Premier League

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အေကာင္းဆုံးကစားသမားကို စကိုင္းစပို႔စ္ေရြးခ်ယ္ျပသ

ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲေတြ ရပ္နားထားတဲ့အခ်ိန္အထိ ကစားခဲ့ၿပီးသမွ် ရလဒ္ေတြအရ အသင္းအေပၚ အက်ဳိးအျပဳဆုံး ကစားသမားတစ္ဦးစီကို စကိုင္းစပုိ႔စ္က ေရြးခ်ယ္ေဖာ္ျပခဲ့ရမွာ မန္ခ်က္စတာစီးတီးအသင္းအတြက္ေတာ့ ကြင္းလယ္ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားက ေရြးခ်ယ္ခံခဲ့ရပါတယ္။

မန္ခ်က္စတာစီးတီးအသင္းနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ရာသီဆက္တုိက္ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းနားအေနနဲ႔ တစ္ရာသီထက္ တစ္ရာသီ ပုိမိုေကာင္းမြန္လာခဲ့ၿပီး အသင္းရဲ႕ တခ်ဳိ႕ေနရာေတြက အားနည္းမွဳေတြေၾကာင့္ ရလဒ္ေတြ မေကာင္းခဲ့ရေပမယ့္လည္း သူ႕ရဲ႕ စြမ္းေဆာင္ရည္ကေတာ့ သိသာထင္ရွားခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ဘယ္လ္ဂ်ီယမ္ကြင္းလယ္ဖန္တီးရွင္ဟာ ဒီရာသီမွာေတာ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ရွိေနၿပီး ပရီးမီးယားလိဂ္မွာ ၈ ဂိုးသြင္းၿပီး ဖန္တီးမွဳ ၁၆ ႀကိမ္ျပဳလုပ္ထားႏုိင္ခဲ့သလို ပရီးမီးယားလိဂ္မွာ တျခားသူေတြထက္ ေခါင္းတစ္လုံး ပုိမိုျမင့္မားတဲ့ ပုံစံကိုလည္း ျပသထားႏုိင္ခဲ့ပါတယ္။

ဒီရာသီမွာ အခြင့္အေရး ၉၆ ႀကိမ္မွာ ကစားကြက္ထဲကေန ၇၂ ႀကိမ္ ဖန္တီးေပးထားႏုိင္ခဲ့သလို အပိုင္အခြင့္အေရး ၂၃ ႀကိမ္ ဖန္တီးႏိုင္ခဲ့ၿပီး တစ္ပြဲပ်မ္းမွ် အဓိကေပးပို႔မွဳ ၁၀.၇၈ ႀကိမ္ ျပဳလုပ္ထားၿပီး ပရီးမီးယားလိဂ္မွာေတာ့ ဘယ္ကစားသမားကမွ သူ႕ကို နီးနီးစပ္စပ္ ယွဥ္ၿပဳိင္မထားႏုိင္ဘူးလို႔လည္း ဆုိပါတယ္။

တစ္ရာသီအတြင္း မွတ္တမ္းေတြအရ ဂိုးဖန္တီးမွဳ ၁၆ ႀကိမ္ ျပဳလုပ္ထားတဲ့ ဒီဘ႐ိုင္းနားဟာ ၂၀၀၂-၀၃ ရာသီက အာဆင္နယ္တုိက္စစ္မွဴး သီယာရီ အြန္နရီရဲ႕ ဖန္တီးမွဳစံခ်ိန္ အႀကိမ္ ၂၀ ကိုလည္း လက္က်န္ ၁၀ ပြဲမွာ ၄ ႀကိမ္ ဖန္တီးႏုိင္ရင္ လိုက္မီမွာျဖစ္ၿပီး စံခ်ိန္ေဟာင္းကိုပါ တစ္ခါတည္း ခ်ဳိးဖ်က္သြားႏုိင္မလားဆုိတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားထားတဲ့အချိန်အထိ ကစားခဲ့ပြီးသမျှ ရလဒ်တွေအရ အသင်းအပေါ် အကျိုးအပြုဆုံး ကစားသမားတစ်ဦးစီကို စကိုင်းစပို့စ်က ရွေးချယ်ဖော်ပြခဲ့ရမှာ မန်ချက်စတာစီးတီးအသင်းအတွက်တော့ ကွင်းလယ်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားက ရွေးချယ်ခံခဲ့ရပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားအနေနဲ့ တစ်ရာသီထက် တစ်ရာသီ ပိုမိုကောင်းမွန်လာခဲ့ပြီး အသင်းရဲ့ တချို့နေရာတွေက အားနည်းမှုတွေကြောင့် ရလဒ်တွေ မကောင်းခဲ့ရပေမယ့်လည်း သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ သိသာထင်ရှားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်ကွင်းလယ်ဖန်တီးရှင်ဟာ ဒီရာသီမှာတော့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိနေပြီး ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်းပြီး ဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်ထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ တခြားသူတွေထက် ခေါင်းတစ်လုံး ပိုမိုမြင့်မားတဲ့ ပုံစံကိုလည်း ပြသထားနိုင်ခဲ့ပါတယ်။

ဒီရာသီမှာ အခွင့်အရေး ၉၆ ကြိမ်မှာ ကစားကွက်ထဲကနေ ၇၂ ကြိမ် ဖန်တီးပေးထားနိုင်ခဲ့သလို အပိုင်အခွင့်အရေး ၂၃ ကြိမ် ဖန်တီးနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှ အဓိကပေးပို့မှု ၁၀.၇၈ ကြိမ် ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်မှာတော့ ဘယ်ကစားသမားကမှ သူ့ကို နီးနီးစပ်စပ် ယှဉ်ပြိုင်မထားနိုင်ဘူးလို့လည်း ဆိုပါတယ်။

တစ်ရာသီအတွင်း မှတ်တမ်းတွေအရ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားတဲ့ ဒီဘရိုင်းနားဟာ ၂၀၀၂-၀၃ ရာသီက အာဆင်နယ်တိုက်စစ်မှူး သီယာရီ အွန်နရီရဲ့ ဖန်တီးမှုစံချိန် အကြိမ် ၂၀ ကိုလည်း လက်ကျန် ၁၀ ပွဲမှာ ၄ ကြိမ် ဖန်တီးနိုင်ရင် လိုက်မီမှာဖြစ်ပြီး စံချိန်ဟောင်းကိုပါ တစ်ခါတည်း ချိုးဖျက်သွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.