International Match Report

ဘယ်လ်ဂျီယမ်၊နယ်သာလန် အိမ်နီးချင်းနှစ်နိုင်ငံနဲ့ ယူကရိန်းတို့ အနိုင်ရခဲ့တဲ့ ယူရိုပွဲများ

ပြီးခဲ့တဲ့ ကြာသပတေးညက ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အသင်းကြီးသုံးသင်းစလုံး အနိုင်ရရှိခဲ့ပြီး အစောဆုံးကစားခဲ့တဲ့ ယူကရိန်းနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ပွဲစဉ်မှာ ရှက်ဗ်ချန်ကိုရဲ့ အသင်းက သူတို့ရဲ့ ပထမဆုံး ၃ မှတ်ကို ရယူသွားနိုင်ခဲ့သလို အုပ်စုက တက်နိုင်ဖို့ စတင် ပြင်ဆင်လာခဲ့ပါတယ်။

ရှက်ခ်တာရဲ့ ဝါရင့်ကွင်းလယ်လူ စတီပါနင်ကို ပါဝင်လာလို့ ပိုမိုတည်ငြိမ်လာတဲ့ ယူကရိန်းတို့ ပွဲချိန် ၂၉ မိနစ်မှာ ယာမိုလန်ကိုရဲ့ အဖွင့်ဂိုး ရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ နောက်ခံလူ ကာဗေယက်ဗ်က နောက်ပေါက်နဲ့ ချပေးခဲ့တာကို ဝက်စ်ဟမ်းတိုက်စစ်မှူးက ဂိုးသမားကို သွေးအေးအေးနဲ့ အနီးကပ် ပိတ်သွင်းပြီး အနိုင်ယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ နယ်သာလန်နဲ့ပွဲက တူညီတဲ့ ဂိုးသွင်းရှင် ယီရမ်ချုခ်က နောက်ထပ်တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး မြောက်မက်ဆီဒိုးနီးယားရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အသာအယာပဲ ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲချိန် ၅၇ မိနစ်မှာ အာလီယော့စကီးက မြောက်မက်ဆီဒိုးနီးယားတို့အတွက် ပင်နယ်တီကို ဝင်အောင် မကန်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို ထပ်မံ ပိတ်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာ ယူကရိန်းတို့ရတဲ့ ပင်နယ်တီကို မာလီနော့ဗ်စကီး ဝင်အောင် မကန်နိုင်တာမို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ပွဲပြီးခဲ့ပြီး ရှက်ဗ်ချန်ကိုတို့ အုပ်စုက တက်ဖို့ လမ်းပွင့်လာခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ အဲရစ်ဆန်မပါတော့တဲ့ ဒိန်းမတ်ကို ဒီဘရိုင်းနား တစ်ပိုင်းကစားတဲ့ ဘယ်လ်ဂျီယမ်က နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ အနိုင်ယူနိုင်ခဲ့ပေမယ့် စောစောစီးစီးဂိုးရခဲ့တာကတော ဒိန်းမတ်ဖြစ်ပြီး ပွဲချိန် ၂ မိနစ်မှာကတည်းက ဒီနေယာ လူပေးမှားတဲ့ ဘောလုံးကနေ ယူဆွတ်ဖ် ပေါလ်ဆန်က အနီးကပ်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

အသင်းကြီးတစ်သင်းရဲ့ ကစားကွက်မျိုးကို မသုံးဘဲ ခံစစ်မှာ အားပြုလွန်းနေတဲ့ ဘယ်လ်ဂျီယမ်အတွက်တော့ ကစားကွက်ရွေးချယ်မှုကြောင့် တိုက်စစ်ကစားသမားကောင်းတွေကို ချန်လှပ်ထားခဲ့တာဟာ ပရိသတ်တွေအဖို့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၁၀ မိနစ်မှာတော့ ကျောနံပါတ် ၁၀ ပိုင်ရှင် အဲရစ်ဆန်အတွက် ပွဲကို ခဏရပ်နားပြီး အားလုံးဝိုင်းဝန်း ဂုဏ်ပြုခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဒိန်းမတ်တို့ကတောင် သာနေခဲ့ပြီး တိုက်စစ်ဆင်ခွင့်တွေ ပိုမိုရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နာမည်ပဲကျန်တဲ့ မာတန်းစ်အစား ဝင်လာတဲ့ ဒီဘရိုင်းနားကြောင့် ဘယ်လ်ဂျီယမ်တို့ ပြန်လာခွင့်ရခဲ့သလို ပွဲချိန် ၅၄ မိနစ်မှာ သော်ဂန် ဟာဇတ်က မန်စီးတီးကွင်းလယ်ဖန်တီးရှင်ရဲ့ လှပတဲ့ ပေးပို့မှုကို အဆုံးသတ်ပြီး ချေပနိုင်ခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဂိုးဧရိယာထဲ ဒိုက်ထိုးတဲ့ ဒိန်းမတ်ကွင်းလယ်လူ ဒမ်းစ်ဂါ့ဒ် အဝါကတ်ပြခံခဲ့ရပြီး မိနစ် ၇၀ မှာတော့ ညီအတွက် ဂိုးဖန်တီးပေးထားတဲ့ အကြွေးကို အစ်ကိုဖြစ်သူ အီဒင် ဟာဇတ်က ပြန်ဆပ်တဲ့အနေနဲ့ ဖန်တီးပေးမှုကို ဒီဘရိုင်းနားက ဂိုးဧရိယာအပြင်က ဘယ်ခြေနဲ့ လှမ်းကန်ပြီး ဘယ်လ်ဂျီယမ်တို့ကို Come Back နိုင်ပွဲ ရရှိစေခဲ့ပြီး အုပ်စု(B)ကို ဦးဆောင်ရင်း နောက်တစ်ဆင့် တက်စေနိုင်ခဲ့တာဖြစ်ပါတယ်။

