Article International Match Report

အဲရစ်ဆန်အတွက် အနိုင်ကစားခဲ့ကြပြီး ရာဇဝင်ထဲမှာ ရုရှားကို ထားခဲ့တဲ့ ဒိန်းမတ်

ဒိန်းမတ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဟန်သာရှိတော့ပြီး အဆံမရှိတဲ့ ရုရှားကို အနိုင်ကစားဖို့ အကောင်းဆုံးပြင်ဆင်လာနိုင်ခဲ့ပြီး အဲရစ်ဆန်အတွက် ကွင်းလယ်လူတွေရဲ့ အစွမ်းပြမှုနဲ့အတူ ဂိုးပြတ်အနိုင်ကစားခဲ့သလို သူတို့ကို အနိုင်ယူထားတဲ့ ဖင်လန်ကို ပြန်လည်ဖြတ်ကျော်ပြီး အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ရုရှားတို့ အနီဝတ်ခဲ့လို့ အိမ်ကွင်း ကိုပင်ဟေဂင်မှာ ကစားခဲ့ရတဲ့ ဒိန်းမတ်တို့ အဖြူရောင်ကို ပြောင်းလဲဝတ်ဆင်ခဲ့ရပေမယ့် အကောင်းဆုံးကစားနိုင်ခဲ့သလို လူငယ်ကွင်းလယ်လူ ဒမ်းစ်ဂတ်ရဲ့ ဆရာကျတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ ပထမပိုင်း ၃၈ မိနစ်မှာကတည်းက ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ရုရှားတို့ နောက်ပြန်အပေးမှားတဲ့ ဘောလုံးကို ယူဆွတ် ပေါလ်ဆန်က နောက်တစ်ဂိုးထပ်သွင်းယူခဲ့ပြီး ပွဲချိန် မိနစ် ၇၀ မှာတော့ ပင်နယ်တီကနေ ၂၀၁၈ အိပ်မက်မက်ခဲ့ဖူးတဲ့ ကမ္ဘာ့ဖလားအိမ်ရှင်တို့အတွက် အသင်းခေါင်းဆောင် ဇူးဘားက တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ချဲလ်ဆီးနောက်ခံလူ ခရစ္စတင်ဆန်က ဂိုးဧရိယာအပြင်ကနေ ပြင်းထန်ရဲ့ Rocket ကန်ချက်နဲ့ ရုရှားခံစစ်ကို အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် သူတို့လိုအပ်နေတဲ့ ရလဒ်ကို ပြန်လည်ရယူပေးခဲ့သလို အသင်းရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်အတွက် ရည်ရွယ်ပြီး အောင်ပွဲခံသွားခဲ့ပါတယ်။

သုံးမှတ်စီ တူညီနေကြတဲ့ ဒိန်းမတ်၊ ရုရှားနဲ့ ဖင်လန်တို့သုံးသင်းမှာ ဂိုးကွာခြားချက်အရ ဒိန်းမတ်တို့ အသာရသွားခဲ့ပြီဖြစ်လို့ ဖင်လန်ကို နိုင်ထားခဲ့တဲ့ ရုရှားတို့ သွေးရူးသွေးတန်းဖြစ်ခဲ့ရပေမယ့် ဂိုးထပ်ရဖို့ မလုပ်နိုင်တော့ဘဲ ပွဲချိန် ၈၂ မိနစ်မှာ နောက်ခံလူ မေလီက နောက်ထပ်တစ်ဂိုးသွင်းပြီး အဲရစ်ဆန်ကိုပဲ ရည်ရွယ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။

လေးဂိုး-တစ်ဂိုးနဲ့ ပြီးဆုံးခဲ့တဲ့ ပွဲကတော့ ဒိန်းမတ်သားတွေရဲ့ အဲရစ်ဆန်အပေါ်ထားတဲ့ နှလုံးသားကို တွေ့မြင်ခဲ့ရတာဖြစ်ပြီး အသင်းသားတွေသာမက ပရိသတ်တွေရဲ့ တူညီတဲ့ ခံစားချက်တွေက သူတို့တွေကို မြင့်မားတဲ့ အဆင့်တွေဆီ ထပ်မံမောင်းနှင်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

