Premier League

မက်ဆီနဲ့ ရော်နယ်လ်ဒို မလုပ်ပြနိုင်တဲ့အရာကို စွမ်းဆောင်ခဲ့တဲ့ ကွန်တေကသာ ဘလွန်ဒေါဆုရှင်ဖြစ်သင့်တယ်

မက်ဆီနဲ့ ရော်နယ်ဒိုတို့လို GOAT ကြီးတွေတောင် မစွမ်းနိုင်တဲ့အရာကို လုပ်ပြနိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလို ကွန်တေကသာ ဘလွန်ဒေါဆုရှင်ဖြစ်လာလိမ့်မယ်လို့ ပြင်သစ်တိုက်စစ်မှုးဟောင်းကြီး လူးဝစ္စ ဆာဟာက ဟောကိန်းထုတ်သွားခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ဆာဟာအနေနဲ့ တနိုင်ငံတည်းသား ကွန်တေကို ၂၀၂၁ ခုနှစ်ရဲ့ ဘလွန်ဒေါဆုနဲ့ တွဲဖက်မြင်တွေ့လိုနေတာဖြစ်ပြီး အသက် ၃၀ နှစ်အရွယ် ကစားသမားဟာ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဘုရင်ဖြစ်ခဲဲ့တဲ့ ခရီးကြမ်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားတဲ့ ဆီမီးဖိုင်နယ် ၂ ကျော့နဲ့ မန်စီးတီးနဲ့ကစားတဲ့ ဖိုင်နယ် ၃ ပွဲဆက်မှာ အကောင်းဆုံးကစားသမား MOTM ဖြစ်ခဲ့တာက သူမတူတဲ့ စွမ်းရည်လို့ သုံးသပ်သွားခဲ့ပါတယ်။

” ကွန်တေသာ ဘလွန်ဒေါဆုရှင်ဖြစ်လာမယ်ဆိုရင် ဒါဟာဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ သူနဲ့ အထိုက်တန်ဆုံးဆုပါ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၂ ကျော့စလုံးနဲ့ ဗိုလ်လုပွဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတောင် တသက်မှာ တခါမှ လုပ်မပြဖူးတဲ့ အရာပါ ”

“ကွင်းလယ်တဝန်းလုံးကို ဘုရင်တယောက်လို ကြီးစိုးပြီး ကစားတယ်။ သူ့အသင်းဖော်တွေကို တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ကစားခွင့်ရခဲ့ခြင်းက ကွန်တေရဲ့ ပြောင်မြောက်တဲ့အလုပ်ပါ။ တိုက်စစ်ကို သူလိုက်တက်လာပြီဆိုရင်လည်း ပြိုင်ဘက်တွေ ဖြုံရလောက်တဲ့ အားတခုလို မာထန်လွန်းပါတယ်။ ”

” ကျွန်တော့်တသက်မှာ ဒီလိုကစားပုံနဲ့ ကစားသမားမျိုးကို တခါမှ မမြင်ဖူးခဲ့​တာပါ။ ကွန်တေသာ ဘလွန်ဒေါဆုကို သိမ်းပိုက်သွားမယ်ဆိုရင် ဘယ်သူကမှ အငြင်းပွားနေမှာ မဟုတ်ပါဘူး။ ခင်ဗျား ဘလွန်ဒေါသမိုင်းကို ပြန်ကြည့်လိုက်ရင် သူ့လောက်တောင် အလုပ်မလုပ်​ပြနိုင်ဘဲနဲ့ ဆွတ်ခူးသွားတဲ့သူတွေတောင် ရှိနေတယ် ”

” သူတို့ကို စော်ကားရာရောက်မှာစိုးလို့ ကျွန်တော် နာမည်တပ်မပြောတော့ဘူး။ ကွန်တေက အဲဒီလို ကစားသမားတွေထက် အပုံကြီးသာလွန်ပါတယ်။ ကွင်းထဲမှာ လူ ၂ ယောက်စာ ကစားပြနေတာပါ။ ဒါမျိုးတွေကို ဂိုးသွင်းဖို့ပဲတတ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတောင် မလုပ်ပြနိုင်ခဲ့ပါဘူး ”

“သူကတော့ လိုအပ်ရင် ဂိုးသွင်းရုံတင်မက တသင်းလုံးကို ဟန်ချက်ညီအောင် စွမ်းဆောင်ပေးနေတာပါ။ သူ့ကြောင့် တိုက်စစ်ကစားသမားတွေ​က အလွတ်လပ်ဆုံး နဲ့ နောက်ကျောလုံလုံ ကစားနိုင်လို့ ပိုခြေစွမ်း​ပြနိုင်ပါတယ်။ သူ့တာဝန်ကျေတဲ့အပြင် အသင်းဖော်တွေရဲ့ ဟာကွက်တိုင်းကို လိုက်ဖြည့်ကစားပြီး ပေးဆပ်နေတဲ့ ကွန်တေကသာ ဘလွန်ဒေါဆုရှင် ဖြစ်လာလိမ့်မယ်ဗျို့” လို့ ပြင်သစ်တိုက်စစ်မှုးဟောင်းကြီး ဆာဟာ​က ​ပြောသွားခဲ့တာပါ။သမားအဖြစ်လည်း စံချိန်ဝင်သွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.