Premier League Transfer News

18 Jun နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်အပြောင်းအရွှေ့နှင့် သတင်းများ စုစည်းမှု

– အမ်ဘာပေထွက်ခွာသွားရင် နေမာကိုပါ လက်လွှတ်ရဖွယ်ရှိနေတဲ့ PSG အသင်းဥက္ကဌဟာ ပြင်သစ်တိုက်စစ်မှူးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အပူတပြင်း ကြိုးစားနေကြောင်း သိရပြီး AS သတင်းရဲ့ဖော်ပြချက်အရ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်တို့က တောက်လျှောက်ချိတ်ဆက်နေတဲ့ ကစားသမားဟာ အသင်းကထွက်ခွာဖို့ အထုပ်ပြင်နေ။

– ၁၇ နှစ်သားလေး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ဟာ ဂျာစီချင်းလဲခွင့်ရမယ်ဆိုရင် သူ့ရဲ့ဟီးရိုးဖြစ်တဲ့ စတီဗင် ဂျရတ်ကိုသာ ရွေးချယ်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး ဝိန်းရွန်နီထက် ဂျရတ်ကို ပိုမိုနှစ်ခြိုက်တဲ့ သူ့ရဲ့ဆန္ဒဟာ ဘဝနဲ့ တထပ်တည်းကျဖို့ အန်ဖီးလ်မြေကို ပြောင်းရွှေ့လိုနေကြောင် သိရ။

– လီဗာပူးလ်အသင်းရဲ့ နွေရာသီ အဝယ်စာရင်းထဲမှာ ပေါက်လာခဲ့တဲ့ ပေါ်တိုကွင်းလယ်လူ ဖာဘီယို ဗီအဲရာကို ယူရိုသန်း ၃၀ စာချုပ်လျော်ကြေး ပေးချေရဖွယ် ရှိနေချိန်မှာ အန်ဖီးလ်ကနေ ထွက်ခွာမယ့် ကွင်းလယ်လူ မာကို ဂရူဂျစ်ကို အလိုက်ပေးပြီး ယူရို ၁၅ သန်းနဲ့ ဝယ်ယူသွားဖွယ်ရှိကြောင်းသိရ။

– လီဗာပူးလ်အသင်းဟာ ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ ဆွီဒင်ကြယ်ပွင့်ကစားသမား အလက်ဇန်းဒါး အီဆက်ကို လာမယ့်အနာဂတ်မှာ ဖာမီနိုနေရာ အစားထိုးသွားနိုင်မယ်လို့ ယုံကြည်နေပြီး အရပ် ၆ ပေ ၄ လက်မရှိတဲ့ တိုက်စစ်မှူးကို ရေရှည်စီမံကိန်းအတွက် မျက်စိကျနေသလို ၂၁ နှစ်သားအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀ ပေးချေရဖွယ်ရှိ။

– လီဗာပူးလ်အသင်းက ကမ်းလှမ်းချိတ်ဆက်ထားတဲ့ ဘာစီလိုနာကွင်းလယ်စတား ပက်ဒရီဟာ ခပ်မာမာထန်ထန်ကစားတတ်သူဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ အံအဝင်ဆုံးဖြစ်လိမ့်မယ်လို့ ဘာစီလိုနာကစားသမားဟောင်း ဖာဘရီဂတ်စ်က သုံးသပ်သွားခဲ့ပြီး ၁၇ နှစ်သား လူငယ်ကြယ်ပွင့်လေးရဲ့ ဘောလုံးကစားဟန်ဟာ နတ်ဘုရားကြီးတပါးလို ခံ့ညားမာကျောကြောင်း ချီးကျူးသွားခဲ့။

– ကိုနာတေကို ခေါ်ယူပြီးတဲ့နောက်မှာ ဗဟိုခံစစ်မှူးနောက်တဦးကို မဖြစ်မနေရှာဖွေနေတဲ့ လီဗာပူးလ်ဟာ အာဂျင်တီးနားဗဟိုခံစစ်မှူး ခရစ္စတီယန် ရိုမဲရိုအတွက် ယူရိုသန်း ၅၀ အထိ ဖြုန်းသွားမယ်လို့ သိရကာ အသက် ၂၃ နှစ်သားအပေါ် ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်ရဲ့ ခြေလှမ်းကို ရပ်တန့်ပစ်စေမယ်လို့ ရည်ရွယ်ထား။

