Premier League Transfer News

20 Jun ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေတဲ့ တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးအနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စကို ​ပြီးပြတ်ချင်နေကြောင်း သိရပြီး ဂျာမန်ကလပ်ဘက်က စာချုပ်သစ်မကမ်းလှမ်းခင် နည်းပြ တူဟယ်လ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အမြန်ဆုံးပူးပေါင်းသွားလိုကြောင်း သတင်းစကားပါးခဲ့ကြောင်းသတင်းထွက်ပေါ်လာ။

– ချယ်လ်ဆီးအသင်းနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့ အင်တာမီလန်အသင်းရဲ့ နောက်ခံအစွန်လူ ဟာကီမီကို PSG အားကစားဒါရိုက်တာ လီယိုနာဒိုက ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရချိန်မှာ ပေါင် ၅၁.၅ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခံထားရတဲ့ ချယ်လ်ဆီးအသင်းက ဒုတိယအကြိမ် တိုးမြှင့်ကမ်းလှမ်းဖို့ ပြင်ဆင်နေ။

– ချယ်လ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွါလာမယ့် ဆာဂျီယို ရာမို့စ်ကို ‘ဒုတိယ သီယာဂို ဆေးလ်ဗား’အဖြစ် အသုံးပြုဖို့ စိတ်ဝင်တစား ခေါ်ယူလိုနေပြီး သူ့နောက်လိုက် ဥရောပအသင်းကြီးတွေထက် လစာကိစ္စ အဆင်ပြေပြေညှိနှိုင်းပြီး နှာတဖျားအသာရဖို့ ခပ်သွက်သွက်လုပ်ဆောင်နေ။

– ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် အလိုရှိနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းက သူ့ဘဝရဲ့ အမြင့်ဆုံးအိပ်မက်အဖြစ် ချန်ပီယံလိဂ်ကိုင်မြှောက်ချင်တယ်လို့ ဝန်ခံသွားခဲ့ပြီး နော်ဝေသားနဲ့ အဓိကညှိနှိုင်းချက်မှာ ဒေါ့မွန်အသင်းရဲ့ ‌တောင်းဆိုမှု ပေါင်သန်း ၁၅၀ အပြင် ဥရောပရည်မှန်းချက်ကိုပါ အာမခံပေးရဖွယ်ရှိနေကြောင်းသိရ။

– ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ညိုက ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ်မှာ ရာမို့်စ်ရဲ့ မာထန်တဲ့ ကစားအားက သီယာဂို ဆေးလ်ဗားထက်တောင် သာလွန်လိမ့်ဦးမယ်လို့ အပြာရောင်အသင်းကို ထောက်ခံမှုပေးသွားခဲ့ပြီး မောင့်နဲ့ ခိုင်ဟာဗတ်ဇ်တို့လို ဝါနုသေးတဲ့ လူငယ်အုပ်စုကို တည်ငြိမ်မှုရအောင် ဦးဆောင်ပေးလိမ့်မယ်လို့ ပြောသွား။

– ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ မီရာလမ် ပယာနစ်ချ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့သတင်းဟာ အံ့အားသင့်ဖွယ်ရာ ထွက်ပေါ်လာခဲ့ပြီး ငွေလိုနေလို့ အသင်းကို ရုံခါမယ့် ကတ်တလန်အသင်းကတော့ အသက် ၃၁ နှစ်သားအတွက် ကမ်းလှမ်းမှုတခု ရောက်လာဖို့ အမြန်ဆုံးမျှော်လင့်နေ။

– ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ဂုရုကြီး မာရီနာက ဒေါ့မန်အသင်းရဲ့ ကစားသမား ၂ ဦးကို အတွဲလိုက် ခေါ်ယူချင်နေပြီး ဆန်ချိုနဲ့ ဂျုဒ် ဘယ်လင်ဟမ်တို့နှစ်ဦးထဲက တဦးကိုပါ စတမ်းဖို့ဒ်မြေဆီ စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြံစည်နေပြီး ဟာလန်းအပြောင်းအရွှေ့ကို ချောချောမောမောပြီးစီးခဲ့ရင်တော့ ဂျာမန်ကလပ်နဲ့ ဆက်ဆံရေးကောင်းကို ဆက်လက်တည့်တံ့စေလိမ့်လို့ မျှော်လင့်ထား။

