Analysis Ligue1 Premier League Transfer News

ပေါ့ဘာကို အသည်းအသန်လိုက်နေတဲ့ ပီအက်စ်ဂျီဆီက ယူနိုက်တက် ဘာတွေ ညှစ်ထုတ်နိုင်မလဲ

ပြင်သစ်အသင်းဖော်တွေကတောင် ဝိုင်းစနေကြလို့ ငြင်းချက်ထုတ်နေရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ ပီအက်စ်ဂျီနဲ့ လှမ်းမယ့် နောက်ထပ်ခြေလှမ်းက ဘွားဘွားကြီး မြှုပ်ကွက်ဖြစ်နေချိန်မှာ သူ့ကို ခေါ်ယူဖို့ နည်းပြ မော်ရီစီယို ပိုချက်တီနိုကလည်း အသည်းအသန် အလိုရှိနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီရဲ့ ဥရောပကျဆုံးခန်းတွေမှာ ကွင်းလယ်ဖန်တီးရှင် မရှိတဲ့ ပြဿနာကို အဓိက ဖြေရှင်းရမယ်မှန်း ကောင်းကောင်းသိမြင်ထားတဲ့ အာဂျင်တီးနားသားနည်းပြဟာ Deep-Lying ကစားရင်း အဖျက်ဘက်ကို ပိုအားသန်သွားပြီး ဘောလုံးမထွက်တဲ့ မာကို ဗာရက်တီနဲ့ Box to Box ကစားပြီး Passing တွေ မတိကျတဲ့ အန်ဒါ ဟာရဲရားတို့လို ကစားသမားတွေနေရာမှာ ပေါ့ဘာကို သုံးစွဲချင်နေခဲ့တာပါ။

ဒီအချိန်မှာ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့မယ့် ကွင်းလယ်လူကို မန်ချက်စတာယူနိုက်တက်ဘက်က အကျိုးအမြတ်ရှိမယ်ဆိုရင် ရောင်းထုတ်ချင်နေပြီး သူတို့အတွက် မရှားပါးလှတဲ့ ငွေကြေးအစား လိုချင်တဲ့ ကစားသမားကို ခေါင်းခေါက်ရွေးထုတ်ပြီး အလိုက်ရယူဖို့ ကြိုးစားသွားလိမ့်မယ်လို့ Express က ဖော်ပြခဲ့ပါတယ်။

၁။ ကီလော် နာဗက်စ်
ကော့စတာရီကာ ဂိုးသမား နာဗက်စ်ဟာ လီဗန်တေး၊ ရီးရဲလ်မက်ဒရစ်တို့က လက်စွမ်းလောက် မမြန်တော့တာကလွဲရင် ကာကွယ်မှုတွေက အဆင့်အတန်းတစ်ခုမှာ ရှိနေဆဲဖြစ်ပြီး အသင်းအတွက် အကျိုးဖြစ်ထွန်းမယ့် ခေါ်ယူမှုဖြစ်နိုင်မှာပါ။ သူ့ကို အလိုက်ယူခဲ့မယ်ဆိုရင်တော့ လက်ရှိ လုပ်ခ အများဆုံး ဒေးဗစ် ဒဟေးယားကို ရောင်းထုတ်ဖို့ ဖြစ်လာနိုင်ပြီး ဒင်းန် ဟန်ဒါဆန်ကိုတော့ Understudy အဖြစ် ပိုမိုတိုးတက်လာအောင် အချိန်ပေးနိုင်ပါ လိမ့်မယ်။

၂။ မားကင်ညို့စ်
ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင်ကတော့ ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ဟာရီ မက်ဂွိုင်းယားနဲ့ တွဲပေးလိုက်ရင် ဆိုတဲ့ အတွေးတွေက သင်ဟာ သရဲနီပရိသတ်တစ်ယောက်ဆိုရင် သွေးတွေ ပွက်ပွက်ဆူလာစေမှာပါ။ သူတို့နှစ်ဦးကို တွဲပေးလိုက်ပြီး ဆာဂျီယို ရာမို့စ်ကို ထပ်ပြီး အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ရင် ယူနိုက်တက်နောက်တန်းက ပရီးမီးယားလိဂ်မှာ ဆရာအကျဆုံးဖြစ်လာနိုင်ပါတယ်။