– ဗိုင်နယ်ဒမ်နေရာ အစားထိုးမယ့် လက်စတာကွင်းလယ်ခံစစ်ကစားသမား ယူရီ တီလီမန်းစ်ရဲ့ လက်မှတ်ကို အရယူဖို့ အသည်းအသန်ကြိုးပမ်းနေတဲ့ လီဗာပူးလ်ကို ဂျူဗင်တပ်စ်ကလည်း ပြိုင်ဆိုင်လာခဲ့ကြောင်း သိရပြီး အသက် ၂၄ နှစ်သားကို တူရင်ကလပ်က အလိုရှိနေကြောင်း ကမ်းလှမ်းလိုက်ပြီဖြစ်သလို လက်စတာတောင်းဆိုတဲ့ ပေါင်သန်း ၇၀ စျေးကို အမီလိုက်ဖို့ ကြိုးပမ်းလာ။

– ဆန်ချိုကို ယူနိုက်တက်အသင်းက လက်ဦးမှုရယူသွားဖွယ်ရှိနေချိန်မှာ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်က ပီအက်စ်ဗွီ အိုင်ဟိုဗင့်တိုက်စစ်မှူး ဒွန်ညယ် မာလန်ဘက်ကို မြှားဦးလှည့်လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ၃၉ ပွဲကစား၊ ၂၇ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးပေးခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်က ကလော့ကို ဆွဲဆောင်နိုင်ခဲ့ပြီး ကမ်းလှမ်းမှုစတင်ခဲ့ပြီဖြစ်။

– လီဗာပူးလ်အသင်းအနေနဲ့ အီတလီ စီးရီးအေကလပ် ရိုးမားအသင်းရဲ့ ကွင်းလယ်လူ လော်ရန်ဇို ပယ်လီဂရီနီကို ခေါ်ယူလိုနေပြီး နည်းပြအပြောင်းအလဲမှာ အိုလံပီကိုက ထွက်ခွာဖွယ်ရှိနေတဲ့ ၂၄ နှစ်သားအနေနဲ့ အန်းဖီးလ်ကို လာရောက်ကစားဖို့ ဦးစားပေးအစီအစဉ်တစ်ခုအဖြစ် ရွေးချယ်ထားတယ်လို့ သိရ။

– ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က ဟန်ဂေရီနဲ့ပွဲမှာ ရော်နယ်လ်ဒိုကို ဘောလုံးခင်းမပေးခဲ့လို့ တကိုယ်ကောင်းတဲ့ကစားသမားလို့ ဝေဖန်ခံနေရပြီး ပေါ်တူဂီတိုက်စစ်မှူးကြီးရဲ့ အမျက်တော်ရှခံခဲ့ရတဲ့ ဒီယိုဂို ဂျိုတာကို စာနာမိကြောင်း ဖွင့်ဟသွားခဲ့ပြီး ဂျိုတာအတွက်တော့ မလွှဲသာတဲ့ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ကာကွယ်ပေးသွားခဲ့။

– အသင်းရဲ့ ကွင်းလယ်ပစ်မှတ်တစ်ခုဖြစ်တဲ့ မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ်အတွက်တော့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ဦးမှု ရယူနိုင်မလား စောင့်ကြည့်ရဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အမ္ဘာေပထြက္ခြာသြားရင္ ေနမာကိုပါ လက္လႊတ္ရဖြယ္ရွိေနတဲ့ PSG အသင္းဥကၠဌဟာ ျပင္သစ္တိုက္စစ္မႉးကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ အပူတျပင္း ႀကိဳးစားေနေၾကာင္း သိရၿပီး AS သတင္းရဲ႕ေဖာ္ျပခ်က္အရ လီဗာပူးလ္၊ ရီးရဲလ္မက္ဒရစ္တို႔က ေတာက္ေလွ်ာက္ခ်ိတ္ဆက္ေနတဲ့ ကစားသမားဟာ အသင္းကထြက္ခြာဖို႔ အထုပ္ျပင္ေန။

