Analysis International

မက်ဆီပါဝင်လာတဲ့ ကိုပါအမေရိက ၂၀၂၁ ပြိုင်ပွဲရဲ့ တန်ဖိုးအမြင့်ဆုံး ကစားသမား ၅ ဦး

ကိုပါအမေရိကပြိုင်ပွဲကို တောင်အမေရိက ဆယ်နိုင်ငံနဲ့ ဇွန်လ ၁၁ ရက်နေ့ကနေ တောင်ပိုင်းဇုန်နဲ့ မြောက်ပိုင်းဇုန်နှစ်ခု ခွဲပြီး ကျင်းပခဲ့ရာမှာ မူလစီစဉ်ထားတဲ့ ဖိတ်ကြားခံရသူတွေဖြစ်တဲ့ သြစတေးလျနဲ့ ကာတာတို့က နုတ်ထွက်သွားခဲ့တာကြောင့် မူလ ဇာတိချက်မြှုပ်စစ်စစ်တွေပဲ ပါဝင်ခဲ့ပြီး ဒီထဲကမှ ကစားနေကြတဲ့သူတွေထဲက တန်ဖိုးအမြင့်ဆုံးကစားသမားတွေကို ရွေးထုတ်ကြည့်ကြရအောင်ပါ။

၅။ ကာစီမီရို (ဘရာဇီးလ်/ရီးရဲလ်မက်ဒရစ်) – ယူရိုသန်း ၇၀
ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ်လူကြမ်းကြီးဟာ လက်ရှိဥရောပနဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်အဖျက်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘောလုံးကို အကောင်းဆုံး ဖြတ်တောက်ရယူနိုင်တဲ့ Ball Winner စစ်စစ် တစ်ယောက်ဖြစ်သလို ၂၉ နှစ်သားကြီးဟာ ကိုပါအမေရိကပြိုင်ပွဲမှာတော့ ထူးခြားထင်ရှားသူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

စပိန်အင်အားကြီးအသင်းနဲ့ ဘာနေဗျူးမှာ ၂၀၂၃ ခုနှစ်အထိ ဆက်နေဖို့ စာချုပ်နှစ်နှစ် ကျန်ရှိသေးသူဖြစ်ပြီး သူတို့အသင်းရဲ့ စံချိန်တင် ချန်ပီယံလိဂ်ဖလားအရေအတွက်ကို ရယူရာမှာ နောက်ဆုံးရရှိထားတဲ့ ဖလားလေးလုံးစလုံးကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်သလို သူ့ရဲ့ တန်ကြေးအရ ရွေးထုတ်ပေးဖို့ကတော့ မှားယွင်းစရာမရှိဘူး ထင်ပါတယ်။

၄။ မားကင်ညို့စ် (ဘရာဇီးလ်/ပီအက်စ်ဂျီ) – ယူရို ၇၅ သန်း
မားကို့စ် အားဝါ့စ် ကို့ဟေယာလို့ အမည်ရပြီး မားကို့စ်ကလေးလို့ ပေါ်တူဂီဘာသာနဲ့ အဓိပ္ပါယ်ရတဲ့ မားကင်ညို့စ်ဟာ ရိုးမားအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး သီယာဂို ဆေးလ်ဗားရဲ့ တွဲဘက်ကောင်းဖြစ်ခဲ့သလို ချဲလ်ဆီးကို သူပြောင်းသွားချိန်မှာတော့ အသင်းခေါင်းဆောင် လက်ပတ်ကိုလည်း ဆက်ခံခွင့်ရခဲ့သူဖြစ်ပါတယ်။

၂၇ နှစ်သားကြီးဟာ အသက် ၂၆ နှစ်အရွယ်မှာ အသင်းကြီးတစ်သင်းကို ဦးဆောင်ခွင့်ရခဲ့ပြီး ၆ ပေအတိသာရှိတဲ့ အရပ်အမောင်းနဲ့ အမြင့်ဘောတွေမှာ ခေါင်းဦးနိုင်တဲ့ အရည်အချင်းကြောင့် ထင်ရှားသလို ဘောလုံးပေးပို့မှုတွေလည်း ကောင်းမွန်သူပါ။ တိုက်စစ်ကို လိုက်ပါပြီး ခံစစ်ကို ပေါ့လျော့တတ်လို့ အပြစ်တင်ခံရတတ်ပေမယ့် ကမ္ဘာ့အကောင်းဆုံးတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ သူ့ရဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်က ၂၀၂၄ အထိ ရှိနေပါတယ်။

