Premier League

ယူႏုိက္တက္က သူ႕အတြက္ တစ္သင္းတည္းေသာအသင္းျဖစ္ေအာင္ ဆုိးလ္ရွားက လုပ္ေပးခဲ့တယ္လို႔ ဖာနန္ဒက္စ္ဆို

မန္ခ်က္စတာယူႏုိက္တက္အသင္းက သူ႕အတြက္ ကစားရမယ့္ တစ္သင္းတည္းေသာအသင္းျဖစ္ေအာင္ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက လုပ္ေပးခဲ့ေၾကာင္း ဘ႐ူႏို ဖာနန္ဒက္စ္က အိုးလ္ထရက္ဖို႔ဒ္ကို စပို႔တင္းလစၥဘြန္းအသင္းကေန ေျပာင္းေရႊ႕လာျဖစ္ခဲ့တဲ့ အေၾကာင္းေတြနဲ႔အတူ MUTV မွာ ေျပာၾကားသြားခဲ့ပါတယ္။

ဇန္နဝါရီမွာ ေခၚယူခဲ့တဲ့ ေဆာင္းရာသီကစားသမားသစ္ ဖာနန္ဒက္စ္က စပုိ႔တင္းနဲ႔ ယူႏုိက္တက္တုိ႔ ညႇိႏွဳိင္းေနခဲ့ေပမယ့္ သူ႕အေနနဲ႔ ဒီအသင္းကို ေျပာင္းေရႊ႕ဖို႔ အဆင္သင့္ျဖစ္ေအာင္ ေနာ္ေဝတုိက္စစ္မွဴးေဟာင္းက “မင္းကို ငါလိုအပ္တယ္၊ လိုခ်င္တယ္”လို႔ ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာစည္း႐ုံးခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

“စကတည္းက ဒီအသင္းမွာ ကၽြန္ေတာ္ကစားခ်င္ခဲ့တာေပါ့ဗ်ာ။ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖို႔ အေရးအပါဆုံးကေတာ့ နည္းျပရဲ႕ ယုံၾကည္မွဳပါ။ ကၽြန္ေတာ့္အေနနဲ႔ နည္းျပက ကိုယ့္ကို ဘယ္ေလာက္ ေထာက္ခံမွဳေပးထားသလဲ၊ ဘယ္ေလာက္အထိ လိုခ်င္စိတ္ရွိသလဲဆုိတာကို သိခ်င္ခဲ့ၿပီး ဒါကလည္း အသင္းေျပာင္းဖို႔အတြက္ ခုိင္မာတဲ့အေၾကာင္းလုိ႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ေပၚတူဂီကြင္းလယ္ဖန္တီးရွင္က ဆုိပါတယ္။

“နည္းျပရဲ႕ ယုံၾကည္မွဳကို ကၽြန္ေတာ္ခံစားမိတယ္။ မင္းလာရင္ မင္းဟာ ငါ့အတြက္ အေကာင္းဆုံးေရြးခ်ယ္မွဳျဖစ္မယ္… အဲ့ဒီအတြက္ မင္းေျပာင္းလာဖို႔ပဲလိုတယ္။ မင္းကို ငါလိုအပ္တယ္… လိုခ်င္တယ္လို႔ သူက ေျပာတယ္။ ကၽြန္ေတာ္ ကစားခြင့္ဘယ္ေလာက္ရမွာလဲလုိ႔ေတာင္ ေမးစရာ မလိုေတာ့ဘူး။ အေရးႀကီးတာ ကၽြန္ေတာ့္ကို သူဘယ္ေလာက္ ယုံၾကည္တယ္ဆုိတာကို သိၿပီးေနၿပီပဲ”လုိ႔ ပရီးမီးယားလိဂ္ရဲ႕ ေဖေဖာ္ဝါရီလ တစ္လတာအေကာင္းဆုံးဆုရွင္က သူခံစားနားလည္ခဲ့ရတာကို ျပန္ေျပာျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ေရာက္လာခဲ့ၿပီး ပထမဆုံးပြဲစဥ္မွာပဲ ပြဲထြက္ခြင့္ရခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ တစ္ပြဲထက္တစ္ပြဲ ပုိေကာင္းလာၿပီး ၉ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဖန္တီးမွဳ ၄ ႀကိမ္ ရရွိထားခဲ့ၿပီး အခ်ိန္တုိအတြင္းမွာပဲ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္အျဖစ္ ခုိင္မာတဲ့တစ္ေနရာ ရယူႏုိင္ခဲ့ၿပီးျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းက သူ့အတွက် ကစားရမယ့် တစ်သင်းတည်းသောအသင်းဖြစ်အောင် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက လုပ်ပေးခဲ့ကြောင်း ဘရူနို ဖာနန်ဒက်စ်က အိုးလ်ထရက်ဖို့ဒ်ကို စပို့တင်းလစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့လာဖြစ်ခဲ့တဲ့ အကြောင်းတွေနဲ့အတူ MUTV မှာ ပြောကြားသွားခဲ့ပါတယ်။

ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ ဆောင်းရာသီကစားသမားသစ် ဖာနန်ဒက်စ်က စပို့တင်းနဲ့ ယူနိုက်တက်တို့ ညှိနှိုင်းနေခဲ့ပေမယ့် သူ့အနေနဲ့ ဒီအသင်းကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်အောင် နော်ဝေတိုက်စစ်မှူးဟောင်းက “မင်းကို ငါလိုအပ်တယ်၊ လိုချင်တယ်”လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောစည်းရုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

“စကတည်းက ဒီအသင်းမှာ ကျွန်တော်ကစားချင်ခဲ့တာပေါ့ဗျာ။ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အရေးအပါဆုံးကတော့ နည်းပြရဲ့ ယုံကြည်မှုပါ။ ကျွန်တော့်အနေနဲ့ နည်းပြက ကိုယ့်ကို ဘယ်လောက် ထောက်ခံမှုပေးထားသလဲ၊ ဘယ်လောက်အထိ လိုချင်စိတ်ရှိသလဲဆိုတာကို သိချင်ခဲ့ပြီး ဒါကလည်း အသင်းပြောင်းဖို့အတွက် ခိုင်မာတဲ့အကြောင်းလို့ ကျွန်တော်ထင်ပါတယ်”လို့ ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်က ဆိုပါတယ်။

“နည်းပြရဲ့ ယုံကြည်မှုကို ကျွန်တော်ခံစားမိတယ်။ မင်းလာရင် မင်းဟာ ငါ့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်… အဲ့ဒီအတွက် မင်းပြောင်းလာဖို့ပဲလိုတယ်။ မင်းကို ငါလိုအပ်တယ်… လိုချင်တယ်လို့ သူက ပြောတယ်။ ကျွန်တော် ကစားခွင့်ဘယ်လောက်ရမှာလဲလို့တောင် မေးစရာ မလိုတော့ဘူး။ အရေးကြီးတာ ကျွန်တော့်ကို သူဘယ်လောက် ယုံကြည်တယ်ဆိုတာကို သိပြီးနေပြီပဲ”လို့ ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ တစ်လတာအကောင်းဆုံးဆုရှင်က သူခံစားနားလည်ခဲ့ရတာကို ပြန်ပြောပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ရောက်လာခဲ့ပြီး ပထမဆုံးပွဲစဉ်မှာပဲ ပွဲထွက်ခွင့်ရခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာပြီး ၉ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ် ရရှိထားခဲ့ပြီး အချိန်တိုအတွင်းမှာပဲ ပရိသတ်အချစ်တော်တစ်ယောက်အဖြစ် ခိုင်မာတဲ့တစ်နေရာ ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.