International Match Report

ဗိုင်နယ်လ်ဒွမ် ခြေစွမ်းြပပြီး ရာနှုန်းပြည့်စံချိန်နဲ့ အီတလီကို အမီလိုက်တဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားနှစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူး ဗက်ဟော့စ်နဲ့ ကွင်းလယ်လူ ဒီရွန်းတို့ နေရာမှာ လူငယ်နှစ်ဦးဖြစ်တဲ့ မာလန်နဲ့ ဂရာဗင်ဘာ့ချ်တို့ကို ထည့်သွင်းသွားခဲ့ပြီး ကျန်တဲ့ အဓိက ကစားသမား ၉ ယောက်နဲ့ ထိန်းကျောင်းသွားခဲ့သလို မြောက်မက်ဆီဒိုးနီးယားကို ဖိကစားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပွဲစကတည်းက အနက်ရောင်ဝတ်စုံနဲ့ နယ်သာလန်တို့ ဖိကစားခဲ့ပြီး ဂရာဗင်ဘက်ချ်ရဲ့ အဖွင့်ကန်ချက်က ဘားပေါ်ကျော်သွားခဲ့သလို မာလန်၊ ဒီပိုင်းနဲ့ အသင်းခေါင်းဆောင် ဗိုင်နယ်လ်ဒွမ်တို့ရဲ့ ဆက်တိုက် ထိုးဖောက်မှုတွေကိုလည်း မက်ဆီဒိုးနီးယားတို့ ခံစစ်မှာ တော်တော်လေး အာရုံစိုက်ပြီး ဖျက်ထုတ်နေခဲ့ရပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ ဖိကစားနေတဲ့ နယ်သာလန်တို့ ထရာကော့ဗ်စကီးရဲ့ ကန်ချက်ကြောင့် မျက်လုံးပြူးခဲ့ရပြီး တိုင်ထိထွက်ခဲ့လို့သာ သက်သာခဲ့ရတာဖြစ်သလို ရှေ့တစ်ကြိမ်မှာလည်း ဒီနံပါတ် ၉ တိုက်စစ်မှူးဟာ စတီကီလန်ဘတ်ကို အနိုင်ယူခဲ့ပေမယ့် လူပါးပါးကျွံနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်လာခဲ့တဲ့ နယ်သာလန်တို့အနေနဲ့ နည်းနည်းအသည်းပေါက်သွားခဲ့ပုံရပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဇောင်းကြွလာတဲ့ မက်ဆီဒိုးနီးယား တို့ကို တန်ပြန်တိုက်စစ်ကနေ ရိုက်ချိုးပေးခဲ့သလို မာလန်၊ ဒီပိုင်းတို့ရဲ့ တွဲလုံးကို အာရုံပြောင်းသွားအောင် ကြားထဲက Dummy Run နဲ့ ဆွဲခေါ်သွားခဲ့တဲ့ ဗိုင်နယ်လ်ဒွမ်ရဲ့ ပညာခန်းကနေ 3 Vs 5 အနေအထားကနေ ဒီပိုင်းက ဘယ်ခြေနဲ့ လူကြားထဲက ပိတ်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ နယ်သာလန်တို့ရဲ့ ဂိုးသွင်းဘုရင် ညာနောက်ခံလူ ဒမ်ဖရီးစ်ရဲ့ အနီးကပ်ကန်ချက်ကို ဂိုးသမား ဒီမီထရီယက်ဗ်စကီး ကာကွယ်ခဲ့ရသလို ဒီကနေ ပြန်ထွက်လာတာကို ဒီပိုင်းက အဝေးကနေ ကန်သွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် နောက်ခံလူတွေ ပိတ်ဆို့သွားနိုင်ခဲ့တာမို့ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း မိနစ် ၅၀ မှာတော့ ဒလစ်ချ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးစည်းပေါ်က ရှင်းထုတ်ခံခဲ့ရပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဒီပိုင်းရဲ့ ဘယ်တောင်ပံကနေ ထိုးဖောက်လာပြီး အနိမ့်ဘော ချိုးပေးခဲ့တာကို အသင်းခေါင်းဆောင် ဗိုင်နယ်လ်ဒွမ်က အနီးကပ် အသာအယာ ပိတ်သွင်းနိုင်ခဲ့လို့ နယ်သာလန်တို့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ မက်ဆီဒိုးနီးယားတို့ရဲ့ ဖရီးကစ်ကို စတီကီလန်ဘတ် ပုတ်ထုတ်ခဲ့ရပြီးမှာတော့ ပွဲချိန် ၅၈ မိနစ်မှာတော့ နယ်သာလန်တို့ ကွင်းလယ်မှာ စိမ်ပြေနပြေ အပေးအယူလုပ်ပြီး ဘယ်ခြမ်းက ဝင်လာတဲ့ ဒီပိုင်းဆီ ထိုးပေးလိုက်ရာမှာ တိုက်စစ်မှူးအနေနဲ့ ဝင်အောင် မကန်နိုင်ခဲ့ဘဲ ဂိုးသမားနဲ့ ထိထွက်ခဲ့ပေမယ့် ဗိုင်နယ်လ်ဒွမ်က သူ့ရှေ့ရောက်လာတဲ့ ဘောလုံးကို ခပ်မြင့်မြင့်ပိတ်သွင်းပြီး အသင်းရဲ့ ဂိုးသွင်းဘုရင်အဖြစ် ခံယူနိုင်ခဲ့ပါတယ်။

