Analysis International Match Report

နေက်တစ်ဆင့်တက်ဖို့ နှောင့်နေးခဲ့ရတဲ့ ဟန်ဂေရီ 1-1 ပြင်သစ် ပွဲအပြီး ပြောစရာ 7 ချက်

နောက်တဆင့်တက်ဖို့ နှောင့်နှေးသွားတဲ့ ပြင်သစ်
ဟန်ဂေရီအသင်းကို တမှတ်ခွဲပေးလိုက်ရတဲ့ ပြင်သစ်ကြောင့် မရဏအုပ်စုကြီးကတော့ အတော်လေး ရင်ခုန်စရာကောင်းသွားသလို ဘယ်အသင်းက အုပ်စုဗိုလ်ဖြစ်လာမလဲဆိုတာလည်း ရင်ခုန်စရာကောင်းသွားစေခဲ့တာက နောက်ဆုံးပွဲအထိ စောင့်ကြည့်ရတော့မှာပါ။ ပြင်သစ်အသင်းက ပွဲကို စိုးမိုးထားပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ အမြောက်အမြားကန်သွင်းခွင့် ရခဲ့ပေမယ့် ၆၆ မိနစ်မှ ဂိုးရပြီး ဟန်ဂေရီရဲ့ ဦး​ဆောင်ဂိုးကို ချေပခဲ့ရတာက နောက်တဆင့်တက်ဖို့ နှောင့်နှေးသွားစေခဲ့တယ်။

မေဂျာပြိုင်ပွဲ ၃ ကြိမ်ဆက် ဂိုးသွင်းတဲ့ ဂရိဇ်မန်း
ပြင်သစ်အသင်းအတွက်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားလို့တောင် သတ်မှတ်ရမယ့် အွန်ထွာ ဂရိဇ်မန်းရဲ့ ချေပဂိုး စွမ်းဆောင်ရည်​က ယူရိုပြိုင်ပွဲမှာ ၇ ဂိုးပြည့်မြောက်ခဲ့ပြီး ရော်နယ်လ်ဒိုနဲ့ ပလာတီနီတို့ရဲ့နောက် ဒီပြိုင်ပွဲရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်အသင်းအတွက် နောက်ဆုံး ပွဲ ၅၀ ဆက်တိုက် ပွဲထွက်လာခဲ့ပြီး ၂၀၁၆၊ ၂၀၁၈ နဲ့ ၂၀၂၀ ဆိုတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နဲ့ ယူရိုပြိုင်ပွဲကြီး ၃ ခုဆက် ဂိုးသွင်းနိုင်ယူ ဖြစ်လာခဲ့တာပါ။

၁၉၉၀ နောက်ပိုင်း ဟန်ဂေရီကို အနိုင်မရသေးတဲ့ ပြင်သစ်
ဟန်ဂေရီမြေ၊ ပွတ်ရှ်ကပ်စ်အရီနာကွင်းကြီးမှာ ကစားရတဲ့ ဒီပွဲက ပြင်သစ်ရဲ့ မှတ်တမ်းကျိန်စာဆိုးတခုကို ထပ်တိုးစေခဲ့ပြီး ၁၉၉၀ နောက်ပိုင်း ဟန်ဂေရီကို အနိုင်မရသေးတဲ့ စံချိန်က ဆက်လက်ခါးသီးစရာ ဖြစ်ခဲ့တယ်။ ဒီနေ့ညမှာလည်း ပွဲကို လွှမ်းမိုးထားပေမယ့် အဆုံးမသတ်နိုင်ခဲ့တာကြောင့် ဟန်ဂေရီမြေက ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့ မှတ်တမ်းက အကျည်းတန်သွားခဲ့ပါတယ်။

ဂျာမနီနဲ့ ပေါ်တူဂီအတွက် ဖိအား
အုပ်စုရဲ့ တတိယအကောင်းဆုံး အသင်းကလည်း နောက်တဆင့်တက်ဖို့ အခွင့်အရေး ရှိနေချိန်မှာ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ ဘယ်အသင်းက အုပ်စုဗိုလ်နှစ်သင်းဖြစ်လာမလဲဆိုတာ အတော်လေးရင်ခုန်စရာ ဖြစ်လာခဲ့တာပါ။ ပေါ်တူဂီကို အနိုင်ကစားသွားတဲ့ ဂျာမနီက ၃ မှတ် ရယူသွါးခဲဲ့ပြီး ပေါက်ကွဲခဲ့ချိန်မှာ ပြင်သစ်ရဲ့ ခြေချော်မှုက ၃ သင်းစလုံးအတွက် အခွင့်အရေးတွေ ပွင့်သွားစေခဲ့တဲ့အတွက် အုပ်စုနောက်ဆုံးပွဲစဥ်က အသက်ဖြစ်လာပါတော့မယ်။