ညက ကစားတဲ့ နောက်ဆုံးပွဲမှာတော့ လိမ္မော်ရောင် နယ်သာလန်တွေအနေနဲ့ ဩစတြီးယားကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒတ်ချ်တွေ အတွက် ပထမဂိုးကိုတော့ ပွဲချိန် ၁၁ မိနစ်မှာ ဒမ်ဖရီးစ်ကြောင့် ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ဒီပိုင်းက အမှားအယွင်းမရှိ ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့တာပါ။

ပထမပိုင်းမှာ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တဲ့ ဒီပိုင်း ဦးဆောင်တဲ့ ရှေ့တန်းကြောင့် နယ်သာလန်တို့ ဂိုးထပ်မရခဲ့ပေမယ့် ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ ပင်နယ်တီ ရှာဖွေပေးထားခဲ့တဲ့ ဒမ်ဖရီးစ်က သူ့ရဲ့ ဒီပြိုင်ပွဲမှာ ဒုတိယမြောက်သွင်းဂိုးကို နှစ်ပွဲဆက် ရယူနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ ဒွန်ယဲလ် မာလန်ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ ပေးပို့မှုကို ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအနိုင်ကြောင့် နယ်သာလန်တို့ အုပ်စုတွင်း ပြိုင်ဘက်တွေကို နှစ်ပွဲကစားအပြီးမှာ ပြတ်ပြတ်သားသား နှိမ်နင်းပြီး ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး နောက်တစ်ဆင့်မှာ တရားဝင်နေရာချထားခံရတဲ့ ပထမဆုံး အုပ်စုဗိုလ်အသင်းဖြစ်လာခဲ့သလို ရှေ့ကနေ ၆ မှတ်ရတာချင်း အတူတူ အုပ်စုတွင်း အနေအထား အပြတ်မပြောနိုင်သေးတာကြောင့် ဒုတိယဖြစ်သွားနိုင်သေးတဲ့ အီတလီနဲ့ ဘယ်လ်ဂျီယမ်တို့ကတော့ တတိယပွဲစဉ် ရလဒ်တွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီနေ့ပွဲတွေ ပြီးတဲ့အထိ ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုအတွက် ပြေးလမ်းမှာတော့ နှစ်ဂိုးထက် ပိုသွင်းနိုင်သူ မရှိသေးဘဲဖြစ်ခဲ့သလို လူကာကူး၊ ရော်နယ်လ်ဒို၊ ရှစ်ခ်၊ အင်မိုဘီလီ၊ ယာမိုလန်ကို၊ ယီရမ်ချုခ်၊ လိုကာတယ်လီနဲ့ ဒမ်ဖရီးစ်တို့က ဒီစာရင်းမှာ ဦးဆောင်နေကြပြီး တစ်ပွဲပဲ ကစားရသေးတဲ့ ရော်နယ်လ်ဒိုနဲ့ ရှစ်ခ်တို့ ထပ်မံဂိုးသွင်းနိုင်ဦးမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ၾကာသပေတးညက ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာေတာ့ အသင္းႀကီးသုံးသင္းစလုံး အႏိုင္ရရွိခဲ့ၿပီး အေစာဆုံးကစားခဲ့တဲ့ ယူကရိန္းနဲ႔ ေျမာက္မက္ဆီဒိုးနီးယားတို႔ ပြဲစဥ္မွာ ရွက္ဗ္ခ်န္ကိုရဲ႕ အသင္းက သူတို႔ရဲ႕ ပထမဆုံး ၃ မွတ္ကို ရယူသြားႏိုင္ခဲ့သလို အုပ္စုက တက္ႏိုင္ဖို႔ စတင္ ျပင္ဆင္လာခဲ့ပါတယ္။

