Analysis International Match Report

မှော်ဆရာ လိုကာတယ်လီနဲ့ အီတလီ 3-0 ဆွစ်ဇာလန်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

၁။ လိုကာတယ်လီရဲ့နာမည်ကို ရွတ်ဆိုရတဲ့ည
အီတလီရဲ့ ကြယ်ပွင့်တွေ အများကြီးကို ကျော်ဖြတ်ပြီး ဒီနေ့ညမှာ ပရိသတ်တွေ ရွတ်ဆိုခဲ့ရတဲ့ အမည်က မန်နူယယ်လ် လိုကာတယ်လီပါ။ အီတလီနဲ့ နောက်ဆုံး ၁၁ ပွဲမှာ ၁ ဂိုးသာရထားတဲ့ အသက် ၂၃ နှစ်သားက နည်းပြမန်ချီနီအတွက် ဦးဆောင်ဂိုး ၂ ဂိုးဆက်သွင်းပြီး အုပ်စုကျွတ်ဖို့ လက်ဆောင်ပေးသွားခဲ့သလို ဥရောပအသင်းကြီးတွေကို ဖမ်းစားသွားခဲ့ပါတယ်။

၂။ ခေးလီနီရဲ့ ဒဏ်ရာကြောင့် စိတ်ပူရပြီလား
ပထမပိုင်း ၂၄ မိနစ်မှာတင် တံကောက်ကြောဒဏ်ရာကြောင့် အီတလီဝါရင့်ခံစစ်မှူးကြီး ဂျော်ဂျို ခေးလီနီကို လူစားလဲခဲ့ရပါတယ်။ သူ့ရဲ့ စစ်ဆေးစမ်းသပ်သွားရမယ့်အချိန်မှာ အီတလီအနေနဲ့ နောက်တဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားခဲ့ပြီဖြစ်လို့ လာမယ့် ဝေးလ်စ်နဲ့ပွဲစဥ်မှာ သူမကစားနိုင်လည်း စိတ်အေးစရာတော့ ရှိနေသေးတာကြောင့် အနားပေးထားဖွယ်တော့ ရှိနေပါတယ်။

၃။ ၁၆ သင်း ရှုံးထွက်အဆင့်ကို ပထမဦးဆုံးတက်ရောက်သွားတဲ့ အဇူရီ
နည်းပြမန်ချီနီ အချိန် ၃ နှစ်ယူပြီး အသက်သွင်းလာခဲ့ခြင်းက ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ​ပြုတ် အီတလီဆိုတဲ့ အမည်းစက်ဆိုးကို ဖယ်ရှားပစ်လိုက်နိုင်သလို အခုလို ဆွစ်ဇာလန်ကို ဂိုးပြတ်နိုင်ပွဲအပြီးမှာ ပြင်သစ်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့တန်းတူ ယူရိုဘုရင်ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားခဲ့လာပြီး အဇူရီတို့က ၁၆ သင်း ရှုံးထွက်အဆင့်ကို အနည်းဆုံး အုပ်စုဒုတိယနေရာ သေချာမှုနဲ့ ပထမဦးဆုံး တက်ရောက်သွားတဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

၄။ ခီယေဆာရဲ့ အလားအလာ မှေးမှိန်ပြီလား
ဒီပြိုင်ပွဲအကြိုမှာ အီတလီရဲ့ လူစာရင်းမှာ မန်ချီနီ အဓိကအားကိုးမယ့် တိုက်စစ်မှူးက ဂျူဗင်တပ်စ်ကြယ်ပွင့် ခီယေဆာလို့ သတ်မှတ်ခံခဲ့ရပေမယ့် တကယ့်လက်တွေ့မှာတော့ သူ့ရဲ့ အခန်းကဏ္ဍက ပျောက်ဆုံးနေတာကို တွေ့ရပြီး ဒီနေ့ပွဲမှာလည်း ခြေစွမ်းပြနေတဲ့ ဘယ်ရာဒီနောက်က မိနစ် ၇၀ မှ လူစားဝင်ကစားနိုင်ခဲ့တာပါ။ လာမယ့် အရေးကြီးရှုံးထွက်ပွဲစဥ်တွေမှာတော့ ခီယေဆာ ဘာလဲ ဘယ်လဲ သက်သေပြစရာတွေ ရှိနေပါသေးတယ်။

၅။ အဇူရီတို့ ရှင်ပြန်ထမြောက်… လက်တွေလေထဲကို ပစ်‌ြေမှာက်
ဘောလုံးဗီဇသိပ်ကောင်းပါတယ်ဆိုတဲ့ လက်ရှိဆွစ်ဇာလန်အသင်းကို အာဇူရီတို့က သက်သက်သာသာနဲ့ အေးအေးလူလူပဲ အနိုင်ကစားသွားခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သလို နောက်ဆုံး ၁၀ ပွဲမှာ ၃၁ ဂိုးတိတိသွင်းပြီး ပေးဂိုးတဂိုးမှ မရှိခဲ့တာကို တွေ့ရတာဟာ ကြောက်ခမန်းလိလိခြေစွမ်းတည်​ငြိမ်မှုနဲ့အတူ ပြန်လည်နိုးထလာခဲ့ခြင်းလို့ မဖြစ်မနေ လက်ခုပ်တီးရမှာပါ။

