International Match Report

ပိုလန်ကို မနိုင်ဘဲ နာမည်ကြီး ထမင်းငတ်ထက်ပိုတဲ့ ဂုဏ်ပုဒ်ကို ဖန်တီးပေးရတော့မယ့် စပိန်

စပိန်အသင်းဟာ ဒီနေ့မှာ ပိုလန်အသင်းကိုလည်း သရေသာ ရယူနိုင်ခဲ့ပြီး သူတို့ရဲ့ အဆင့်အတန်း၊ ဂုဏ်ပုဒ်တွေနဲ့တော့ ဘယ်လိုမှ မကိုက်ညီတဲ့ ခြေစွမ်းကို ပြသနေခဲ့သလို အုပ်စု(E)မှာ နှစ်ပွဲကစား နှစ်မှတ်နဲ့ တတိယနေရာကို ရောက်ရှိနေခဲ့ပြီး ကိုယ့်ထက် ရေပန်းစားမှုနိမ့်တဲ့ အသင်းတွေကြားမှာ နည်းပြ လူးဝစ် အန်ရီကေလည်း နာမည်ပျက်ခဲ့ရပါတယ်။

ဆွီဒင်နဲ့ပွဲက ဂိုးမသွင်းနိုင်ဘဲ သရေကျတဲ့ ပွဲထွက် ၁၁ ယောက်မှာ ဖယ်ရန် တောရက်စ်အစား ဂျရတ် မိုရီနိုကို ထည့်သွင်းခဲ့တဲ့ စပိန်ရဲ့ စွမ်းဆောင်ရည်က လောက်လောက်လားလားတော့ မဟုတ်ခဲ့ဘဲ ပွဲချိန် ၆ မိနစ်မှာ ပိုလန်ကွင်းလယ်လူ ကလစ်ချ်ကတောင် စတင်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အိုလ်မို၊ ဂျရတ် မိုရီနိုတို့ရဲ့ တောင်ပံတွေ ပြန်အလုပ်လုပ်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် လေးလံတဲ့ စပိန်ရှေ့တန်းက ပိုလန်ကို ကျော်ဖို့ ခက်နေခဲ့ပြီး တစ်ချက်တစ်ချက် ဘောလုံးပျက်သွားတာနဲ့ ပိုလန်ရဲ့ ကောင်တာတွေကို မနည်း လိုက်ထိန်းခဲ့ရတာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ ဂျရတ် မိုရီနိုရဲ့ ရမ်းသမ်းမှန်းသန်း ကန်ချက်ပျော့ပျော့ကနေ လူကျွံထောက်ချောက်ကို ဖောက်ထွက်လိုက်ပါသွားတဲ့ မိုရာတာက ပိတ်သွင်းနိုင်ခဲ့တဲ့အတွက် စပိန်တို့ ဂိုးစရခဲ့ပြီး ကစားပုံကတော့ အားရစရာမရှိသလို တိုက်ရိုက်လွှင့်တာသာ မဟုတ်ရင် ဒီအသင်းလို့ ယုံကြည်စရာကို မရှိတာဖြစ်ပြီး ပိုလန်ကလည်း အခွင့်အရေး ၃ ကြိမ်လောက်ကို လွဲချော်ခဲ့တဲ့အတွက် ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်မှာ ဆာဂျီယို ဘွတ်စ်ကက်စ်မရှိတာကို သူတို့ရဲ့ တီကီတာကာ ကစားဟန်နဲ့ ထိန်းထားနိုင်ခဲ့ပေမယ့် သီယာဂို အယ်လ်ကန်တာရာကို မသုံးတာ၊ တောင်ပံတွေမှာ လျင်မြန်တဲ့ Winger တွေနဲ့ ရွေ့လျားမှု ကောင်းမွန်ပြီး သွက်လက်ထက်မြက်တဲ့ တိုက်စစ်မှူးမျိုးတွေ ပိုင်ဆိုင်မထားတာက စပိန်ရဲ့ ကစားဟန်ကို ထိခိုက်စေခဲ့ပြီး ပက်ဒရိုတို့လို ကစားသမားတွေကိုလည်း သတိရမိစေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံသမားတစ်ယောက်ဖြစ်တဲ့ အဒါမာ ထရာအိုရေးကို အရန်ခုံမှာ ထိုင်ခိုင်းထားဆဲဖြစ်တဲ့ စပိန်အတွက် မန်စီးတီးရဲ့ လက်သင်ကစားသမား ဖယ်ရန် တောရက်စ်ကလည်း လုံလောက်ခြင်းမရှိချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားပုံမလှပေမယ့်လည်း အလုပ်ဖြစ်တဲ့ လူးကပ်စ် ဗက်ဇ်ကေးဇ်နဲ့ မာကို အဆန်စီယိုတို့လို ကစားသမားတွေကိုလည်း မခေါ်ယူလာခဲ့တာ နည်းပြ အန်ရီကေရဲ့ မှားယွင်းမှုပဲဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး တူညီတဲ့ ပုံစံနဲ့ပဲ ကစားနေကြပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ညာတောင်ပံက ဂျို့ဇ်ဗီယက်ခ်ရဲ့ ဖြတ်တင်ဘောကနေ လီဗန်ဒေါ့ဗ်စကီးက ခေါင်းတိုက်ချေပနိုင်ခဲ့သလို ဒီဂိုးမှာတော့ ဂိုးဧရိယာထဲ အနည်းငယ် တွန်းမိရုံနဲ့ ငါတော့ Foul တောင်းလို့ရပြီ ဆိုတဲ့ စပိန်နောက်ခံလူ လာပေါ့တ်ရဲ့ တုံးအမှုကိုလည်း တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ စပိန်တို့ ထိုးဖောက်လာရင်း မိုရီနိုရဲ့ ဖြတ်တင်ဘောကို မိုရာတာ လွဲချော်ခဲ့ပေမယ့် ပေးပို့စဉ်မှာ ပိုလန်နောက်ခံလူ မိုဒါက မိုရီနိုကို တက်နင်းမိခဲ့လို့ ပင်နယ်တီ ရရှိခဲ့ပါတယ်။ ဒါကို မိုရီနိုကိုယ်တိုင် ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်ခဲ့ရာမှာ နောက်ကလိုက်လာတဲ့ မိုရာတာ ထပ်ပိတ်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့လို့ စပိန်တို့ရဲ့ ဆုံးရှုံးမှုက ကြီးမားခဲ့တာပါ။

