Premier League Transfer News

20 Jun နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုက လီဗာပူးလ်အသင်းရဲ့ ပြည်တွင်းနဲ့ ဥရောပအောင်မြင်မှုမှာ သိပ်အစွမ်းထက်တဲ့ ကစားသမားတဦးကို ရင်ခွင်ပိုက်ထားနိုင်ခဲ့တယ်လို့ ချီးကျူးသွားခဲ့ပြီး အင်္ဂလန်ရဲ့ ယူရိုလူစာရင်းမှာ ဂျော်ဒန် ဟန်ဒါဆန်ကို ရွေးချယ်ခဲ့တာဟာ နည်းပြဆောက်ဂိတ် မှန်ကန်စွာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ခံသွား။

– အီတလီကလာတဲ့ သတင်းတွေအရ လီဗာပူးလ်အသင်းဟာ အီတလီလက်ရွေးစင်နဲ့အတူ ယူရိုပြိုင်ပွဲဝင်နေတဲ့ ဆာဆူအိုလိုအသင်းရဲ့ တောင်ပံကစားသမား ဒိုမီနီကို ဘယ်ရာဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို တိုက်စစ်မှူးနေရာပါ ကစားနိုင်တဲ့ ခေတ်သစ်ကစားဟန်ကြောင့် ယူရိုသန်း ၅၀ သတ်မှတ်ခံထားကြောင်း သိရပြီး ကစားသမားကိုယ်တိုင်က ၂၀၁၉ ကတည်းက အန်ဖီးလ်ကို ပြောင်းရွှေ့လိုခဲ့သူဖြစ်ကြောင်း သိရ။

– လီဗာပူးလ်အသင်းဟာ မိုချန်ဂလါဘတ်ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ်ကို ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပြီး သူ့ကို အခိုင်အမာ စိတ်ဝင်စားနေတဲ့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဆန္ဒကိုလည်း အန်ဖီးလ်မြေကို ​ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဂျာမန်သားက တုံ့ပြန်ထားပြီးဖြစ်လို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုအပိုင်း အခက်အခဲမရှိကြောင်း သိရ။

– လီဗာပူးလ်အသင်းအနေနဲ့ ဆွီဒင်လူငယ်ကြယ်ပွင့်လေး အလက်ဇန်းဒါး အီဆက်ကို ခေါ်ယူဖို့ အပယ်ခံတိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ရောင်းထုတ်သွားမယ်လို့ သိရပြီး အီဗရာဟီမိုဗစ်ချ်နဲ့ နှိုုင်းယှဉ်ခံထားရတဲ့ အရပ် ၆ ပေ ၄ လက်မရှိ တိုက်စစ်မှူးအတွက် စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ ဟာ မိုက်ကယ် အက်ဒ်ဝပ်အတွက် အခက်အခဲမရှိကြောင်း သိရ။

– အန်ဖီးလ်လူဟောင်း အဒမ် လာလာနာက ဂျီနီ ဗိုင်နယ်လ်ဒမ်ရဲ့နေရာကို ဆက်ခံနိုင်တဲ့ လီဗာပူးကစားသမားဟာ အန်ဒီ ရော်ဘတ်ဆန်ဖြစ်တယ်လို့ ထုတ်ဖော်သွားခဲ့ပြီး စကော့တလန်အသင်းခေါင်းဆောင်ဟာ ဟန်ဒါဆန်၊ ဗန်ဒိုက်၊ ဂျိမ်းစ်မီလ်နာတို့နဲ့အတူ အသင်းရဲ့ ခေါင်းဆောင်ပိုင်းနေရာကို တာဝန်ယူနိုင်စွမ်းရှိတယ်လို့ ပြောကြား။

– ဒီနွေမှာ လီဗာပူးလ်အသင်းအနေနဲ့ ရိုးမားကွင်းလယ်လူ ပယ်လီဂရီနီ၊ ရီးရဲလ်ဆိုစီဒက်ရဲ့ ဆွီဒင်ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်နဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာတို့ကို ၃ ဦးစလုံးကို အမြန်ဆုံး ခေါ်ယူဖို့ ပရိသတ်တွေက အလိုရှိနေကြပြီး သူတို့ ၃ ဦးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တယ်လို့ အခိုင်အမာယုံကြည်နေကြောင်း ကြွေးကြော်သွား။

