Article International Premier League

ဘယ်လ်ဂျီယမ်အတွက် ခြေစွမ်းပြလည်း ဇနီးကြောင့်ပါပဲလို့ ပြောကောင်းပြောဦးမယ့် ဒီဘရိုင်းနား

ပြီးခဲ့တဲ့ ကြာသပတေးညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယမ်နဲ့ ဒိန်းမတ်တို့ရဲ့ ပွဲစဉ်မှာ လူစားဝင်လာခဲ့ပြီး အသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားဟာ ဒီပွဲရဲ့ ရှုံးနိမ့်သွားနိုင်ခြေကနေ အသင်းကို အကောင်းဆုံး ထမ်းတင်နိုင်ခဲ့တယ်လို့ ချီးကျူးခံခဲ့ရပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ အသင်းဖော် ဟာဇတ်ညီအစ်ကိုနဲ့ တိုက်ရိုက်ပတ်သက်နေခဲ့ပြီး ပထမချေပဂိုးကို သော်ဂန် ဟာဇတ် သွင်းယူဖို့ ဖန်တီးပေးနိုင်ခဲ့ချိန်မှာ သူ့ညီအတွက် အကြွေးမတင်ချင်တဲ့ အီဒင် ဟာဇတ်က ဒီဘရိုင်းနားဂိုးသွင်းနိုင်ဖို့ အကွက်မြင်တဲ့ ပေးပို့မှုနဲ့ ပြန်ပြီး ပေးဆပ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ ဒီဘရိုင်းနားဟာ လင်းလက်တောက်ပလွန်းတဲ့ ကြယ်တစ်စင်းလို့ ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေက ချီးကျူးခဲ့ကြချိန်မှာ သူကတော့ ပြောနေကျအတိုင်းပဲ တုံ့ပြန်ဦးမှာလည်းဖြစ်ပါတယ်။ ဒါကတော့ သူ့ရဲ့ အောင်မြင်မှုတိုင်းအတွက် မီရှဲလ် ဒီဘရိုင်းနားလို့ ခေါ်တဲ့ ဇနီးဖြစ်သူက အရေးပါတဲ့ အရာအားလုံးပဲလို့ ဆိုမှာပါပဲ။

မော်ဒယ်လ်တစ်ယောက်ဖြစ်ခဲ့တဲ့ မီရှဲလ်နဲ့ တွေ့ဆုံခဲ့ပုံကို ဒီဘရိုင်းနားက ရှက်ရှက်နဲ့ပဲ ဖွင့်ဟသွားခဲ့ပြီး သူစွမ်းခဲ့လို့ မဟုတ်ကြောင်းလည်း ဆိုခဲ့တာပါ။ ချဲလ်ဆီးအသင်းကနေ ဝါဒါဘရီမင်ကို ပြောင်းကစားခဲ့တုန်းက တွစ်တာကနေ သူတို့စတင်ဆုံဆည်းခဲ့တာဖြစ်ပြီး မြားနတ်မောင်ကတော့ အနီးကပ် သူငယ်ချင်းတစ်ဦးလို့လည်း ဆိုပါတယ်။

“ပြန်ပြောရမှာ နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်ဗျ။ ရိုးရိုးသားသား ဝန်ခံရင် ကိုယ့်အစွမ်းအစနဲ့ စခဲ့တာ မဟုတ်တော့ ရယ်ချင်လည်း ရယ်ကြမှာလေ။ စစချင်းတော့ တွစ်တာက တွိတစ်ခုနဲ့ပေါ့ဗျာ။ ဘရီမင်မှာ ကစားနေတုန်းက ပွဲအကြောင်း ဘာညာပေါ့၊ ရေးတင်လိုက်ရင် သူက အသည်းပေးသွားတတ်တာကို သူငယ်ချင်းတစ်ယောက်က သတိထားမိသွားတယ်”လို့ စတင်ခဲ့ပုံကို ဒတ်ချ်ဖန်တီးရှင်က အစပြုခဲ့ပါတယ်။

“အဲ့ဒီအချိန်တုန်းက ဆင်ဂယ်ပေါ့ဗျာ။ ကျွန်တော့်သူငယ်ချင်းက ‘ဟာ… ကောင်မလေးက မိုက်တယ်ဟ၊ မက်ဆေ့ချ်လေးဘာလေး ပို့မကြည့်ဘူးလား’လို့ ဆိုတော့ ကျွန်တော်က သူတို့တွေ ငါ့လည်း သိပ်မသိကြပါဘူးကွာ… သူလည်း ငါ့ကို ဘာမှ ပြန်ပို့မှာ မဟုတ်ဘူးလို့ ပြောလိုက်တော့ ဒီကောင်က ကျွန်တော့်ဖုန်းကို ဆွဲပြီး စာရိုက်တော့တာပဲ”

“ပြီးတော့ ဘယ်လိုလဲ၊ ပို့လိုက်ရတော့မလားတဲ့… အဲ့ဒီလိုနဲ့ သူစာပို့လိုက်တာကို အမြဲတမ်း ကျွန်တော် ကျေးဇူးတင်နေရတော့မှာပါပဲ။ အဲ့ဒီကစပြီး မီရှဲလ်နဲ့ ကျွန်တော် တဖြည်းဖြည်းရင်းနှီးလာကြတယ်… မက်ဆေ့ချ်တွေနဲ့ပေါ့။ ဂျာမန်မြေမှာ နေရထိုင်ရတာလည်း အရင်ကထက် အဆင်ပြေပြီး
ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားခဲ့တယ်လေ”

“အဲ့ဒါက တကယ့်အလှပဆုံးအရာပါပဲ။ မီရှဲလ်က ကျွန်တော့်ဘဝကို အများကြီး ပြောင်းလဲပေးပြီး တိုးတက်အောင်လုပ်ပေးခဲ့တာပါ။ မကြာမကြာ တွေးမိပါတယ်… သူသာမရှိရင် ငါဒီလိုလုပ်နိုင်ပါ့မလားဆိုပြီးပေါ့”လို့ ဒီဘရိုင်းနားက ဖွင့်ဟသွားခဲ့ပါတယ်။

မီရှဲလ် လာခွာနဲ့ ကီဗင် ဒီဘရိုင်းနားတို့ဟာ ၂၀၁၄ ခုနှစ်ထဲမှာ စကြိုက်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာ သူတို့ရဲ့ သားကြီးဖြစ်သူ မီလန်ကို မွေးဖွားခဲ့သလို ၂၀၁၇ ခုနှစ်မှာတော့ အီတလီနိုင်ငံ ဆိုရန်တိုမှာ ခမ်းခမ်းနားနားလက်ထပ်ခဲ့ကြပြီး ဗြိတိန်နိုင်ငံသား မိဘတွေက မွေးဖွားလာခဲ့တဲ့ အမျိုးသမီးဘက်ကလည်း ချမ်းသာတယ်လို့ ဆိုကြပါတယ်။

၂၀၁၈ ခုနှစ်မှာ သားလတ် ရုမ်းကို မွေးဖွားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ သမီးငယ် ဆူရီကို ရရှိခဲ့သလို ဒီကာလတွေကတော့ မန်ချက်စတာစီးတီးနဲ့ ထွန်းတောက်အောင်မြင်ခဲ့တဲ့ ဒီဘရိုင်းနားရဲ့ အလှပဆုံးနေ့ရက်တွေဖြစ်သလို သူကတော့ သူ့ဇနီးဟာ သူ့အတွက် အနစ်နာအခံဆုံးနဲ့ အကောင်းဆုံးလို့ ပြောသွားခဲ့တာပါ။

“သူက ကျွန်တော့်အတွက် အများကြီး ပေးဆပ်ခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ်မှာကတည်း ကျွန်တော့်အတွက် လိုက်ပါပြောင်းရွှေ့ခဲ့ပြီး ကျွန်တော့်အိပ်မက်တွေအတွက် ကူညီခဲ့တာဖြစ်ပါတယ်။ ဒီခရီးရှည်ကြီးကို ကျွန်တော်တို့ အတူတကွ လျှောက်လှမ်းခဲ့ကြပြီး သူက ဦးဆောင်ခဲ့တာပါပဲ။ ကျွန်တော့်ရဲ့ ဥခွံထဲက ရုန်းထွက်ပြီး လူတွေကြားမှာ ဒီလိုမျိုး ချီးကျူးခံနိုင်ဖို့ သူက အရာအားလုံးကို ပံ့ပိုးပေးခဲ့ပါတယ်”လို့ ဒီဘရိုင်းနားက ပြောဖူးပြီး ဒိန်းမတ်ကို နိုင်တဲ့ပွဲအပြီးမှာလည်း ဒီလိုမျိုးပဲ ထပ်ပြောပြဦးမလားဆိုတာကတော့ ချစ်တတ်သူတွေ စိတ်ကူးယဉ်ချင်စရာပဲ ဖြစ်ပါကြောင်း…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ၾကာသပေတးညက ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္နဲ႔ ဒိန္းမတ္တို႔ရဲ႕ ပြဲစဥ္မွာ လူစားဝင္လာခဲ့ၿပီး အသင္းအတြက္ တစ္ဂိုးသြင္း၊ တစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့တဲ့ ကြင္းလယ္ၾကယ္ပြင့္ ကီဗင္ ဒီဘ႐ိုင္းနားဟာ ဒီပြဲရဲ႕ ရႈံးနိမ့္သြားႏိုင္ေျခကေန အသင္းကို အေကာင္းဆုံး ထမ္းတင္ႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးခံခဲ့ရပါတယ္။

သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့ အသင္းေဖာ္ ဟာဇတ္ညီအစ္ကိုနဲ႔ တိုက္႐ိုက္ပတ္သက္ေနခဲ့ၿပီး ပထမေခ်ပဂိုးကို ေသာ္ဂန္ ဟာဇတ္ သြင္းယူဖို႔ ဖန္တီးေပးႏိုင္ခဲ့ခ်ိန္မွာ သူ႔ညီအတြက္ အေႂကြးမတင္ခ်င္တဲ့ အီဒင္ ဟာဇတ္က ဒီဘ႐ိုင္းနားဂိုးသြင္းႏိုင္ဖို႔ အကြက္ျမင္တဲ့ ေပးပို႔မႈနဲ႔ ျပန္ၿပီး ေပးဆပ္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲအၿပီးမွာေတာ့ ဒီဘ႐ိုင္းနားဟာ လင္းလက္ေတာက္ပလြန္းတဲ့ ၾကယ္တစ္စင္းလို႔ ပရိသတ္ေတြနဲ႔ ေဘာလုံးကြၽမ္းက်င္သူေတြက ခ်ီးက်ဴးခဲ့ၾကခ်ိန္မွာ သူကေတာ့ ေျပာေနက်အတိုင္းပဲ တုံ႔ျပန္ဦးမွာလည္းျဖစ္ပါတယ္။ ဒါကေတာ့ သူ႔ရဲ႕ ေအာင္ျမင္မႈတိုင္းအတြက္ မီရွဲလ္ ဒီဘ႐ိုင္းနားလို႔ ေခၚတဲ့ ဇနီးျဖစ္သူက အေရးပါတဲ့ အရာအားလုံးပဲလို႔ ဆိုမွာပါပဲ။

ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ခဲ့တဲ့ မီရွဲလ္နဲ႔ ေတြ႕ဆုံခဲ့ပုံကို ဒီဘ႐ိုင္းနားက ရွက္ရွက္နဲ႔ပဲ ဖြင့္ဟသြားခဲ့ၿပီး သူစြမ္းခဲ့လို႔ မဟုတ္ေၾကာင္းလည္း ဆိုခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းကေန ဝါဒါဘရီမင္ကို ေျပာင္းကစားခဲ့တုန္းက တြစ္တာကေန သူတို႔စတင္ဆုံဆည္းခဲ့တာျဖစ္ၿပီး ျမားနတ္ေမာင္ကေတာ့ အနီးကပ္ သူငယ္ခ်င္းတစ္ဦးလို႔လည္း ဆိုပါတယ္။

“ျပန္ေျပာရမွာ နည္းနည္းေတာ့ ရွက္ဖို႔ေကာင္းတယ္ဗ်။ ႐ိုး႐ိုးသားသား ဝန္ခံရင္ ကိုယ့္အစြမ္းအစနဲ႔ စခဲ့တာ မဟုတ္ေတာ့ ရယ္ခ်င္လည္း ရယ္ၾကမွာေလ။ စစခ်င္းေတာ့ တြစ္တာက တြိတစ္ခုနဲ႔ေပါ့ဗ်ာ။ ဘရီမင္မွာ ကစားေနတုန္းက ပြဲအေၾကာင္း ဘာညာေပါ့၊ ေရးတင္လိုက္ရင္ သူက အသည္းေပးသြားတတ္တာကို သူငယ္ခ်င္းတစ္ေယာက္က သတိထားမိသြားတယ္”လို႔ စတင္ခဲ့ပုံကို ဒတ္ခ်္ဖန္တီးရွင္က အစျပဳခဲ့ပါတယ္။

“အဲ့ဒီအခ်ိန္တုန္းက ဆင္ဂယ္ေပါ့ဗ်ာ။ ကြၽန္ေတာ့္သူငယ္ခ်င္းက ‘ဟာ… ေကာင္မေလးက မိုက္တယ္ဟ၊ မက္ေဆ့ခ်္ေလးဘာေလး ပို႔မၾကည့္ဘူးလား’လို႔ ဆိုေတာ့ ကြၽန္ေတာ္က သူတို႔ေတြ ငါ့လည္း သိပ္မသိၾကပါဘူးကြာ… သူလည္း ငါ့ကို ဘာမွ ျပန္ပို႔မွာ မဟုတ္ဘူးလို႔ ေျပာလိုက္ေတာ့ ဒီေကာင္က ကြၽန္ေတာ့္ဖုန္းကို ဆြဲၿပီး စာ႐ိုက္ေတာ့တာပဲ”

