International Match Report

ပွဲပြီးခါနီးဂိုးတွေနဲ့ သုံးပွဲလုံးနိုင်ပြီး စပိန်ကို နောက်တစ်ဆင့်လှမ်းတဲ့ ဘယ်လ်ဂျီယမ်

ဖင်လန်နဲ့ တွေ့ဆုံခဲ့တဲ့ ဒီနေ့ပွဲမှာတော့ ပြီးခဲ့တဲ့ ပွဲမှာ ဒုတိယပိုင်းမှ ပါဝင်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားက ဒေါ့မွန်ဝါရင့် ဝစ်ဆယ်လ်နဲ့အတူ ဘယ်လ်ဂျီယမ်အသင်းကို ဦးဆောင်လာခဲ့ပြီး အလယ်တန်းမှာ ထရော့ဆတ်နဲ့ ချက်ဒလီတို့ ပါလာခဲ့သလို တိုက်စစ်မှာ လူကာကူ၊ အီဒင် ဟာဇတ်နဲ့ ဒိုကူ တို့ကို တွဲပေးခဲ့တာကလည်း စိတ်ကျေနပ်စရာလူစာရင်းဖြစ်ခဲ့ပါတယ်။

စောစောစီးစီးမှာပဲ လူကာကူး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်အနည်းငယ်ရှိနေခဲ့တာကြောင့် မှန်းချက်နဲ့ နှမ်းထွက်က သိပ်မကိုက်သေးဘဲ ပွဲချိန် ၂၁ မိနစ်မှာလည်း ကန်ဖို့ အခွင့်အရေးကောင်းတဲ့ နေရာကနေ ပွဲသိပ်မကစားရတဲ့ အသင်းဖော် ဟာဇတ်ဆီ ထိုးပေးခဲ့တာက နောက်တန်းနဲ့ ထိပြီး အချိတ်အဆက်လွဲသွားခဲ့လို့ နစ်နာခဲ့ရပါတယ်။

ကွင်းလယ်က ဒီဘရိုင်းနားနဲ့ ဝစ်ဆယ်လ်တို့ရဲ့ ထိုးဖောက်ကန်သွင်းချက်တွေကို ဖင်လန်ဂိုးသမား ဟရာဒက်စကီ ကာကွယ်နေခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှု အများစုကတော့ ဘယ်လ်ဂျီယမ်တွေဆီမှာပဲ ရှိနေခဲ့သလို Pressing ကောင်းကောင်းနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ကန်ချက်တွေက နည်းပြ ရောဘတ်တို မာတီနက်ဇ်အတွက် စိတ်ပျက်စရာတွေပဲဖြစ်နေခဲ့ပါတယ်။

ဒီဘရိုင်းနားတို့ အုပ်စုရဲ့ ကွင်းလယ်က ခင်းပေးတဲ့ ဘောလုံးတွေ ကောင်းခဲ့ပေမယ့် လူကာကူ၊ ထရော့ဆတ်နဲ့ ဒိုကူတို့တွေ အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ တော်တော်လေး အလေအလွင့်တွေကို မြင်ခဲ့ရသလို တိုက်စစ်မဆင်နိုင်တဲ့ ဖင်လန်နဲ့ ဘယ်လ်ဂျီယမ်တို့ကြား ဂိုးမရှိသရေသာ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ပိတ်ဆို့နေတဲ့ ဖင်လန်တို့ရဲ့ ခံစစ်ကြားထဲက ဘယ်လ်ဂျီယမ်တို့ ထိုးဖောက်နေခဲ့ပေမယ့် ဘောလုံးက ဂိုးသမားနဲ့ မိတ်ဆွေတွေဖြစ်နေပြီး ဂိုးပေါက်နဲ့တော့ တစိမ်းတွေဖြစ်နေခဲ့သလို လူကာကူးကလည်း လူကျွံကူးဖြစ်နေတဲ့အတွက် ပူကီ၊ ပို့ယန်ပါလိုနဲ့ ကာမာရာတို့ကတော့ တစ်ချက်တစ်ချက်မှာ ကောင်တာနဲ့ ပြန်ခြိမ်းခြောက်လာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဘယ်လ်ဂျီယမ်ပရိသတ်တွေအနေနဲ့ ဂိုးရဖို့ တစ်နာရီကျော်ကျော်ကြာလာတဲ့အထိ သူက ရောက်မလာပါဆိုတဲ့ ကိုင်ဇာသီချင်းကို ဆိုနေခဲ့ရပြီး ပွဲချိန် ၇၄ မိနစ်အရောက်မှာမှ ထောင့်ကန်ဘောကနေ ဗာမေလန်ရဲ့ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ချက်က တိုင်ထိပြီး တစ်ချိန်လုံး လက်စွမ်းပြနေတဲ့ ဂိုးသမား ဟရာဒက်စကီးလက်နဲ့ ပြန်ထိဝင်သွားခဲ့လို့ သက်ပြင်းချနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ Full Back တစ်ယောက်မှ မပါတဲ့ ခံစစ်အင်အားကို ပြန်လည်ထိန်းညှိနိုင်ဖို့အတွက် ညာတောင်ပံမှာ ထရော့ဆတ်အစား မူနီယေးနဲ့ တိုက်စစ်မှာ ဒိုကူအစား ဘက်ရွှာယီတို့ကို ထည့်သွင်းခဲ့သလို ပွဲချိန် ၈၁ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ တစ်ပွဲလုံး ကံခေနေခဲ့တဲ့ လူကာကူးက တစ်ပတ်လှည့်ထွက်ပြီး ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဒုတိယဂိုး ရရှိခဲ့ပါတယ်။