– ရီးရဲလ်မက်ဒရစ်အသင်းက စိတ်ဝင်တစားလိုက်နေပြီး အန်ဆလော့တီက ကမ်းလှမ်းချိတ်ဆက်လာတဲ့ တိုက်စစ်မှူး တီမို ဗာနာကို ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က သတိပေးသွားခဲ့​ပြီး ပေါင် ၄၇ သန်းတန် ကစားသမားကို နောက်ရာသီမှာ အသင်းရဲ့ အဓိကလူအဖြစ် တည်ကစားသွားဖို့ ရည်မှန်းထားပြီးဖြစ်ကြောင်း သိရ။

– ဘီလီ ဂီးလ်မိုးတောက်ပလာချိန်မှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို မလိုတော့ဘူးလို့ ချယ်လ်ဆီးပရိသတ်တွေက သံပြိုင်ထောက်ခံသွားခဲ့ကြပြီး ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာအနေနဲ့ အင်္ဂလန်သားအတွက် ပေါင်သန်း ၁၀၀ အကုန်အကျခံမယ့်အစား ၁၉ နှစ်သား ဂီးလ်မိုးကိုသာ ကွင်းလယ်မှာ ပွဲထွက်ကစားခိုင်းသင့်ကြောင်း တိုက်တွန်းခံထားရ။

– အင်တာမီလန်အသင်းဟာ နှလုံးရောဂါကြောင့် ဘောလုံးပြန်ကစားနိုင်ဖွယ် မရှိတော့တဲ့ ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင်နေရာမှာ အသင်းရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာချစ်နဲ့ အစားထိုးသွားလိုကြောင်း သိရပြီး ခရိုအေးရှားသားကို တရာသီအငှား​နဲ့ ကနဦး ခေါ်ယူသွားဖို့စီစဥ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာဖို႔ ဆႏၵျပင္းျပေနတဲ့ တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးအေနနဲ႔ ခ်ယ္လ္ဆီးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥကို ​ၿပီးျပတ္ခ်င္ေနေၾကာင္း သိရၿပီး ဂ်ာမန္ကလပ္ဘက္က စာခ်ဳပ္သစ္မကမ္းလွမ္းခင္ နည္းျပ တူဟယ္လ္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အျမန္ဆုံးပူးေပါင္းသြားလိုေၾကာင္း သတင္းစကားပါးခဲ့ေၾကာင္းသတင္းထြက္ေပၚလာ။

– ခ်ယ္လ္ဆီးအသင္းနဲ႔ ညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနတဲ့ အင္တာမီလန္အသင္းရဲ႕ ေနာက္ခံအစြန္လူ ဟာကီမီကို PSG အားကစားဒါ႐ိုက္တာ လီယိုနာဒိုက ေပါင္သန္း ၆၀ နဲ႔ ကမ္းလွမ္းလိုက္တယ္လို႔ သိရခ်ိန္မွာ ေပါင္ ၅၁.၅ သန္းနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခံထားရတဲ့ ခ်ယ္လ္ဆီးအသင္းက ဒုတိယအႀကိမ္ တိုးျမႇင့္ကမ္းလွမ္းဖို႔ ျပင္ဆင္ေန။

– ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြါလာမယ့္ ဆာဂ်ီယို ရာမို႔စ္ကို ‘ဒုတိယ သီယာဂို ေဆးလ္ဗား’အျဖစ္ အသုံးျပဳဖို႔ စိတ္ဝင္တစား ေခၚယူလိုေနၿပီး သူ႔ေနာက္လိုက္ ဥေရာပအသင္းႀကီးေတြထက္ လစာကိစၥ အဆင္ေျပေျပညႇိႏႈိင္းၿပီး ႏွာတဖ်ား အသာရဖို႔ ခပ္သြက္သြက္လုပ္ေဆာင္ေန။

– ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ အလိုရွိေနတဲ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းက သူ႔ဘဝရဲ႕ အျမင့္ဆုံးအိပ္မက္အျဖစ္ ခ်န္ပီယံလိဂ္ကိုင္ေျမႇာက္ခ်င္တယ္လို႔ ဝန္ခံသြားခဲ့ၿပီး ေနာ္ေဝသားနဲ႔ အဓိကညႇိႏႈိင္းခ်က္မွာ ေဒါ့မြန္အသင္းရဲ့ ‌ေတာင္းဆိုမှှွဳ ေပါင္သန္း ၁၅၀ အျပင္ ဥေရာပရည္မွန္းခ်က္ကိုပါ အာမခံေပးရဖြယ္ရွိေနေၾကာင္းသိရ။