“ၿပီးေတာ့ ဘယ္လိုလဲ၊ ပို႔လိုက္ရေတာ့မလားတဲ့… အဲ့ဒီလိုနဲ႔ သူစာပို႔လိုက္တာကို အၿမဲတမ္း ကြၽန္ေတာ္ ေက်းဇူးတင္ေနရေတာ့မွာပါပဲ။ အဲ့ဒီကစၿပီး မီရွဲလ္နဲ႔ ကြၽန္ေတာ္ တျဖည္းျဖည္းရင္းႏွီးလာၾကတယ္… မက္ေဆ့ခ်္ေတြနဲ႔ေပါ့။ ဂ်ာမန္ေျမမွာ ေနရထိုင္ရတာလည္း အရင္ကထက္ အဆင္ေျပၿပီး
ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖစ္သြားခဲ့တယ္ေလ”

“အဲ့ဒါက တကယ့္အလွပဆုံးအရာပါပဲ။ မီရွဲလ္က ကြၽန္ေတာ့္ဘဝကို အမ်ားႀကီး ေျပာင္းလဲေပးၿပီး တိုးတက္ေအာင္လုပ္ေပးခဲ့တာပါ။ မၾကာမၾကာ ေတြးမိပါတယ္… သူသာမရွိရင္ ငါဒီလိုလုပ္ႏိုင္ပါ့မလားဆိုၿပီးေပါ့”လို႔ ဒီဘ႐ိုင္းနားက ဖြင့္ဟသြားခဲ့ပါတယ္။

မီရွဲလ္ လာခြာနဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတို႔ဟာ ၂၀၁၄ ခုႏွစ္ထဲမွာ စႀကိဳက္ခဲ့ၾကၿပီး ၂၀၁၆ ခုႏွစ္မွာ သူတို႔ရဲ႕ သားႀကီးျဖစ္သူ မီလန္ကို ေမြးဖြားခဲ့သလို ၂၀၁၇ ခုႏွစ္မွာေတာ့ အီတလီႏိုင္ငံ ဆိုရန္တိုမွာ ခမ္းခမ္းနားနားလက္ထပ္ခဲ့ၾကၿပီး ၿဗိတိန္ႏိုင္ငံသား မိဘေတြက ေမြးဖြားလာခဲ့တဲ့ အမ်ိဳးသမီးဘက္ကလည္း ခ်မ္းသာတယ္လို႔ ဆိုၾကပါတယ္။

၂၀၁၈ ခုႏွစ္မွာ သားလတ္ ႐ုမ္းကို ေမြးဖြားခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာေတာ့ သမီးငယ္ ဆူရီကို ရရွိခဲ့သလို ဒီကာလေတြကေတာ့ မန္ခ်က္စတာစီးတီးနဲ႔ ထြန္းေတာက္ေအာင္ျမင္ခဲ့တဲ့ ဒီဘ႐ိုင္းနားရဲ႕ အလွပဆုံးေန႔ရက္ေတြျဖစ္သလို သူကေတာ့ သူ႔ဇနီးဟာ သူ႔အတြက္ အနစ္နာအခံဆုံးနဲ႔ အေကာင္းဆုံးလို႔ ေျပာသြားခဲ့တာပါ။

“သူက ကြၽန္ေတာ့္အတြက္ အမ်ားႀကီး ေပးဆပ္ခဲ့တာပါ။ အသက္ ၁၉ ႏွစ္အ႐ြယ္မွာကတည္း ကြၽန္ေတာ့္အတြက္ လိုက္ပါေျပာင္းေ႐ႊ႕ခဲ့ၿပီး ကြၽန္ေတာ့္အိပ္မက္ေတြအတြက္ ကူညီခဲ့တာျဖစ္ပါတယ္။ ဒီခရီးရွည္ႀကီးကို ကြၽန္ေတာ္တို႔ အတူတကြ ေလွ်ာက္လွမ္းခဲ့ၾကၿပီး သူက ဦးေဆာင္ခဲ့တာပါပဲ။ ကြၽန္ေတာ့္ရဲ႕ ဥခြံထဲက ႐ုန္းထြက္ၿပီး လူေတြၾကားမွာ ဒီလိုမ်ိဳး ခ်ီးက်ဴးခံႏိုင္ဖို႔ သူက အရာအားလုံးကို ပံ့ပိုးေပးခဲ့ပါတယ္”လို႔ ဒီဘ႐ိုင္းနားက ေျပာဖူးၿပီး ဒိန္းမတ္ကို ႏိုင္တဲ့ပြဲအၿပီးမွာလည္း ဒီလိုမ်ိဳးပဲ ထပ္ေျပာျပဦးမလားဆိုတာကေတာ့ ခ်စ္တတ္သူေတြ စိတ္ကူးယဥ္ခ်င္စရာပဲ ျဖစ္ပါေၾကာင္း…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.