လူများပြီး ပွဲမစည်တဲ့ ပြင်သစ်တိုက်စစ်
ပြောစရာဖြစ်ခဲ့ရတာကတော့ ဒီနှစ်ကျင်းပတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အတောင့်တင်းဆုံးနဲ့ ဟန်ချက်အညီညွတ်​ဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်အသင်းက တိုက်စစ်ပိုင်းနဲ့ အဆုံးသတ်ပိုင်းမှာ အတော်လေးညံ့ဖျင်းနေတာကို တွေ့ရတယ်။ အမ်ဘာပေကို ရော်နယ်လ်ဒိုလို သဘောထားပြီး ပံ့ပိုးနေတယ်ဆိုတဲ့ ဝါရင့်ကြီး ဘန်ဇီမာကိုယ်တိုင်က ဂိုးသွင်းခြေပျောက်နေခဲ့သလို အမ်ဘာပေရဲ့ ခြေဖနောင့်နဲ့ ချပေးခဲ့တဲ့ အပိုင်အခွင့်အရေးကိုလည်း အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ပြင်သစ်က ဂိုးပေါက်တည့်မှု တကြိိမ်သာရှိခဲ့တာကလည်း တောင့်တင်းလှတဲ့ လူအင်အားနဲ့ ကြည့်ရင်တော့ အရုပ်ဆိုးခဲ့ပါတယ်။

ဟန်ဂေရီပရိသတ်အားကို ကျေးဇူးဆပ်ခဲ့တဲ့ ဖီယိုလာ
ကိုဗစ်ရောဂါပိုး ကူးစက်ခြင်းမရှိတဲ့ ရှားရှားပါးပါး နိုင်ငံတခုဖြစ်တဲ့ ဟန်ဂေရီရဲ့ ပရိသတ်ထုကြီးက ပွတ်ရှ်ကပ်စ်ကွင်းကြီးထဲမှာ ကွင်းလုံးပြည့်အားပေးခွင့် ရခဲဲ့ပြီး ဟန်ဂေရီလက်ရွေးစင်အသင်းရဲ့ အားသာချက်ကလည်း အုပ်စုအဖွင့် ၂ ပွဲကို အိမ်ကွင်းမှာ ကစားခွင့်ရခဲ့ခြင်းက ဒီနေ့ပွဲမှာ ဖီယိုလာရဲ့ ဦးဆောင်ဂိုးက ပရိသတ်တွေ သောင်းသောင်းဖျဖျအားပေးရကျိုးနပ်စေပြီး ပျော်ရွှင်စေခဲ့ပါတယ်။

ဒေးရွှမ့် အမောဖောက်ပြီလား
ပြင်သစ်နည်းပြ ဒေးရွှမ့််က ဒုတိယပိုင်းအစမှာ ရာဘျို့ကို ထုတ်ပြီး အူစမန် ဒမ်ဘီလီကို ထည့်ကစားခဲ့ပြီး ၆ ကိုက်စည်းထဲ ဝင်တိုးခွင့်မရအောင် အသက်နဲ့ပေးပြီး ကာကွယ်နေသလားထင်ရအောင် မာထန်ကျစ်လစ်နေတဲ့ ဟန်ဂေရီခံစစ်ကို ၄၂၄ နဲ့ ထိုးနှက်လာခဲ့တယ်။ ဒါပေမယ့် ဂရိဇ်မန်း၊ ဘန်ဇီမာနဲ့ အမ်ဘာပေတို့လို ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေ​က သာမန်အဆင့်က ဟန်ဂေရီရဲ့ သတ္တိပြင်းတဲ့ ရုန်းအားကို ယှဥ်မတိုးနိုင်ခဲ့ဘဲ တိုက်စစ်တခုလုံး ရပ်တန့်နေခဲ့​ပြီး ၂ ပွဲမှာ ၂ ဂိုးသာ ရခဲ့တာက ဒီလိုအဆင့်အတန်းမျိုးနဲဲ့ အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဒေးရွှမ့် အမောဖောက်နေပြီလားလို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနာက္တဆင့္တက္ဖို႔ ေႏွာင့္ေႏွးသြားတဲ့ ျပင္သစ္
ဟန္ေဂရီအသင္းကို တမွတ္ခြဲေပးလိုက္ရတဲ့ ျပင္သစ္ေၾကာင့္ မရဏအုပ္စုႀကီးကေတာ့ အေတာ္ေလး ရင္ခုန္စရာေကာင္းသြားသလို ဘယ္အသင္းက အုပ္စုဗိုလ္ျဖစ္လာမလဲဆိုတာလည္း ရင္ခုန္စရာေကာင္းသြားေစခဲ့တာက ေနာက္ဆုံးပြဲအထိ ေစာင့္ၾကည့္ရေတာ့မွာပါ။ ျပင္သစ္အသင္းက ပြဲကို စိုးမိုးထားၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ အေျမာက္အျမားကန္သြင္းခြင့္ ရခဲ့ေပမယ့္ ၆၆ မိနစ္မွ ဂိုးရၿပီး ဟန္ေဂရီရဲ႕ ဦး​ေဆာင္ဂိုးကို ေခ်ပခဲ့ရတာက ေနာက္တဆင့္တက္ဖို႔ ေႏွာင့္ေႏွးသြားေစခဲ့တယ္။

