Premier League

2021 Golden Boy ဆုရှင်အဖြစ် ဘယ်သူတွေ ထိပ်ဆုံးက ရေပန်းစားနေလဲ

ဒေါ့မန်တိုက်စစ်မှူး အာလင်း ဟာလန်းက လက်ရှိ Golden Boy ဆုရှင်အဖြစ် ၂၀၂၀ ခုနှစ်အတွက် ရွေးချယ်ခံထားရသူဖြစ်ပြီး အသက် ၂၁ အောက်ကစားသမားတွေကို ရွေးချယ်ချီးမြှင့်နေကျဖြစ်ပါတယ်။ အခု ၂၀၂၁ မှာတော့ အောက်တိုဘာ ၁၅ ရက်နေ့မှာ နောက်ဆုံးဆန်ခါတင် ၂၀ ဦးကို စစ်ထုတ်ပြီး Golden Boy ဆုရှင်ကို ရွေးချယ်ကြေငြာသွားမယ်လို့ သိရပါတယ်။ ဒီထဲက Golden Boy ဆုရှင်အဖြစ် ထိပ်ဆုံးကနေ ရေပန်းစားနေတဲ့ ကစားသမား ၅ ဦးကတော့ ..

၅။ ဘူကာယို ဆာကာ

အာဆင်နယ်နည်းပြမီခေးလ် အာတီတာရဲ့ လက်ထဲမှာ တသွေးတမွေးနဲ့ အရောင်အဝါတောက်ပလာခဲ့တဲ့ အင်္ဂလန်သားလေးကိုတော့ နေရာစုံမှာ စွယ်စုံရကစားသမားအဖြစ် အာဆင်နယ်သင်းကို အချိန်မရွေး အကျိုးပြုနေလို့ ချီးကျူးမှုတွေ များစွာရှိနေခဲ့ပြီး သူ့ရဲ့ မဆုတ်မနစ်ကြိုးစားမှုကလည်း ၁၉ နှစ်သားလေးကို ကမ္ဘာ့အဆင်မီ ဘောလုံးကြယ်ပွင့်တဦးအဖြစ် မြင်တွေ့လာစေဖို့လည်း ရှိနေတာပါ။

၄။ မေဆန် ဂရင်းဝုဒ်

ယူနိုက်တက်ရဲ့ သစ်သားစိမ်းလေးကတော့ ဝိန်းရွန်နီ၊ ပေါ့ဘာ၊ နဲ့ မာစီယယ်လ်တို့လို သရဲနီစီနီယာကြီးတွေရဲ့ ခြေလှမ်းကို နင်းနိုင်မလားဆိုတာ ခန့်မှန်းမှုတွေနဲ့ သံသယတွေ ရောထွေးနေပေမယ့် Golden Boy ဆုအတွက် ထိပ်တန်း ၅ ယောက်စာရင်းထဲမှာတော့ အဓိကပြိုင်ဘက်အဖြစ် ထည့်သွင်းခံလာရတာကိုလည်း တွေ့ရချိန်မှာ သူ့စွမ်းဆောင်ရည်ကတော့ သက်သေပြစရာတွေတော့ ရှိနေဆဲလည်း ဖြစ်ပါတယ်။

၃။ ရိုင်ယန် ဂရေဗင်ဘာ့ခ်

အိုင်းယတ်စ်အသင်းရဲ့ အကယ်ဒမီထွက်အဖြစ် အလတ်ဆတ်ဆုံး အနာဂတ်လူငယ်သွေးသစ်လို့ ဂုဏ်ပြုခံထားရသူဖြစ်ပြီး ၁၉ နှစ်သားအရွယ်မှာပဲ ကွင်းလယ်ပိုင်းမှာ နိုင်နိုင်နင်နင်း ထိန်းကျောင်းကစားနေပြီဖြစ်ပါတယ်။ မယုံကြည်နိုင်စရာကောင်းတဲ့ ဘောလုံးအမြင်ကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ဘောလုံးဦး​နှောက်ကြောင့် နယ်သာလန်ရဲ့ ယူရို ၂၀၂၀ မှာ ပူးပေါင်းခွင့်ရထားတာပါ။