ဒီဂိုးကြောင့် အင်တာမီလန်တိုက်စစ်မှူး လူကာကူးအနေနဲ့ သုံးပွဲကစား သုံးဂိုးနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက် ချက်တိုက်စစ်မှူး ရှစ်ခ်၊ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒို၊ နယ်သာလန်ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်တို့နဲ့အတူ ဂိုးသွင်းအများဆုံးစာရင်းမှာလည်း ပြန်လည်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘယ်လ်ဂျီယမ်တို့ သုံးပွဲကစား သုံးပွဲနိုင်ပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စု(B)မှာ အောင်ပွဲခံနိုင်ခဲ့သလို စပိန်မြေ ဆီဗီးလ်မှာ ကစားရမယ့် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲမှာတော့ အုပ်စု A,E,F တွေကနေ တက်ရောက်လာနိုင်တဲ့ တတိယအကောင်းဆုံးအသင်းတစ်သင်းနဲ့ ဆုံတွေ့ရကစားရဖို့ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖင္လန္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ဒီေန႔ပြဲမွာေတာ့ ၿပီးခဲ့တဲ့ ပြဲမွာ ဒုတိယပိုင္းမွ ပါဝင္ခဲ့တဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းနားက ေဒါ့မြန္ဝါရင့္ ဝစ္ဆယ္လ္နဲ႔အတူ ဘယ္လ္ဂ်ီယမ္အသင္းကို ဦးေဆာင္လာခဲ့ၿပီး အလယ္တန္းမွာ ထေရာ့ဆတ္နဲ႔ ခ်က္ဒလီတို႔ ပါလာခဲ့သလို တိုက္စစ္မွာ လူကာကူ၊ အီဒင္ ဟာဇတ္နဲ႔ ဒိုကူ တို႔ကို တြဲေပးခဲ့တာကလည္း စိတ္ေက်နပ္စရာလူစာရင္းျဖစ္ခဲ့ပါတယ္။

ေစာေစာစီးစီးမွာပဲ လူကာကူး ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ လိုအပ္ခ်က္အနည္းငယ္ရွိေနခဲ့တာေၾကာင့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္က သိပ္မကိုက္ေသးဘဲ ပြဲခ်ိန္ ၂၁ မိနစ္မွာလည္း ကန္ဖို႔ အခြင့္အေရးေကာင္းတဲ့ ေနရာကေန ပြဲသိပ္မကစားရတဲ့ အသင္းေဖာ္ ဟာဇတ္ဆီ ထိုးေပးခဲ့တာက ေနာက္တန္းနဲ႔ ထိၿပီး အခ်ိတ္အဆက္လြဲသြားခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ကြင္းလယ္က ဒီဘ႐ိုင္းနားနဲ႔ ဝစ္ဆယ္လ္တို႔ရဲ႕ ထိုးေဖာက္ကန္သြင္းခ်က္ေတြကို ဖင္လန္ဂိုးသမား ဟရာဒက္စကီ ကာကြယ္ေနခဲ့ရၿပီး ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကေတာ့ ဘယ္လ္ဂ်ီယမ္ေတြဆီမွာပဲ ရွိေနခဲ့သလို Pressing ေကာင္းေကာင္းနဲ႔ ဖိကစားႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ကန္ခ်က္ေတြက နည္းျပ ေရာဘတ္တို မာတီနက္ဇ္အတြက္ စိတ္ပ်က္စရာေတြပဲျဖစ္ေနခဲ့ပါတယ္။

