Premier League Transfer News

21 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးဆီက မိုးလားကဲလား အပြောင်းအရွှေ့အသံတစ်ခု ထပ်မံထွက်ပေါ်လာတယ်လို့ သိရပြီး အေစီမီလန်ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီယေးကို ပေါင် ၄၂ သန်းနဲ့ ခေါ်ယူမယ်ဆိုတဲ့ သတင်းကို ပရိသတ်တွေကတော့ ပါတေးနဲ့အတူ ကွင်းလယ်အကြမ်းစားကြီးတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်နေကြ။

– ဖရန့်ဖတ်နည်းပြ အာဒီ ဟွတ်တာရဲ့ လီဗန်ဒေါ့ဗ်စကီးလက်သစ်လို့ ချီးကျူးခံထားရတဲ့ တိုက်စစ်မှူး အန်ဒရေ ဆေးလ်ဗားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ ချဉ်းကပ်မှုက နီးစပ်နေခဲ့တယ်လို့ သိရပြီး ပေါင်သန်း ၃၀ ဝန်းကျင်မှာ အလုပ်ဖြစ်နိုင်ဖို့ ရှိနေတယ်လို့ ဆိုနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ လာဇီယိုအသင်းရဲ့ တောင်ပံကစားသမား ယာကွင် ကော်ရီးယားအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုသစ် ပြုလုပ်လိုက်တယ်လို့ သိရပြီး ယူရိုသန်း ၂၀ တန် ငွေကြေးတစ်ရပ်နဲ့ ကမ်းလှမ်းမှုမှာ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ထည့်သွင်းပေးဖို့လည်း ဆွေးနွေးထား။

– ကင်းထောက်ချုပ်ဟောင်း ဆဗင် မစ်စ်လင်တက်က ၂၀၁၈ ခုနှစ်မှာ ခေါ်ယူပေးခဲ့တဲ့ လူငယ်ခံစစ်မှူး ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်ကို ဝယ်ယူစဉ်က ဈေးထက် ပေါင် ၄ သန်း အမြတ်နဲ့ ထုတ်ရောင်းဖို့ အာဆင်နယ်တို့ စီစဉ်နေပေမယ့် ပေါင် ၇ သန်းဆိုတာ နည်းလွန်းတယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်။

– အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီအစမှာ အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင်ရဲ့ နေရာမှာ အစားထိုးဖို့ အဲဗာတန်အသင်းမှာ ရုန်းကန်နေရတဲ့ ညာနောက်ခံလူ ဂျွန်ဂျိုး ကင်နီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းမှာ ခြေစွမ်းပြနေနိုင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ခရိုအေးရှားဘယ်နောက်ခံလူ ဘော်နာ ဘာရီရှစ်ချ်ကို ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေပြီး ဦးစားပေးနောက်ခံလူ ကီရန် တီယာနီရဲ့နောက်မှာ အရန်အဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်ထား။

– အာဆင်နယ်အသင်းဦးဆောင်နေတဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူရေး ပြိုင်ပွဲထဲကို ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီနဲ့ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်တို့ ဝင်ရောက်နှောင့်ယှက်လာကြပြီး အင်္ဂလန်သားတွေရဲ့ နိုင်ငံပြင်ထွက်ကစားဖို့ ကြောက်ရွံ့မှုကြောင့် သိပ်တော့ စိုးရိမ်စရာမရှိလောက်ဘူးလို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမားဌာနမှာ ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်မိခဲ့ပြီဖြစ်ပြီး ဘန်းဒ် လီနိုက အသင်းမှာ ဆက်ကစားဖို့ထက် ထွက်ဖို့ ဆန္ဒရှိနေချိန်မှာ အပိုင်ခေါ်ယူနိုင်မယ့် မတ်ရိုင်ယန်ကို မျက်နှာလွှဲခဲ့မိပြီး ဈေးကြီးနိုင်တဲ့ အာရွန် ရမ်းစ်ဒေးလ်နဲ့ အိုင်းယက်စ်ရဲ့ ဈေးနှိမ်ခံဖွယ်မရှိတဲ့ အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ ခက်နေချိန်မှာ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်လာခဲ့။

