Analysis International

တန်ဖိုးအရှိဆုံးမဟုတ်တဲ့ CR7 ရဲ့ ရုန်းအားကို မြင်ခဲ့ချိန်မှာ ဖာနန်ဒက်စ်ပျောက်နေလို့ အဝုန်းခံခဲ့ရ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တန်ဖိုးအမြင့်မားဆုံး ကစားသမားမဟုတ်ဘဲ သူထက် အရေးပါတာ ပေါ်တူဂီ တစ်သင်းလုံးဖြစ်ခဲ့တယ်ဆိုတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ စကားကတော့ တက်တက်စင်အောင်လွဲခဲ့ပြီး ဂျာမနီကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီလည်းဖြစ်ပါတယ်။

ပေါ်တူဂီတစ်သင်းလုံးဟာ တန်ဖိုးအရှိဆုံးပဲလို့ ပြောခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်ကစားသမားကတော့ တစ်ယောက်ကောင်းအသင်း မဟုတ်ဘူးလို့ ဆိုချင်ခဲ့ပေမယ့် ဂျာမနီကို တကယ်တမ်း ယှဉ်နိုင်ခဲ့သူက အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုတစ်ဦးတည်းသာ ရှိခဲ့ပြီး အဖွင့်ဂိုးအတွက် ရုန်းပြခဲ့သလို နောက်ထပ်ချေပဂိုးတစ်ဂိုးကိုလည်း ပြင်းပြတဲ့ ကြိုးစားမှုနဲ့ ဂျိုတာဆီ ပေးပို့နိုင်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ ပေါ်တူဂီတို့ သွင်းယူခဲ့တဲ့ ဂိုးဟာ ထောင့်ကန်ဘောကနေ GOAT ကြီးကိုယ်တိုင် ရှင်းထုတ်လိုက်တာလည်းဖြစ်ပြီး ဒီကနေ တန်ပြန်တိုက်စစ်ဆင်ရာမှာ ဒီဘက်ဂိုးကနေ ဟိုဘက်ဂိုးအထိ ၉၆ မီတာကို ခရီးနှင်ခဲ့ရတဲ့ ဂိုးသွင်းဘုရင်ဟာ ၉၂ မီတာကို တစ်နာရီ ၃၂ ကီလိုမီတာ ပျမ်းမျှနှုန်းနဲ့ ပြေးလွှားသွားခဲ့တာဖြစ်ပြီး ကွင်းလယ်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ချိန်နဲ့ အဆုံးသတ်ခါနီးအချိန်လောက်ကိုသာ အရှိန်လျှော့ချခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးနှစ်သိမ့်ချေပဂိုးမှာလည်း ဂျိုတာသွင်းယူနိုင်ဖို့ ဂိုးလွန်ဘောဖြစ်သွားနိုင်လောက်တဲ့ ဘောလုံးကို ထောင့်ကျဉ်းအနေအထားကနေ ဂိုးသမား နွိုင်ယာကို ကျော်ပြီး အရဖြတ်တင်ပေးခဲ့သလို သူ့ကြောင့်သာ မဟုတ်ရင် ဒီနှစ်ဂိုးစလုံးရ မရနိုင်တာဖြစ်လို့ ဖာနန်ဒက်စ်ရဲ့ စကားကတော့ တက်တက်စင်အောင် လွဲခဲ့ပြီး ပရိသတ်တွေရဲ့ ဒေါသကို မီးမွှေးခဲ့သလိုဖြစ်ခဲ့ပါတယ်။

ဒီအချိန်မှာ အချိန်ကိုက်ဆိုသလိုပဲ ပင်နယ်တီအကန်ကောင်းတဲ့ ကွင်းလယ်လူဟာ ဝေဖန်ခံခဲ့ရပြီး ပွဲကြီးတွေ မတိုးတဲ့ ကစားဟန်နဲ့ မကြိုးစားတဲ့ လုပ်အားနှုန်းက ဝုလ်ဗ်စ်ကွင်းလယ်လူ ဂျာအို မော်တင်ညိုနဲ့ လဲလှယ်ခဲ့ရစေသလို သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ်နေချိန်မှာ လမ်းလျှောက်နေနိုင်သေးလားလို့ပါ အာဆင်နယ်နောက်ခံလူဟောင်း လီးဒစ်ဆန်က မေးခွန်းထုတ်ခဲ့ရတာပါ။

