Premier League

ပရီးမီးယားလိဂ္ခ်န္ပီယံဆုဟာ အိပ္မက္တစ္ခုျဖစ္ေပမယ့္ ဘဝေတာ့ မဟုတ္ဘူးလို႔ မာေနးေျပာ

လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး ဆာဒီယို မာေနးက ပရီးမီးယားလိဂ္ကို ရယူဖို႔ဟာ သူ႔အတြက္ အိပ္မက္တစ္ခုျဖစ္ေပမယ့္ ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုေတာ့ မဟုတ္ေၾကာင္းနဲ႔ အေျခအေနအရပ္ရပ္ေၾကာင့္ ၿပဳိင္ပြဲေတြကို ဆက္မကစားဘဲ ပယ္ဖ်က္ခဲ့မယ္ဆုိရင္လည္း နားလည္ေပးသြားမွာျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဆီနီေဂါေတာင္ပံကစားသမားဟာ ေဆာက္သမ္တန္အသင္းကေန လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၄ သန္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ကို ေရာက္လာခဲ့ကတည္းက တစ္ရာသီမွာ အနည္းဆုံး ၁၀ ဂိုး ရရွိခဲ့တဲ့ မွတ္တမ္းေကာင္းကိုလည္း ပုိင္ဆုိင္ထားခဲ့သူျဖစ္ပါတယ္။

“ကၽြန္ေတာ္အျမဲတမ္း ေျပာျဖစ္တာကေတာ့ ဆုဖလားေတြကို ရတတ္သေလာက္ ယူႏုိင္ခ်င္တယ္ဆိုတာပါပဲ။ အဓိကကေတာ့ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ေပါ့။ ေလာေလာဆယ္မွာ အမွတ္ျဖတ္ဦးေဆာင္ေနေပမယ့္လည္း ခ်န္ပီယံလို႔ေတာ့ မခံစားရေသးပါဘူး။ လာမယ့္ပြဲစဥ္ေတြကို ကြင္းထဲမွာ အႏုိင္ယူၿပီးမွ ဆုဖလားကို ဆုပ္ကိုင္ခ်င္ပါတယ္”လို႔ ဆာေနးက သူ႕ရဲ႕ ရည္မွန္းခ်က္ကို ေျပာပါတယ္။

“ဒါေပမယ့္ လက္ရွိအခ်ိန္မွာ လူေတြအေနနဲ႔ အခက္ခဲဆုံးအေျခအေနကို ရင္ဆုိင္ေနၾကရၿပီး ကမာၻအရပ္ရပ္မွာ သူတုိ႔ရဲ႕ မိသားစုဝင္ေတြကို ဆုံးရွဳံးေနၾကတယ္။ တကယ္လုိ႔ ဒီအေျခအေနမွာ ပရီးမီးယားလိဂ္ကို မရခဲ့ရင္လည္း နားလည္ေပးႏုိင္ပါတယ္။ ဒါဟာ ကၽြန္ေတာ့္ရဲ႕ အိပ္မက္တစ္ခုပဲျဖစ္ၿပီး ဘဝရဲ႕ အစိတ္ပိုင္းတစ္ခု မဟုတ္လို႔ပါပဲ”လို႔ ဆီနီေဂါလက္ေရြးစင္က ဆုိပါတယ္။

ဆာေနးဟာ လီဗာပူးလ္အသင္းကို ေရာက္ရွိလာကတည္းက အေကာင္းဆုံး ေပးဆပ္ထားသူျဖစ္ၿပီး ေအာင္ျမင္မွဳေတြအတြက္ အဓိကက်တဲ့ အစိတ္အပုိင္းတစ္ခုျဖစ္ေၾကာင္းနဲ႔ ဒီရာသီမွာလည္း အသင္းအတြက္ တုိက္စစ္ေရာ ခံစစ္ပါ လိုက္ပါေျခစြမ္းျပေနတယ္လုိ႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ နည္းျပ ကေလာ့ပ္တုိ႔ကလည္း ခ်ီးက်ဴးထားေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးက ပရီးမီးယားလိဂ်ကို ရယူဖို့ဟာ သူ့အတွက် အိပ်မက်တစ်ခုဖြစ်ပေမယ့် ဘဝရဲ့ အစိတ်အပိုင်းတစ်ခုတော့ မဟုတ်ကြောင်းနဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြိုင်ပွဲတွေကို ဆက်မကစားဘဲ ပယ်ဖျက်ခဲ့မယ်ဆိုရင်လည်း နားလည်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆီနီဂေါတောင်ပံကစားသမားဟာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ကို ရောက်လာခဲ့ကတည်းက တစ်ရာသီမှာ အနည်းဆုံး ၁၀ ဂိုး ရရှိခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ထားခဲ့သူဖြစ်ပါတယ်။

“ကျွန်တော်အမြဲတမ်း ပြောဖြစ်တာကတော့ ဆုဖလားတွေကို ရတတ်သလောက် ယူနိုင်ချင်တယ်ဆိုတာပါပဲ။ အဓိကကတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပေါ့။ လောလောဆယ်မှာ အမှတ်ဖြတ်ဦးဆောင်နေပေမယ့်လည်း ချန်ပီယံလို့တော့ မခံစားရသေးပါဘူး။ လာမယ့်ပွဲစဉ်တွေကို ကွင်းထဲမှာ အနိုင်ယူပြီးမှ ဆုဖလားကို ဆုပ်ကိုင်ချင်ပါတယ်”လို့ ဆာနေးက သူ့ရဲ့ ရည်မှန်းချက်ကို ပြောပါတယ်။

“ဒါပေမယ့် လက်ရှိအချိန်မှာ လူတွေအနေနဲ့ အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေကြရပြီး ကမ္ဘာအရပ်ရပ်မှာ သူတို့ရဲ့ မိသားစုဝင်တွေကို ဆုံးရှုံးနေကြတယ်။ တကယ်လို့ ဒီအခြေအနေမှာ ပရီးမီးယားလိဂ်ကို မရခဲ့ရင်လည်း နားလည်ပေးနိုင်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပဲဖြစ်ပြီး ဘဝရဲ့ အစိတ်ပိုင်းတစ်ခု မဟုတ်လို့ပါပဲ”လို့ ဆီနီဂေါလက်ရွေးစင်က ဆိုပါတယ်။

ဆာနေးဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာကတည်းက အကောင်းဆုံး ပေးဆပ်ထားသူဖြစ်ပြီး အောင်မြင်မှုတွေအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနဲ့ ဒီရာသီမှာလည်း အသင်းအတွက် တိုက်စစ်ရော ခံစစ်ပါ လိုက်ပါခြေစွမ်းပြနေတယ်လို့ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ နည်းပြ ကလော့ပ်တို့ကလည်း ချီးကျူးထားကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.