Analysis International Match Report

မရဏအုပ်စုမှာ အာရိယန်တစ္ဆေခြောက်ခဲ့တဲ့ ဂျာမနီ 4-2 ပေါ်တူဂီပွဲအပြီး အဓိကပြောစရာ 7ချက်

ဂျာမန်တစ္ဆေခြောက်ခံရတဲ့ မရဏအုပ်စုဝင် ပေါ်တူဂီ
ဆယ်စုနှစ်တွေကသာ ပြောင်းလဲသွားခဲ့ပေမယ့် ပေါ်တူဂီကို ၄ ဂိုးသွင်းတဲ့ ဂျာမနီရဲ့ အစဉ်အလာကတော့ မပြောင်းလဲသွားခဲ့ပါဘူး။ ဒီနေ့ မြူးနစ်မြို့၊ အယ်လီယန့်စ်အရီနာကွင်းကြီးထဲက ပွဲစဉ်က လက်ရှိ ယူရို ၂၀၂၀ ရဲ့ အကောင်းဆုံးပွဲစဉ်လည်းဖြစ်ခဲ့သလို ၂၀၁၄ ကမ္ဘာ့ဖလားမှာ ၄ ဂိုးသွင်းခံရပြီး အာရိယန်မျိုးနွယ် ဂျာမန်တစ္ဆေခြောက်ခံရတဲ့ ရော်နယ်လ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီကိုလည်း ထပ်ပြီးမျက်နှာငယ်သွားစေခဲ့ပါတယ်။ ယူရို ၃ ကြိမ်ချန်ပီယံဟောင်းကြီးကို လက်ရှိယူရိုချန်ပီယံက ၁၅ နှစ်ကြာ လက်စားမချေနိုင်ခဲ့မှုလည်း ဖြစ်ပါတယ်။

တန်ပြန်တိုက်စစ်မှာ ပြီးပြည့်စုံခဲ့ပေမယ့်
လျှပ်စီးတခုလို လျင်မြန်လွန်းလှတဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျိုတာတို့ရဲ့ တန်ပြန်တိုက်စစ်အသက်သွင်းမှုက အတော်လေးလှပခဲ့ပြီး ပြောစရာဖြစ်ကျန်ခဲ့ရတယ်။ ရော်နယ်လ်ဒိုရဲ့ ဦးဆောင်မှုနဲ့ ပထမပိုင်းမှာ အဖွင့်ဂိုး စောစောစီးစီး ရခဲ့တယ်။ မက်လောက်စရာ တိုက်စစ်ခြေစွမ်းပိုင်းတချို့ကိုတော့ ပြသနိုင်ခဲ့သေးတယ်လို့ ဖြေသာတွေးရချိန်မှာ လက်ရှိကစားပုံကတော့ ချန်ပီယံဆုကာကွယ်ဖို့ အဆင့်မမီသေးတာပါ။

ပျော့ကွက်တွေကို နည်းပြဆန်းတို့စ် ဘယ်လိုဖာထေးမလဲ
လက်ရှိချန်ပီယံအသင်းက ခံစစ်ပိုင်းမှာ နာမည်ကြီးတွေချည်း ခေါ်လာခဲ့ပေမယ့် စာရွက်ထဲမှာ အထင်ကြီးချင်စရာကောင်းသလောက် တကယ်တမ်း ကွင်းထဲက လက်တွေ့ခြေစွမ်းအရာမှာတော့ ယိုပေါက်တွေက မြင်မကောင်းခဲ့တာပါ။ ပေါ်တူဂီနည်းပြ ဆန်းတို့်စ်အနေနဲ့ ဂျာမနီရဲ့ ပြင်းအားမြင့် ဖိအားပေးတဲ့ ကစားဟန်ကို မယှဉ်နိုင်ခဲ့ဘဲ ဘောလုံးအပျက်များသလို အမှားတွေအများကြီး လုပ်သွားခဲ့ပါတယ်။ ဂျာမနီထိုးစစ်ဆင်လာတိုင်း ပေါ်တူဂီခံစစ်ကြောင်းကြီးက အပေါက်တွေသာ ဖြစ်နေတာပါ။