– ၁၇ ႏွစ္သားေလး အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ ဂ်ဳဒ္ဘယ္လင္ဟမ္ဟာ ဂ်ာစီခ်င္းလဲခြင့္ရမယ္ဆိုရင္ သူ႔ရဲ႕ဟီး႐ိုးျဖစ္တဲ့ စတီဗင္ ဂ်ရတ္ကိုသာ ေ႐ြးခ်ယ္မွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ၿပီး ဝိန္း႐ြန္နီထက္ ဂ်ရတ္ကို ပိုမိုႏွစ္ၿခိဳက္တဲ့ သူ႔ရဲ႕ဆႏၵဟာ ဘဝနဲ႔ တထပ္တည္းက်ဖို႔ အန္ဖီးလ္ေျမကို ေျပာင္းေ႐ႊ႕လိုေနေၾကာင္ သိရ။

– လီဗာပူးလ္အသင္းရဲ႕ ေႏြရာသီ အဝယ္စာရင္းထဲမွာ ေပါက္လာခဲ့တဲ့ ေပၚတိုကြင္းလယ္လူ ဖာဘီယို ဗီအဲရာကို ယူ႐ိုသန္း ၃၀ စာခ်ဳပ္ေလ်ာ္ေၾကး ေပးေခ်ရဖြယ္ ရွိေနခ်ိန္မွာ အန္ဖီးလ္ကေန ထြက္ခြာမယ့္ ကြင္းလယ္လူ မာကို ဂ႐ူဂ်စ္ကို အလိုက္ေပးၿပီး ယူ႐ို ၁၅ သန္းနဲ႔ ဝယ္ယူသြားဖြယ္ရွိေၾကာင္းသိရ။

– လီဗာပူးလ္အသင္းဟာ ရီးရဲလ္ဆိုစီဒက္အသင္းရဲ႕ ဆြီဒင္ၾကယ္ပြင့္ကစားသမား အလက္ဇန္းဒါး အီဆက္ကို လာမယ့္အနာဂတ္မွာ ဖာမီႏိုေနရာ အစားထိုးသြားႏိုင္မယ္လို႔ ယုံၾကည္ေနၿပီး အရပ္ ၆ ေပ ၄ လက္မရွိတဲ့ တိုက္စစ္မႉးကို ေရရွည္စီမံကိန္းအတြက္ မ်က္စိက်ေနသလို ၂၁ ႏွစ္သားအတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၇၀ ေပးေခ်ရဖြယ္ရွိ။

– လီဗာပူးလ္အသင္းက ကမ္းလွမ္းခ်ိတ္ဆက္ထားတဲ့ ဘာစီလိုနာကြင္းလယ္စတား ပက္ဒရီဟာ ခပ္မာမာထန္ထန္ကစားတတ္သူျဖစ္ၿပီး ပရီးမီးယားလိဂ္နဲ႔ အံအဝင္ဆုံးျဖစ္လိမ့္မယ္လို႔ ဘာစီလိုနာကစားသမားေဟာင္း ဖာဘရီဂတ္စ္က သုံးသပ္သြားခဲ့ၿပီး ၁၇ ႏွစ္သား လူငယ္ၾကယ္ပြင့္ေလးရဲ႕ ေဘာလုံးကစားဟန္ဟာ နတ္ဘုရားႀကီးတပါးလို ခံ့ညားမာေက်ာေၾကာင္း ခ်ီးက်ဴးသြားခဲ့။

– ကိုနာေတကို ေခၚယူၿပီးတဲ့ေနာက္မွာ ဗဟိုခံစစ္မႉးေနာက္တဦးကို မျဖစ္မေနရွာေဖြေနတဲ့ လီဗာပူးလ္ဟာ အာဂ်င္တီးနားဗဟိုခံစစ္မႉး ခရစၥတီယန္ ႐ိုမဲ႐ိုအတြက္ ယူ႐ိုသန္း ၅၀ အထိ ျဖဳန္းသြားမယ္လို႔ သိရကာ အသက္ ၂၃ ႏွစ္သားအေပၚ ပစ္မွတ္ထားလာတဲ့ ယူႏိုက္တက္ရဲ႕ ေျခလွမ္းကို ရပ္တန္႔ပစ္ေစမယ္လို႔ ရည္႐ြယ္ထား။