– အသင်းကနေ နေရာအာမခံချက် မရဘူးဆိုရင် ထွက်ခွာတော့မယ့် ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ခေါ်ယူဖို့ တန်းတက် ဝတ်ဖို့ဒ်အသင်းက ဈေးနှုန်းစုံစမ်းလာခဲ့ပြီး ဆောက်သမ်တန်အသင်းကလည်း ခေါ်ယူဖို့ ဆန္ဒပြင်းပြနေချိန်မှာ အာဆင်နယ်တို့အနေနဲ့ အနာဂတ်ကို အလျင်အမြန်ဆုံးဖြတ်ပေးရဖွယ်ရှိနေ။

– အာဆင် ဝင်းဂါးနဲ့ ရှေ့က ဘုတ်အဖွဲ့တာဝန်ရှိသူတွေရဲ့ အမှားမျိုးကို မီခယ်လ် အာတီတာနဲ့အဖွဲ့ ထပ်မံကျူးလွန်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရှိမှာတော့ မက်တီယို ဂန်ဒူဇီကို စာချုပ်လက်ကျန်နည်းလို့ ဈေးပေါပေါနဲ့ လက်လွှတ်ရဖွယ်ရှိနေသလို အီမီးလ် စမစ်ရိုးကိုလည်း စာချုပ်မချုပ်နိုင်ရင် ဈေးပေးတဲ့သူရှိတုန်းမှာ ရောင်းထုတ်ရဖို့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံနေရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးဆီက မိုးလားကဲလား အေျပာင္းအေ႐ႊ႕အသံတစ္ခု ထပ္မံထြက္ေပၚလာတယ္လို႔ သိရၿပီး ေအစီမီလန္ကြင္းလယ္လူ ဖရန႔္ခ္ ကက္ဆီေယးကို ေပါင္ ၄၂ သန္းနဲ႔ ေခၚယူမယ္ဆိုတဲ့ သတင္းကို ပရိသတ္ေတြကေတာ့ ပါေတးနဲ႔အတူ ကြင္းလယ္အၾကမ္းစားႀကီးတစ္ခု ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနၾက။

– ဖရန႔္ဖတ္နည္းျပ အာဒီ ဟြတ္တာရဲ႕ လီဗန္ေဒါ့ဗ္စကီးလက္သစ္လို႔ ခ်ီးက်ဴးခံထားရတဲ့ တိုက္စစ္မႉး အန္ဒေရ ေဆးလ္ဗားကို ေခၚယူဖို႔ အာဆင္နယ္အသင္းရဲ႕ ခ်ဥ္းကပ္မႈက နီးစပ္ေနခဲ့တယ္လို႔ သိရၿပီး ေပါင္သန္း ၃၀ ဝန္းက်င္မွာ အလုပ္ျဖစ္ႏိုင္ဖို႔ ရွိေနတယ္လို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ လာဇီယိုအသင္းရဲ႕ ေတာင္ပံကစားသမား ယာကြင္ ေကာ္ရီးယားအတြက္ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈသစ္ ျပဳလုပ္လိုက္တယ္လို႔ သိရၿပီး ယူ႐ိုသန္း ၂၀ တန္ ေငြေၾကးတစ္ရပ္နဲ႔ ကမ္းလွမ္းမႈမွာ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ထည့္သြင္းေပးဖို႔လည္း ေဆြးေႏြးထား။