ဒီနောက်ပိုင်းမှာ စပိန်တို့ လူစားလဲပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ပွဲချိန် ၈၃ မိနစ်မှာ မိုရာတာရဲ့ အနီးကပ်အခွင့်အရေးကို ဂိုးသမား ရှချက်စနီ ကာကွယ်သွားခဲ့သလို ကျန်တဲ့ အချိန်တွေမှာတော့ နှစ်ဖက်စလုံး ဂိုးရယူနိုင်လောက်တဲ့အထိ မကစားနိုင်ခဲ့ကြလို့ ပိုလန်တို့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သရေပွဲကနေ ပထမဆုံး အမှတ်ကို ရယူနိုင်ပြီး သွင်းဂိုးရှားပါးလှတဲ့ အုပ်စု(E)မှာတော့ ဆွီဒင်၊ ဆလိုဗက်ကီးယား၊ စပိန်နဲ့ ပိုလန်တို့ အစဉ်လိုက် ရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္အသင္းဟာ ဒီေန႔မွာ ပိုလန္အသင္းကိုလည္း သေရသာ ရယူႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ အဆင့္အတန္း၊ ဂုဏ္ပုဒ္ေတြနဲ႔ေတာ့ ဘယ္လိုမွ မကိုက္ညီတဲ့ ေျခစြမ္းကို ျပသေနခဲ့သလို အုပ္စု(E)မွာ ႏွစ္ပြဲကစား ႏွစ္မွတ္နဲ႔ တတိယေနရာကို ေရာက္ရွိေနခဲ့ၿပီး ကိုယ့္ထက္ ေရပန္းစားမႈနိမ့္တဲ့ အသင္းေတြၾကားမွာ နည္းျပ လူးဝစ္ အန္ရီေကလည္း နာမည္ပ်က္ခဲ့ရပါတယ္။