၂။ ပက်ဒရီ

ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက်ဆိုတဲ့အတိုင်း ဂုဏ်ပုဒ်ကမသေးသလို ခြေစွမ်းပိုထင်းနေတာက အင်နီယက်စတာနဲ့ ဆင်တူတဲ့ ကစားဟန်ပဲ ဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ အင်နီယက်စတာလက်သစ်အဖြစ် သတ်မှတ်ခံထားရပြီး ညာတောင်ပံကစားသမားနေရာကနေ နည်းပြရော်နယ်လ် ကိုးမန်လက်ထက်မှာ ပင်တိုင်ကွင်းလယ်လူဖြစ်လာခဲ့တဲ့ ၁၈ နှစ်သားလေးပါ။

၁။ ဂျုဒ် ဘယ်လင်ဟမ်

၁၈ နှစ်တောင် မပြည့်သေးတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်လေးဟာ ဥရောပချန်ပီယံလိဂ်ဝင်ကစားခဲ့တဲ့ အသက်အငယ်ရွယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ ကွင်းလယ်ကို ကြီးစိုးပြီး ကစားနေတဲ့ သူ့ရဲ့စွမ်း​ဆောင်ရည်က အသက်အရွယ်နဲ့ ပိုင်းဖြတ်လို့ မရအောင်ကို တောက်ပလွန်းနေတယ်။

ဒေါမန့်ကွင်းလယ်လူဟာ Golden Boy ဆုရှင်ဖြစ်လာမယ်လို့ တစ်ပေးခံထားရပြီး သူ့ရဲ့တည်ငြိမ်တဲ့ခြေစွမ်းက ဒီဆုနဲ့ အထိုက်တန်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသလို No. 8 နေရာရဲ့ အနာဂတ်သစ်ကို သူက ယူဆောင်ပေးဖွယ်ရှိနေတယ်လို့လည်း အကဲဖြတ်ခံထားရသူပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒါ့မန္တိုက္စစ္မႉး အာလင္း ဟာလန္းက လက္ရွိ Golden Boy ဆုရွင္အျဖစ္ ၂၀၂၀ ခုႏွစ္အတြက္ ေ႐ြးခ်ယ္ခံထားရသူျဖစ္ၿပီး အသက္ ၂၁ ေအာက္ကစားသမားေတြကို ေ႐ြးခ်ယ္ခ်ီးျမႇင့္ေနက်ျဖစ္ပါတယ္။ အခု ၂၀၂၁ မွာေတာ့ ေအာက္တိုဘာ ၁၅ ရက္ေန႔မွာ ေနာက္ဆုံးဆန္ခါတင္ ၂၀ ဦးကို စစ္ထုတ္ၿပီး Golden Boy ဆုရွင္ကို ေ႐ြးခ်ယ္ေၾကျငာသြားမယ္လို႔ သိရပါတယ္။ ဒီထဲက Golden Boy ဆုရွင္အျဖစ္ ထိပ္ဆုံးကေန ေရပန္းစားေနတဲ့ ကစားသမား ၅ ဦးကေတာ့ ..

၅။ ဘူကာယို ဆာကာ

အာဆင္နယ္နည္းျပမီေခးလ္ အာတီတာရဲ႕ လက္ထဲမွာ တေသြးတေမြးနဲ႔ အေရာင္အဝါေတာက္ပလာခဲ့တဲ့ အဂၤလန္သားေလးကိုေတာ့ ေနရာစုံမွာ စြယ္စုံရကစားသမားအျဖစ္ အာဆင္နယ္သင္းကို အခ်ိန္မေ႐ြး အက်ိဳးျပဳေနလို႔ ခ်ီးက်ဴးမႈေတြ မ်ားစြာရွိေနခဲ့ၿပီး သူ႔ရဲ႕ မဆုတ္မနစ္ႀကိဳးစားမႈကလည္း ၁၉ ႏွစ္သားေလးကို ကမာၻ႔အဆင္မီ ေဘာလုံးၾကယ္ပြင့္တဦးအျဖစ္ ျမင္ေတြ႕လာေစဖို႔လည္း ရွိေနတာပါ။

