Analysis International Match Report

ဒိန်းမတ် ၁-၂ ဘယ်လ်ဂျီယံ ပွဲအပြီး ထူးထူးခြားခြား ပြောစရာအချက် 9 ချက်

၁။ အဲရစ်ဆင်ရဲ့ အိပ်မက်ကို အသက်ဆက်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဒိန်းမတ်
ခရစ်ရှန် အဲရင်ဆင်ရဲ့ မမျှော်ထားတဲ့ ဖြစ်ရပ်ဆိုးကြောင့် ဖင်လန်ကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့တဲ့ ဒိန်းမတ်က ယူရို ၂၀၂၀ အိပ်မက်ကို ဆက်မက်ဖို့ ဘယ်လ်ဂျီယံကို ပထမပိုင်းတပိုင်းလုံး ခပ်ပြင်းပြင်း ဖိအားပေးကစားသွားခဲ့ပြီး ၃ မှတ်ရယူဖို့ ပြင်ဆင်လာခဲ့ရာမှာ ပွဲအစ ၂ မိနစ်မှာတင် အဖွင့်ဂိုးရခဲ့ပေမယ့် ဘယ်လ်ဂျီယံရဲ့ သာလွန်အင်အားကိုတော့ ပွဲချိန်ပြည့် ရင်ဆိုင်ဖို့ရာ မစွမ်းနိုင်ခဲ့ဘဲ ဒီဘရိုင်းနားလက်အောက်မှာ ကျရှုံးခဲ့ရတယ်။

၂။ အီတလီနောက်ကို ထပ်ကြပ်မကွာလိုက်တဲ့ ဘယ်လ်ဂျီယံ
ယူရို ၂၀၂၀ မှာ အုပ်စုအဆင့်ကနေ ၁၆ အသင်းရှူံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်တဲ့ ဒုတိယအသင်းအဖြစ် နည်ပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်းက စာရင်းဝင်လာခဲ့ပြီး အာဇူရီတို့ရဲ့နောက်ကို ထပ်ကြပ်မကွာ လိုက်လာခဲ့တယ်။ လက်ရှိစွမ်းဆောင်ရည်အရ ဆီမီးဖိုင်နယ်အထိ အနိမ့်ဆုံးတက်မယ့်အသင်းအဖြစ် ထင်ကြေးအပေးခံနေရပါပြီ။

၃။ အထနှေးမှုကို မာတီနက်ဇ်ဘယ်လိုရှင်းမလဲ
ဘယ်လ်ဂျီယံရဲ့ ပထမပိုင်းခြေစွမ်းတွေက ကမ္ဘာ့အဆင့် ၆ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တောင် သွေဖီနေခဲ့တယ်။ ပျင်းစရာကောင်းပြီး မက်လောက်စရာမရှိခဲ့ပါဘူး။ ထင်သလောက်ခြေမပေါ်ခဲ့ဘဲ ဒိန်းမတ်ကို နောက်ကလိုက်ကစားရချိန်မှာ ရှုံးထွက်အဆင့်တွေမှာ ဒီလိုအထနှေးနေရင်တော့ ခံစားသွားရမယ်ဆိုတာ မာတီနက်ဇ်ကတော့ ကောင်းကောင်းသဘောပေါက်ထားမှာဖြစ်လို့ ဒုတိယပိုင်းရဲ့ ခြေစွမ်းတွေကိုသာ ဘယ်လ်ဂျီယံရဲ့ ပုံမှန်ခြေစွမ်းအဖြစ် အသက်သွင်းသွားဖို့တော့ လိုအပ်နေပါသေးတယ်။