– ဗိုင္နယ္ဒမ္ေနရာ အစားထိုးမယ့္ လက္စတာကြင္းလယ္ခံစစ္ကစားသမား ယူရီ တီလီမန္းစ္ရဲ႕ လက္မွတ္ကို အရယူဖို႔ အသည္းအသန္ႀကိဳးပမ္းေနတဲ့ လီဗာပူးလ္ကို ဂ်ဴဗင္တပ္စ္ကလည္း ၿပိဳင္ဆိုင္လာခဲ့ေၾကာင္း သိရၿပီး အသက္ ၂၄ ႏွစ္သားကို တူရင္ကလပ္က အလိုရွိေနေၾကာင္း ကမ္းလွမ္းလိုက္ၿပီျဖစ္သလို လက္စတာေတာင္းဆိုတဲ့ ေပါင္သန္း ၇၀ ေစ်းကို အမီလိုက္ဖို႔ ႀကိဳးပမ္းလာ။

– ဆန္ခ်ိဳကို ယူႏိုက္တက္အသင္းက လက္ဦးမႈရယူသြားဖြယ္ရွိေနခ်ိန္မွာ လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္က ပီအက္စ္ဗြီ အိုင္ဟိုဗင့္တိုက္စစ္မႉး ဒြန္ညယ္ မာလန္ဘက္ကို ျမႇားဦးလွည့္လာခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီက ၃၉ ပြဲကစား၊ ၂၇ ဂိုးသြင္း၊ ၁၀ ဂိုးဖန္တီးေပးခဲ့တဲ့ သူ႔ရဲ႕စြမ္းေဆာင္ရည္က ကေလာ့ကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီး ကမ္းလွမ္းမႈစတင္ခဲ့ၿပီျဖစ္။

– လီဗာပူးလ္အသင္းအေနနဲ႔ အီတလီ စီးရီးေအကလပ္ ႐ိုးမားအသင္းရဲ႕ ကြင္းလယ္လူ ေလာ္ရန္ဇို ပယ္လီဂရီနီကို ေခၚယူလိုေနၿပီး နည္းျပအေျပာင္းအလဲမွာ အိုလံပီကိုက ထြက္ခြာဖြယ္ရွိေနတဲ့ ၂၄ ႏွစ္သားအေနနဲ႔ အန္းဖီးလ္ကို လာေရာက္ကစားဖို႔ ဦးစားေပးအစီအစဥ္တစ္ခုအျဖစ္ ေ႐ြးခ်ယ္ထားတယ္လို႔ သိရ။

– ယူႏိုက္တက္ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္က ဟန္ေဂရီနဲ႔ပြဲမွာ ေရာ္နယ္လ္ဒိုကို ေဘာလုံးခင္းမေပးခဲ့လို႔ တကိုယ္ေကာင္းတဲ့ကစားသမားလို႔ ေဝဖန္ခံေနရၿပီး ေပၚတူဂီတိုက္စစ္မႉးႀကီးရဲ႕ အမ်က္ေတာ္ရွခံခဲ့ရတဲ့ ဒီယိုဂို ဂ်ိဳတာကို စာနာမိေၾကာင္း ဖြင့္ဟသြားခဲ့ၿပီး ဂ်ိဳတာအတြက္ေတာ့ မလႊဲသာတဲ့ ဆုံးျဖတ္ခ်က္သာျဖစ္ေၾကာင္း ကာကြယ္ေပးသြားခဲ့။

– အသင္းရဲ႕ ကြင္းလယ္ပစ္မွတ္တစ္ခုျဖစ္တဲ့ မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္အတြက္ေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးနဲ႔ အဓိက ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး လက္ဦးမႈ ရယူႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.