– ခ်ယ္လ္ဆီးနည္းျပေဟာင္း ေမာ္ရင္ညိဳက ႀကံ့ခိုင္မႈအသားေပးတဲ့ ပရီးမီးယားလိဂ္မွာ ရာမို႔္စ္ရဲ႕ မာထန္တဲ့ ကစားအားက သီယာဂို ေဆးလ္ဗားထက္ေတာင္ သာလြန္လိမ့္ဦးမယ္လို႔ အျပာေရာင္အသင္းကို ေထာက္ခံမႈေပးသြားခဲ့ၿပီး ေမာင့္နဲ႔ ခိုင္ဟာဗတ္ဇ္တို႔လို ဝါႏုေသးတဲ့ လူငယ္အုပ္စုကို တည္ၿငိမ္မႈရေအာင္ ဦးေဆာင္ေပးလိမ့္မယ္လို႔ ေျပာသြား။

– ခ်ယ္လ္ဆီးအသင္းဟာ ဘာစီလိုနာအသင္းမွာ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ မီရာလမ္ ပယာနစ္ခ်္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့သတင္းဟာ အံ့အားသင့္ဖြယ္ရာ ထြက္ေပၚလာခဲ့ၿပီး ေငြလိုေနလို႔ အသင္းကို ႐ုံခါမယ့္ ကတ္တလန္အသင္းကေတာ့ အသက္ ၃၁ ႏွစ္သားအတြက္ ကမ္းလွမ္းမႈတခု ေရာက္လာဖို႔ အျမန္ဆုံးေမွ်ာ္လင့္ေန။

– ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕ဂု႐ုႀကီး မာရီနာက ေဒါ့မန္အသင္းရဲ႕ ကစားသမား ၂ ဦးကို အတြဲလိုက္ ေခၚယူခ်င္ေနၿပီး ဆန္ခ်ိဳနဲ႔ ဂ်ဳဒ္ ဘယ္လင္ဟမ္တို႔ႏွစ္ဦးထဲက တဦးကိုပါ စတမ္းဖို႔ဒ္ေျမဆီ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကံစည္ေနၿပီး ဟာလန္းအေျပာင္းအေ႐ႊ႕ကို ေခ်ာေခ်ာေမာေမာၿပီးစီးခဲ့ရင္ေတာ့ ဂ်ာမန္ကလပ္နဲ႔ ဆက္ဆံေရးေကာင္းကို ဆက္လက္တည့္တံ့ေစလိမ့္လို႔ ေမွ်ာ္လင့္ထား။

– ရီးရဲလ္မက္ဒရစ္အသင္းက စိတ္ဝင္တစားလိုက္ေနၿပီး အန္ဆေလာ့တီက ကမ္းလွမ္းခ်ိတ္ဆက္လာတဲ့ တိုက္စစ္မႉး တီမို ဗာနာကို ေရာင္းထုတ္သြားမွာ မဟုတ္ဘူးလို႔ ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္က သတိေပးသြားခဲ့​ၿပီး ေပါင္ ၄၇ သန္းတန္ ကစားသမားကို ေနာက္ရာသီမွာ အသင္းရဲ႕ အဓိကလူအျဖစ္ တည္ကစားသြားဖို႔ ရည္မွန္းထားၿပီးျဖစ္ေၾကာင္း သိရ။

– ဘီလီ ဂီးလ္မိုးေတာက္ပလာခ်ိန္မွာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္ကို မလိုေတာ့ဘူးလို႔ ခ်ယ္လ္ဆီးပရိသတ္ေတြက သံၿပိဳင္ေထာက္ခံသြားခဲ့ၾကၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာအေနနဲ႔ အဂၤလန္သားအတြက္ ေပါင္သန္း ၁၀၀ အကုန္အက်ခံမယ့္အစား ၁၉ ႏွစ္သား ဂီးလ္မိုးကိုသာ ကြင္းလယ္မွာ ပြဲထြက္ကစားခိုင္းသင့္ေၾကာင္း တိုက္တြန္းခံထားရ။

– အင္တာမီလန္အသင္းဟာ ႏွလုံးေရာဂါေၾကာင့္ ေဘာလုံးျပန္ကစားႏိုင္ဖြယ္ မရွိေတာ့တဲ့ ကြင္းလယ္လူ ခရစ္ရွန္ အဲရစ္ဆင္ေနရာမွာ အသင္းရဲ႕ကစားသမားေဟာင္းျဖစ္ခဲ့ဖူးတဲ့ ခ်ယ္လ္ဆီးကြင္းလယ္လူ ကိုဗာခ်စ္နဲ႔ အစားထိုးသြားလိုေၾကာင္း သိရၿပီး ခ႐ိုေအးရွားသားကို တရာသီအငွား​နဲ႔ ကနဦး ေခၚယူသြားဖို႔စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.