၄။ နာမည်နဲ့ ကစားကွက် မလိုက်တဲ့ ဘယ်လ်ဂျီယံ
ဘယ်လ်ဂျီယံရဲ့ ကောင်းမွန်များပြားတဲ့ တိုက်စစ်ပိုင်းကစားသမားတွေနဲ့ ကြီးမားတဲ့ ဂုဏ်အတွက် နည်းပြ မာတီနက်ဇ်ရဲ့ ၃-၅-၂ ကစားကွက်က ရယ်စရာဖြစ်နေခဲ့ပြီး လုံလောက်တဲ့ အခွင့်အရေးဖန်တီးမှုမျိုးလည်း မပြနိုင်ခဲ့တာပါ။ ခံစစ်တောင်ပံတွေကိုပါ ထည့်တွက်ရင် နောက်တန်းက ၅ ယောက်အထိ ရှိနေတာဖြစ်ပြီး ကွင်းလယ်အဖျက် ဒန်ဒွန့်ကာကလွဲရင် တိုက်စစ်ကို ပုံဖော်ဖို့ ကစားသမား ၄ ယောက်သာ ကျန်တော့တဲ့ ခံစစ်အသားပေး ကစားကွက်က ဒီဘရိုင်းနား၊ အီဒင် ဟာဇတ်၊ ထရော့ဆတ်၊ ဘန်တီကီ၊ ဘက်ရွှာယီ၊ ဒိုကူတို့လို အရန်ခုံထိုင်ရတဲ့ ကစားသမားတွေကို အားနာဖို့ ကောင်းလွန်းပါတယ်။

၅။ ဒဏ်ရာရလည်း မမှုတဲ့ ပါရဂူ ဒီဘရိုင်းနား
မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရူဒီဂါကြောင့် မျက်နှာအရိုးတွေ အက်ခဲ့လို့ ယူရို ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲအထိ လွဲချော်ခဲ့ရတဲ့ ကီဗင် ဒီဘရိုင်းနားက ဘယ်လ်ဂျီယံပရိသတ်တွေနဲ့ မာတီနက်ဇ်အတွက် ကယ်တင်ရှင်ဖြစ်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်ရောက်လာခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်က ဒီဘရိုင်းနားဘာလဲဆိုတဲ့ အဆင့်အတန်းကို ယူရို ၂၀၂၀ မှာ ထပ်မံကြေငြာသွားခဲ့ပြီး တဂိုးသွင်းပြီး တဂိုးဖန်တီးပေးခဲ့ကာ အနိုင် ၃ မှတ်က သူယူပေးခဲ့တယ်လို့သာ ဆိုရမှာပါ။

၆။ ဒိန်းမတ်တနိုင်ငံလုံးနဲ့ တကမ္ဘာလုံးက မင်းနဲ့အတူ ရှိနေမယ် ခရစ်ရှန်
ဒီပွဲရဲ့ အထူးခြားဆုံးအချက်နဲ့ လူသားအဆန်ဆုံး အခိုက်အတန့်ကို မြင်ခဲ့ရတာက ပွဲချိန် ၁၀ မိနစ်မှာပါ။ ကွင်းထဲမှာ အသက်ဆုံးရမယ့်ဘေးက ကံကောင်းထောက်မစွာနဲ့ လွတ်​မြောက်လာခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူ ခရစ်ရှန် အဲရင်ဆင်ရဲ့ ကျောနံပါတ် ၁၀ ကို ရည်စူးပြီး ပွဲချိန် ၁၀ မိနစ်မှာ ​ဘောလုံးကို ကွင်းဘေးကန်ထုတ်ပြီး ပွဲကို တမိနစ်ကြာ ရပ်နားခဲ့ရာမှာ ကိုပင်ဟေဂင်မြို့၊ ပါကင်ကွင်းထဲက ပရိသတ် ၂၅၀၀၀ က တခဲနက် လက်ခုပ်တီးမှုနဲ့တကွ ပြိုင်ဘက်ဘယ်လ်ဂျီယံအသင်းသားတွေကပါ အဲရစ်ဆင်ရဲ့ အသက်ရှင်သန်မှုအတွက် ခွန်အားပေးသွားခဲ့ကြတာပါ။

၇။ နှလုံးခုန်စက် တပ်ဆင်ပြီး ရှင်သန်မယ့် အဲရစ်ဆင်
ပြီးခဲ့တဲ့ညက ဘယ်လ်ဂျီယံ နဲ့ ဒိန်းမတ်ပွဲကို ကိုပင်ဟေဂင်မြို့အနီးအနားက ဆေးရုံမှာ စောင့်ကြည့်အားပေးနေခဲ့ရတဲ့ အဲရစ်ဆင်ကို နှလုံးခုန်မှန်အောင် စက်တပ်ဆင်ပေးသွားပြီး အသက်ဆက်ရှင်စေနိုင်တော့မယ်လို့ ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပြီး သူ့အတွက် နှလုံးရောဂါကြောင့် ဘောလုံးဆက်ကစားနိုင်ဖို့ကတော့ နာကျင်စွာ စွန့်လွှတ်ရဖို့တော့ အခြေအနေများနေခဲ့ပါပြီ။