ဝေဖန်လေကန်သူတွေကို ပါးစပ်ပိတ်လိုက်တဲ့ ခိုင်ဟာဗတ်ဇ်
ချယ်လ်ဆီးနဲ့ မေလမှာ ချန်ပီယံလိဂ်ဘုရင်အဖြစ် အောင်ပွဲခဲ့ပြိး တလုံးတည်းသော ဗိုလ်လုပွဲအနိုင်ဂိုးကိုပါ သွင်းယူခဲ့တဲ့ ခိုင်ဟာဗတ်ဇ်ရဲ့ ဇွန်လခြေစွမ်းက ပိုမိုထက်မြက်လာခဲ့သလို ယုံကြည်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းက ထောင်တက်သွားခဲ့ပြီး ပေါ်တူဂီခံစစ်အတွက် တကယ့်အိပ်မက်ဆိုးဖြစ်ခဲ့တာပါ။ ဘောလုံးကိုင်ထားချိန်ရော ဘောလုံးဆုံးရှုံးချိန်မှာပါ ယောကျာ်းဘသားလို ရဲရင့်နေတဲ့ ခိုင်ဟာဗတ်ဇ်စစ်စစ်ကို တွေ့မြင်ခဲ့ရပြီး ပေါ်တူဂီခံစစ်တခွင်လုံးကို အလုပ်အရှုပ်စေဆုံးသူဖြစ်ခဲ့ပါတယ်။

ပြင်သစ်ကို ရှုံးပြီး ပေါက်ကွဲပြခဲ့တဲ့ ဂျာမနီ
ပြင်သစ်ကို အဖွင့်မလှစွာနဲ့ အရေးနိမ့်ခဲ့တဲ့ ဂျာမနီက သေမင်းတမန်အုပ်စုမှာ လိုအပ်နေတဲ့ အဖိုးတန် ၃ မှတ်ကို ပေါ်တူဂီဆီက နှိုက်ယူနိုင်ခဲ့ပြီး အုပ်စုဗိုလ် ၂ သင်းအဖြစ် လွတ်ကျွတ်သွားဖို့ အခွင့်အရေးအကောင်းဆုံးအသင်း ဖြစ်သွားခဲ့တယ်။ နောက်ဆုံးတပွဲမှာ ဟန်ဂေရီနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီနေ့လိုပဲ အိမ်ကွင်းမှာ ဂိုးမိုးရွာချပစ်ဖို့ သမိုင်းလှပလွန်းတဲ့ အသင်းအတွက်ကတော့ ခက်ခဲဖွယ်ရာ မရှိလှပါဘူး။

ရော်ဘင် ဂိုဆန်စ်ကို အလေးပြုလျက်
နှစ်သင်းပေါင်းသွင်းဂိုးက ၆ ဂိုးအထိ ရှိခဲ့ပြီး ကိုယ့်ဂိုးကိုယ်သွင်းတာကလည်း ၂ ဂိုးအထိ ဒီပွဲဟာ ဘယ်လောက်ထိ ပြင်းအားမြင့်သလဲဆိုတာ ပြောစရာမလိုအောင်ကို စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့တယ်။ အရသာသိပ်ရှိခဲ့ပါတယ်။ ဂျာမနီရဲ့ သွင်းဂိုး ၂ ဂိုးမှာ ရော်ဘင် ဂိုဆန်စ်ကို မဖြစ်မနေ အသိအမှတ်ပြုရမှာဖြစ်ပြီး ဘယ်ခြမ်းမှာ ဆီမီဒို တစ်စစီဖြစ်အောင်လုပ်ပြခဲ့ပြီး သူ့ရဲ့ အတ္တလန်တာက ခြေစွမ်းကို ယူၐရိုအထိ အပြောင်းအလဲမရှိ ယူဆောင်လာခဲ့တာပါ။

မရဏအုပ်စုမှာ ဘာတွေဆက်ဖြစ်မလဲ?
ပွဲအချောင်ဆုံးနဲ့ အုပ်စုဗိုလ်ဖြစ်ဖို့ အခွင့်အရေးအကောင်းဆုံး ခံစားခွင့်ရတော့မှာက ဟန်ဂေရီနဲ့ ကစားရမယ့် ဂျာမနီအသင်းပါ။ ပြင်သစ်နဲ့ ပေါ်တူဂီတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို စိတ်ကြိုက်အမြတ်ထုတ်ခွင့် ရှိသွားတဲ့ အခြေအနေပါ။ ၄ မှတ်ရထားတဲ့ ပြင်သစ်ကလည်း သရေကစားနိုင်ရုံနဲ့ ဗိုလ် ၂ သင်းအဖြစ် အုပ်စုကျွတ်ဖို့ အလားအလာကောင်းနေသလို ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီကတော့ ပြင်သစ်အသင်းနဲ့ အချိုးအကွေ့တခုကို ဖန်တီးပြနိုင်မှ နောက်တဆင့်တက်နိုင်ခွင့်ရှိမယ်လို့ အခြေအနေကလည်း ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာစေတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမန္တေစၦေျခာက္ခံရတဲ့ မရဏအုပ္စုဝင္ ေပၚတူဂီ
ဆယ္စုႏွစ္ေတြကသာ ေျပာင္းလဲသြားခဲ့ေပမယ့္ ေပၚတူဂီကို ၄ ဂိုးသြင္းတဲ့ ဂ်ာမနီရဲ႕ အစဥ္အလာကေတာ့ မေျပာင္းလဲသြားခဲ့ပါဘူး။ ဒီေန႔ ျမဴးနစ္ၿမိဳ႕၊ အယ္လီယန္႔္စ္အရီနာကြင္းႀကီးထဲက ပြဲစဥ္က လက္ရွိ ယူ႐ို ၂၀၂၀ ရဲ႕ အေကာင္းဆုံးပြဲစဥ္လည္းျဖစ္ခဲ့သလို ၂၀၁၄ ကမာၻ႔ဖလားမွာ ၄ ဂိုးသြင္းခံရၿပီး အာရိယန္မ်ိဳးႏြယ္ ဂ်ာမန္တေစၦေျခာက္ခံရတဲ့ ေရာ္နယ္လ္ဒိုဦးေဆာင္တဲ့ ေပၚတူဂီကိုလည္း ထပ္ၿပီးမ်က္ႏွာငယ္သြားေစခဲ့ပါတယ္။ ယူ႐ို ၃ ႀကိမ္ခ်န္ပီယံေဟာင္းႀကီးကို လက္ရွိယူ႐ိုခ်န္ပီယံက ၁၅ ႏွစ္ၾကာ လက္စားမေခ်ႏိုင္ခဲ့မႈလည္း ျဖစ္ပါတယ္။

တန္ျပန္တိုက္စစ္မွာ ၿပီးျပည့္စုံခဲ့ေပမယ့္
လွ်ပ္စီးတခုလို လ်င္ျမန္လြန္းလွတဲ့ ဘာနာဒို ေဆးလ္ဗားနဲ႔ ဂ်ိဳတာတို႔ရဲ႕ တန္ျပန္တိုက္စစ္အသက္သြင္းမႈက အေတာ္ေလးလွပခဲ့ၿပီး ေျပာစရာျဖစ္က်န္ခဲ့ရတယ္။​ ​ေရာ္နယ္လ္ဒိုရဲ႕ ဦးေဆာင္မႈနဲ႔ ပထမပိုင္းမွာ အဖြင့္ဂိုး ေစာေစာစီးစီး ရခဲ့တယ္။ မက္ေလာက္စရာ တိုက္စစ္ေျခစြမ္းပိုင္းတခ်ိဳ႕ကိုေတာ့ ျပသႏိုင္ခဲ့ေသးတယ္လို႔ ေျဖသာေတြးရခ်ိန္မွာ လက္ရွိကစားပုံကေတာ့ ခ်န္ပီယံ​ဆုကာကြယ္ဖို႔ အဆင့္မမီေသးတာပါ။

ေပ်ာ့ကြက္ေတြကို နည္းျပဆန္းတို႔စ္ ဘယ္လိုဖာေထးမလဲ
လက္ရွိခ်န္ပီယံအသင္းက ခံစစ္ပိုင္းမွာ နာမည္ႀကီးေတြခ်ည္း ေခၚလာခဲ့ေပမယ့္ ​စာ႐ြက္ထဲမွာ အထင္ႀကီးခ်င္စရာေကာင္းသေလာက္ တကယ္တမ္း ကြင္းထဲက လက္ေတြ႕ေျခစြမ္းအရာမွာေတာ့ ယိုေပါက္ေတြက ျမင္မေကာင္းခဲ့တာပါ။ ေပၚတူဂီနည္းျပ ဆန္းတို႔္စ္အေနနဲ႔ ဂ်ာမနီရဲ႕ ျပင္းအားျမင့္ ဖိအားေပးတဲ့ ကစားဟန္ကို မယွဥ္ႏိုင္ခဲ့ဘဲ ေဘာလုံးအပ်က္မ်ားသလို အမွားေတြအမ်ားႀကီး လုပ္သြားခဲ့ပါတယ္။ ဂ်ာမနီထိုးစစ္ဆင္လာတိုင္း ေပၚတူဂီခံစစ္ေၾကာင္းႀကီး​က အေပါက္ေတြသာ ျဖစ္ေနတာပါ။

ေဝဖန္ေလကန္သူေတြကို ပါးစပ္ပိတ္လိုက္တဲ့ ခိုင္ဟာဗတ္ဇ္
ခ်ယ္လ္ဆီးနဲ႔ ေမလမွာ ခ်န္ပီယံလိဂ္ဘုရင္အျဖစ္ ေအာင္ပြဲခဲ့ၿပိး တလုံးတည္းေသာ ဗိုလ္လုပြဲအႏိုင္ဂိုးကိုပါ သြင္းယူခဲ့တဲ့ ခိုင္ဟာဗတ္ဇ္ရဲ႕ ဇြန္လေျခစြမ္းက ပိုမိုထက္ျမက္လာခဲ့သလို ယုံၾကည္ပိုင္းနဲ႔ စိတ္ဓာတ္ပိုင္းက ေထာင္တက္သြားခဲ့ၿပီး ေပၚတူဂီခံစစ္အတြက္ တကယ့္အိပ္မက္ဆိုးျဖစ္ခဲ့တာပါ။ ေဘာလုံးကိုင္ထားခ်ိန္ေရာ ေဘာလုံးဆုံးရႈံးခ်ိန္မွာပါ ေယာက်ာ္းဘသားလို ရဲရင့္ေနတဲ့ ခိုင္ဟာဗတ္ဇ္စစ္စစ္ကို ေတြ႕ျမင္ခဲ့ရၿပီး ေပၚတူဂီခံစစ္တခြင္လုံးကို အလုပ္အရႈပ္ေစဆုံးသူျဖစ္ခဲ့ပါတယ္။