– အင်္ဂလန်နဲ့ပွဲမှာ ကမ္ဘာ့အဆင့်​ခြေစွမ်းပြပြီး အကောင်းဆုံးကစားသမားဆုရခဲဲ့တဲ့ စကော့တလန်အသင်းဖော် ဘီလီ ဂီးလ်မိုးကို အန်ဒီ ရော်ဘတ်ဆန်က ဂုဏ်ပြုသွားခဲ့ပြီး ဘုရားသခင်ကိုတောင် တမိလောက်အောင် သူ့ရဲ့စွမ်းဆောင်ရည်က ထက်မြက်ခဲ့လို့ စကော့တလန်ရဲ့ အနာဂတ်သစ်အဖြစ် ရည်မှန်းထားကြောင်း ချီးကျူးသွား။

– လီဗာပူးလ်နည်းပြယာဂင် ကလော့ပ်ဟာ ပြီးခဲ့တဲ့လက ၂၃ မိနစ်အတွင်း ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စပါတာပရာ့ဂ် လူငယ်တိုက်စစ်မှူး အဒမ် ဟလိုးဂျက်ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပြီး ၁၈ နှစ်သားရဲ့ ပြီးခဲ့တဲ့ရာသီက ၁၈ ပွဲမှာ ၁၅ ဂိုးသွင်းထားတဲ့ ခြေစွမ်းကြောင့် အေစီမီလန်အသင်းနဲ့အပြိုင် ပေါင် ၁၅ သန်းနဲ့ သန်း ၂၀ ကြား ပေးချေရဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းက ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီဟာ ရွှေလို အဖိုးတန်တဲ့ ကစားသမားလို့ သီယာဂို အယ်လ်ကန်တာရာက မှတ်ချက်ပေးသွားခဲ့ပြီး အင်နီယေစတာလက်သစ်လို့ ချီးကျုးခံရလောက်အောင် ကစားပုံညက်ညောလွန်းတဲ့ စပိန်အသင်းဖော်ဟာ ပြည့်စုံတဲ့ ကစားသမားလို့ ကြိုဆိုသွားခဲ့ချိန်မှာ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၇၀ ကို ပေးချေဖို့ပဲ စဉ်းစားရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက လီဗာပူးလ္အသင္းရဲ႕ ျပည္တြင္းနဲ႔ ဥေရာပေအာင္ျမင္မႈမွာ သိပ္အစြမ္းထက္တဲ့ ကစားသမားတဦးကို ရင္ခြင္ပိုက္ထားႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး အဂၤလန္ရဲ႕ ယူ႐ိုလူစာရင္းမွာ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ေ႐ြးခ်ယ္ခဲ့တာဟာ နည္းျပေဆာက္ဂိတ္ မွန္ကန္စြာ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေထာက္ခံသြား။

– အီတလီကလာတဲ့ သတင္းေတြအရ လီဗာပူးလ္အသင္းဟာ အီတလီလက္ေ႐ြးစင္နဲ႔အတူ ယူ႐ိုၿပိဳင္ပြဲဝင္ေနတဲ့ ဆာဆူအိုလိုအသင္းရဲ႕ ေတာင္ပံကစားသမား ဒိုမီနီကို ဘယ္ရာဒီကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို တိုက္စစ္မႉးေနရာပါ ကစားႏိုင္တဲ့ ေခတ္သစ္ကစားဟန္ေၾကာင့္ ယူ႐ိုသန္း ၅၀ သတ္မွတ္ခံထားေၾကာင္း သိရၿပီး ကစားသမားကိုယ္တိုင္က ၂၀၁၉ ကတည္းက အန္ဖီးလ္ကို ေျပာင္းေ႐ႊ႕လိုခဲ့သူျဖစ္ေၾကာင္း သိရ။

– လီဗာပူးလ္အသင္းဟာ မိုခ်န္ဂလါဘတ္ကြင္းလယ္လူ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ကို ေပါင္ ၃၄ သန္းနဲ႔ ကမ္းလွမ္းသြားမယ္လို႔ သိရၿပီး သူ႔ကို အခိုင္အမာ စိတ္ဝင္စားေနတဲ့ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဆႏၵကိုလည္း အန္ဖီးလ္ေျမကို ​ေျပာင္းေ႐ႊ႕ဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့ ဂ်ာမန္သားက တုံ႔ျပန္ထားၿပီးျဖစ္လို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈအပိုင္း အခက္အခဲမရွိေၾကာင္း သိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ဆြီဒင္လူငယ္ၾကယ္ပြင့္ေလး အလက္ဇန္းဒါး အီဆက္ကို ေခၚယူဖို႔ အပယ္ခံတိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကို ေရာင္းထုတ္သြားမယ္လို႔ သိရၿပီး အီဗရာဟီမိုဗစ္ခ်္နဲ႔ ႏႈိုင္းယွဥ္ခံထားရတဲ့ အရပ္ ၆ ေပ ၄ လက္မရွိ တိုက္စစ္မႉးအတြက္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၆၀ ဟာ မိုက္ကယ္ အက္ဒ္ဝပ္အတြက္ အခက္အခဲမရွိေၾကာင္း သိရ။