မိနစ် ၆၀ မှာ ဗိုင်နယ်လ်ဒွမ်က ဟက်ထရစ်ရနိုင်တဲ့ Half Chance ကို လွဲချော်ခဲ့သလို လူစားဝင်လာတဲ့ တိုက်စစ်မှူး ဗက်ဟော့စ်ကလည်း ပွဲချိန် ၆၇ မိနစ်မှာ ကန်ချက် ဘားထိထွက်ခဲ့လို့ မက်ဆီဒိုးနီးယားတို့ သက်သာခွင့်ရခဲ့ပြီး သူတို့ရဲ့ တိုက်စစ်တွေကတော့ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေခဲ့ပေမယ့် နယ်သာလန်ရဲ့ လူကျွံထောင်ချောက်အောက်မှာ ရယ်စရာပဲဖြစ်နေခဲ့တာပါ။

နယ်သာလန်တို့ကတော့ ဒီနေ့ပွဲမှာ ကစားသမား ၅ ဦးအထိ လဲကစားသွားပြီး အသင်းကို အနားပေးသွားခဲ့သလို နောက်တစ်ဆင့် ကစားရာမှာ လန်းဆန်းနေစေဖို့ အင်အားချွေတာသွားခဲ့ပြီးနောက်ပိုင်းမှာတော့ ဂိုးတွေလည်း ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ အုပ်စု(C)ကို ဦးဆောင်ရင်း ရမှတ် ၉ မှတ်ကို စုဆောင်းသွားခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိပြီး ရာနှုန်းပြည့်နိုင်ပွဲက အီတလီနဲ့ ဘယ်လ်ဂျီယမ်တို့ကို ယှဉ်နိုင်ခဲ့တဲ့ ဒတ်ချ်တွေအနေနဲ့ လာမယ့်အဆင့်မှာ အုပ်စု D,E,F တွေကနေ တတိယအဖြစ်နဲ့ တက်ရောက်လာမယ့်အသင်းတစ်သင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး သူတို့ရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်ကိုတော့ ဒီလ ၂၇ ရက်နေ့မှာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မှာ ကစားဖို့ Booking လုပ်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယ္သာလန္အသင္းအေနနဲ႔ ဒီေန႔မွာ ေျခစြမ္းမျပႏိုင္တဲ့ ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ တိုက္စစ္မႉး ဗက္ေဟာ့စ္နဲ႔ ကြင္းလယ္လူ ဒီ႐ြန္းတို႔ ေနရာမွာ လူငယ္ႏွစ္ဦးျဖစ္တဲ့ မာလန္နဲ႔ ဂရာဗင္ဘာ့ခ်္တို႔ကို ထည့္သြင္းသြားခဲ့ၿပီး က်န္တဲ့ အဓိက ကစားသမား ၉ ေယာက္နဲ႔ ထိန္းေက်ာင္းသြားခဲ့သလို ေျမာက္မက္ဆီဒိုးနီးယားကို ဖိကစားဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