“တစ်ယောက်ယောက်ကတော့ အသင်းက သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးနေတယ်လို့ သူ့ကို သတိပေးဖို့ လိုပြီထင်တယ်။ သူက ဘောလုံးနဲ့အတူ လမ်းလျှောက်ရုံလောက် လုပ်နေတာပဲ။ ဒီလိုအချိန်မျိုးမှာ နေရာလွတ်တွေထဲ ပြေးဝင်ပြီး အသင်းဖော်တွေကို ကူညီရမှာ မဟုတ်ဘူးလား။ အခုဟာက သူ့အနေနဲ့ ပြေးဖို့အတွက် လုံးဝအင်အားမသုံးခဲ့တာပါ”လို့ နောက်ခံလူဟောင်းကြီးက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးအချက်အလက်သတ်မှတ်ရေးနဲ့ ကစားသမားစောင့်ကြည့်ရေး ဝက်ဘ်ဆိုက် Whoscored ကတော့ သူ့ရဲ့ ဂျာမနီနဲ့ပွဲက စွမ်းဆောင်ရည်ကို 5.67 မှတ်သာ ပေးခဲ့ပြီး ဒီလိုပွဲကြီးမျိုးမှာ ဖာနန်ဒက်စ်အနေနဲ့ ကန်ချက်နဲ့ ဘောလုံးဆွဲပြေးမှုမျိုးကို ကွင်းထဲရှိနေတဲ့ ၆၄ မိနစ် ကာလမှာ လုပ်မပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာလည်း ဂရေမီ ဆောင်းနက်စ်က သူ့ကို ကလေးဆန်ပြီး စိတ်ကောက်တတ်တဲ့ အမူအရာအတွက် ပြစ်တင်သွားခဲ့ပြီး သူသာ နည်းပြဆိုရင် ဘယ်လောက်ကောင်းကောင်း အဝတ်လဲခန်းထဲ ခေါ်မလာဘူးလို့ပါဆိုခဲ့တာပါ။ ဒါဟာ ပွဲကြီးတွေမှာ အလုပ်မဖြစ်ဘူးလို့ တံဆိပ်ကပ် ခံထားရတဲ့ ဖာနန်ဒက်စ်အတွက် စိတ်ပျက်စရာလည်းဖြစ်ခဲ့ပြီး ရော်နယ်လ်ဒိုနဲ့ ပေါ်တူဂီအသင်းအပေါ် မှတ်ချက်ပေးခဲ့ချိန်မှာ ခြေစွမ်းမပြနိုင်ခဲ့တာကတော့ သူ့ရဲ့ ဆိုးရွားတဲ့ တိုက်ဆိုင်မှုလည်းဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တန္ဖိုးအျမင့္မားဆုံး ကစားသမားမဟုတ္ဘဲ သူထက္ အေရးပါတာ ေပၚတူဂီ တစ္သင္းလုံးျဖစ္ခဲ့တယ္ဆိုတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ စကားကေတာ့ တက္တက္စင္ေအာင္လြဲခဲ့ၿပီး ဂ်ာမနီကို ရႈံးနိမ့္ခဲ့တဲ့ ပြဲမွာ ေဝဖန္တိုက္ခိုက္မႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီလည္းျဖစ္ပါတယ္။

ေပၚတူဂီတစ္သင္းလုံးဟာ တန္ဖိုးအရွိဆုံးပဲလို႔ ေျပာခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္ကစားသမားကေတာ့ တစ္ေယာက္ေကာင္းအသင္း မဟုတ္ဘူးလို႔ ဆိုခ်င္ခဲ့ေပမယ့္ ဂ်ာမနီကို တကယ္တမ္း ယွဥ္ႏိုင္ခဲ့သူက အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုတစ္ဦးတည္းသာ ရွိခဲ့ၿပီး အဖြင့္ဂိုးအတြက္ ႐ုန္းျပခဲ့သလို ေနာက္ထပ္ေခ်ပဂိုးတစ္ဂိုးကိုလည္း ျပင္းျပတဲ့ ႀကိဳးစားမႈနဲ႔ ဂ်ိဳတာဆီ ေပးပို႔ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ေပၚတူဂီတို႔ သြင္းယူခဲ့တဲ့ ဂိုးဟာ ေထာင့္ကန္ေဘာကေန GOAT ႀကီးကိုယ္တိုင္ ရွင္းထုတ္လိုက္တာလည္းျဖစ္ၿပီး ဒီကေန တန္ျပန္တိုက္စစ္ဆင္ရာမွာ ဒီဘက္ဂိုးကေန ဟိုဘက္ဂိုးအထိ ၉၆ မီတာကို ခရီးႏွင္ခဲ့ရတဲ့ ဂိုးသြင္းဘုရင္ဟာ ၉၂ မီတာကို တစ္နာရီ ၃၂ ကီလိုမီတာ ပ်မ္းမွ်ႏႈန္းနဲ႔ ေျပးလႊားသြားခဲ့တာျဖစ္ၿပီး ကြင္းလယ္က လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ခ်ိန္နဲ႔ အဆုံးသတ္ခါနီးအခ်ိန္ေလာက္ကိုသာ အရွိန္ေလွ်ာ့ခ်ခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးႏွစ္သိမ့္ေခ်ပဂိုးမွာလည္း ဂ်ိဳတာသြင္းယူႏိုင္ဖို႔ ဂိုးလြန္ေဘာျဖစ္သြားႏိုင္ေလာက္တဲ့ ေဘာလုံးကို ေထာင့္က်ဥ္းအေနအထားကေန ဂိုးသမား ႏြိဳင္ယာကို ေက်ာ္ၿပီး အရျဖတ္တင္ေပးခဲ့သလို သူ႔ေၾကာင့္သာ မဟုတ္ရင္ ဒီႏွစ္ဂိုးစလုံးရ မရႏိုင္တာျဖစ္လို႔ ဖာနန္ဒက္စ္ရဲ႕ စကားကေတာ့ တက္တက္စင္ေအာင္ လြဲခဲ့ၿပီး ပရိသတ္ေတြရဲ႕ ေဒါသကို မီးေမႊးခဲ့သလိုျဖစ္ခဲ့ပါတယ္။

