Premier League Serie A

အဂၤလန္ကေန အီတလီကို ျပန္ေတာ့ဖို႔ နီးစပ္ေနခဲ့တဲ့ ေတာ္ရဲရား

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ လာမယ့္အေျပာင္းအေရႊ႕ကာလမွာ အသင္းကေန ထြက္ခြာၿပီး သူ႕ရဲ႕ ပိုမိုသေဘာက်တဲ့ တုိင္းျပည္ျဖစ္တဲ့ အီတလီကို ျပန္ဖို႔ နီးစပ္ေနၿပီး ကမ္းလွမ္းမွဳေတြကို လက္ခံစဥ္းစားသြားမယ္လို႔ အသံေတြ ထြက္ရွိလာပါတယ္။

နည္းျပသစ္ျဖစ္လာတဲ့ မိုက္ကယ္ အာတီတာလက္ေအာက္မွာ ပြဲထြက္ခြင့္တစ္ေနရာကို ဆုပ္ကိုင္ႏုိင္ေတာ့မယ္လို႔ အားလုံးထင္ေနၾကတုန္းမွာပဲ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆုိင္ခဲ့ရလို႔ သူ႕ေနရာမွာ မက္တီယို ဂန္ဒူဇီနဲ႔ ဒါနီ စီဘာေယာ့စ္တုိ႔ကို အစားထိုးရင္း ကိုယ္လုံးကိုယ္ထည္ေသးငယ္တဲ့ ဥ႐ုေဂြးသားက တျဖည္းျဖည္း အရန္ျဖစ္မွန္းမသိ ျဖစ္လာခဲ့တာပါ။

၂၀၁၈ ေႏြရာသီက အသင္းကို ေပါင္သန္း ၃၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ေတာ္ရဲရားဟာ ေရာက္ေရာက္ခ်င္းရာသီမွာ တစ္ဖက္တုိက္စစ္ေတြကို တားဆီးရာမွာ ထူးခၽြန္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ပြဲစဥ္စိပ္စိပ္နဲ႔ ခပ္ၾကမ္းၾကမ္းကစားလာၾကတဲ့ တစ္ဖက္က ကာယအားသုံးမွဳေတြမွာ ႐ုန္းကန္ေနခဲ့ရၿပီး ပုိၾကမ္းတဲ့ ေအာက္တန္းအသင္းတစ္သင္းျဖစ္တဲ့ ပုိ႔စ္ေမာက္နဲ႔ပြဲမွာေတာ့ ေထာင္ေခ်ာက္ထဲ ဝင္မိသလိုျဖစ္ၿပီး ရာသီကုန္အထိ နားရမယ့္ ဒဏ္ရာကိုလည္း ရရွိသြားခဲ့ပါတယ္။

အီတလီကို ျပန္ခ်င္တယ္လုိ႔ မၾကာခဏ သတင္းထြက္ေလ့ရွိတဲ့ ေတာ္ရဲရားအတြက္ သူ႕ရဲ႕ ေအးဂ်င့္ကေတာ့ အီတလီဟာ သူ႕ကစားသမား ႏွစ္သက္တဲ့ ရာသီဥတုရွိတယ္လုိ႔ ဝန္ခံထားဖူးၿပီး နာပိုလီအသင္းက ေစာင့္ၾကည့္ေနသလို ေအစီမီလန္အသင္းကေတာ့ ေပါင္ ၃၅ သန္းနဲ႔ လက္ဦးမွဳရယူ ကမ္းလွမ္းသြားဖို႔ ရွိေနပါတယ္။

အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ကေတာ့ ဒီရာသီမွာ ကြင္းလယ္အထိုင္အတြက္ ေတာ္ေတာ္ေလးေခါင္းစားရမလုိျဖစ္ေနၿပီး ဂရာနစ္ ခ်ာကာကလည္း အသင္းမွာ ဆက္ရွိဖို႔ တပ္အပ္မေျပာႏိုင္ေသးခ်ိန္မွာ စီဘာေယာ့စ္ပါ အငွားျပန္မယ့္ ကြင္းလယ္အတြက္ ကစားသမားႏွစ္ေယာက္ အနည္းဆုံးျပန္လည္ျဖည့္တင္းသြားရဖို႔ ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ လာမယ့်အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာပြီး သူ့ရဲ့ ပိုမိုသဘောကျတဲ့ တိုင်းပြည်ဖြစ်တဲ့ အီတလီကို ပြန်ဖို့ နီးစပ်နေပြီး ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ အသံတွေ ထွက်ရှိလာပါတယ်။

နည်းပြသစ်ဖြစ်လာတဲ့ မိုက်ကယ် အာတီတာလက်အောက်မှာ ပွဲထွက်ခွင့်တစ်နေရာကို ဆုပ်ကိုင်နိုင်တော့မယ်လို့ အားလုံးထင်နေကြတုန်းမှာပဲ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ သူ့နေရာမှာ မက်တီယို ဂန်ဒူဇီနဲ့ ဒါနီ စီဘာယော့စ်တို့ကို အစားထိုးရင်း ကိုယ်လုံးကိုယ်ထည်သေးငယ်တဲ့ ဥရုဂွေးသားက တဖြည်းဖြည်း အရန်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာပါ။

၂၀၁၈ နွေရာသီက အသင်းကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တော်ရဲရားဟာ ရောက်ရောက်ချင်းရာသီမှာ တစ်ဖက်တိုက်စစ်တွေကို တားဆီးရာမှာ ထူးချွန်ခဲ့ပေမယ့် လက်ရှိမှာတော့ ပွဲစဉ်စိပ်စိပ်နဲ့ ခပ်ကြမ်းကြမ်းကစားလာကြတဲ့ တစ်ဖက်က ကာယအားသုံးမှုတွေမှာ ရုန်းကန်နေခဲ့ရပြီး ပိုကြမ်းတဲ့ အောက်တန်းအသင်းတစ်သင်းဖြစ်တဲ့ ပို့စ်မောက်နဲ့ပွဲမှာတော့ ထောင်ချောက်ထဲ ဝင်မိသလိုဖြစ်ပြီး ရာသီကုန်အထိ နားရမယ့် ဒဏ်ရာကိုလည်း ရရှိသွားခဲ့ပါတယ်။

အီတလီကို ပြန်ချင်တယ်လို့ မကြာခဏ သတင်းထွက်လေ့ရှိတဲ့ တော်ရဲရားအတွက် သူ့ရဲ့ အေးဂျင့်ကတော့ အီတလီဟာ သူ့ကစားသမား နှစ်သက်တဲ့ ရာသီဥတုရှိတယ်လို့ ဝန်ခံထားဖူးပြီး နာပိုလီအသင်းက စောင့်ကြည့်နေသလို အေစီမီလန်အသင်းကတော့ ပေါင် ၃၅ သန်းနဲ့ လက်ဦးမှုရယူ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ကတော့ ဒီရာသီမှာ ကွင်းလယ်အထိုင်အတွက် တော်တော်လေးခေါင်းစားရမလိုဖြစ်နေပြီး ဂရာနစ် ချာကာကလည်း အသင်းမှာ ဆက်ရှိဖို့ တပ်အပ်မပြောနိုင်သေးချိန်မှာ စီဘာယော့စ်ပါ အငှားပြန်မယ့် ကွင်းလယ်အတွက် ကစားသမားနှစ်ယောက် အနည်းဆုံးပြန်လည်ဖြည့်တင်းသွားရဖို့ ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.