ရွက္ခ္တာရဲ႕ ဝါရင့္ကြင္းလယ္လူ စတီပါနင္ကို ပါဝင္လာလို႔ ပိုမိုတည္ၿငိမ္လာတဲ့ ယူကရိန္းတို႔ ပြဲခ်ိန္ ၂၉ မိနစ္မွာ ယာမိုလန္ကိုရဲ႕ အဖြင့္ဂိုး ရရွိခဲ့ၿပီး ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ကာေဗယက္ဗ္က ေနာက္ေပါက္နဲ႔ ခ်ေပးခဲ့တာကို ဝက္စ္ဟမ္းတိုက္စစ္မႉးက ဂိုးသမားကို ေသြးေအးေအးနဲ႔ အနီးကပ္ ပိတ္သြင္းၿပီး အႏိုင္ယူသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ နယ္သာလန္နဲ႔ပြဲက တူညီတဲ့ ဂိုးသြင္းရွင္ ယီရမ္ခ်ဳခ္က ေနာက္ထပ္တစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ေျမာက္မက္ဆီဒိုးနီးယားရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ အသာအယာပဲ ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပြဲခ်ိန္ ၅၇ မိနစ္မွာ အာလီေယာ့စကီးက ေျမာက္မက္ဆီဒိုးနီးယားတို႔အတြက္ ပင္နယ္တီကို ဝင္ေအာင္ မကန္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတာကို ထပ္မံ ပိတ္သြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၈၄ မိနစ္မွာ ယူကရိန္းတို႔ရတဲ့ ပင္နယ္တီကို မာလီေနာ့ဗ္စကီး ဝင္ေအာင္ မကန္ႏိုင္တာမို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးခဲ့ၿပီး ရွက္ဗ္ခ်န္ကိုတို႔ အုပ္စုက တက္ဖို႔ လမ္းပြင့္လာခဲ့ပါတယ္။

ေနာက္ထပ္ပြဲစဥ္တစ္ပြဲမွာေတာ့ အဲရစ္ဆန္မပါေတာ့တဲ့ ဒိန္းမတ္ကို ဒီဘ႐ိုင္းနား တစ္ပိုင္းကစားတဲ့ ဘယ္လ္ဂ်ီယမ္က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ အႏိုင္ယူႏိုင္ခဲ့ေပမယ့္ ေစာေစာစီးစီးဂိုးရခဲ့တာကေတာ ဒိန္းမတ္ျဖစ္ၿပီး ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက ဒီေနယာ လူေပးမွားတဲ့ ေဘာလုံးကေန ယူဆြတ္ဖ္ ေပါလ္ဆန္က အနီးကပ္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

အသင္းႀကီးတစ္သင္းရဲ႕ ကစားကြက္မ်ိဳးကို မသုံးဘဲ ခံစစ္မွာ အားျပဳလြန္းေနတဲ့ ဘယ္လ္ဂ်ီယမ္အတြက္ေတာ့ ကစားကြက္ေ႐ြးခ်ယ္မႈေၾကာင့္ တိုက္စစ္ကစားသမားေကာင္းေတြကို ခ်န္လွပ္ထားခဲ့တာဟာ ပရိသတ္ေတြအဖို႔ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ပထမပိုင္း ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ေက်ာနံပါတ္ ၁၀ ပိုင္ရွင္ အဲရစ္ဆန္အတြက္ ပြဲကို ခဏရပ္နားၿပီး အားလုံးဝိုင္းဝန္း ဂုဏ္ျပဳခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ပထမပိုင္းမွာ ဒိန္းမတ္တို႔ကေတာင္ သာေနခဲ့ၿပီး တိုက္စစ္ဆင္ခြင့္ေတြ ပိုမိုရရွိခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ နာမည္ပဲက်န္တဲ့ မာတန္းစ္အစား ဝင္လာတဲ့ ဒီဘ႐ိုင္းနားေၾကာင့္ ဘယ္လ္ဂ်ီယမ္တို႔ ျပန္လာခြင့္ရခဲ့သလို ပြဲခ်ိန္ ၅၄ မိနစ္မွာ ေသာ္ဂန္ ဟာဇတ္က မန္စီးတီးကြင္းလယ္ဖန္တီးရွင္ရဲ႕ လွပတဲ့ ေပးပို႔မႈကို အဆုံးသတ္ၿပီး ေခ်ပႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဂိုးဧရိယာထဲ ဒိုက္ထိုးတဲ့ ဒိန္းမတ္ကြင္းလယ္လူ ဒမ္းစ္ဂါ့ဒ္ အဝါကတ္ျပခံခဲ့ရၿပီး မိနစ္ ၇၀ မွာေတာ့ ညီအတြက္ ဂိုးဖန္တီးေပးထားတဲ့ အေႂကြးကို အစ္ကိုျဖစ္သူ အီဒင္ ဟာဇတ္က ျပန္ဆပ္တဲ့အေနနဲ႔ ဖန္တီးေပးမႈကို ဒီဘ႐ိုင္းနားက ဂိုးဧရိယာအျပင္က ဘယ္ေျခနဲ႔ လွမ္းကန္ၿပီး ဘယ္လ္ဂ်ီယမ္တို႔ကို Come Back ႏိုင္ပြဲ ရရွိေစခဲ့ၿပီး အုပ္စု(B)ကို ဦးေဆာင္ရင္း ေနာက္တစ္ဆင့္ တက္ေစႏိုင္ခဲ့တာျဖစ္ပါတယ္။