၄။ ေမဆန္ ဂရင္းဝုဒ္

ယူႏိုက္တက္ရဲ႕ သစ္သားစိမ္းေလးကေတာ့ ဝိန္း႐ြန္နီ၊ ေပါ့ဘာ၊ နဲ႔ မာစီယယ္လ္တို႔လို သရဲနီစီနီယာႀကီးေတြရဲ႕ ေျခလွမ္းကို နင္းႏိုင္မလားဆိုတာ ခန္႔မွန္းမႈေတြနဲ႔ သံသယေတြ ေရာေထြးေနေပမယ့္ Golden Boy ဆုအတြက္ ထိပ္တန္း ၅ ေယာက္စာရင္းထဲမွာေတာ့ အဓိကၿပိဳင္ဘက္အျဖစ္ ထည့္သြင္းခံလာရတာကိုလည္း ေတြ႕ရခ်ိန္မွာ သူ႔စြမ္းေဆာင္ရည္ကေတာ့ သက္ေသျပစရာေတြေတာ့ ရွိေနဆဲလည္း ျဖစ္ပါတယ္။

၃။ ႐ိုင္ယန္ ဂေရဗင္ဘာ့ခ္

အိုင္းယတ္စ္အသင္းရဲ႕ အကယ္ဒမီထြက္အျဖစ္ အလတ္ဆတ္ဆုံး အနာဂတ္လူငယ္ေသြးသစ္လို႔ ဂုဏ္ျပဳခံထားရသူျဖစ္ၿပီး ၁၉ ႏွစ္သားအ႐ြယ္မွာပဲ ကြင္းလယ္ပိုင္းမွာ ႏိုင္ႏိုင္နင္နင္း ထိန္းေက်ာင္းကစားေနၿပီျဖစ္ပါတယ္။ မယုံၾကည္ႏိုင္စရာေကာင္းတဲ့ ေဘာလုံးအျမင္ကို ပိုင္ဆိုင္ထားသလို သူ႔ရဲ႕ေဘာလုံးဦး​ေႏွာက္ေၾကာင့္ နယ္သာလန္ရဲ႕ ယူ႐ို ၂၀၂၀ မွာ ပူးေပါင္းခြင့္ရထားတာပါ။

၂။ ပက္ဒရီ

ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီထြက္ဆိုတဲ့အတိုင္း ဂုဏ္ပုဒ္ကမေသးသလို ေျခစြမ္းပိုထင္းေနတာက အင္နီယက္စတာနဲ႔ ဆင္တူတဲ့ ကစားဟန္ပဲ ျဖစ္ပါတယ္။ ဘာစီလိုနာရဲ႕ အင္နီယက္စတာလက္သစ္အျဖစ္ သတ္မွတ္ခံထားရၿပီး ညာေတာင္ပံကစားသမားေနရာကေန နည္းျပေရာ္နယ္လ္ ကိုးမန္လက္ထက္မွာ ပင္တိုင္ကြင္းလယ္လူျဖစ္လာခဲ့တဲ့ ၁၈ ႏွစ္သားေလးပါ။

၁။ ဂ်ဳဒ္ ဘယ္လင္ဟမ္

၁၈ ႏွစ္ေတာင္ မျပည့္ေသးတဲ့ အဂၤလန္လူငယ္ၾကယ္ပြင့္ေလးဟာ ဥေရာပခ်န္ပီယံလိဂ္ဝင္ကစားခဲ့တဲ့ အသက္အငယ္႐ြယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့သူပါ။ ကြင္းလယ္ကို ႀကီးစိုးၿပီး ကစားေနတဲ့ သူ႔ရဲ႕စြမ္း​ေဆာင္ရည္က အသက္အ႐ြယ္နဲ႔ ပိုင္းျဖတ္လို႔ မရေအာင္ကို ေတာက္ပလြန္းေနတယ္။

ေဒါမန္႔ကြင္းလယ္လူဟာ Golden Boy ဆုရွင္ျဖစ္လာမယ္လို႔ တစ္ေပးခံထားရၿပီး သူ႔ရဲ႕တည္ၿငိမ္တဲ့ေျခစြမ္းက ဒီဆုနဲ႔ အထိုက္တန္ဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံထားရသလို No. 8 ေနရာရဲ႕ အနာဂတ္သစ္ကို သူက ယူေဆာင္ေပးဖြယ္ရွိေနတယ္လို႔လည္း အကဲျဖတ္ခံထားရသူပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.