Bundesliga La Liga Premier League

ခ်ဲလ္ဆီးနဲ႔ ေကာ္တင္ညဳိအတြက္ အငွားနဲ႔ စတင္ညႇိႏွဳိင္းေပးသြားမယ့္ ဘာစီလိုနာ

ဘာစီလိုနာအသင္းဟာ သူတို႔ အလိုမရွိေတာ့တဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိကို ဒီေႏြရာသီမွာ တတ္ႏုိင္တဲ့နည္းတဲ့ ရွင္းထုတ္ဖို႔ ႀကံစည္ေနၿပီး ေျပာင္းေရႊ႕ေၾကးကို ေလွ်ာ့ခ်ေပးထားသလို အငွားနဲ႔ ေခၚယူမယ္ဆုိရင္လည္း ထပ္မံၿပီးေတာ့ လက္ခံေဆြးေႏြးသြားဖြယ္ရွိၿပီး ခ်ဲလ္ဆီးနဲ႔ သေဘာတူညီမွဳရဖို႔ လုပ္ေဆာင္ေနပါတယ္။

လက္ရွိရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို အငွား+အၿပီးသတ္သေဘာတူညီမွဳနဲ႔ အငွားခ်ထားခဲ့တဲ့ အသက္ ၂၇ ႏွစ္သားအတြက္ ဘာေဗးရီးယားကလပ္ဘက္က ဒီစာခ်ဳပ္ပါအခ်က္ကို အသုံးခ်ေတာ့မွာ မဟုတ္ဘဲ တျခားပစ္မွတ္ေတြကိုသာ ရွာေဖြသြားဖို႔ ရွိေနေပမယ့္ သူ႕ရဲ႕ ေျခစြမ္းကေတာ့ ဥေရာပအသင္းေတြကို ဆြဲေဆာင္ထားႏုိင္ဆဲလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ေကာ္တင္ညဳိအတြက္ ေပါင္သန္း ၈၀ ရရင္ ေရာင္းထုတ္သြားမယ္လို႔ ထုတ္ျပန္ထားတယ္လို႔ သိရၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ တစ္ရာသီအငွားေျပာင္းေရႊ႕ေၾကး ေပါင္ ၁၃ သန္းနဲ႔ ရာသီကုန္မွာ သေဘာက်ခဲ့ရင္ အၿပီးသတ္ေခၚယူႏိုင္ခြင့္နဲ႔ ညႇိႏွဳိင္းသြားဖို႔ ရွိေနပါတယ္။

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္ကေတာ့ ေကာ္တင္ညဳိကို အသင္းကေန ထြက္ခြာေတာ့မယ့္ သူ႕ရဲ႕ လက္ေရြးစင္အသင္းေဖာ္ ဝီလီယန္ရဲ႕ ေနရာအတြက္ တုိက္႐ိုက္အစားထိုးမွဳအျဖစ္ ႐ွဳျမင္ထားၿပီး အသင္းရဲ႕ တုိက္စစ္ပုိင္းကို ဦးေဆာင္ထိန္းခ်ဳပ္သြားေစဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဘုိင္ယန္ျမဴးနစ္အသင္းအတြက္ ၿပဳိင္ပြဲစုံ ၃၂ ပြဲမွာ ၉ ဂိုး သြင္းယူေပးထားတဲ့ ေကာ္တင္ညဳိကို လက္စတာစီးတီးအသင္းကလည္း စိတ္ဝင္စားေနၿပီး ဘာစီလိုနာကေတာ့ သူ႕ကို ေရာင္းခ်ၿပီး ေနမာနဲ႔ ေလာ္တာ႐ို မာတီနက္ဇ္တုိ႔အတြက္ ရန္ပုံေငြ ရွာေဖြသြားမွာျဖစ္လုိ႔ ပရီးမီးယားလိဂ္နဲ႔ ဘရာဇီးလ္သားတစ္ေယာက္ ျပန္လည္ပူးေပါင္းဖို႔ သိပ္ကို နီးစပ္ေနၿပီျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းဟာ သူတို့ အလိုမရှိတော့တဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို ဒီနွေရာသီမှာ တတ်နိုင်တဲ့နည်းတဲ့ ရှင်းထုတ်ဖို့ ကြံစည်နေပြီး ပြောင်းရွှေ့ကြေးကို လျှော့ချပေးထားသလို အငှားနဲ့ ခေါ်ယူမယ်ဆိုရင်လည်း ထပ်မံပြီးတော့ လက်ခံဆွေးနွေးသွားဖွယ်ရှိပြီး ချဲလ်ဆီးနဲ့ သဘောတူညီမှုရဖို့ လုပ်ဆောင်နေပါတယ်။

လက်ရှိရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကို အငှား+အပြီးသတ်သဘောတူညီမှုနဲ့ အငှားချထားခဲ့တဲ့ အသက် ၂၇ နှစ်သားအတွက် ဘာဗေးရီးယားကလပ်ဘက်က ဒီစာချုပ်ပါအချက်ကို အသုံးချတော့မှာ မဟုတ်ဘဲ တခြားပစ်မှတ်တွေကိုသာ ရှာဖွေသွားဖို့ ရှိနေပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ ဥရောပအသင်းတွေကို ဆွဲဆောင်ထားနိုင်ဆဲလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ညိုအတွက် ပေါင်သန်း ၈၀ ရရင် ရောင်းထုတ်သွားမယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပြီး ချဲလ်ဆီးအသင်းကတော့ တစ်ရာသီအငှားပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းနဲ့ ရာသီကုန်မှာ သဘောကျခဲ့ရင် အပြီးသတ်ခေါ်ယူနိုင်ခွင့်နဲ့ ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။

ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်ကတော့ ကော်တင်ညိုကို အသင်းကနေ ထွက်ခွာတော့မယ့် သူ့ရဲ့ လက်ရွေးစင်အသင်းဖော် ဝီလီယန်ရဲ့ နေရာအတွက် တိုက်ရိုက်အစားထိုးမှုအဖြစ် ရှုမြင်ထားပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ထိန်းချုပ်သွားစေဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ၉ ဂိုး သွင်းယူပေးထားတဲ့ ကော်တင်ညိုကို လက်စတာစီးတီးအသင်းကလည်း စိတ်ဝင်စားနေပြီး ဘာစီလိုနာကတော့ သူ့ကို ရောင်းချပြီး နေမာနဲ့ လော်တာရို မာတီနက်ဇ်တို့အတွက် ရန်ပုံငွေ ရှာဖွေသွားမှာဖြစ်လို့ ပရီးမီးယားလိဂ်နဲ့ ဘရာဇီးလ်သားတစ်ယောက် ပြန်လည်ပူးပေါင်းဖို့ သိပ်ကို နီးစပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.