၃။ မာကို ဗာရက်တီ
ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ် ပါရီရောက်လာတာက သူ့ကို လက်လွှတ်နိုင်တဲ့ အခြေအနေကို ရောက်သွားစေပါတယ်။ ပေါ့ဘာကို ရမယ်ဆိုရင် အီတလီသားရဲ့ အခန်းကဏ္ဍက ညှိုးမှိန်လာတော့မှာဖြစ်တဲ့အတွက် သဘောတူညီမှုထဲကို ထည့်သွင်းလာနိုင်ပြီး ဗာရက်တီကတော့ မက်တော်မီနေးရဲ့ လမ်းညွှန်ပြသသူအဖြစ် ပညာသင်ပေးနိုင်မှာလည်းဖြစ်ပါတယ်လို့ Express က သုံးသပ်ထားပါတယ်။

ဒါကြောင့် ပေါ့ဘာကို ရောင်းထုတ်မှသာ ဖြစ်တော့မယ့် အနေအထားမှာဆိုရင် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီကစားသမားတွေထဲက တစ်ဦး သို့မဟုတ် နှစ်ဦးကို အလိုက်ပေးဖို့ တောင်းဆိုသွားနိုင်ပြီး ငွေကြေးနဲ့ဆိုရင် ဈေးကိုင်နေကြပြီး ဘာမှ မထူးတဲ့ ခေတ်ကြီးမှာ အသုံးဝင်မယ့်သူကို ပြန်လည်ရှာဖွေမယ့် အကောင်းဆုံးအစီအစဉ်ကို ဂျွန်မာတပ်ဖ်နဲ့ ဖလက်ချာတို့ ရွေးချယ်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္အသင္းေဖာ္ေတြကေတာင္ ဝိုင္းစေနၾကလို႔ ျငင္းခ်က္ထုတ္ေနရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ ပီအက္စ္ဂ်ီနဲ႔ လွမ္းမယ့္ ေနာက္ထပ္ေျခလွမ္းက ဘြားဘြားႀကီး ျမႇဳပ္ကြက္ျဖစ္ေနခ်ိန္မွာ သူ႔ကို ေခၚယူဖို႔ နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုကလည္း အသည္းအသန္ အလိုရွိေနတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီရဲ႕ ဥေရာပက်ဆုံးခန္းေတြမွာ ကြင္းလယ္ဖန္တီးရွင္ မရွိတဲ့ ျပႆနာကို အဓိက ေျဖရွင္းရမယ္မွန္း ေကာင္းေကာင္းသိျမင္ထားတဲ့ အာဂ်င္တီးနားသားနည္းျပဟာ Deep-Lying ကစားရင္း အဖ်က္ဘက္ကို ပိုအားသန္သြားၿပီး ေဘာလုံးမထြက္တဲ့ မာကို ဗာရက္တီနဲ႔ Box to Box ကစားၿပီး Passing ေတြ မတိက်တဲ့ အန္ဒါ ဟာရဲရားတို႔လို ကစားသမားေတြေနရာမွာ ေပါ့ဘာကို သုံးစြဲခ်င္ေနခဲ့တာပါ။

ဒီအခ်ိန္မွာ စာခ်ဳပ္တစ္ႏွစ္သာ က်န္ရွိေတာ့မယ့္ ကြင္းလယ္လူကို မန္ခ်က္စတာယူႏိုက္တက္ဘက္က အက်ိဳးအျမတ္ရွိမယ္ဆိုရင္ ေရာင္းထုတ္ခ်င္ေနၿပီး သူတို႔အတြက္ မရွားပါးလွတဲ့ ေငြေၾကးအစား လိုခ်င္တဲ့ ကစားသမားကို ေခါင္းေခါက္ေ႐ြးထုတ္ၿပီး အလိုက္ရယူဖို႔ ႀကိဳးစားသြားလိမ့္မယ္လို႔ Express က ေဖာ္ျပခဲ့ပါတယ္။