၆။ ရော်နယ်လ်ဒိုကို လိုက်တုတဲ့ ဖော်လိုဝါလေး
ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရှင်ဖြစ်တဲ့ အီတလီကွင်းလယ်လူ လိုကာတယ်လီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲ တက်ရောက်ရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လမ်းစဥ်ကို လိုက်ခဲ့ပြီး စားပွဲပေါ်က ကိုကာကိုလာဘူးတွေကို ဖယ်ရှားလိုက်ပြန်ပါတယ်။ ဒါ့အပြင် “ရေသောက်ပါ”ဆိုတဲ့ GOAT ကြီးရဲ့ တိုက်တွန်းမှုကိုပါ အီတလီစကားနဲ့ ပြောပြီး ပုံတူပြုလုပ်ပြသွားခဲ့ပြန်ပါတယ်။

၇။ ၁၀ ပွဲဆက် ဂိုးမပေးရလို့ ဒွန်နရမ်မာ အိပ်ငိုက်နေပြီလား
အီတလီလူငယ်ဂိုးသမား ၂၂ နှစ်သားလေးဟာ နောက်ဆုံး ၁၀ ပွဲဆက် ဂိုးမပေးရခဲ့သလို မိနစ်ပေါင်း ၉၅၀ နဲ့အထက် ပေးဂိုးမရှိအောင် လက်စွမ်းပြနေခဲ့တာကို သေချာပေါက် ချီူးကျူးရမှာပါ။ အေစီမီလန်နဲ့ လမ်းခွဲခဲ့ပြီဖြစ်လို့ လာမယ့်ရာသီသစ်မှာ ဘယ်အသင်းက သူ့ကို စင်တော်ကောက်နိုင်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ရှိနေပြီး အီတလီနဲ့ ယူရိုချန်ပီယံဖြစ်ဖို့ အမြင့်ဆုံးမျှော်မှန်းမှုကို ရရှိထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ လိုကာတယ္လီရဲ႕နာမည္ကို ႐ြတ္ဆိုရတဲ့ည
အီတလီရဲ႕ ၾကယ္ပြင့္ေတြ အမ်ားႀကီးကို ေက်ာ္ျဖတ္ၿပီး ဒီေန႔ညမွာ ပရိသတ္ေတြ ႐ြတ္ဆိုခဲ့ရတဲ့ အမည္က မန္ႏူယယ္လ္ လိုကာတယ္လီပါ။ အီတလီနဲ႔ ေနာက္ဆုံး ၁၁ ပြဲမွာ ၁ ဂိုးသာရထားတဲ့ အသက္ ၂၃ ႏွစ္သားက နည္းျပမန္ခ်ီနီအတြက္ ဦးေဆာင္ဂိုး ၂ ဂိုးဆက္သြင္းၿပီး အုပ္စုကြၽတ္ဖို႔ လက္ေဆာင္ေပးသြားခဲ့သလို ဥေရာပအသင္းႀကီးေတြကို ဖမ္းစားသြားခဲ့ပါတယ္။

၂။ ေခးလီနီရဲ႕ ဒဏ္ရာေၾကာင့္ စိတ္ပူရၿပီလား
ပထမပိုင္း ၂၄ မိနစ္မွာတင္ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အီတလီဝါရင့္ခံစစ္မႉးႀကီး ေဂ်ာ္ဂ်ိဳ ေခးလီနီကို လူစားလဲခဲ့ရပါတယ္။ သူ႔ရဲ႕ စစ္ေဆးစမ္းသပ္သြားရမယ့္အခ်ိန္မွာ အီတလီအေနနဲ႔ ေနာက္တဆင့္ကို လြတ္လြတ္ကြၽတ္ကြၽတ္ တက္သြားခဲ့ၿပီျဖစ္လို႔ လာမယ့္ ေဝးလ္စ္နဲ႔ပြဲစဥ္မွာ သူမကစားႏိုင္လည္း စိတ္ေအးစရာေတာ့ ရွိေနေသးတာေၾကာင့္ အနားေပးထားဖြယ္ေတာ့ ရွိေနပါတယ္။

၃။ ၁၆ သင္း ရႈံးထြက္အဆင့္ကို ပထမဦးဆုံးတက္ေရာက္သြားတဲ့ အဇူရီ
နည္းျပမန္ခ်ီနီ အခ်ိန္ ၃ ႏွစ္ယူၿပီး အသက္သြင္းလာခဲ့ျခင္းက ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲ​ျပဳတ္ အီတလီဆိုတဲ့ အမည္းစက္ဆိုးကို ဖယ္ရွားပစ္လိုက္ႏိုင္သလို အခုလို ဆြစ္ဇာလန္ကို ဂိုးျပတ္ႏိုင္ပြဲအၿပီးမွာ ျပင္သစ္၊ ေပၚတူဂီ၊ ဘယ္လ္ဂ်ီယံအသင္းတို႔နဲ႔တန္းတူ ယူ႐ိုဘုရင္ျဖစ္လာဖို႔ ထိပ္ဆုံးက ေရပန္းစားခဲ့လာၿပီး အဇူရီတို႔က ၁၆ သင္း ရႈံးထြက္အဆင့္ကို အနည္းဆုံး အုပ္စုဒုတိယေနရာ ေသခ်ာမႈနဲ႔ ပထမဦးဆုံး တက္ေရာက္သြားတဲ့ အသင္းလည္း ျဖစ္လာခဲ့ပါတယ္။