– အန္ဖီးလ္လူေဟာင္း အဒမ္ လာလာနာက ဂ်ီနီ ဗိုင္နယ္လ္ဒမ္ရဲ႕ေနရာကို ဆက္ခံႏိုင္တဲ့ လီဗာပူးကစားသမားဟာ အန္ဒီ ေရာ္ဘတ္ဆန္ျဖစ္တယ္လို႔ ထုတ္ေဖာ္သြားခဲ့ၿပီး စေကာ့တလန္အသင္းေခါင္းေဆာင္ဟာ ဟန္ဒါဆန္၊ ဗန္ဒိုက္၊ ဂ်ိမ္းစ္မီလ္နာတို႔နဲ႔အတူ အသင္းရဲ႕ ေခါင္းေဆာင္ပိုင္းေနရာကို တာဝန္ယူႏိုင္စြမ္းရွိတယ္လို႔ ေျပာၾကား။

– ဒီေႏြမွာ လီဗာပူးလ္အသင္းအေနနဲ႔ ႐ိုးမားကြင္းလယ္လူ ပယ္လီဂရီနီ၊ ရီးရဲလ္ဆိုစီဒက္ရဲ႕ ဆြီဒင္ၾကယ္ပြင့္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္နဲ႔ လိဒ္စ္ေတာင္ပံကစားသမား ရာဖင္ညာတို႔ကို ၃ ဦးစလုံးကို အျမန္ဆုံး ေခၚယူဖို႔ ပရိသတ္ေတြက အလိုရွိေနၾကၿပီး သူတို႔ ၃ ဦးနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္တယ္လို႔ အခိုင္အမာယုံၾကည္ေနေၾကာင္း ေႂကြးေၾကာ္သြား။

– အဂၤလန္နဲ႔ပြဲမွာ ကမာၻ႔အဆင့္​ေျခစြမ္းျပၿပီး အေကာင္းဆုံးကစားသမားဆုရခဲဲ့တဲ့ စေကာ့တလန္အသင္းေဖာ္ ဘီလီ ဂီးလ္မိုးကို အန္ဒီ ေရာ္ဘတ္ဆန္က ဂုဏ္ျပဳသြားခဲ့ၿပီး ဘုရားသခင္ကိုေတာင္ တမိေလာက္ေအာင္ သူ႔ရဲ႕စြမ္းေဆာင္ရည္က ထက္ျမက္ခဲ့လို႔ စေကာ့တလန္ရဲ႕ အနာဂတ္သစ္အျဖစ္ ရည္မွန္းထားေၾကာင္း ခ်ီးက်ဴးသြား။

– လီဗာပူးလ္နည္းျပယာဂင္ ကေလာ့ပ္ဟာ ၿပီးခဲ့တဲ့လက ၂၃ မိနစ္အတြင္း ၄ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ စပါတာပရာ့ဂ္ လူငယ္တိုက္စစ္မႉး အဒမ္ ဟလိုးဂ်က္ကို ေခၚယူဖို႔ မ်က္စိက်ေနတယ္လို႔ သိရၿပီး ၁၈ ႏွစ္သားရဲ႕ ၿပီးခဲ့တဲ့ရာသီက ၁၈ ပြဲမွာ ၁၅ ဂိုးသြင္းထားတဲ့ ေျခစြမ္းေၾကာင့္ ေအစီမီလန္အသင္းနဲ႔အၿပိဳင္ ေပါင္ ၁၅ သန္းနဲ႔ သန္း ၂၀ ၾကား ေပးေခ်ရဖြယ္ရွိေန။

– လီဗာပူးလ္အသင္းက ပစ္မွတ္ထားေနတဲ့ ဘာစီလိုနာကြင္းလယ္လူ ပက္ဒရီဟာ ေ႐ႊလို အဖိုးတန္တဲ့ ကစားသမားလို႔ သီယာဂို အယ္လ္ကန္တာရာက မွတ္ခ်က္ေပးသြားခဲ့ၿပီး အင္နီေယစတာလက္သစ္လို႔ ခ်ီးက်ဳးခံရေလာက္ေအာင္ ကစားပုံညက္ေညာလြန္းတဲ့ စပိန္အသင္းေဖာ္ဟာ ျပည့္စုံတဲ့ ကစားသမားလို႔ ႀကိဳဆိုသြားခဲ့ခ်ိန္မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္သန္း ၇၀ ကို ေပးေခ်ဖို႔ပဲ စဥ္းစားရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.