ဆြီဒင္နဲ႔ပြဲက ဂိုးမသြင္းႏိုင္ဘဲ သေရက်တဲ့ ပြဲထြက္ ၁၁ ေယာက္မွာ ဖယ္ရန္ ေတာရက္စ္အစား ဂ်ရတ္ မိုရီႏိုကို ထည့္သြင္းခဲ့တဲ့ စပိန္ရဲ႕ စြမ္းေဆာင္ရည္က ေလာက္ေလာက္လားလားေတာ့ မဟုတ္ခဲ့ဘဲ ပြဲခ်ိန္ ၆ မိနစ္မွာ ပိုလန္ကြင္းလယ္လူ ကလစ္ခ်္ကေတာင္ စတင္ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အိုလ္မို၊ ဂ်ရတ္ မိုရီႏိုတို႔ရဲ႕ ေတာင္ပံေတြ ျပန္အလုပ္လုပ္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ဖိကစားႏိုင္ခဲ့ေပမယ့္ ေလးလံတဲ့ စပိန္ေရွ႕တန္းက ပိုလန္ကို ေက်ာ္ဖို႔ ခက္ေနခဲ့ၿပီး တစ္ခ်က္တစ္ခ်က္ ေဘာလုံးပ်က္သြားတာနဲ႔ ပိုလန္ရဲ႕ ေကာင္တာေတြကို မနည္း လိုက္ထိန္းခဲ့ရတာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ဂ်ရတ္ မိုရီႏိုရဲ႕ ရမ္းသမ္းမွန္းသန္း ကန္ခ်က္ေပ်ာ့ေပ်ာ့ကေန လူကြၽံေထာက္ေခ်ာက္ကို ေဖာက္ထြက္လိုက္ပါသြားတဲ့ မိုရာတာက ပိတ္သြင္းႏိုင္ခဲ့တဲ့အတြက္ စပိန္တို႔ ဂိုးစရခဲ့ၿပီး ကစားပုံကေတာ့ အားရစရာမရွိသလို တိုက္႐ိုက္လႊင့္တာသာ မဟုတ္ရင္ ဒီအသင္းလို႔ ယုံၾကည္စရာကို မရွိတာျဖစ္ၿပီး ပိုလန္ကလည္း အခြင့္အေရး ၃ ႀကိမ္ေလာက္ကို လြဲေခ်ာ္ခဲ့တဲ့အတြက္ ပထမပိုင္းက တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ကြင္းလယ္မွာ ဆာဂ်ီယို ဘြတ္စ္ကက္စ္မရွိတာကို သူတုိ႔ရဲ႕ တီကီတာကာ ကစားဟန္နဲ႔ ထိန္းထားႏုိင္ခဲ့ေပမယ့္ သီယာဂို အယ္လ္ကန္တာရာကို မသုံးတာ၊ ေတာင္ပံေတြမွာ လ်င္ျမန္တဲ့ Winger ေတြနဲ႔ ေရြ႕လ်ားမွဳ ေကာင္းမြန္ၿပီး သြက္လက္ထက္ျမက္တဲ့ တုိက္စစ္မွဴးမ်ဳိးေတြ ပုိင္ဆုိင္မထားတာက စပိန္ရဲ႕ ကစားဟန္ကို ထိခိုက္ေစခဲ့ၿပီး ပက္ဒ႐ိုတုိ႔လို ကစားသမားေတြကိုလည္း သတိရမိေစပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေတာင္ပံသမားတစ္ေယာက္ျဖစ္တဲ့ အဒါမာ ထရာအုိေရးကို အရန္ခုံမွာ ထိုင္ခိုင္းထားဆဲျဖစ္တဲ့ စပိန္အတြက္ မန္စီးတီးရဲ႕ လက္သင္ကစားသမား ဖယ္ရန္ ေတာရက္စ္ကလည္း လုံေလာက္ျခင္းမရွိခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ရဲ႕ ကစားပုံမလွေပမယ့္လည္း အလုပ္ျဖစ္တဲ့ လူးကပ္စ္ ဗက္ဇ္ေကးဇ္နဲ႔ မာကို အဆန္စီယိုတုိ႔လို ကစားသမားေတြကိုလည္း မေခၚယူလာခဲ့တာ နည္းျပ အန္ရီေကရဲ႕ မွားယြင္းမွဳပဲျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ႏွစ္သင္းစလုံး တူညီတဲ့ ပုံစံနဲ႔ပဲ ကစားေနၾကၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ညာေတာင္ပံက ဂ်ိဳ႕ဇ္ဗီယက္ခ္ရဲ႕ ျဖတ္တင္ေဘာကေန လီဗန္ေဒါ့ဗ္စကီးက ေခါင္းတိုက္ေခ်ပႏိုင္ခဲ့သလို ဒီဂိုးမွာေတာ့ ဂိုးဧရိယာထဲ အနည္းငယ္ တြန္းမိ႐ုံနဲ႔ ငါေတာ့ Foul ေတာင္းလို႔ရၿပီ ဆိုတဲ့ စပိန္ေနာက္ခံလူ လာေပါ့တ္ရဲ႕ တုံးအမႈကိုလည္း ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ စပိန္တို႔ ထိုးေဖာက္လာရင္း မိုရီႏိုရဲ႕ ျဖတ္တင္ေဘာကို မိုရာတာ လြဲေခ်ာ္ခဲ့ေပမယ့္ ေပးပို႔စဥ္မွာ ပိုလန္ေနာက္ခံလူ မိုဒါက မိုရီႏိုကို တက္နင္းမိခဲ့လို႔ ပင္နယ္တီ ရရွိခဲ့ပါတယ္။ ဒါကို မိုရီႏိုကိုယ္တိုင္ ကန္သြင္းခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့ရာမွာ ေနာက္ကလိုက္လာတဲ့ မိုရာတာ ထပ္ပိတ္ခဲ့ေပမယ့္ ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့လို႔ စပိန္တို႔ရဲ႕ ဆုံးရႈံးမႈက ႀကီးမားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ စပိန္တို႔ လူစားလဲၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ပြဲခ်ိန္ ၈၃ မိနစ္မွာ မိုရာတာရဲ႕ အနီးကပ္အခြင့္အေရးကို ဂိုးသမား ရွခ်က္စနီ ကာကြယ္သြားခဲ့သလို က်န္တဲ့ အခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ဂိုးရယူႏိုင္ေလာက္တဲ့အထိ မကစားႏိုင္ခဲ့ၾကလို႔ ပိုလန္တို႔ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ သေရပြဲကေန ပထမဆုံး အမွတ္ကို ရယူႏိုင္ၿပီး သြင္းဂိုးရွားပါးလွတဲ့ အုပ္စု(E)မွာေတာ့ ဆြီဒင္၊ ဆလိုဗက္ကီးယား၊ စပိန္နဲ႔ ပိုလန္တို႔ အစဥ္လိုက္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.