ဒီအခ်ိန္မွာ အခ်ိန္ကိုက္ဆိုသလိုပဲ ပင္နယ္တီအကန္ေကာင္းတဲ့ ကြင္းလယ္လူဟာ ေဝဖန္ခံခဲ့ရၿပီး ပြဲႀကီးေတြ မတိုးတဲ့ ကစားဟန္နဲ႔ မႀကိဳးစားတဲ့ လုပ္အားႏႈန္းက ဝုလ္ဗ္စ္ကြင္းလယ္လူ ဂ်ာအို ေမာ္တင္ညိဳနဲ႔ လဲလွယ္ခဲ့ရေစသလို သုံးဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ္ေနခ်ိန္မွာ လမ္းေလွ်ာက္ေနႏိုင္ေသးလားလို႔ပါ အာဆင္နယ္ေနာက္ခံလူေဟာင္း လီးဒစ္ဆန္က ေမးခြန္းထုတ္ခဲ့ရတာပါ။

“တစ္ေယာက္ေယာက္ကေတာ့ အသင္းက သုံးဂိုး-တစ္ဂိုးနဲ႔ ရႈံးေနတယ္လို႔ သူ႔ကို သတိေပးဖို႔ လိုၿပီထင္တယ္။ သူက ေဘာလုံးနဲ႔အတူ လမ္းေလွ်ာက္႐ုံေလာက္ လုပ္ေနတာပဲ။ ဒီလိုအခ်ိန္မ်ိဳးမွာ ေနရာလြတ္ေတြထဲ ေျပးဝင္ၿပီး အသင္းေဖာ္ေတြကို ကူညီရမွာ မဟုတ္ဘူးလား။ အခုဟာက သူ႔အေနနဲ႔ ေျပးဖို႔အတြက္ လုံးဝအင္အားမသုံးခဲ့တာပါ”လို႔ ေနာက္ခံလူေဟာင္းႀကီးက ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးအခ်က္အလက္သတ္မွတ္ေရးနဲ႔ ကစားသမားေစာင့္ၾကည့္ေရး ဝက္ဘ္ဆိုက္ Whoscored ကေတာ့ သူ႔ရဲ႕ ဂ်ာမနီနဲ႔ပြဲက စြမ္းေဆာင္ရည္ကို 5.67 မွတ္သာ ေပးခဲ့ၿပီး ဒီလိုပြဲႀကီးမ်ိဳးမွာ ဖာနန္ဒက္စ္အေနနဲ႔ ကန္ခ်က္နဲ႔ ေဘာလုံးဆြဲေျပးမႈမ်ိဳးကို ကြင္းထဲရွိေနတဲ့ ၆၄ မိနစ္ ကာလမွာ လုပ္မျပႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒီပြဲမတိုင္ခင္မွာလည္း ဂေရမီ ေဆာင္းနက္စ္က သူ႔ကို ကေလးဆန္ၿပီး စိတ္ေကာက္တတ္တဲ့ အမူအရာအတြက္ ျပစ္တင္သြားခဲ့ၿပီး သူသာ နည္းျပဆိုရင္ ဘယ္ေလာက္ေကာင္းေကာင္း အဝတ္လဲခန္းထဲ ေခၚမလာဘူးလို႔ပါဆိုခဲ့တာပါ။ ဒါဟာ ပြဲႀကီးေတြမွာ အလုပ္မျဖစ္ဘူးလို႔ တံဆိပ္ကပ္ ခံထားရတဲ့ ဖာနန္ဒက္စ္အတြက္ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ၿပီး ေရာ္နယ္လ္ဒိုနဲ႔ ေပၚတူဂီအသင္းအေပၚ မွတ္ခ်က္ေပးခဲ့ခ်ိန္မွာ ေျခစြမ္းမျပႏိုင္ခဲ့တာကေတာ့ သူ႔ရဲ႕ ဆိုး႐ြားတဲ့ တိုက္ဆိုင္မႈလည္းျဖစ္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.