ဒီဘ႐ိုင္းနားတို႔ အုပ္စုရဲ႕ ကြင္းလယ္က ခင္းေပးတဲ့ ေဘာလုံးေတြ ေကာင္းခဲ့ေပမယ့္ လူကာကူ၊ ထေရာ့ဆတ္နဲ႔ ဒိုကူတို႔ေတြ အသုံးမခ်ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ေတာ္ေတာ္ေလး အေလအလြင့္ေတြကို ျမင္ခဲ့ရသလို တိုက္စစ္မဆင္ႏိုင္တဲ့ ဖင္လန္နဲ႔ ဘယ္လ္ဂ်ီယမ္တို႔ၾကား ဂိုးမရွိသေရသာ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ပိတ္ဆို႔ေနတဲ့ ဖင္လန္တို႔ရဲ႕ ခံစစ္ၾကားထဲက ဘယ္လ္ဂ်ီယမ္တို႔ ထိုးေဖာက္ေနခဲ့ေပမယ့္ ေဘာလုံးက ဂိုးသမားနဲ႔ မိတ္ေဆြေတြျဖစ္ေနၿပီး ဂိုးေပါက္နဲ႔ေတာ့ တစိမ္းေတြျဖစ္ေနခဲ့သလို လူကာကူးကလည္း လူကြၽံကူးျဖစ္ေနတဲ့အတြက္ ပူကီ၊ ပို႔ယန္ပါလိုနဲ႔ ကာမာရာတို႔ကေတာ့ တစ္ခ်က္တစ္ခ်က္မွာ ေကာင္တာနဲ႔ ျပန္ၿခိမ္းေျခာက္လာခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယမ္ပရိသတ္ေတြအေနနဲ႔ ဂိုးရဖို႔ တစ္နာရီေက်ာ္ေက်ာ္ၾကာလာတဲ့အထိ သူက ေရာက္မလာပါဆိုတဲ့ ကိုင္ဇာသီခ်င္းကို ဆိုေနခဲ့ရၿပီး ပြဲခ်ိန္ ၇၄ မိနစ္အေရာက္မွာမွ ေထာင့္ကန္ေဘာကေန ဗာေမလန္ရဲ႕ လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခ်က္က တိုင္ထိၿပီး တစ္ခ်ိန္လုံး လက္စြမ္းျပေနတဲ့ ဂိုးသမား ဟရာဒက္စကီးလက္နဲ႔ ျပန္ထိဝင္သြားခဲ့လို႔ သက္ျပင္းခ်ႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ Full Back တစ္ေယာက္မွ မပါတဲ့ ခံစစ္အင္အားကို ျပန္လည္ထိန္းညႇိႏိုင္ဖို႔အတြက္ ညာေတာင္ပံမွာ ထေရာ့ဆတ္အစား မူနီေယးနဲ႔ တိုက္စစ္မွာ ဒိုကူအစား ဘက္႐ႊာယီတို႔ကို ထည့္သြင္းခဲ့သလို ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ေပးပို႔မႈကေန တစ္ပြဲလုံး ကံေခေနခဲ့တဲ့ လူကာကူးက တစ္ပတ္လွည့္ထြက္ၿပီး ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဒုတိယဂိုး ရရွိခဲ့ပါတယ္။

ဒီဂိုးေၾကာင့္ အင္တာမီလန္တိုက္စစ္မႉး လူကာကူးအေနနဲ႔ သုံးပြဲကစား သုံးဂိုးနဲ႔အတူ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုအတြက္ ခ်က္တိုက္စစ္မႉး ရွစ္ခ္၊ ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္လ္ဒို၊ နယ္သာလန္ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္တို႔နဲ႔အတူ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာလည္း ျပန္လည္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ သုံးပြဲကစား သုံးပြဲႏိုင္ၿပီး ရမွတ္ ၉ မွတ္နဲ႔ အုပ္စု(B)မွာ ေအာင္ပြဲခံႏိုင္ခဲ့သလို စပိန္ေျမ ဆီဗီးလ္မွာ ကစားရမယ့္ ၁၆ သင္းအဆင့္ ရႈံးထြက္ၿပိဳင္ပြဲမွာေတာ့ အုပ္စု A,E,F ေတြကေန တက္ေရာက္လာႏိုင္တဲ့ တတိယအေကာင္းဆုံးအသင္းတစ္သင္းနဲ႔ ဆုံေတြ႕ရကစားရဖို႔ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.