– ကင္းေထာက္ခ်ဳပ္ေဟာင္း ဆဗင္ မစ္စ္လင္တက္က ၂၀၁၈ ခုႏွစ္မွာ ေခၚယူေပးခဲ့တဲ့ လူငယ္ခံစစ္မႉး ကြန္စတန္တီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို ဝယ္ယူစဥ္က ေဈးထက္ ေပါင္ ၄ သန္း အျမတ္နဲ႔ ထုတ္ေရာင္းဖို႔ အာဆင္နယ္တို႔ စီစဥ္ေနေပမယ့္ ေပါင္ ၇ သန္းဆိုတာ နည္းလြန္းတယ္လို႔ ကြၽမ္းက်င္သူေတြက ေဝဖန္။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီအစမွာ အသင္းက ထြက္ခြာဖြယ္ရွိေနတဲ့ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ရဲ႕ ေနရာမွာ အစားထိုးဖို႔ အဲဗာတန္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ညာေနာက္ခံလူ ဂြၽန္ဂ်ိဳး ကင္နီကို ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းမွာ ေျခစြမ္းျပေနႏိုင္ခဲ့တဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ခ႐ိုေအးရွားဘယ္ေနာက္ခံလူ ေဘာ္နာ ဘာရီရွစ္ခ်္ကို ေခၚယူဖို႔ အာဆင္နယ္တို႔ စိတ္ဝင္စားေနၿပီး ဦးစားေပးေနာက္ခံလူ ကီရန္ တီယာနီရဲ႕ေနာက္မွာ အရန္အျဖစ္ အသုံးျပဳႏိုင္ဖို႔ ရည္႐ြယ္ထား။

– အာဆင္နယ္အသင္းဦးေဆာင္ေနတဲ့ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ေခၚယူေရး ၿပိဳင္ပြဲထဲကို ပိုခ်က္တီႏိုရဲ႕ ပီအက္စ္ဂ်ီနဲ႔ အန္ဆယ္ေလာ့တီရဲ႕ ရီးရဲလ္မက္ဒရစ္တို႔ ဝင္ေရာက္ေႏွာင့္ယွက္လာၾကၿပီး အဂၤလန္သားေတြရဲ႕ ႏိုင္ငံျပင္ထြက္ကစားဖို႔ ေၾကာက္႐ြံ႕မႈေၾကာင့္ သိပ္ေတာ့ စိုးရိမ္စရာမရွိေလာက္ဘူးလို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးသမားဌာနမွာ ဖင္မႏိုင္ဘဲ ပဲႀကီးဟင္းေသာက္မိခဲ့ၿပီျဖစ္ၿပီး ဘန္းဒ္ လီႏိုက အသင္းမွာ ဆက္ကစားဖို႔ထက္ ထြက္ဖို႔ ဆႏၵရွိေနခ်ိန္မွာ အပိုင္ေခၚယူႏိုင္မယ့္ မတ္႐ိုင္ယန္ကို မ်က္ႏွာလႊဲခဲ့မိၿပီး ေဈးႀကီးႏိုင္တဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ အိုင္းယက္စ္ရဲ႕ ေဈးႏွိမ္ခံဖြယ္မရွိတဲ့ အန္ဒရီ အိုနာနာကို ေခၚယူဖို႔ ခက္ေနခ်ိန္မွာ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္လာခဲ့။

– အသင္းကေန ေနရာအာမခံခ်က္ မရဘူးဆိုရင္ ထြက္ခြာေတာ့မယ့္ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ေခၚယူဖို႔ တန္းတက္ ဝတ္ဖို႔ဒ္အသင္းက ေဈးႏႈန္းစုံစမ္းလာခဲ့ၿပီး ေဆာက္သမ္တန္အသင္းကလည္း ေခၚယူဖို႔ ဆႏၵျပင္းျပေနခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ အနာဂတ္ကို အလ်င္အျမန္ဆုံးျဖတ္ေပးရဖြယ္ရွိေန။

– အာဆင္ ဝင္းဂါးနဲ႔ ေရွ႕က ဘုတ္အဖြဲ႕တာဝန္ရွိသူေတြရဲ႕ အမွားမ်ိဳးကို မီခယ္လ္ အာတီတာနဲ႔အဖြဲ႕ ထပ္မံက်ဴးလြန္ဦးမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လက္ရွိမွာေတာ့ မက္တီယို ဂန္ဒူဇီကို စာခ်ဳပ္လက္က်န္နည္းလို႔ ေဈးေပါေပါနဲ႔ လက္လႊတ္ရဖြယ္ရွိေနသလို အီမီးလ္ စမစ္႐ိုးကိုလည္း စာခ်ဳပ္မခ်ဳပ္ႏိုင္ရင္ ေဈးေပးတဲ့သူရွိတုန္းမွာ ေရာင္းထုတ္ရဖို႔ ၿခိမ္းေျခာက္မႈေတြနဲ႔ ႀကဳံေနရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.