International Match Report

ပေါ်တူဂီကို အိမ်ကွင်းမှာ ဝုန်းပြီး နောက်တစ်ဆင့်တက်ဖို့ နိုင်ပွဲရယူခဲ့တဲ့ ဂျာမနီ

ဂျာမနီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အုပ်စုတွင်း အဓိကပြိုင်ဘက်တစ်သင်းဖြစ်တဲ့ ပေါ်တူဂီကို ဘိုင်ယန်မြူးနစ်ရဲ့ အလိုင်းယန့်ဇ် အရီနာမှာ အိမ်ကွင်းအဖြစ် လက်ခံယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ပထမပွဲက ပြင်သစ်ကို ရှုံးနိမ့်ခဲ့ရလို့ ပျက်သွားခဲ့တဲ့ကြွေကို အကောင်းဆုံးပြန်လည်ဆွဲတင်ပြီး အုပ်စု(F)ကနေ နောက်တစ်ဆင့်တက်ဖို့ လုံလောက်တဲ့ ခြေစွမ်းကို ပြသသွားခဲ့ပါတယ်။

ပြင်သစ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့တဲ့ ဂျာမနီဟာ ဒီ ၁၁ ယောက်ကိုပဲ မပြောင်းမလဲ ပွဲထွက်လာခဲ့ချိန်မှာ ပေါ်တူဂီကလည်း ဟန်ဂေရီနဲ့ပွဲက တူညီတဲ့ လူစာရင်းကိုပဲ ဆက်လက်အသုံးပြုခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ အိမ်ရှင်တွေကို ထိုးနှက်နိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ ညာခြမ်းက ဂင်တာရဲ့ ဖြတ်တင်ဘောကနေ ဂိုဆန်စ်က မြေထောက် Volley ကန်ချက်နဲ့ သွင်းယူနိုင်ခဲ့ပေမယ့် ဒီဂိုးစတင်စဉ်မှာ ဘောလုံးရယူ မူလာ လက်ထိခဲ့တာနဲ့ ဧရိယာထဲမှာ ပိတ်သွင်းဖို့ ကြိုးစားတဲ့ ဂနာဘရီ လူကျွံနေတာတွေကြောင့် ပေါ်တူဂီတို့ စောဒကတက်ခဲ့ကြပြီး နောက်ဆုံးမှာ ဒိုင်လူကြီး အန်ထော်နီ တေလာက လူကျွံဘော သတ်မှတ်ပြီး ပယ်ဖျက်သွားခဲ့ပါတယ်။

ဂျာမန်တွေရဲ့ ဘောလုံးကို မြန်မြန်ဆန်ဆန်ပေးပြီး လှုပ်ရှားတဲ့ ဗျူဟာက ပေါ်တူဂီရဲ့ လေးလံတဲ့ ကွင်းလယ်အထိုင် ဒါနီလို ပါရဲရားနဲ့ ဝီလီယမ် ကာဗာလ်ယိုတို့ကို ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်စေခဲ့ပြီး ပြင်သစ်နဲ့ပွဲက အမှားတွေကို ပြုပြင်လာတဲ့ ယိုအာခင်မ် လို့ဗ်အနေနဲ့ ဒီနေ့ပွဲရဲ့ တိုက်စစ်ကစားကွက်မှာ ကင်းမစ်ချ်နဲ့ ဂင်တာကို ရှေ့တစ်ဆင့်စီ တက်ကစားခိုင်းပြီး ၄-၅-၁ နဲ့ ၄-၄-၂ တွေကို စာရွက်ပေါ်က ၃-၄-၂-၁ နဲ့ ကွဲပြားအောင် အသုံးချသွားခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ အဖွင့်ဂိုး ရရှိသွားခဲ့သူက ထင်မှတ်မထားခဲ့တဲ့ ပေါ်တူဂီတို့ဖြစ်နေပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ကောင်တာ တိုက်စစ်ဆင်မှုကို လူကျွံဘောဖမ်းတဲ့သူက ရှေ့တန်းလူ ဟာဗတ်ဇ်ဖြစ်နေလို့ ဒီဟာကွက်ကနေ ဘာနာဒို ဆေးလ်ဗားက ဂျိုတာဆီ အကောင်းဆုံး ပေးပို့နိုင်ခဲ့ပြီး ဂျိုတာ ပြန်ချိုးပေးတာကိုတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အနီးကပ်ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ညာနောက်ခံလူ ဆီမီဒိုနဲ့ ဘယ်နောက်ခံလူ ဂွါရဲရိုးတို့ရဲ့ ခံစစ်မလုံမှုတွေမှာ ပီပီနဲ့ ရူဘင် ဒီယက်စ်တို့ ရုန်းကန်နေခဲ့ရပြီး ပွဲချိန် ၂၂ မိနစ်မှာ ပေါ်တူဂီတို့ ဖရီးကစ်ကနေ ဒုတိယဂိုး မရလိုက်တာက ပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့သလို ကွင်းလယ်က ခဲဆွဲထားတဲ့သူတွေကြောင့် ဟင်းလင်း ပွင့်နေတဲ့ နောက်တန်းကို ဂျာမန်တွေက စိမ်ပြေနပြေ ထိုးနှက်ခြင်းကို ခံသွားရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဂျာမနီတို့ ပြန်လည်တိုက်စစ်ဆင်မှုကနေ ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး ကင်းမစ်ချ်ရဲ့ ဖြတ်တင်မှုမှာ နေရာယူဖို့ထက် လိုက်မျောဖို့ ကြိုးစားတဲ့ ဆီမီဒိုနဲ့ ပီပီရဲ့ ညာခြမ်းခံစစ်ကို ဘယ်တောင်ပံက တက်လာတဲ့ ဂိုဆန်စ်က ဘောလုံးကို ပြန်ချပေးရာမှာ ဟာဗတ်ဇ်က ဒီယက်စ်ရှေ့ကနေ ဖြတ်ပိတ်ခဲ့ရာမှာ သူနဲ့ မထိခဲ့ပေမယ့် မန်စီးတီးနောက်ခံလူနဲ့ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းမှု ဖြစ်ပွားခဲ့ရပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာတော့ Own Goal မြူးသွားတဲ့ ပေါ်တူဂီတို့ နောက်ထပ်တစ်ဂိုးကို ထပ်မံသွင်းယူမိခဲ့ပြီး မူလာတင်ပေးတာကို ဟာဗတ်ဇ် ဘေးကန်မိခဲ့ပေမယ့် ညာခြမ်းက လိုက်ပါလာတဲ့ ကင်းမစ်ချ်က အနိမ့်ဘော ပြန်ချိုးပေးရာမှာ ပြေးဝင်ရှင်းထုတ်တဲ့ ဂွါရဲရိုးက ဂိုးထဲ ကန်မိခဲ့ပြီး ဂျာမနီတို့ ကိုယ်တိုင်မသွင်းရဘဲ နှစ်ဂိုးအထိရရှိခဲ့သလို ပထမပိုင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ ရီနာတို ဆန်ချက်စ်ကို ဟန်ဂေရီနဲ့ပွဲက ပုံသေနည်းအတိုင်း နည်းပြ ဖာနန်ဒို ဆန်တို့စ်က ထည့်သွင်းခဲ့ပေမယ့် ညာခြမ်းမှာ တောင်ပံသမားစစ်စစ်ကို ထားရှိဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြေးအားတိုးအားတွေမှာ ကစားကွက်က ချိနဲ့ခဲ့ပြီး ဂျာမန်တို့ရဲ့ လွှမ်းမိုးခြင်းအောက်က ရုန်းမထွက်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ကွင်းလယ်ကနေ ဘယ်ခြမ်းဆီ ဖြန့်ခင်းပေးလိုက်တဲ့ မူလာရဲ့ ပေးပို့မှုကို ဘယ်တောင်ပံမှာ တောက်လျှောက် အင်အားပြနေခဲ့တဲ့ ဂိုဆန်စ်က ပြန်လည်ဖြတ်တင်ပေးရာမှာတော့ ပထမပိုင်းမှာ တစ်ချိန်လုံး လွဲချော်နေခဲ့တဲ့ ဟာဗတ်ဇ်က Own Goal အဖြစ်မခံဘဲ ပေါ်တူဂီနောက်ခံလူတွေရှေ့ကနေ ပြေးဝင်ပိတ်သွင်းယူနိုင်ခဲ့လို့ ဂျာမနီတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဂိုးသမား ပက်ထရီစီယိုရဲ့ နေရာယူမှု Positioning ကလည်း တော်တော်လေး ဆိုးရွားခဲ့တာကို တွေ့ရပြီး ခံစစ်သမားတွေနဲ့ နားလည်မှု လွဲနေခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာတော့ နောက်တန်းရဲ့ စုပေါင်းအမှားကနေ ဂိုဆန်စ်က ကင်းမစ်ချ်ရဲ့ ဖြတ်တင်ဘောကို ဘယ်ခြမ်းကနေ ဧရိယာထဲ နေရာဝင်ယူပြီး ခေါင်းတိုက်သွင်းခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ဘယ်ခြမ်းမှာ ရရှိတဲ့ ဖရီးကစ်ကို ဘရူနို ဖာနန်ဒက်စ်အစား ဝင်လာတဲ့ ဂျာအို မော်တင်ညိုက ကန်ပို့ပေးခဲ့ရာမှာ ရော်နယ်လ်ဒိုက ပြေးထွက်ပြီး ဂိုးသမား နွိုင်ယာနဲ့ ကပ်လျက်ကနေ ပြန်တင်ပေးတာကို ဂျိုတာက ရူဒီဂါ မဖျက်နိုင်ခင်မှာ အလျင်အမြန် ပိတ်သွင်းနိုင်ခဲ့လို့ ပေါ်တူဂီတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ရေသောက်ချိန် ခေတ္တရပ်နားခဲ့ပြီးချိန်မှာတော့ ဂျာမနီနည်းပြ လို့ဗ်အနေနဲ့ ခံစစ်ကစားဖို့ ပြင်ဆင်ပြောင်းလဲခဲ့သလို ဟာဗတ်ဇ်နေရာမှာ ဂိုရက်ဇ်ကာ၊ ဂွန်ဒိုးဝမ်နေရာမှာ ဆူးလားတို့ကို ထည့်သွင်းသွားခဲ့ပြီး ပေါ်တူဂီတို့ တိုက်စစ်ပြန်ကစားလာနိုင်ခဲ့ပေမယ့် ဆန်ချက်စ်ရဲ့ တိုင်ထိခဲ့တဲ့ တစ်လုံးကလွဲရင် ဂိုးနဲ့သိပ်ပြီး မနီးစပ်ခဲ့လို့ ဒီရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ပေါ်တူဂီတို့အနေနဲ့ တောင်ပံတိုက်စစ်တွေရဲ့ ဟန်ချက်မညီခြင်းနဲ့ လေးလံပြီး တိုက်စစ်ကို မပံ့ပိုးနိုင်တဲ့ ကွင်းလယ် Pivot ရဲ့ မထက်မြက်တဲ့ ဒဏ်ကို ခံခဲ့ရသလို မန်စီးတီးမှာလို လုပ်ပြဖို့ ပံ့ပိုးမှုတွေလိုနေတဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ ညာခြမ်းမှာ ရာဖာ ဆေးလ်ဗားကို First Line-up ထားကစားပြီး ဘာနာဒိုကို ကွင်းလယ်မှာ အထိုင်ကစားခိုင်းမှ ဒါတွေကို ဖြေဖျောက်ပြင်ဆင်နိုင်လိမ့်မယ်လို့လည်း ယူဆမိပါတယ်။

ဂျာမနီကတော့ ပြင်သစ်နဲ့ပွဲမှာ ပျောက်ဆုံးခဲ့ရတဲ့ တန်ခိုးအရှိန်အဝါကို ပြန်လည်ရရှိခဲ့ပြီး အကောင်းဆုံးပြန်လာနိုင်ခဲ့သလို အုပ်စု(F)ရဲ့ ၁၆ သင်း လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဒီမရဏအုပ်စုရဲ့ နာမည်ကြီးသုံးသင်းစလုံးကတော့ အနည်းဆုံး အကောင်းဆုံး တတိယနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ကြဖို့ ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမနီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အုပ္စုတြင္း အဓိကၿပိဳင္ဘက္တစ္သင္းျဖစ္တဲ့ ေပၚတူဂီကို ဘိုင္ယန္ျမဴးနစ္ရဲ႕ အလိုင္းယန႔္ဇ္ အရီနာမွာ အိမ္ကြင္းအျဖစ္ လက္ခံယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး ပထမပြဲက ျပင္သစ္ကို ရႈံးနိမ့္ခဲ့ရလို႔ ပ်က္သြားခဲ့တဲ့ေႂကြကို အေကာင္းဆုံးျပန္လည္ဆြဲတင္ၿပီး အုပ္စု(F)ကေန ေနာက္တစ္ဆင့္တက္ဖို႔ လုံေလာက္တဲ့ ေျခစြမ္းကို ျပသသြားခဲ့ပါတယ္။

ျပင္သစ္နဲ႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားခဲ့တဲ့ ဂ်ာမနီဟာ ဒီ ၁၁ ေယာက္ကိုပဲ မေျပာင္းမလဲ ပြဲထြက္လာခဲ့ခ်ိန္မွာ ေပၚတူဂီကလည္း ဟန္ေဂရီနဲ႔ပြဲက တူညီတဲ့ လူစာရင္းကိုပဲ ဆက္လက္အသုံးျပဳခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြကေန အိမ္ရွင္ေတြကို ထိုးႏွက္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ ညာျခမ္းက ဂင္တာရဲ႕ ျဖတ္တင္ေဘာကေန ဂိုဆန္စ္က ေျမေထာက္ Volley ကန္ခ်က္နဲ႔ သြင္းယူႏိုင္ခဲ့ေပမယ့္ ဒီဂိုးစတင္စဥ္မွာ ေဘာလုံးရယူ မူလာ လက္ထိခဲ့တာနဲ႔ ဧရိယာထဲမွာ ပိတ္သြင္းဖို႔ ႀကိဳးစားတဲ့ ဂနာဘရီ လူကြၽံေနတာေတြေၾကာင့္ ေပၚတူဂီတို႔ ေစာဒကတက္ခဲ့ၾကၿပီး ေနာက္ဆုံးမွာ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက လူကြၽံေဘာ သတ္မွတ္ၿပီး ပယ္ဖ်က္သြားခဲ့ပါတယ္။

ဂ်ာမန္ေတြရဲ႕ ေဘာလုံးကို ျမန္ျမန္ဆန္ဆန္ေပးၿပီး လႈပ္ရွားတဲ့ ဗ်ဴဟာက ေပၚတူဂီရဲ႕ ေလးလံတဲ့ ကြင္းလယ္အထိုင္ ဒါနီလို ပါရဲရားနဲ႔ ဝီလီယမ္ ကာဗာလ္ယိုတို႔ကို ယုန္ေတာင္ေျပး ေခြးေျမာက္လိုက္ျဖစ္ေစခဲ့ၿပီး ျပင္သစ္နဲ႔ပြဲက အမွားေတြကို ျပဳျပင္လာတဲ့ ယိုအာခင္မ္ လို႔ဗ္အေနနဲ႔ ဒီေန႔ပြဲရဲ႕ တိုက္စစ္ကစားကြက္မွာ ကင္းမစ္ခ်္နဲ႔ ဂင္တာကို ေရွ႕တစ္ဆင့္စီ တက္ကစားခိုင္းၿပီး ၄-၅-၁ နဲ႔ ၄-၄-၂ ေတြကို စာ႐ြက္ေပၚက ၃-၄-၂-၁ နဲ႔ ကြဲျပားေအာင္ အသုံးခ်သြားခဲ့တာကိုလည္း ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အဖြင့္ဂိုး ရရွိသြားခဲ့သူက ထင္မွတ္မထားခဲ့တဲ့ ေပၚတူဂီတို႔ျဖစ္ေနၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေကာင္တာ တိုက္စစ္ဆင္မႈကို လူကြၽံေဘာဖမ္းတဲ့သူက ေရွ႕တန္းလူ ဟာဗတ္ဇ္ျဖစ္ေနလို႔ ဒီဟာကြက္ကေန ဘာနာဒို ေဆးလ္ဗားက ဂ်ိဳတာဆီ အေကာင္းဆုံး ေပးပို႔ႏိုင္ခဲ့ၿပီး ဂ်ိဳတာ ျပန္ခ်ိဳးေပးတာကိုေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အနီးကပ္ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ညာေနာက္ခံလူ ဆီမီဒိုနဲ႔ ဘယ္ေနာက္ခံလူ ဂြါရဲ႐ိုးတို႔ရဲ႕ ခံစစ္မလုံမႈေတြမွာ ပီပီနဲ႔ ႐ူဘင္ ဒီယက္စ္တို႔ ႐ုန္းကန္ေနခဲ့ရၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာ ေပၚတူဂီတို႔ ဖရီးကစ္ကေန ဒုတိယဂိုး မရလိုက္တာက ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့သလို ကြင္းလယ္က ခဲဆြဲထားတဲ့သူေတြေၾကာင့္ ဟင္းလင္း ပြင့္ေနတဲ့ ေနာက္တန္းကို ဂ်ာမန္ေတြက စိမ္ေျပနေျပ ထိုးႏွက္ျခင္းကို ခံသြားရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ဂ်ာမနီတို႔ ျပန္လည္တိုက္စစ္ဆင္မႈကေန ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီး ကင္းမစ္ခ်္ရဲ႕ ျဖတ္တင္မႈမွာ ေနရာယူဖို႔ထက္ လိုက္ေမ်ာဖို႔ ႀကိဳးစားတဲ့ ဆီမီဒိုနဲ႔ ပီပီရဲ႕ ညာျခမ္းခံစစ္ကို ဘယ္ေတာင္ပံက တက္လာတဲ့ ဂိုဆန္စ္က ေဘာလုံးကို ျပန္ခ်ေပးရာမွာ ဟာဗတ္ဇ္က ဒီယက္စ္ေရွ႕ကေန ျဖတ္ပိတ္ခဲ့ရာမွာ သူနဲ႔ မထိခဲ့ေပမယ့္ မန္စီးတီးေနာက္ခံလူနဲ႔ထိၿပီး ကိုယ့္ဂိုးကိုယ္သြင္းမႈ ျဖစ္ပြားခဲ့ရပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာေတာ့ Own Goal ျမဴးသြားတဲ့ ေပၚတူဂီတို႔ ေနာက္ထပ္တစ္ဂိုးကို ထပ္မံသြင္းယူမိခဲ့ၿပီး မူလာတင္ေပးတာကို ဟာဗတ္ဇ္ ေဘးကန္မိခဲ့ေပမယ့္ ညာျခမ္းက လိုက္ပါလာတဲ့ ကင္းမစ္ခ်္က အနိမ့္ေဘာ ျပန္ခ်ိဳးေပးရာမွာ ေျပးဝင္ရွင္းထုတ္တဲ့ ဂြါရဲ႐ိုးက ဂိုးထဲ ကန္မိခဲ့ၿပီး ဂ်ာမနီတို႔ ကိုယ္တိုင္မသြင္းရဘဲ ႏွစ္ဂိုးအထိရရွိခဲ့သလို ပထမပိုင္းကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာ ရီနာတို ဆန္ခ်က္စ္ကို ဟန္ေဂရီနဲ႔ပြဲက ပုံေသနည္းအတိုင္း နည္းျပ ဖာနန္ဒို ဆန္တို႔စ္က ထည့္သြင္းခဲ့ေပမယ့္ ညာျခမ္းမွာ ေတာင္ပံသမားစစ္စစ္ကို ထားရွိဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ ေျပးအားတိုးအားေတြမွာ ကစားကြက္က ခ်ိနဲ႔ခဲ့ၿပီး ဂ်ာမန္တို႔ရဲ႕ လႊမ္းမိုးျခင္းေအာက္က ႐ုန္းမထြက္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ကြင္းလယ္ကေန ဘယ္ျခမ္းဆီ ျဖန႔္ခင္းေပးလိုက္တဲ့ မူလာရဲ႕ ေပးပို႔မႈကို ဘယ္ေတာင္ပံမွာ ေတာက္ေလွ်ာက္ အင္အားျပေနခဲ့တဲ့ ဂိုဆန္စ္က ျပန္လည္ျဖတ္တင္ေပးရာမွာေတာ့ ပထမပိုင္းမွာ တစ္ခ်ိန္လုံး လြဲေခ်ာ္ေနခဲ့တဲ့ ဟာဗတ္ဇ္က Own Goal အျဖစ္မခံဘဲ ေပၚတူဂီေနာက္ခံလူေတြေရွ႕ကေန ေျပးဝင္ပိတ္သြင္းယူႏိုင္ခဲ့လို႔ ဂ်ာမနီတို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဂိုးသမား ပက္ထရီစီယိုရဲ႕ ေနရာယူမႈ Positioning ကလည္း ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့တာကို ေတြ႕ရၿပီး ခံစစ္သမားေတြနဲ႔ နားလည္မႈ လြဲေနခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ေနာက္တန္းရဲ႕ စုေပါင္းအမွားကေန ဂိုဆန္စ္က ကင္းမစ္ခ်္ရဲ႕ ျဖတ္တင္ေဘာကို ဘယ္ျခမ္းကေန ဧရိယာထဲ ေနရာဝင္ယူၿပီး ေခါင္းတိုက္သြင္းခဲ့လို႔ ေလးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဘယ္ျခမ္းမွာ ရရွိတဲ့ ဖရီးကစ္ကို ဘ႐ူႏို ဖာနန္ဒက္စ္အစား ဝင္လာတဲ့ ဂ်ာအို ေမာ္တင္ညိဳက ကန္ပို႔ေပးခဲ့ရာမွာ ေရာ္နယ္လ္ဒိုက ေျပးထြက္ၿပီး ဂိုးသမား ႏြိဳင္ယာနဲ႔ ကပ္လ်က္ကေန ျပန္တင္ေပးတာကို ဂ်ိဳတာက ႐ူဒီဂါ မဖ်က္ႏိုင္ခင္မွာ အလ်င္အျမန္ ပိတ္သြင္းႏိုင္ခဲ့လို႔ ေပၚတူဂီတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ေရေသာက္ခ်ိန္ ေခတၱရပ္နားခဲ့ၿပီးခ်ိန္မွာေတာ့ ဂ်ာမနီနည္းျပ လို႔ဗ္အေနနဲ႔ ခံစစ္ကစားဖို႔ ျပင္ဆင္ေျပာင္းလဲခဲ့သလို ဟာဗတ္ဇ္ေနရာမွာ ဂိုရက္ဇ္ကာ၊ ဂြန္ဒိုးဝမ္ေနရာမွာ ဆူးလားတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ေပၚတူဂီတို႔ တိုက္စစ္ျပန္ကစားလာႏိုင္ခဲ့ေပမယ့္ ဆန္ခ်က္စ္ရဲ႕ တိုင္ထိခဲ့တဲ့ တစ္လုံးကလြဲရင္ ဂိုးနဲ႔သိပ္ၿပီး မနီးစပ္ခဲ့လို႔ ဒီရလဒ္အတိုင္းပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ေပၚတူဂီတို႔အေနနဲ႔ ေတာင္ပံတိုက္စစ္ေတြရဲ႕ ဟန္ခ်က္မညီျခင္းနဲ႔ ေလးလံၿပီး တိုက္စစ္ကို မပံ့ပိုးႏိုင္တဲ့ ကြင္းလယ္ Pivot ရဲ႕ မထက္ျမက္တဲ့ ဒဏ္ကို ခံခဲ့ရသလို မန္စီးတီးမွာလို လုပ္ျပဖို႔ ပံ့ပိုးမႈေတြလိုေနတဲ့ ဘာနာဒို ေဆးလ္ဗားရဲ႕ ညာျခမ္းမွာ ရာဖာ ေဆးလ္ဗားကို First Line-up ထားကစားၿပီး ဘာနာဒိုကို ကြင္းလယ္မွာ အထိုင္ကစားခိုင္းမွ ဒါေတြကို ေျဖေဖ်ာက္ျပင္ဆင္ႏိုင္လိမ့္မယ္လို႔လည္း ယူဆမိပါတယ္။

ဂ်ာမနီကေတာ့ ျပင္သစ္နဲ႔ပြဲမွာ ေပ်ာက္ဆုံးခဲ့ရတဲ့ တန္ခိုးအရွိန္အဝါကို ျပန္လည္ရရွိခဲ့ၿပီး အေကာင္းဆုံးျပန္လာႏိုင္ခဲ့သလို အုပ္စု(F)ရဲ႕ ၁၆ သင္း လမ္းေၾကာင္းမွန္ေပၚကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ဒီမရဏအုပ္စုရဲ႕ နာမည္ႀကီးသုံးသင္းစလုံးကေတာ့ အနည္းဆုံး အေကာင္းဆုံး တတိယေနရာကေန ေနာက္တစ္ဆင့္ကို တက္ေရာက္ႏိုင္ၾကဖို႔ ျဖစ္လာႏိုင္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.