၃။ လော်တာရို မာတီနက်ဇ် (အာဂျင်တီးနား/အင်တာမီလန်) – ယူရိုသန်း ၈၀
အင်တာမီလန်အသင်းနဲ့ စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ လော်တာရို မာတီနက်ဇ်ရဲ့ ခြေစွမ်းက သူ့ကို ဥရောပမှာ လိုချင်တဲ့ အသင်းတွေ များပြားစေခဲ့ပြီး ကိုဗစ်ကြောင့် ငွေရေးကြေးရေး ကျပ်တည်နေကြချိန်မို့လို့သာ သူ့အနေနဲ့ ဆန်စီရိုကွင်းမှာ အချိန်ကြာကြာ ဆက်ရှိနေနိုင်တာဖြစ်ပါတယ်။

၂၃ နှစ်သားဟာ နက်ပြာကြားတွေအတွက် ပြီးခဲ့တဲ့ ရာသီမှာ ၁၉ ဂိုးသွင်းပြီး ၁၁ ဂိုး ဖန်တီးပေးခဲ့သလို အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ဆာဂျီယို အဂွေရိုကို နောက်ပို့ပစ်နိုင်ခဲ့သူပါ။ တိုက်စစ်မှာ ချိတ်ဆက်ကစားမှုတွေ ကောင်းမွန်တဲ့ သူ့အတွက် တစ်ခုတည်းသော လိုအပ်ချက်က ကြုံသလို ဂိုးသွင်းယူနိုင်ဖို့ဖြစ်ပြီး လီယွန်နယ် မက်ဆီဆီက သင်ယူနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၂။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ) – ယူရိုသန်း ၈၀
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် သူ့ထက် ဆယ်နှစ်ငယ်တဲ့ လော်တာရို မာတီနက်ဇ်နဲ့ ဈေးတစ်တန်းတည်း သတ်မှတ်ခံထားရတာက ကမ္ဘာ့အကောင်းဆုံးကစားသမားကြီးရဲ့ နှစ်ချို့ဝိုင်လို ဟောင်းလေကောင်းလေဆိုတဲ့ အစွမ်းသတ္တိကို မြင်သာစေမှာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့ လာလီဂါ ရာသီမှာ ၃၅ ပွဲကစား ဂိုး ၃၀ သွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဘာစီလိုနာမှာ တစ်ဦးတည်း ရုန်းပြီး ဘိုင်ယန်ရဲ့ ဂိုးသွင်းပြိုင်ဘက် ၄၁ ဂိုးရှင် လီဗန်ဒေါ့ဗ်စကီးကို မမီနိုင်ခဲ့ပေမယ့် သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ အနစ်နာခံနိုင်မှုကတော့ ပေါ်လွင်နေခဲ့ပြီး မိုးပြာရောင် အယ်လ်ဘာဆီလက်စ်တေ အာဂျင်တိုင်းတွေကိုရော ကစားသမားဘဝ အနားယူဖို့ အချိန်နီးကပ် လာချိန်မှာ သူ့ရဲ့ ပထမဆုံးနိုင်ငံတကာဖလားအတွက် ထမ်းတင်နိုင်ဦးမလား စိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။

၁။ နေမာ (ဘရာဇီးလ်/ပီအက်စ်ဂျီ) – ယူရိုသန်း ၁၀၀
နေမာဟာ ပီအက်စ်ဂျီမှာ အချိန်ဖြုန်းနေတယ်လို့ လူတွေက ပြောခဲ့ကြပေမယ့် ဒီအသင်းကို ကြီးထွားလာအောင်နဲ့ တိုက်စစ်အင်အားနဲ့ အနိုင်ကျင့်တတ်အောင် သူ့ရဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့သလို ဘာစီလိုနာမှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲကစားရင်းလည်း အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပြီးသူပါ။ သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံးအချိန်မှာ လုပ်ပြနိုင်သင့်တာကတော့ အသင်းတစ်သင်းကို ဦးဆောင်နိုင်ဖို့ဖြစ်ပြီး ပြင်သစ်မြေမှာ ဝေဖန်သူတွေကို မှားအောင်လုပ်ပြနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။