၈။ ယူရို ၂၀၂၀ ရဲ့ ရွက်ပုန်းသီးအသစ် မီခေးလ် ဒမ့်စ်ဂါ့တ်
ဒိန်းမတ်အသင်းအနေနဲ့ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးပြီး ပွဲထွက်စေခဲ့တဲ့ အသက် ၂၀ နှစ်သားဟာ ယူရိုပြိုင်ပွဲလို နိုင်ငံတကာ​ပြိုင်ပွဲကြီးတခုကို ဦးဦးဖျားဖျား ပွဲထွက်ကစားခဲ့ခြင်းဖြစ်ပြီး တောင်ပံကစားသမားလေးဟာ ဘယ်လ်ဂျီယံအသင်းကို တောက်လျှေက် ဒုက္ခပေးပြီး ထိုးနှက်သွားခဲ့တဲ့ ခြေစွမ်းက ဘောလုံးလိမ်ခေါက်မှု ၅ ကြိမ်နဲ့အတူ ဂိုးအခွင့်အရေး ၂ ကြိမ် ဖန်တီးပေးခဲ့တဲ့ စွမ်းဆောင်ရည်နဲ့အတူ အထင်ကြီးစရာဖြစ်ခဲ့သလို ဒိုက်ဗင်ထိုးမိလို့ အဝါထိခဲ့တာလေးပဲ ပြောစရာရှိခဲ့ပါတယ်။

၉။ မာတီနက်ဇ်ရဲ့ Cheat Code
ဘရိတ်သ်ဝိတ်ကြောင့် ဘယ်ခြမ်းမှာ ဗာတွန်ဂန် အသက်ရှုကျပ်နေသလို ရိုမီလူ လူကာကူးနဲ့ မာတင်စ်တို့ရဲ့ ဘောလုံးထိခွင့်မရအောင် ထီးထီးကြီးဖြစ်နေမှု ဘယ်လ်ဂျီယံတသင်းလုံးရဲ့ တိုက်စစ်ကိုရော ခံစစ်ထိန်းချုပ်မှုကိုပါ ရပ်တန့်နေစေခဲ့ပြီး ဒိန်းမတ်ပြုသမျှ နုနေရတဲ့ အခြေအနေကို မာတီနက်ဇ်က ဒီဘရိုင်းနားနဲ့ ပြောင်းပြန်လှန်နိုင်ခဲ့တယ်။ ဘောလုံးနဲ့ သူစိမ်းတွေလို ဖြစ်နေတဲ့ လူကာကူးက ဒီဘရိုင်းနားရဲ့ ဒိန်းမတ်လူတံတိုင်းကို ဖောက်ခွဲနိိုင်မှုကြောင့် နေရာလွတ်တွေရလာခဲ့ပြီး သော်ဂန် ဟာဇက်ရဲ့ဂိုးကို ဖန်တီးပေးခဲ့သလို ကိုယ်တိုင်တဂိုးသွင်းယူပြီး မာတီနက်ဇ်ရဲ့ ပြောင်မြောင်တဲ့ နည်းဗျူဟာအဖြစ် အသုံးတော်ခံခဲ့နိုင်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ အဲရစ္ဆင္ရဲ႕ အိပ္မက္ကို အသက္ဆက္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ ဒိန္းမတ္
ခရစ္ရွန္ အဲရင္ဆင္ရဲ႕ မေမွ်ာ္ထားတဲ့ ျဖစ္ရပ္ဆိုးေၾကာင့္ ဖင္လန္ကို မေမွ်ာ္လင့္ဘဲ ရႈံးနိမ့္ခဲ့တဲ့ ဒိန္းမတ္က ယူ႐ို ၂၀၂၀ အိပ္မက္ကို ဆက္မက္ဖို႔ ဘယ္လ္ဂ်ီယံကို ပထမပိုင္းတပိုင္းလုံး ခပ္ျပင္းျပင္း ဖိအားေပးကစားသြားခဲ့ၿပီး ၃ မွတ္ရယူဖို႔ ျပင္ဆင္လာခဲ့ရာမွာ ပြဲအစ ၂ မိနစ္မွာတင္ အဖြင့္ဂိုးရခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံရဲ႕ သာလြန္အင္အားကိုေတာ့ ပြဲခ်ိန္ျပည့္ ရင္ဆိုင္ဖို႔ရာ မစြမ္းႏိုင္ခဲ့ဘဲ ဒီဘ႐ိုင္းနားလက္ေအာက္မွာ က်ရႈံးခဲ့ရတယ္။