နည်းပြ ကက်စပါ ဟူးလ်မန်းရဲ့ လူတွေအနေနဲ့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မှာ ဝေးလ်စ်နဲ့ ကစားရမယ့် နောက်တစ်ဆင့်ကို စိတ်လှုပ်ရှားရဦးမှာဖြစ်သလို ဒီကနေ နောက်တစ်ဆင့်တက်ရင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမှာ နယ်သာလန်နဲ့ ဖြစ်နိုင်ဖွယ်တွေ့ဆုံမှုကနေ အဲရစ်ဆန်ရဲ့ နေရာဟောင်း လန်ဒန်ကို ရောက်တဲ့အထိ သူတို့ရဲ့ အသင်းဖော် ဂုဏ်ယူနိုင်အောင် လုပ်နိုင်မှာလားဆိုတာတော့ ဖြစ်နိုင်ခြေ မများလှပေမယ့် ဘောလုံးနဲ့ လူသားချင်းစာနာမှုကို မြတ်နိုးတဲ့သူတွေရဲ့ ကြီးမားတဲ့ ဆန္ဒလည်းဖြစ်နေတော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒိန္းမတ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဟန္သာရွိေတာ့ၿပီး အဆံမရွိတဲ့ ႐ုရွားကို အႏိုင္ကစားဖို႔ အေကာင္းဆုံးျပင္ဆင္လာႏိုင္ခဲ့ၿပီး အဲရစ္ဆန္အတြက္ ကြင္းလယ္လူေတြရဲ႕ အစြမ္းျပမႈနဲ႔အတူ ဂိုးျပတ္အႏိုင္ကစားခဲ့သလို သူတို႔ကို အႏိုင္ယူထားတဲ့ ဖင္လန္ကို ျပန္လည္ျဖတ္ေက်ာ္ၿပီး အုပ္စု ဒုတိယနဲ႔ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ႐ုရွားတို႔ အနီဝတ္ခဲ့လို႔ အိမ္ကြင္း ကိုပင္ေဟဂင္မွာ ကစားခဲ့ရတဲ့ ဒိန္းမတ္တို႔ အျဖဴေရာင္ကို ေျပာင္းလဲဝတ္ဆင္ခဲ့ရေပမယ့္ အေကာင္းဆုံးကစားႏိုင္ခဲ့သလို လူငယ္ကြင္းလယ္လူ ဒမ္းစ္ဂတ္ရဲ႕ ဆရာက်တဲ့ ေဝ့ဝိုက္ကန္ခ်က္နဲ႔ ပထမပိုင္း ၃၈ မိနစ္မွာကတည္းက ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ႐ုရွားတို႔ ေနာက္ျပန္အေပးမွားတဲ့ ေဘာလုံးကို ယူဆြတ္ ေပါလ္ဆန္က ေနာက္တစ္ဂိုးထပ္သြင္းယူခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ပင္နယ္တီကေန ၂၀၁၈ အိပ္မက္မက္ခဲ့ဖူးတဲ့ ကမာၻ႔ဖလားအိမ္ရွင္တို႔အတြက္ အသင္းေခါင္းေဆာင္ ဇူးဘားက တစ္ဂိုးျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ခ်ဲလ္ဆီးေနာက္ခံလူ ခရစၥတင္ဆန္က ဂိုးဧရိယာအျပင္ကေန ျပင္းထန္ရဲ႕ Rocket ကန္ခ်က္နဲ႔ ႐ုရွားခံစစ္ကို အႏိုင္ယူခဲ့ၿပီး ေနာက္တစ္ဆင့္တက္ဖို႔အတြက္ သူတို႔လိုအပ္ေနတဲ့ ရလဒ္ကို ျပန္လည္ရယူေပးခဲ့သလို အသင္းရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္အတြက္ ရည္႐ြယ္ၿပီး ေအာင္ပြဲခံသြားခဲ့ပါတယ္။

သုံးမွတ္စီ တူညီေနၾကတဲ့ ဒိန္းမတ္၊ ႐ုရွားနဲ႔ ဖင္လန္တို႔သုံးသင္းမွာ ဂိုးကြာျခားခ်က္အရ ဒိန္းမတ္တို႔ အသာရသြားခဲ့ၿပီျဖစ္လို႔ ဖင္လန္ကို ႏိုင္ထားခဲ့တဲ့ ႐ုရွားတို႔ ေသြး႐ူးေသြးတန္းျဖစ္ခဲ့ရေပမယ့္ ဂိုးထပ္ရဖို႔ မလုပ္ႏိုင္ေတာ့ဘဲ ပြဲခ်ိန္ ၈၂ မိနစ္မွာ ေနာက္ခံလူ ေမလီက ေနာက္ထပ္တစ္ဂိုးသြင္းၿပီး အဲရစ္ဆန္ကိုပဲ ရည္႐ြယ္ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ေလးဂိုး-တစ္ဂိုးနဲ႔ ၿပီးဆုံးခဲ့တဲ့ ပြဲကေတာ့ ဒိန္းမတ္သားေတြရဲ႕ အဲရစ္ဆန္အေပၚထားတဲ့ ႏွလုံးသားကို ေတြ႕ျမင္ခဲ့ရတာျဖစ္ၿပီး အသင္းသားေတြသာမက ပရိသတ္ေတြရဲ႕ တူညီတဲ့ ခံစားခ်က္ေတြက သူတို႔ေတြကို ျမင့္မားတဲ့ အဆင့္ေတြဆီ ထပ္မံေမာင္းႏွင္ႏိုင္ဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါတယ္။

နည္းျပ ကက္စပါ ဟူးလ္မန္းရဲ႕ လူေတြအေနနဲ႔ နယ္သာလန္ႏိုင္ငံ၊ အမ္စတာဒမ္မွာ ေဝးလ္စ္နဲ႔ ကစားရမယ့္ ေနာက္တစ္ဆင့္ကို စိတ္လႈပ္ရွားရဦးမွာျဖစ္သလို ဒီကေန ေနာက္တစ္ဆင့္တက္ရင္ အဇာဘိုင္ဂ်န္ႏိုင္ငံ၊ ဘာကူးမွာ နယ္သာလန္နဲ႔ ျဖစ္ႏိုင္ဖြယ္ေတြ႕ဆုံမႈကေန အဲရစ္ဆန္ရဲ႕ ေနရာေဟာင္း လန္ဒန္ကို ေရာက္တဲ့အထိ သူတို႔ရဲ႕ အသင္းေဖာ္ ဂုဏ္ယူႏိုင္ေအာင္ လုပ္ႏိုင္မွာလားဆိုတာေတာ့ ျဖစ္ႏိုင္ေျခ မမ်ားလွေပမယ့္ ေဘာလုံးနဲ႔ လူသားခ်င္းစာနာမႈကို ျမတ္ႏိုးတဲ့သူေတြရဲ႕ ႀကီးမားတဲ့ ဆႏၵလည္းျဖစ္ေနေတာ့မယ္လို႔ သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.