ဘရာဇီးလ်အသင်းနဲ့တော့ ခြေစွမ်းပြနေပြီး ကြီးမားတဲ့ ကြယ်တစ်ပွင့်ဖြစ်နေတဲ့ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ကိုပါအမေရိကရဲ့ တန်ဖိုးအမြင့်မားဆုံး ကစားသမားလည်းဖြစ်နေပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်အဖြစ် ပါရာဂွေးတိုက်စစ်မှူး အန်ဟဲလ် ရိုမဲရိုးနဲ့အတူ နှစ်ဂိုးစီ ရယူထားသူလည်း ဖြစ်သလို အဓိက ပြိုင်ဘက် အာဂျင်တီးနားနဲ့ ချန်ပီယံဆုကို လုယူဖို့ အရေးအပါဆုံးနေရာမှာ ရှိနေသူလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကိုပါအေမရိကၿပိဳင္ပြဲကို ေတာင္အေမရိက ဆယ္ႏိုင္ငံနဲ႔ ဇြန္လ ၁၁ ရက္ေန႔ကေန ေတာင္ပိုင္းဇုန္နဲ႔ ေျမာက္ပိုင္းဇုန္ႏွစ္ခု ခြဲၿပီး က်င္းပခဲ့ရာမွာ မူလစီစဥ္ထားတဲ့ ဖိတ္ၾကားခံရသူေတြျဖစ္တဲ့ ၾသစေတးလ်နဲ႔ ကာတာတို႔က ႏုတ္ထြက္သြားခဲ့တာေၾကာင့္ မူလ ဇာတိခ်က္ျမႇဳပ္စစ္စစ္ေတြပဲ ပါဝင္ခဲ့ၿပီး ဒီထဲကမွ ကစားေနၾကတဲ့သူေတြထဲက တန္ဖိုးအျမင့္ဆုံးကစားသမားေတြကို ေ႐ြးထုတ္ၾကည့္ၾကရေအာင္ပါ။

၅။ ကာစီမီ႐ို (ဘရာဇီးလ္/ရီးရဲလ္မက္ဒရစ္) – ယူ႐ိုသန္း ၇၀
ရီးရဲလ္မက္ဒရစ္ရဲ႕ ဘရာဇီးလ္လူၾကမ္းႀကီးဟာ လက္ရွိဥေရာပနဲ႔ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္အဖ်က္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ေဘာလုံးကို အေကာင္းဆုံး ျဖတ္ေတာက္ရယူႏိုင္တဲ့ Ball Winner စစ္စစ္ တစ္ေယာက္ျဖစ္သလို ၂၉ ႏွစ္သားႀကီးဟာ ကိုပါအေမရိကၿပိဳင္ပြဲမွာေတာ့ ထူးျခားထင္ရွားသူေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။

စပိန္အင္အားႀကီးအသင္းနဲ႔ ဘာေနဗ်ဴးမွာ ၂၀၂၃ ခုႏွစ္အထိ ဆက္ေနဖို႔ စာခ်ဳပ္ႏွစ္ႏွစ္ က်န္ရွိေသးသူျဖစ္ၿပီး သူတို႔အသင္းရဲ႕ စံခ်ိန္တင္ ခ်န္ပီယံလိဂ္ဖလားအေရအတြက္ကို ရယူရာမွာ ေနာက္ဆုံးရရွိထားတဲ့ ဖလားေလးလုံးစလုံးကို သိမ္းပိုက္ႏိုင္ခဲ့သူျဖစ္သလို သူ႔ရဲ႕ တန္ေၾကးအရ ေ႐ြးထုတ္ေပးဖို႔ကေတာ့ မွားယြင္းစရာမရွိဘူး ထင္ပါတယ္။

