခဲ့တဲ့ေႏြက အိုလံပီယာကို႔စ္အသင္းကေန ေပါင္ ၁၂ သန္းနဲ႔ ဝယ္ယူထားတဲ့ ေကာ့စ္တတ္စ္ ဆီမီကတ္စ္ဟာ ပုံမွန္ေျခစြမ္းျပသေနတဲ့ အန္ဒီ ေရာ္ဘတ္ဆန္ေၾကာင့္ လီဗာပူးလ္အသင္းကေန ေျပာင္းေ႐ႊ႕ဖြယ္ရွိေနၿပီး နာပိုလီအသင္းက သူ႔ကို အငွားေခၚယူသြားမယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့။

– The Athletic သတင္းရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းရဲ႕ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ေပါင္သန္း ၇၀ တန္ လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ထက္ မိုခ်န္ဂလာဘတ္ကြင္းလယ္လူ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ကို ေခါယူႏိုင္ဖို႔က လက္ေတြ႕ပိုျဖစ္ႏိုင္ေျခရွိေနတယ္လို႔ သိရၿပီး ေဈးသင့္တဲ့ တႏိုင္ငံတည္းသား ဂ်ာမန္သားကိုသာ နည္းျပယာဂင္ ကေလာ့ပ္အေနနဲ႔ ပိုၿပီးအလိုရွိေန။

– လီဗာပူးလ္အသင္းဟာ စပါတာပရာ့ဂ္အသင္းရဲ႕ ခ်က္ဆယ္ေက်ာ္သက္တိုက္စစ္မႉး အဒမ္ ဟလိုးဂ်က္ကို ေခၚယူဖို႔ စိတ္ဝင္တစား ေစာင့္ၾကည္ေနၿပီး ဗဟိုတိုက္စစ္မႈးအျဖစ္ေရာ ေတာင္ပံမွာပါ ထြက္ကစားႏိုင္တဲ့ စြယ္စုံရ ၁၈ ႏွစ္သားေလးကို ဝက္စ္ဟမ္းအသင္းရဲ႕ စက္ကြင္းထဲက ေပါင္သန္း ၂၀ နဲ႔ ျဖတ္လုသြားဖြယ္ရွိေန။

– အာဂ်င္တီးနားဗဟိုခံစစ္မႈး ခရစၥတီယန္ ႐ိုမဲ႐ိုအတြက္ လီဗာပူးလ္အသင္းအေနနဲ႔ စပါးစ္အသင္းနဲ႔ အၿပိဳင္ဖိုက္ရေတာ့မွာျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ဘာစီလိုနာအသင္းတို႔ကပါ မ်က္စိက်ေနတဲ့ ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ကို လႈပ္မရေအာင္ ထိန္းခ်ဳပ္ျပခဲ့လို႔ နာမည္ႀကီးလာတဲ့ ဂ်ဳဗင္တပ္စ္ကစားသမားကို ေပါင္ ၄၃ သန္းနဲ႔ အျမန္ဆုံး ကမ္းလွမ္းသြားမယ္လို႔ သိရ။

– လီဗာပူးလ္တိုက္စစ္မႉး ဆာဒီယို မာေနးဟာ သူ႔ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ဆီနီေဂါႏိုင္ငံ၊ ဘမ္ဘလီၿမိဳ႕က ဇာတိ႐ြာေလးမွာ ေဆး႐ုံေဆာက္လုပ္လႉဒါန္းတဲ့ ပေရာဂ်က္ဟာ ၿပီးစီးေအာင္ျမင္ခဲ့ၿပီလို႔ သိရၿပီး ဆီနီေဂါႏိုင္ငံသမၼတကပါ ေဆး႐ုံသစ္ဖြင့္ပြဲကို တက္ေရာက္ခဲ့သလို ေခတ္မီေဆး႐ုံသစ္ႀကီးအတြက္ ဂါနာဆီဒီ‌ေငြ ၃.၄ သန္း ကုန္က်ခဲ့။

– လီဗာပူးလ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ဟာ တိုက္စစ္မႉးခ်င္း ဒဲ့လဲသြားဖို႔ စီစဥ္ေနေၾကာင္း သိရၿပီး မိုဆာလားနဲ႔ တြဲကစားဖို႔ စိတ္ကုန္ေနကာ အန္ဖီးလ္က ထြက္ခြာလိုေနတဲ့ ဆာဒီယို မာေနးနဲ႔ ဒဏ္ရာျပႆနာေတြေၾကာင့္ ဘာေနဗ်ဴးမွာ ေျခစြမ္းေပ်ာက္ဆုံးသြားတဲ့ မားကို႔စ္ အဆန္စီယိုတို႔ကို တိုက္႐ိုက္အလဲအထပ္လုပ္ဖို႔ အသင္းႏွစ္သင္းၾကား ေခါင္းခ်င္း႐ိုက္ေဆြးေႏြးေန။

– ဖင္လန္အသင္းကို ၂ ဂိုးျပတ္ႏိုင္တဲ့ပြဲမွာ အထူးေျခစြမ္းျပသြားတဲ့ ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမား ဂ်ေရမီ ဒိုကူဟာ ‘မာေနးလက္သစ္’အျဖစ္ ရႈျမင္ခံထားရၿပီး ရင္းေနးအသင္းက ၁၉ ႏွစ္သားေလးကို အန္ဖီးလ္ဆီ အျမန္ဆုံး ေခၚယူသြားဖို႔ နည္းျပ ယာဂင္ ကေလာ့ပ္ တိုက္တြန္းခံထားရခ်ိန္မွာ လီဗာပူးလ္အသင္းက သူ႔ကို အေႏွးနဲ႔အျမန္ ကမ္းလွမ္းလာလိမ့္လို႔ ကစားသမားဘက္က အခိုင္အမာယုံၾကည္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.