ညက ကစားတဲ့ ေနာက္ဆုံးပြဲမွာေတာ့ လိေမၼာ္ေရာင္ နယ္သာလန္ေတြအေနနဲ႔ ဩစႀတီးယားကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒတ္ခ်္ေတြ အတြက္ ပထမဂိုးကိုေတာ့ ပြဲခ်ိန္ ၁၁ မိနစ္မွာ ဒမ္ဖရီးစ္ေၾကာင့္ ရတဲ့ ပင္နယ္တီကို တိုက္စစ္မႉး ဒီပိုင္းက အမွားအယြင္းမရွိ ကန္သြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့တဲ့ ဒီပိုင္း ဦးေဆာင္တဲ့ ေရွ႕တန္းေၾကာင့္ နယ္သာလန္တို႔ ဂိုးထပ္မရခဲ့ေပမယ့္ ဒုတိယပိုင္း ၆၇ မိနစ္မွာေတာ့ ပင္နယ္တီ ရွာေဖြေပးထားခဲ့တဲ့ ဒမ္ဖရီးစ္က သူ႔ရဲ႕ ဒီၿပိဳင္ပြဲမွာ ဒုတိယေျမာက္သြင္းဂိုးကို ႏွစ္ပြဲဆက္ ရယူႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန ဒြန္ယဲလ္ မာလန္ရဲ႕ တစ္ကိုယ္ေကာင္းမဆန္တဲ့ ေပးပို႔မႈကို ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ နယ္သာလန္တို႔ အုပ္စုတြင္း ၿပိဳင္ဘက္ေတြကို ႏွစ္ပြဲကစားအၿပီးမွာ ျပတ္ျပတ္သားသား ႏွိမ္နင္းၿပီး ရႈံးထြက္ ၁၆ သင္း အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္မွာ တရားဝင္ေနရာခ်ထားခံရတဲ့ ပထမဆုံး အုပ္စုဗိုလ္အသင္းျဖစ္လာခဲ့သလို ေရွ႕ကေန ၆ မွတ္ရတာခ်င္း အတူတူ အုပ္စုတြင္း အေနအထား အျပတ္မေျပာႏိုင္ေသးတာေၾကာင့္ ဒုတိယျဖစ္သြားႏိုင္ေသးတဲ့ အီတလီနဲ႔ ဘယ္လ္ဂ်ီယမ္တို႔ကေတာ့ တတိယပြဲစဥ္ ရလဒ္ေတြကို ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီေန႔ပြဲေတြ ၿပီးတဲ့အထိ ယူ႐ိုၿပိဳင္ပြဲရဲ႕ ဂိုးသြင္းဘုရင္ဆုအတြက္ ေျပးလမ္းမွာေတာ့ ႏွစ္ဂိုးထက္ ပိုသြင္းႏိုင္သူ မရွိေသးဘဲျဖစ္ခဲ့သလို လူကာကူး၊ ေရာ္နယ္လ္ဒို၊ ရွစ္ခ္၊ အင္မိုဘီလီ၊ ယာမိုလန္ကို၊ ယီရမ္ခ်ဳခ္၊ လိုကာတယ္လီနဲ႔ ဒမ္ဖရီးစ္တို႔က ဒီစာရင္းမွာ ဦးေဆာင္ေနၾကၿပီး တစ္ပြဲပဲ ကစားရေသးတဲ့ ေရာ္နယ္လ္ဒိုနဲ႔ ရွစ္ခ္တို႔ ထပ္မံဂိုးသြင္းႏိုင္ဦးမလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.