ေမဂ်ာၿပိဳင္ပြဲ ၃ ႀကိမ္ဆက္ ဂိုးသြင္းတဲ့ ဂရိဇ္မန္း
ျပင္သစ္အသင္းအတြက္ဆိုရင္ေတာ့ ကမာၻေပၚမွာ ေျခစြမ္းအတည္ၿငိမ္ဆုံး ကစားသမားလို႔ေတာင္ သတ္မွတ္ရမယ့္ အြန္ထြာ ဂရိဇ္မန္းရဲ႕ ေခ်ပဂိုး စြမ္းေဆာင္ရည္​က ယူ႐ိုၿပိဳင္ပြဲမွာ ၇ ဂိုးျပည့္ေျမာက္ခဲ့ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ပလာတီနီတို႔ရဲ႕ေနာက္ ဒီၿပိဳင္ပြဲရဲ႕ တတိယေျမာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္လာခဲ့ပါတယ္။ ျပင္သစ္အသင္းအတြက္ ေနာက္ဆုံး ပြဲ ၅၀ ဆက္တိုက္ ပြဲထြက္လာခဲ့ၿပီး ၂၀၁၆၊ ၂၀၁၈ နဲ႔ ၂၀၂၀ ဆိုတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ နဲ႔ ယူ႐ိုၿပိဳင္ပြဲႀကီး ၃ ခုဆက္ ဂိုးသြင္းႏိုင္ယူ ျဖစ္လာခဲ့တာပါ။

၁၉၉၀ ေနာက္ပိုင္း ဟန္ေဂရီကို အႏိုင္မရေသးတဲ့ ျပင္သစ္
ဟန္ေဂရီေျမ၊ ပြတ္ရွ္ကပ္စ္အရီနာကြင္းႀကီးမွာ ကစားရတဲ့ ဒီပြဲက ျပင္သစ္ရဲ႕ မွတ္တမ္းက်ိန္စာဆိုးတခုကို ထပ္တိုးေစခဲ့ၿပီး ၁၉၉၀ ေနာက္ပိုင္း ဟန္ေဂရီကို အႏိုင္မရေသးတဲ့ စံခ်ိန္က ဆက္လက္ခါးသီးစရာ ျဖစ္ခဲ့တယ္။ ဒီေန႔ညမွာလည္း ပြဲကို လႊမ္းမိုးထားေပမယ့္ အဆုံးမသတ္ႏိုင္ခဲ့တာေၾကာင့္ ဟန္ေဂရီေျမက ၉ ပြဲမွာ ၁ ပြဲသာ အႏိုင္ရတဲ့ မွတ္တမ္းက အက်ည္းတန္သြားခဲ့ပါတယ္။

ဂ်ာမနီနဲ႔ ေပၚတူဂီအတြက္ ဖိအား
အုပ္စုရဲ႕ တတိယအေကာင္းဆုံး အသင္းကလည္း ေနာက္တဆင့္တက္ဖို႔ အခြင့္အေရး ရွိေနခ်ိန္မွာ ျပင္သစ္၊ ဂ်ာမနီ၊ ေပၚတူဂီ ဘယ္အသင္းက အုပ္စုဗိုလ္ႏွစ္သင္းျဖစ္လာမလဲဆိုတာ အေတာ္ေလးရင္ခုန္စရာ ျဖစ္လာခဲ့တာပါ။ ေပၚတူဂီကို အႏိုင္ကစားသြားတဲ့ ဂ်ာမနီက ၃ မွတ္ ရယူသြါးခဲဲ့ၿပီး ေပါက္ကြဲခဲ့ခ်ိန္မွာ ျပင္သစ္ရဲ႕ ေျခေခ်ာ္မႈက ၃ သင္းစလုံးအတြက္ အခြင့္အေရးေတြ ပြင့္သြားေစခဲ့တဲ့အတြက္ အုပ္စုေနာက္ဆုံးပြဲစဥ္က အသက္ျဖစ္လာပါေတာ့မယ္။