၂။ အီတလီေနာက္ကို ထပ္ၾကပ္မကြာလိုက္တဲ့ ဘယ္လ္ဂ်ီယံ
ယူ႐ို ၂၀၂၀ မွာ အုပ္စုအဆင့္ကေန ၁၆ အသင္းရႉံးထြက္အဆင့္ကို တိုက္႐ိုက္တက္ေရာက္ႏိုင္တဲ့ ဒုတိယအသင္းအျဖစ္ နည္ျပ ေရာ္ဘတ္တို မာတီနက္ဇ္ရဲ႕ ဘယ္လ္ဂ်ီယံအသင္းက စာရင္းဝင္လာခဲ့ၿပီး အာဇူရီတို႔ရဲ႕ေနာက္ကို ထပ္ၾကပ္မကြာ လိုက္လာခဲ့တယ္။ လက္ရွိစြမ္းေဆာင္ရည္အရ ဆီမီးဖိုင္နယ္အထိ အနိမ့္ဆုံးတက္မယ့္အသင္းအျဖစ္ ထင္ေၾကးအေပးခံေနရပါၿပီ။

၃။ အထေႏွးမႈကို မာတီနက္ဇ္ဘယ္လိုရွင္းမလဲ
ဘယ္လ္ဂ်ီယံရဲ႕ ပထမပိုင္းေျခစြမ္းေတြက ကမာၻ႔အဆင့္ ၆ ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ေတာင္ ေသြဖီေနခဲ့တယ္။ ပ်င္းစရာေကာင္းၿပီး မက္ေလာက္စရာမရွိခဲ့ပါဘူး။ ထင္သေလာက္ေျခမေပၚခဲ့ဘဲ ဒိန္းမတ္ကို ေနာက္ကလိုက္ကစားရခ်ိန္မွာ ရႈံးထြက္အဆင့္ေတြမွာ ဒီလိုအထေႏွးေနရင္ေတာ့ ခံစားသြားရမယ္ဆိုတာ မာတီနက္ဇ္ကေတာ့ ေကာင္းေကာင္းသေဘာေပါက္ထားမွာျဖစ္လို႔ ဒုတိယပိုင္းရဲ႕ ေျခစြမ္းေတြကိုသာ ဘယ္လ္ဂ်ီယံရဲ႕ ပုံမွန္ေျခစြမ္းအျဖစ္ အသက္သြင္းသြားဖို႔ေတာ့ လိုအပ္ေနပါေသးတယ္။

၄။ နာမည္နဲ႔ ကစားကြက္ မလိုက္တဲ့ ဘယ္လ္ဂ်ီယံ
ဘယ္လ္ဂ်ီယံရဲ႕ ေကာင္းမြန္မ်ားျပားတဲ့ တိုက္စစ္ပိုင္းကစားသမားေတြနဲ႔ ႀကီးမားတဲ့ ဂုဏ္အတြက္ နည္းျပ မာတီနက္ဇ္ရဲ႕ ၃-၅-၂ ကစားကြက္က ရယ္စရာျဖစ္ေနခဲ့ၿပီး လုံေလာက္တဲ့ အခြင့္အေရးဖန္တီးမႈမ်ိဳးလည္း မျပႏိုင္ခဲ့တာပါ။ ခံစစ္ေတာင္ပံေတြကိုပါ ထည့္တြက္ရင္ ေနာက္တန္းက ၅ ေယာက္အထိ ရွိေနတာျဖစ္ၿပီး ကြင္းလယ္အဖ်က္ ဒန္ဒြန႔္ကာကလြဲရင္ တိုက္စစ္ကို ပုံေဖာ္ဖို႔ ကစားသမား ၄ ေယာက္သာ က်န္ေတာ့တဲ့ ခံစစ္အသားေပး ကစားကြက္က ဒီဘ႐ိုင္းနား၊ အီဒင္ ဟာဇတ္၊ ထေရာ့ဆတ္၊ ဘန္တီကီ၊ ဘက္႐ႊာယီ၊ ဒိုကူတို႔လို အရန္ခုံထိုင္ရတဲ့ ကစားသမားေတြကို အားနာဖို႔ ေကာင္းလြန္းပါတယ္။