၁။ ကီေလာ္ နာဗက္စ္
ေကာ့စတာရီကာ ဂိုးသမား နာဗက္စ္ဟာ လီဗန္ေတး၊ ရီးရဲလ္မက္ဒရစ္တို႔က လက္စြမ္းေလာက္ မျမန္ေတာ့တာကလြဲရင္ ကာကြယ္မႈေတြက အဆင့္အတန္းတစ္ခုမွာ ရွိေနဆဲျဖစ္ၿပီး အသင္းအတြက္ အက်ိဳးျဖစ္ထြန္းမယ့္ ေခၚယူမႈျဖစ္ႏိုင္မွာပါ။ သူ႔ကို အလိုက္ယူခဲ့မယ္ဆိုရင္ေတာ့ လက္ရွိ လုပ္ခ အမ်ားဆုံး ေဒးဗစ္ ဒေဟးယားကို ေရာင္းထုတ္ဖို႔ ျဖစ္လာႏိုင္ၿပီး ဒင္းန္ ဟန္ဒါဆန္ကိုေတာ့ Understudy အျဖစ္ ပိုမိုတိုးတက္လာေအာင္ အခ်ိန္ေပးႏိုင္ပါ လိမ့္မယ္။

၂။ မားကင္ညိဳ႕စ္
ပီအက္စ္ဂ်ီရဲ႕ အသင္းေခါင္းေဆာင္ကေတာ့ ဥေရာပရဲ႕ အေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္ၿပီး သူ႔ကို ဟာရီ မက္ဂြိဳင္းယားနဲ႔ တြဲေပးလိုက္ရင္ ဆိုတဲ့ အေတြးေတြက သင္ဟာ သရဲနီပရိသတ္တစ္ေယာက္ဆိုရင္ ေသြးေတြ ပြက္ပြက္ဆူလာေစမွာပါ။ သူတို႔ႏွစ္ဦးကို တြဲေပးလိုက္ၿပီး ဆာဂ်ီယို ရာမို႔စ္ကို ထပ္ၿပီး အလြတ္နဲ႔ ေခၚယူႏိုင္ခဲ့ရင္ ယူႏိုက္တက္ေနာက္တန္းက ပရီးမီးယားလိဂ္မွာ ဆရာအက်ဆုံးျဖစ္လာႏိုင္ပါတယ္။

၃။ မာကို ဗာရက္တီ
ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ ပါရီေရာက္လာတာက သူ႔ကို လက္လႊတ္ႏိုင္တဲ့ အေျခအေနကို ေရာက္သြားေစပါတယ္။ ေပါ့ဘာကို ရမယ္ဆိုရင္ အီတလီသားရဲ႕ အခန္းက႑က ညႇိဳးမွိန္လာေတာ့မွာျဖစ္တဲ့အတြက္ သေဘာတူညီမႈထဲကို ထည့္သြင္းလာႏိုင္ၿပီး ဗာရက္တီကေတာ့ မက္ေတာ္မီေနးရဲ႕ လမ္းၫႊန္ျပသသူအျဖစ္ ပညာသင္ေပးႏိုင္မွာလည္းျဖစ္ပါတယ္လို႔ Express က သုံးသပ္ထားပါတယ္။

ဒါေၾကာင့္ ေပါ့ဘာကို ေရာင္းထုတ္မွသာ ျဖစ္ေတာ့မယ့္ အေနအထားမွာဆိုရင္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဒီကစားသမားေတြထဲက တစ္ဦး သို႔မဟုတ္ ႏွစ္ဦးကို အလိုက္ေပးဖို႔ ေတာင္းဆိုသြားႏိုင္ၿပီး ေငြေၾကးနဲ႔ဆိုရင္ ေဈးကိုင္ေနၾကၿပီး ဘာမွ မထူးတဲ့ ေခတ္ႀကီးမွာ အသုံးဝင္မယ့္သူကို ျပန္လည္ရွာေဖြမယ့္ အေကာင္းဆုံးအစီအစဥ္ကို ဂြၽန္မာတပ္ဖ္နဲ႔ ဖလက္ခ်ာတို႔ ေ႐ြးခ်ယ္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.