လူမ်ားၿပီး ပြဲမစည္တဲ့ ျပင္သစ္တိုက္စစ္
ေျပာစရာျဖစ္ခဲ့ရတာကေတာ့ ဒီႏွစ္က်င္းပတဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ အေတာင့္တင္းဆုံးနဲ႔ ဟန္ခ်က္အညီၫြတ္​ဆုံးလူစာရင္းကို ပိုင္ဆိုင္ထားတဲ့ ျပင္သစ္အသင္းက တိုက္စစ္ပိုင္းနဲ႔ အဆုံးသတ္ပိုင္းမွာ အေတာ္ေလးညံ့ဖ်င္းေနတာကို ေတြ႕ရတယ္။ အမ္ဘာေပကို ေရာ္နယ္လ္ဒိုလို သေဘာထားၿပီး ပံ့ပိုးေနတယ္ဆိုတဲ့ ဝါရင့္ႀကီး ဘန္ဇီမာကိုယ္တိုင္က ဂိုးသြင္းေျခေပ်ာက္ေနခဲ့သလို အမ္ဘာေပရဲ႕ ေျခဖေနာင့္နဲ႔ ခ်ေပးခဲ့တဲ့ အပိုင္အခြင့္အေရးကိုလည္း အဆုံးမသတ္ႏိုင္ခဲ့ပါဘူး။ ပထမပိုင္းမွာ ျပင္သစ္က ဂိုးေပါက္တည့္မႈ တႀကိိမ္သာရွိခဲ့တာကလည္း ေတာင့္တင္းလွတဲ့ လူအင္အားနဲ႔ ၾကည့္ရင္ေတာ့ အ႐ုပ္ဆိုးခဲ့ပါတယ္။

ဟန္ေဂရီပရိသတ္အားကို ေက်းဇူးဆပ္ခဲ့တဲ့ ဖီယိုလာ
ကိုဗစ္ေရာဂါပိုး ကူးစက္ျခင္းမရွိတဲ့ ရွားရွားပါးပါး ႏိုင္ငံတခုျဖစ္တဲ့ ဟန္ေဂရီရဲ႕ ပရိသတ္ထုႀကီးက ပြတ္ရွ္ကပ္စ္ကြင္းႀကီးထဲမွာ ကြင္းလုံးျပည့္အားေပးခြင့္ ရခဲဲ့ၿပီး ဟန္ေဂရီလက္ေ႐ြးစင္အသင္းရဲ႕ အားသာခ်က္ကလည္း အုပ္စုအဖြင့္ ၂ ပြဲကို အိမ္ကြင္းမွာ ကစားခြင့္ရခဲ့ျခင္းက ဒီေန႔ပြဲမွာ ဖီယိုလာရဲ႕ ဦးေဆာင္ဂိုးက ပရိသတ္ေတြ ေသာင္းေသာင္းဖ်ဖ်အားေပးရက်ိဳးနပ္ေစၿပီး ေပ်ာ္႐ႊင္ေစခဲ့ပါတယ္။

ေဒး႐ႊမ့္ အေမာေဖာက္ၿပီလား
ျပင္သစ္နည္းျပ ေဒး႐ႊမ့္္က ဒုတိယပိုင္းအစမွာ ရာဘ်ိဳ႕ကို ထုတ္ၿပီး အူစမန္ ဒမ္ဘီလီကို ထည့္ကစားခဲ့ၿပီး ၆ ကိုက္စည္းထဲ ဝင္တိုးခြင့္မရေအာင္ အသက္နဲ႔ေပးၿပီး ကာကြယ္ေနသလားထင္ရေအာင္ မာထန္က်စ္လစ္ေနတဲ့ ဟန္ေဂရီခံစစ္ကို ၄၂၄ နဲ႔ ထိုးႏွက္လာခဲ့တယ္။ ဒါေပမယ့္ ဂရိဇ္မန္း၊ ဘန္ဇီမာနဲ႔ အမ္ဘာေပတို႔လို ကမာၻ႔အဆင့္တိုက္စစ္မႉးေတြ​က သာမန္အဆင့္က ဟန္ေဂရီရဲ႕ သတၱိျပင္းတဲ့ ႐ုန္းအားကို ယွဥ္မတိုးႏိုင္ခဲ့ဘဲ တိုက္စစ္တခုလုံး ရပ္တန္႔ေနခဲ့​ၿပီး ၂ ပြဲမွာ ၂ ဂိုးသာ ရခဲ့တာက ဒီလိုအဆင့္အတန္းမ်ိဳးနဲဲ့ အသင္းကို ကိုင္တြယ္ေနတဲ့ နည္းျပေဒး႐ႊမ့္ အေမာေဖာက္ေနၿပီလားလို႔ ဆိုရမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.