ျပင္သစ္ကို ရႈံးၿပီး ေပါက္ကြဲျပခဲ့တဲ့ ဂ်ာမနီ
ျပင္သစ္ကို အဖြင့္မလွစြာနဲ႔ အေရးနိမ့္ခဲ့တဲ့ ဂ်ာမနီက ေသမင္းတမန္အုပ္စုမွာ လိုအပ္ေနတဲ့ အဖိုးတန္ ၃ မွတ္ကို ေပၚတူဂီဆီက ႏႈိက္ယူႏိုင္ခဲ့ၿပီး အုပ္စုဗိုလ္ ၂ သင္းအျဖစ္ လြတ္ကြၽတ္သြားဖို႔ အခြင့္အေရးအေကာင္းဆုံးအသင္း ျဖစ္သြားခဲ့တယ္။ ေနာက္ဆုံးတပြဲမွာ ဟန္ေဂရီနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ဒီေန႔လိုပဲ အိမ္ကြင္းမွာ ဂိုးမိုး႐ြာခ်ပစ္ဖို႔ သမိုင္းလွပလြန္းတဲ့ အသင္းအတြက္ကေတာ့ ခက္ခဲဖြယ္ရာ မရွိလွပါဘူး။

ေရာ္ဘင္ ဂိုဆန္စ္ကို အေလးျပဳလ်က္
ႏွစ္သင္းေပါင္းသြင္းဂိုးက ၆ ဂိုးအထိ ရွိခဲ့ၿပီး ကိုယ့္ဂိုးကိုယ္သြင္းတာကလည္း ၂ ဂိုးအထိ ဒီပြဲဟာ ဘယ္ေလာက္ထိ ျပင္းအားျမင့္သလဲဆိုတာ ​ေျပာစရာမလိုေအာင္ကို စိတ္လႈပ္ရွားစရာအေကာင္းဆုံးျဖစ္ခဲ့တယ္။ အရသာသိပ္ရွိခဲ့ပါတယ္။ ဂ်ာမနီရဲ႕ သြင္းဂိုး ၂ ဂိုးမွာ ေရာ္ဘင္ ဂိုဆန္စ္ကို မျဖစ္မေန အသိအမွ​တ္ျပဳရမွာျဖစ္ၿပီး ဘယ္ျခမ္းမွာ ဆီမီဒို တစ္စစီျဖစ္ေအာင္လုပ္ျပခဲ့ၿပီး သူ႔ရဲ႕ အတၱလန္တာက ေျခစြမ္းကို ယူၐ႐ိုအထိ အေျပာင္းအလဲမရွိ ယူေဆာင္လာခဲ့တာပါ။

မရဏအုပ္စုမွာ ဘာေတြဆက္ျဖစ္မလဲ?
ပြဲအေခ်ာင္ဆုံးနဲ႔ အုပ္စုဗိုလ္ျဖစ္ဖို႔ အခြင့္အေရးအေကာင္းဆုံး ခံစားခြင့္ရေတာ့မွာက ဟန္ေဂရီနဲ႔ ကစားရမယ့္ ဂ်ာမနီအသင္းပါ။ ျပင္သစ္နဲ႔ ေပၚတူဂီတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကို စိတ္ႀကိဳက္အျမတ္ထုတ္ခြင့္ ရွိသြားတဲ့ အေျခအေနပါ။ ၄ မွတ္ရထားတဲ့ ျပင္သစ္ကလည္း သေရကစားႏိုင္႐ုံနဲ႔ ဗိုလ္ ၂ သင္းအျဖစ္ အုပ္စုကြၽတ္ဖို႔ အလားအလာေကာင္းေနသလို ေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီကေတာ့ ျပင္သစ္အသင္းနဲ႔ အခ်ိဳးအေကြ႕တခုကို ဖန္တီးျပႏိုင္မွ ေနာက္တဆင့္တက္ႏိုင္ခြင့္ရွိမယ္လို႔ အေျခအ​ေနကလည္း ပိုၿပီးစိတ္ဝင္စားစရာ ေကာင္းလာေစတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.