၄။ မားကင္ညိဳ႕စ္ (ဘရာဇီးလ္/ပီအက္စ္ဂ်ီ) – ယူ႐ို ၇၅ သန္း
မားကို႔စ္ အားဝါ့စ္ ကို႔ေဟယာလို႔ အမည္ရၿပီး မားကို႔စ္ကေလးလို႔ ေပၚတူဂီဘာသာနဲ႔ အဓိပၸါယ္ရတဲ့ မားကင္ညိဳ႕စ္ဟာ ႐ိုးမားအသင္းကေန ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး သီယာဂို ေဆးလ္ဗားရဲ႕ တြဲဘက္ေကာင္းျဖစ္ခဲ့သလို ခ်ဲလ္ဆီးကို သူေျပာင္းသြားခ်ိန္မွာေတာ့ အသင္းေခါင္းေဆာင္ လက္ပတ္ကိုလည္း ဆက္ခံခြင့္ရခဲ့သူျဖစ္ပါတယ္။

၂၇ ႏွစ္သားႀကီးဟာ အသက္ ၂၆ ႏွစ္အ႐ြယ္မွာ အသင္းႀကီးတစ္သင္းကို ဦးေဆာင္ခြင့္ရခဲ့ၿပီး ၆ ေပအတိသာရွိတဲ့ အရပ္အေမာင္းနဲ႔ အျမင့္ေဘာေတြမွာ ေခါင္းဦးႏိုင္တဲ့ အရည္အခ်င္းေၾကာင့္ ထင္ရွားသလို ေဘာလုံးေပးပို႔မႈေတြလည္း ေကာင္းမြန္သူပါ။ တိုက္စစ္ကို လိုက္ပါၿပီး ခံစစ္ကို ေပါ့ေလ်ာ့တတ္လို႔ အျပစ္တင္ခံရတတ္ေပမယ့္ ကမာၻ႔အေကာင္းဆုံးတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ သူ႔ရဲ႕ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္က ၂၀၂၄ အထိ ရွိေနပါတယ္။

၃။ ေလာ္တာ႐ို မာတီနက္ဇ္ (အာဂ်င္တီးနား/အင္တာမီလန္) – ယူ႐ိုသန္း ၈၀
အင္တာမီလန္အသင္းနဲ႔ စီးရီးေအခ်န္ပီယံျဖစ္ခဲ့တဲ့ ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ေျခစြမ္းက သူ႔ကို ဥေရာပမွာ လိုခ်င္တဲ့ အသင္းေတြ မ်ားျပားေစခဲ့ၿပီး ကိုဗစ္ေၾကာင့္ ေငြေရးေၾကးေရး က်ပ္တည္ေနၾကခ်ိန္မို႔လို႔သာ သူ႔အေနနဲ႔ ဆန္စီ႐ိုကြင္းမွာ အခ်ိန္ၾကာၾကာ ဆက္ရွိေနႏိုင္တာျဖစ္ပါတယ္။