၄။ ခီေယဆာရဲ႕ အလားအလာ ေမွးမွိန္ၿပီလား
ဒီၿပိဳင္ပြဲအႀကိဳမွာ အီတလီရဲ႕ လူစာရင္းမွာ မန္ခ်ီနီ အဓိကအားကိုးမယ့္ တိုက္စစ္မႉးက ဂ်ဴဗင္တပ္စ္ၾကယ္ပြင့္ ခီေယဆာလို႔ သတ္မွတ္ခံခဲ့ရေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ သူ႔ရဲ႕ အခန္းက႑က ေပ်ာက္ဆုံးေနတာကို ေတြ႕ရၿပီး ဒီေန႔ပြဲမွာလည္း ေျခစြမ္းျပေနတဲ့ ဘယ္ရာဒီေနာက္က မိနစ္ ၇၀ မွ လူစားဝင္ကစားႏိုင္ခဲ့တာပါ။ လာမယ့္ အေရးႀကီးရႈံးထြက္ပြဲစဥ္ေတြမွာေတာ့ ခီေယဆာ ဘာလဲ ဘယ္လဲ သက္ေသျပစရာေတြ ရွိေနပါေသးတယ္။

၅။ အဇူရီတို႔ ရွင္ျပန္ထေျမာက္… လက္ေတြေလထဲကို ပစ္‌ျေမွာက္
ေဘာလုံးဗီဇသိပ္ေကာင္းပါတယ္ဆိုတဲ့ လက္ရွိဆြစ္ဇာလန္အသင္းကို အာဇူရီတို႔က သက္သက္သာသာနဲ႔ ေအးေအးလူလူပဲ အႏိုင္ကစားသြားခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၂၉ ပြဲဆက္ ရႈံးပြဲမရွိ စံခ်ိန္ကိုလည္း ပိုင္ဆိုင္သြားခဲ့ၿပီျဖစ္သလို ေနာက္ဆုံး ၁၀ ပြဲမွာ ၃၁ ဂိုးတိတိသြင္းၿပီး ေပးဂိုးတဂိုးမွ မရွိခဲ့တာကို ေတြ႕ရတာဟာ ေၾကာက္ခမန္းလိလိေျခစြမ္းတည္​ၿငိမ္မႈနဲ႔အတူ ျပန္လည္ႏိုးထလာခဲ့ျခင္းလို႔ မျဖစ္မေန လက္ခုပ္တီးရမွာပါ။

၆။ ေရာ္နယ္လ္ဒိုကို လိုက္တုတဲ့ ေဖာ္လိုဝါေလး
ဒီေန႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုရွင္ျဖစ္တဲ့ အီတလီကြင္းလယ္လူ လိုကာတယ္လီက ပြဲအၿပီးသတင္းစာရွင္းလင္းပြဲ တက္ေရာက္ရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ လမ္းစဥ္ကို လိုက္ခဲ့ၿပီး စားပြဲေပၚက ကိုကာကိုလာဘူးေတြကို ဖယ္ရွားလိုက္ျပန္ပါတယ္။ ဒါ့အျပင္ “ေရေသာက္ပါ”ဆိုတဲ့ GOAT ႀကီးရဲ႕ တိုက္တြန္းမႈကိုပါ အီတလီစကားနဲ႔ ေျပာၿပီး ပုံတူျပဳလုပ္ျပသြားခဲ့ျပန္ပါတယ္။

၇။ ၁၀ ပြဲဆက္ ဂိုးမေပးရလို႔ ဒြန္နရမ္မာ အိပ္ငိုက္ေနၿပီလား
အီတလီလူငယ္ဂိုးသမား ၂၂ ႏွစ္သားေလးဟာ ေနာက္ဆုံး ၁၀ ပြဲဆက္ ဂိုးမေပးရခဲ့သလို မိနစ္ေပါင္း ၉၅၀ နဲ႔အထက္ ေပးဂိုးမရွိေအာင္ လက္စြမ္းျပေနခဲ့တာကို ေသခ်ာေပါက္ ခ်ီဴးက်ဴးရမွာပါ။ ေအစီမီလန္နဲ႔ လမ္းခြဲခဲ့ၿပီျဖစ္လို႔ လာမယ့္ရာသီသစ္မွာ ဘယ္အသင္းက သူ႔ကို စင္ေတာ္ေကာက္ႏိုင္မလဲဆိုတာလည္း စိတ္ဝင္စားစရာ ရွိေနၿပီး အီတလီနဲ႔ ယူ႐ိုခ်န္ပီယံျဖစ္ဖို႔ အျမင့္ဆုံးေမွ်ာ္မွန္းမႈကို ရရွိထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.