ပြဲစကတည္းက အနက္ေရာင္ဝတ္စုံနဲ႔ နယ္သာလန္တို႔ ဖိကစားခဲ့ၿပီး ဂရာဗင္ဘက္ခ်္ရဲ႕ အဖြင့္ကန္ခ်က္က ဘားေပၚေက်ာ္သြားခဲ့သလို မာလန္၊ ဒီပိုင္းနဲ႔ အသင္းေခါင္းေဆာင္ ဗိုင္နယ္လ္ဒြမ္တို႔ရဲ႕ ဆက္တိုက္ ထိုးေဖာက္မႈေတြကိုလည္း မက္ဆီဒိုးနီးယားတို႔ ခံစစ္မွာ ေတာ္ေတာ္ေလး အာ႐ုံစိုက္ၿပီး ဖ်က္ထုတ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ဖိကစားေနတဲ့ နယ္သာလန္တို႔ ထရာေကာ့ဗ္စကီးရဲ႕ ကန္ခ်က္ေၾကာင့္ မ်က္လုံးျပဴးခဲ့ရၿပီး တိုင္ထိထြက္ခဲ့လို႔သာ သက္သာခဲ့ရတာျဖစ္သလို ေရွ႕တစ္ႀကိမ္မွာလည္း ဒီနံပါတ္ ၉ တိုက္စစ္မႉးဟာ စတီကီလန္ဘတ္ကို အႏိုင္ယူခဲ့ေပမယ့္ လူပါးပါးကြၽံေနခဲ့တာလည္း ျဖစ္ပါတယ္။

ဒီလိုျဖစ္လာခဲ့တဲ့ နယ္သာလန္တို႔အေနနဲ႔ နည္းနည္းအသည္းေပါက္သြားခဲ့ပုံရၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ေဇာင္းႂကြလာတဲ့ မက္ဆီဒိုးနီးယား တို႔ကို တန္ျပန္တိုက္စစ္ကေန ႐ိုက္ခ်ိဳးေပးခဲ့သလို မာလန္၊ ဒီပိုင္းတို႔ရဲ႕ တြဲလုံးကို အာ႐ုံေျပာင္းသြားေအာင္ ၾကားထဲက Dummy Run နဲ႔ ဆြဲေခၚသြားခဲ့တဲ့ ဗိုင္နယ္လ္ဒြမ္ရဲ႕ ပညာခန္းကေန 3 Vs 5 အေနအထားကေန ဒီပိုင္းက ဘယ္ေျခနဲ႔ လူၾကားထဲက ပိတ္သြင္းယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ နယ္သာလန္တို႔ရဲ႕ ဂိုးသြင္းဘုရင္ ညာေနာက္ခံလူ ဒမ္ဖရီးစ္ရဲ႕ အနီးကပ္ကန္ခ်က္ကို ဂိုးသမား ဒီမီထရီယက္ဗ္စကီး ကာကြယ္ခဲ့ရသလို ဒီကေန ျပန္ထြက္လာတာကို ဒီပိုင္းက အေဝးကေန ကန္သြင္းယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေနာက္ခံလူေတြ ပိတ္ဆို႔သြားႏိုင္ခဲ့တာမို႔ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္း မိနစ္ ၅၀ မွာေတာ့ ဒလစ္ခ်္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဂိုးစည္းေပၚက ရွင္းထုတ္ခံခဲ့ရၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဒီပိုင္းရဲ႕ ဘယ္ေတာင္ပံကေန ထိုးေဖာက္လာၿပီး အနိမ့္ေဘာ ခ်ိဳးေပးခဲ့တာကို အသင္းေခါင္းေဆာင္ ဗိုင္နယ္လ္ဒြမ္က အနီးကပ္ အသာအယာ ပိတ္သြင္းႏိုင္ခဲ့လို႔ နယ္သာလန္တို႔ ဒုတိယဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာ မက္ဆီဒိုးနီးယားတို႔ရဲ႕ ဖရီးကစ္ကို စတီကီလန္ဘတ္ ပုတ္ထုတ္ခဲ့ရၿပီးမွာေတာ့ ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ နယ္သာလန္တို႔ ကြင္းလယ္မွာ စိမ္ေျပနေျပ အေပးအယူလုပ္ၿပီး ဘယ္ျခမ္းက ဝင္လာတဲ့ ဒီပိုင္းဆီ ထိုးေပးလိုက္ရာမွာ တိုက္စစ္မႉးအေနနဲ႔ ဝင္ေအာင္ မကန္ႏိုင္ခဲ့ဘဲ ဂိုးသမားနဲ႔ ထိထြက္ခဲ့ေပမယ့္ ဗိုင္နယ္လ္ဒြမ္က သူ႔ေရွ႕ေရာက္လာတဲ့ ေဘာလုံးကို ခပ္ျမင့္ျမင့္ပိတ္သြင္းၿပီး အသင္းရဲ႕ ဂိုးသြင္းဘုရင္အျဖစ္ ခံယူႏိုင္ခဲ့ပါတယ္။