၅။ ဒဏ္ရာရလည္း မမႈတဲ့ ပါရဂူ ဒီဘ႐ိုင္းနား
မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ႐ူဒီဂါေၾကာင့္ မ်က္ႏွာအ႐ိုးေတြ အက္ခဲ့လို႔ ယူ႐ို ၿပိဳင္ပြဲ အုပ္စုအဖြင့္ပြဲအထိ လြဲေခ်ာ္ခဲ့ရတဲ့ ကီဗင္ ဒီဘ႐ိုင္းနားက ဘယ္လ္ဂ်ီယံပရိသတ္ေတြနဲ႔ မာတီနက္ဇ္အတြက္ ကယ္တင္ရွင္ျဖစ္ခဲ့တာပါ။ ဒုတိယပိုင္းမွာ လူစားဝင္ေရာက္လာခဲ့တဲ့ သူ႔ရဲ႕စြမ္းေဆာင္ရည္က ဒီဘ႐ိုင္းနားဘာလဲဆိုတဲ့ အဆင့္အတန္းကို ယူ႐ို ၂၀၂၀ မွာ ထပ္မံေၾကျငာသြားခဲ့ၿပီး တဂိုးသြင္းၿပီး တဂိုးဖန္တီးေပးခဲ့ကာ အႏိုင္ ၃ မွတ္က သူယူေပးခဲ့တယ္လို႔သာ ဆိုရမွာပါ။

၆။ ဒိန္းမတ္တႏိုင္ငံလုံးနဲ႔ တကမာၻလုံးက မင္းနဲ႔အတူ ရွိေနမယ္ ခရစ္ရွန္
ဒီပြဲရဲ႕ အထူးျခားဆုံးအခ်က္နဲ႔ လူသားအဆန္ဆုံး အခိုက္အတန္႔ကို ျမင္ခဲ့ရတာက ပြဲခ်ိန္ ၁၀ မိနစ္မွာပါ။ ကြင္းထဲမွာ အသက္ဆုံးရမယ့္ေဘးက ကံေကာင္းေထာက္မစြာနဲ႔ လြတ္​ေျမာက္လာခဲ့တဲ့ ဒိန္းမတ္ကြင္းလယ္လူ ခရစ္ရွန္ အဲရင္ဆင္ရဲ႕ ေက်ာနံပါတ္ ၁၀ ကို ရည္စူးၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာ ​ေဘာလုံးကို ကြင္းေဘးကန္ထုတ္ၿပီး ပြဲကို တမိနစ္ၾကာ ရပ္နားခဲ့ရာမွာ ကိုပင္ေဟဂင္ၿမိဳ႕၊ ပါကင္ကြင္းထဲက ပရိသတ္ ၂၅၀၀၀ က တခဲနက္ လက္ခုပ္တီးမႈနဲ႔တကြ ၿပိဳင္ဘက္ဘယ္လ္ဂ်ီယံအသင္းသားေတြကပါ အဲရစ္ဆင္ရဲ႕ အသက္ရွင္သန္မႈအတြက္ ခြန္အားေပးသြားခဲ့ၾကတာပါ။