၂၃ ႏွစ္သားဟာ နက္ျပာၾကားေတြအတြက္ ၿပီးခဲ့တဲ့ ရာသီမွာ ၁၉ ဂိုးသြင္းၿပီး ၁၁ ဂိုး ဖန္တီးေပးခဲ့သလို အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာ ဆာဂ်ီယို အေဂြ႐ိုကို ေနာက္ပို႔ပစ္ႏိုင္ခဲ့သူပါ။ တိုက္စစ္မွာ ခ်ိတ္ဆက္ကစားမႈေတြ ေကာင္းမြန္တဲ့ သူ႔အတြက္ တစ္ခုတည္းေသာ လိုအပ္ခ်က္က ႀကဳံသလို ဂိုးသြင္းယူႏိုင္ဖို႔ျဖစ္ၿပီး လီယြန္နယ္ မက္ဆီဆီက သင္ယူႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၂။ လီယြန္နယ္ မက္ဆီ (အာဂ်င္တီးနား/ဘာစီလိုနာ) – ယူ႐ိုသန္း ၈၀
အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ သူ႔ထက္ ဆယ္ႏွစ္ငယ္တဲ့ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ေဈးတစ္တန္းတည္း သတ္မွတ္ခံထားရတာက ကမာၻ႔အေကာင္းဆုံးကစားသမားႀကီးရဲ႕ ႏွစ္ခ်ိဳ႕ဝိုင္လို ေဟာင္းေလေကာင္းေလဆိုတဲ့ အစြမ္းသတၱိကို ျမင္သာေစမွာပါ။ မက္ဆီဟာ ၿပီးခဲ့တဲ့ လာလီဂါ ရာသီမွာ ၃၅ ပြဲကစား ဂိုး ၃၀ သြင္းႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဘာစီလိုနာမွာ တစ္ဦးတည္း ႐ုန္းၿပီး ဘိုင္ယန္ရဲ႕ ဂိုးသြင္းၿပိဳင္ဘက္ ၄၁ ဂိုးရွင္ လီဗန္ေဒါ့ဗ္စကီးကို မမီႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ ေခါင္းေဆာင္မႈနဲ႔ အနစ္နာခံႏိုင္မႈကေတာ့ ေပၚလြင္ေနခဲ့ၿပီး မိုးျပာေရာင္ အယ္လ္ဘာဆီလက္စ္ေတ အာဂ်င္တိုင္းေတြကိုေရာ ကစားသမားဘဝ အနားယူဖို႔ အခ်ိန္နီးကပ္ လာခ်ိန္မွာ သူ႔ရဲ႕ ပထမဆုံးႏိုင္ငံတကာဖလားအတြက္ ထမ္းတင္ႏိုင္ဦးမလား စိတ္ဝင္စားစရာျဖစ္ေနခဲ့ပါတယ္။

၁။ ေနမာ (ဘရာဇီးလ္/ပီအက္စ္ဂ်ီ) – ယူ႐ိုသန္း ၁၀၀
ေနမာဟာ ပီအက္စ္ဂ်ီမွာ အခ်ိန္ျဖဳန္းေနတယ္လို႔ လူေတြက ေျပာခဲ့ၾကေပမယ့္ ဒီအသင္းကို ႀကီးထြားလာေအာင္နဲ႔ တိုက္စစ္အင္အားနဲ႔ အႏိုင္က်င့္တတ္ေအာင္ သူ႔ရဲ႕ စြမ္းရည္ကို ျပသႏိုင္ခဲ့သလို ဘာစီလိုနာမွာ မက္ဆီ၊ ဆြာရက္ဇ္တို႔နဲ႔ တြဲကစားရင္းလည္း ေအာင္ျမင္မႈေတြကို ရယူႏိုင္ခဲ့ၿပီးသူပါ။ သူ႔ရဲ႕ ကစားသမားဘဝ အျမင့္ဆုံးအခ်ိန္မွာ လုပ္ျပႏိုင္သင့္တာကေတာ့ အသင္းတစ္သင္းကို ဦးေဆာင္ႏိုင္ဖို႔ျဖစ္ၿပီး ျပင္သစ္ေျမမွာ ေဝဖန္သူေတြကို မွားေအာင္လုပ္ျပႏိုင္မလား ေစာင့္ၾကည့္ရပါလိမ့္မယ္။

ဘရာဇီးလ္အသင္းနဲ႔ေတာ့ ေျခစြမ္းျပေနၿပီး ႀကီးမားတဲ့ ၾကယ္တစ္ပြင့္ျဖစ္ေနတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကိုပါအေမရိကရဲ႕ တန္ဖိုးအျမင့္မားဆုံး ကစားသမားလည္းျဖစ္ေနၿပီး ၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္အျဖစ္ ပါရာေဂြးတိုက္စစ္မႉး အန္ဟဲလ္ ႐ိုမဲ႐ိုးနဲ႔အတူ ႏွစ္ဂိုးစီ ရယူထားသူလည္း ျဖစ္သလို အဓိက ၿပိဳင္ဘက္ အာဂ်င္တီးနားနဲ႔ ခ်န္ပီယံဆုကို လုယူဖို႔ အေရးအပါဆုံးေနရာမွာ ရွိေနသူလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.