Premier League

ပြဲေတြျပန္စရင္ အသင္းကို အေကာင္းဆုံးအက်ဳိးျပဳဖို႔ ေပါ့ဘာနဲ႔ ရက္ရွ္ဖို႔ဒ္ဆီက ဆုိးလ္ရွားေမွ်ာ္လင့္ေန

မန္ခ်က္စတာယူႏုိက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ လာမယ့္ဇြန္လက်ရင္ ျပန္ကစားဖို႔ ရည္ရြယ္ထားတဲ့ ပြဲစဥ္ေတြ ျပန္စတာနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္တုိ႔ဟာ အသင္းကို အေကာင္းဆုံးအက်ဳိးျပဳၿပီး အခြင့္အေရးေကာင္းေတြမွာ ပါဝင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒီကစားသမားႏွစ္ဦးစလုံးဟာ ျပန္ကစားဖို႔ နီးစပ္ေနခ်ိန္ေတြမွာပဲ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ အသင္းနဲ႔အတူ ျပန္လည္ပြဲမထြက္ႏုိင္ေသးတာျဖစ္ၿပီး ႀကံ့ခိုင္မွဳ ျပည့္ဝေနတဲ့ ပုံစံေတြအရေတာ့ ေနာ္ေဝသားနည္းျပအေနနဲ႔ သူတုိ႔ကို အသင္းရဲ႕ စစ္မ်က္ႏွာအရပ္ရပ္မွာ ထိထိေရာက္ေရာက္အသုံးခ်ႏုိင္ဖို႔ စဥ္းစားေနတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ေတာ့ ပြဲေတြ ရပ္နားလုိက္တာဟာ အသင္းရဲ႕ ပုံစံေကာင္းနဲ႔ ေရွ႕ဆက္ေနတာကို ရပ္တန္႔လိုက္သလို ျဖစ္ေနတာမုိ႔ နစ္နာခဲ့ရၿပီး ေနာက္ဆုံး LASK လင့္ဇ္နဲ႔ ကစားတဲ့ပြဲအထိ သူတုိ႔ဟာ ၁၁ ပြဲဆက္တုိက္ႏိုင္ပြဲကို ၿပဳိင္ပြဲအရပ္ရပ္မွာ ၈ ပြဲအႏုိင္ရတဲ့အထိ ကစားႏုိင္ခဲ့တာပါ။

“ေပါလ္နဲ႔ မားကပ္စ္တုိ႔အေနနဲ႔ ဒဏ္ရာေတြကေန ျပန္လည္ရင္ စိတ္ဓာတ္တက္ၾကြစြာနဲ႔ ပုိေကာင္းတဲ့ ႀကံ့ခိုင္မွဳကို ျပသၿပီး အသင္းအတြက္ ပုိေကာင္းေအာင္ စြမ္းေဆာင္ေပးႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူတုိ႔ဟာ အသင္းအတြက္ အလြန္အေရးပါတဲ့ ကစားသမားေတြလည္းျဖစ္ၾကၿပီး ဒီရာသီ ကစားေနတဲ့ ပြဲစဥ္ေတြျဖစ္တဲ့ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္တုိ႔မွာ ရပ္တည္မွဳေကာင္းေအာင္ ကူညီႏုိင္ၾကပါလိမ့္မယ္”လို႔ ဆုိးလ္ရွားက ဆုိပါတယ္။

ဒါ့အျပင္ ဆိုးလ္ရွားက သူ႕အေနနဲ႔ ကစားသမားေတြအတြက္ ဘာပဲျဖစ္ျဖစ္ အနားယူခြင့္ရတာကိုေတာ့ တစ္ဖက္တစ္လမ္းက ေက်းဇူးတင္မိၿပီး ရာသီအလယ္မွာ အနားရတုန္းက မာဘယ္လာမွာ ေလ့က်င့္ၿပီး ပုိေကာင္းလာႏုိင္ခဲ့ၾကသလုိမ်ဳိး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အနားရသလိုမ်ဳိး အေျခအေနက ျပန္လာႏုိင္ရင္လည္း အသင္းအတြက္ ပုံစံေကာင္းေတြနဲ႔ လက္က်န္ရာသီကို ေရွ႕ဆက္ဖို႔ တိုက္တြန္းလုိက္တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ လာမယ့်ဇွန်လကျရင် ပြန်ကစားဖို့ ရည်ရွယ်ထားတဲ့ ပွဲစဉ်တွေ ပြန်စတာနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ဟာ အသင်းကို အကောင်းဆုံးအကျိုးပြုပြီး အခွင့်အရေးကောင်းတွေမှာ ပါဝင်ဖို့ မျှော်လင့်နေပါတယ်။

ဒီကစားသမားနှစ်ဦးစလုံးဟာ ပြန်ကစားဖို့ နီးစပ်နေချိန်တွေမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းနဲ့အတူ ပြန်လည်ပွဲမထွက်နိုင်သေးတာဖြစ်ပြီး ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ပုံစံတွေအရတော့ နော်ဝေသားနည်းပြအနေနဲ့ သူတို့ကို အသင်းရဲ့ စစ်မျက်နှာအရပ်ရပ်မှာ ထိထိရောက်ရောက်အသုံးချနိုင်ဖို့ စဉ်းစားနေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ ပွဲတွေ ရပ်နားလိုက်တာဟာ အသင်းရဲ့ ပုံစံကောင်းနဲ့ ရှေ့ဆက်နေတာကို ရပ်တန့်လိုက်သလို ဖြစ်နေတာမို့ နစ်နာခဲ့ရပြီး နောက်ဆုံး LASK လင့်ဇ်နဲ့ ကစားတဲ့ပွဲအထိ သူတို့ဟာ ၁၁ ပွဲဆက်တိုက်နိုင်ပွဲကို ပြိုင်ပွဲအရပ်ရပ်မှာ ၈ ပွဲအနိုင်ရတဲ့အထိ ကစားနိုင်ခဲ့တာပါ။

“ပေါလ်နဲ့ မားကပ်စ်တို့အနေနဲ့ ဒဏ်ရာတွေကနေ ပြန်လည်ရင် စိတ်ဓာတ်တက်ကြွစွာနဲ့ ပိုကောင်းတဲ့ ကြံ့ခိုင်မှုကို ပြသပြီး အသင်းအတွက် ပိုကောင်းအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားတွေလည်းဖြစ်ကြပြီး ဒီရာသီ ကစားနေတဲ့ ပွဲစဉ်တွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့မှာ ရပ်တည်မှုကောင်းအောင် ကူညီနိုင်ကြပါလိမ့်မယ်”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက သူ့အနေနဲ့ ကစားသမားတွေအတွက် ဘာပဲဖြစ်ဖြစ် အနားယူခွင့်ရတာကိုတော့ တစ်ဖက်တစ်လမ်းက ကျေးဇူးတင်မိပြီး ရာသီအလယ်မှာ အနားရတုန်းက မာဘယ်လာမှာ လေ့ကျင့်ပြီး ပိုကောင်းလာနိုင်ခဲ့ကြသလိုမျိုး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနားရသလိုမျိုး အခြေအနေက ပြန်လာနိုင်ရင်လည်း အသင်းအတွက် ပုံစံကောင်းတွေနဲ့ လက်ကျန်ရာသီကို ရှေ့ဆက်ဖို့ တိုက်တွန်းလိုက်တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.