မိနစ္ ၆၀ မွာ ဗိုင္နယ္လ္ဒြမ္က ဟက္ထရစ္ရႏိုင္တဲ့ Half Chance ကို လြဲေခ်ာ္ခဲ့သလို လူစားဝင္လာတဲ့ တိုက္စစ္မႉး ဗက္ေဟာ့စ္ကလည္း ပြဲခ်ိန္ ၆၇ မိနစ္မွာ ကန္ခ်က္ ဘားထိထြက္ခဲ့လို႔ မက္ဆီဒိုးနီးယားတို႔ သက္သာခြင့္ရခဲ့ၿပီး သူတို႔ရဲ႕ တိုက္စစ္ေတြကေတာ့ ဂိုးေတြ တဒိုင္းဒိုင္းသြင္းေနခဲ့ေပမယ့္ နယ္သာလန္ရဲ႕ လူကြၽံေထာင္ေခ်ာက္ေအာက္မွာ ရယ္စရာပဲျဖစ္ေနခဲ့တာပါ။

နယ္သာလန္တို႔ကေတာ့ ဒီေန႔ပြဲမွာ ကစားသမား ၅ ဦးအထိ လဲကစားသြားၿပီး အသင္းကို အနားေပးသြားခဲ့သလို ေနာက္တစ္ဆင့္ ကစားရာမွာ လန္းဆန္းေနေစဖို႔ အင္အားေခြၽတာသြားခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ဂိုးေတြလည္း ထပ္မံသြင္းယူႏိုင္ခဲ့ျခင္းမရွိလို႔ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ အုပ္စု(C)ကို ဦးေဆာင္ရင္း ရမွတ္ ၉ မွတ္ကို စုေဆာင္းသြားခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိၿပီး ရာႏႈန္းျပည့္ႏိုင္ပြဲက အီတလီနဲ႔ ဘယ္လ္ဂ်ီယမ္တို႔ကို ယွဥ္ႏိုင္ခဲ့တဲ့ ဒတ္ခ်္ေတြအေနနဲ႔ လာမယ့္အဆင့္မွာ အုပ္စု D,E,F ေတြကေန တတိယအျဖစ္နဲ႔ တက္ေရာက္လာမယ့္အသင္းတစ္သင္းနဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး သူတို႔ရဲ႕ ၁၆ သင္းအဆင့္ ပြဲစဥ္ကိုေတာ့ ဒီလ ၂၇ ရက္ေန႔မွာ ဟန္ေဂရီႏိုင္ငံ၊ ဘူဒါပက္စ္မွာ ကစားဖို႔ Booking လုပ္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.