၇။ ႏွလုံးခုန္စက္ တပ္ဆင္ၿပီး ရွင္သန္မယ့္ အဲရစ္ဆင္
ၿပီးခဲ့တဲ့ညက ဘယ္လ္ဂ်ီယံ နဲ႔ ဒိန္းမတ္ပြဲကို ကိုပင္ေဟဂင္ၿမိဳ႕အနီးအနားက ေဆး႐ုံမွာ ေစာင့္ၾကည့္အားေပးေနခဲ့ရတဲ့ အဲရစ္ဆင္ကို ႏွလုံးခုန္မွန္ေအာင္ စက္တပ္ဆင္ေပးသြားၿပီး အသက္ဆက္ရွင္ေစႏိုင္ေတာ့မယ္လို႔ ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳခဲ့ၿပီး သူ႔အတြက္ ႏွလုံးေရာဂါေၾကာင့္ ေဘာလုံးဆက္ကစားႏိုင္ဖို႔ကေတာ့ နာက်င္စြာ စြန္႔လႊတ္ရဖို႔ေတာ့ အေျခအေနမ်ားေနခဲ့ပါၿပီ။

၈။ ယူ႐ို ၂၀၂၀ ရဲ႕ ႐ြက္ပုန္းသီးအသစ္ မီေခးလ္ ဒမ့္စ္ဂါ့တ္
ဒိန္းမတ္အသင္းအေနနဲ႔ ကြင္းလယ္လူ အဲရစ္ဆင္ရဲ႕ ေနရာမွာ တိုက္႐ိုက္အစားထိုးၿပီး ပြဲထြက္ေစခဲ့တဲ့ အသက္ ၂၀ ႏွစ္သားဟာ ယူ႐ိုၿပိဳင္ပြဲလို ႏိုင္ငံတကာ​ၿပိဳင္ပြဲႀကီးတခုကို ဦးဦးဖ်ားဖ်ား ပြဲထြက္ကစားခဲ့ျခင္းျဖစ္ၿပီး ေတာင္ပံကစားသမားေလးဟာ ဘယ္လ္ဂ်ီယံအသင္းကို ေတာက္ေလွ်က္ ဒုကၡေပးၿပီး ထိုးႏွက္သြားခဲ့တဲ့ ေျခစြမ္းက ေဘာလုံးလိမ္ေခါက္မႈ ၅ ႀကိမ္နဲ႔အတူ ဂိုးအခြင့္အေရး ၂ ႀကိမ္ ဖန္တီးေပးခဲ့တဲ့ စြမ္းေဆာင္ရည္နဲ႔အတူ အထင္ႀကီးစရာျဖစ္ခဲ့သလို ဒိုက္ဗင္ထိုးမိလို႔ အဝါထိခဲ့တာေလးပဲ ေျပာစရာရွိခဲ့ပါတယ္။

၉။ မာတီနက္ဇ္ရဲ႕ Cheat Code
ဘရိတ္သ္ဝိတ္ေၾကာင့္ ဘယ္ျခမ္းမွာ ဗာတြန္ဂန္ အသက္ရႈက်ပ္ေနသလို ႐ိုမီလူ လူကာကူးနဲ႔ မာတင္စ္တို႔ရဲ႕ ေဘာလုံးထိခြင့္မရေအာင္ ထီးထီးႀကီးျဖစ္ေနမႈ ဘယ္လ္ဂ်ီယံတသင္းလုံးရဲ႕ တိုက္စစ္ကိုေရာ ခံစစ္ထိန္းခ်ဳပ္မႈကိုပါ ရပ္တန္႔ေနေစခဲ့ၿပီး ဒိန္းမတ္ျပဳသမွ် ႏုေနရတဲ့ အေျခအေနကို မာတီနက္ဇ္က ဒီဘ႐ိုင္းနားနဲ႔ ေျပာင္းျပန္လွန္ႏိုင္ခဲ့တယ္။ ေဘာလုံးနဲ႔ သူစိမ္းေတြလို ျဖစ္ေနတဲ့ လူကာကူးက ဒီဘ႐ိုင္းနားရဲ႕ ဒိန္းမတ္လူတံတိုင္းကို ေဖာက္ခြဲနိိုင္မႈေၾကာင့္ ေနရာလြတ္ေတြရလာခဲ့ၿပီး ေသာ္ဂန္ ဟာဇက္ရဲ႕ဂိုးကို ဖန္တီးေပးခဲ့သလို ကိုယ္တိုင္တဂိုးသြင္းယူၿပီး မာတီနက္ဇ္ရဲ႕ ေျပာင္ေျမာင္တဲ့ နည္းဗ်ဴဟာအျဖစ္ အသုံးေတာ္ခံခဲ့ႏိုင္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.